သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဘူးလ္ ႏိုင္ငံတကာေလဆိပ္ကို ကန္တပ္ဖဲြ႕ အခိုင္အမာထိန္းခ်ဳပ္ဆဲ


Hamid Karzai International Airport in Kabul

အေမရိကန္ သံရံုးနဲ႔ ကာဘူးလ္ ႏိုင္ငံတကာ ေလဆိပ္ကို အေမရိကန္ တပ္ဖြဲ႔ေတြက ခိုင္ခိုင္မာမာ ထိန္းခ်ဳပ္ထားေၾကာင္း အေမရိကန္ အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။

Zawgyi / Unicode

Zawgyi

အာဖဂန္နစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ ကာဘူးလ္ကို လက္နက္ကိုင္ တာလီဘန္တိုက္ခိုက္ေရး သမားေတြ ၀င္ေရာက္လာတာကို ေစာင့္ၾကည့္ေနတဲ႔ အေမရိကန္ အစိုးရ တာ၀န္ရွိသူေတြကေတာ့ အေမရိကန္ သံရံုးနဲ႔ ၿမိဳ႕က ႏိုင္ငံတကာ ေလဆိပ္ကို အေမရိကန္ တပ္ဖြဲ႔ေတြက ခိုင္ခိုင္မာမာ ထိန္းခ်ဳပ္ထားေၾကာင္း ေျပာပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးကေတာ့ ျမင္ကြင္းက ေၾကကြဲစရာ ေကာင္းေၾကာင္း ေျပာပါတယ္။

လက္က်န္ အာဖဂန္ လံုျခံဳေရး တပ္ဖြဲ႔ေတြ ထြက္ေျပးသြားၿပီးေနာက္ ကာဘူလ္းၿမိဳ႕ေတာ္တြင္း သူပုန္ေတြ ၀င္ဖို႔ လမ္းပြင့္သြားခဲ႔ၿပီးေနာက္ တာလီဘန္ ေခါင္းေဆာင္ေတြက တနဂၤေႏြေန႔မွာ အႏိုင္ရေၾကာင္း ေၾကညာခဲ႔တာပါ။

ကာဘူလ္းၿမိဳ႕ေတာ္တြင္း ေဒသေတြကို တာလီဘန္ တိုက္ခိုက္ေရးသမားေတြက ထိန္းခ်ဳပ္ထားၿပီလို႔ တာလီဘန္ဘက္က ေျပာဆိုေပမယ့္လည္း အေမရိကန္ သံရံုးနဲ႔ Hamid Karzai ႏိုင္ငံတကာ ေလဆိပ္ကေတာ့ လံုျခံဳေၾကာင္း အေမရိကန္ တာ၀န္ရွိသူ တဦးက ဗြီအိုေအကို ေျပာပါတယ္။

ကာဘူးလ္ၿမိဳ႕ေတာ္ က်ၿပီး အာဖဂန္နစၥတန္ ႏိုင္ငံ တာလီဘန္တို႔ ထိန္းခ်ဳပ္လိုက္တာဟာ ေၾကကြဲ ၀မ္းနည္းစရာ ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က ေျပာပါတယ္။ သံရံုးမွာ က်န္ရွိေနေသးသူေတြ အပါအ၀င္ အေမရိကန္ အမႈထမ္းေတြ၊ အာဖဂန္ အကူအညီေပးသူေတြရဲ႕ ေဘးကင္းလံုျခံဳေရးက ဦးစားေပး လုပ္ငန္း ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Blinken က တနဂၤေႏြေန႔မွာ ေျပာဆိုၿပီး အာဖဂန္ တပ္ဖြဲ႔ေတြ ျမန္ျမန္ ၿပိဳကြဲသြားမႈ အတြက္ အေမရိကန္ အစိုးရဘက္က မျပင္ဆင္ခဲ႔မႈ အေပၚ ေ၀ဖန္ခ်က္ေတြကို ကာကြယ္ပါတယ္။

ေလဆိပ္မွာ အစြမ္းကုန္ ကူညီေဆာင္ရြက္မယ့္ အေၾကာင္း ေျမာက္အတၱလႏၲိတ္ စာခ်ဳပ္ အဖြဲ႔ NATO က တနဂၤေႏြေန႔မွာ ေျပာပါတယ္။ အာဖဂန္နဲ႔ ကမ ၻာကို ဆက္လက္ ဆက္သြယ္ႏိုင္ေရး အတြက္ ကာဘူးလ္ ေလဆိပ္ကို ဆက္လက္ လည္ပတ္ႏိုင္ေရး ကူညီေဆာင္ရြက္ေနေၾကာင္း NATO တာ၀န္ရွိသူ တဦးက ဗြီအိုေအကို ေျပာပါတယ္။ ကာဘူးလ္ၿမိဳ႕ေတာ္မွာ NATO သံတမန္ေရးလည္း ဆက္လက္ရွိေနေသးေၾကာင္း သူက ထပ္ေလာင္း ေျပာပါတယ္။ အမႈထမ္းေတြရဲ႕ လံုျခံဳေရးက ထိပ္တန္း ဦးစားေပး ျဖစ္ၿပီး လိုအပ္သလို ခ်ိန္ညႇိေဆာင္ရြက္သြားမယ့္ အေၾကာင္းလည္း ေျပာပါတယ္။

Unicode

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ကို လက်နက်ကိုင် တာလီဘန်တိုက်ခိုက်ရေး သမားတွေ ဝင်ရောက်လာတာကို စောင့်ကြည့်နေတဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ အမေရိကန် သံရုံးနဲ့ မြို့က နိုင်ငံတကာ လေဆိပ်ကို အမေရိကန် တပ်ဖွဲ့တွေက ခိုင်ခိုင်မာမာ ထိန်းချုပ်ထားကြောင်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကတော့ မြင်ကွင်းက ကြေကွဲစရာ ကောင်းကြောင်း ပြောပါတယ်။

လက်ကျန် အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေ ထွက်ပြေးသွားပြီးနောက် ကာဘူလ်းမြို့တော်တွင်း သူပုန်တွေ ဝင်ဖို့ လမ်းပွင့်သွားခဲ့ပြီးနောက် တာလီဘန် ခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာ အနိုင်ရကြောင်း ကြေညာခဲ့တာပါ။

ကာဘူလ်းမြို့တော်တွင်း ဒေသတွေကို တာလီဘန် တိုက်ခိုက်ရေးသမားတွေက ထိန်းချုပ်ထားပြီလို့ တာလီဘန်ဘက်က ပြောဆိုပေမယ့်လည်း အမေရိကန် သံရုံးနဲ့ Hamid Karzai နိုင်ငံတကာ လေဆိပ်ကတော့ လုံခြုံကြောင်း အမေရိကန် တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။

ကာဘူးလ်မြို့တော် ကျပြီး အာဖဂန်နစ္စတန် နိုင်ငံ တာလီဘန်တို့ ထိန်းချုပ်လိုက်တာဟာ ကြေကွဲ ဝမ်းနည်းစရာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ပြောပါတယ်။ သံရုံးမှာ ကျန်ရှိနေသေးသူတွေ အပါအဝင် အမေရိကန် အမှုထမ်းတွေ၊ အာဖဂန် အကူအညီပေးသူတွေရဲ့ ဘေးကင်းလုံခြုံရေးက ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က တနင်္ဂနွေနေ့မှာ ပြောဆိုပြီး အာဖဂန် တပ်ဖွဲ့တွေ မြန်မြန် ပြိုကွဲသွားမှု အတွက် အမေရိကန် အစိုးရဘက်က မပြင်ဆင်ခဲ့မှု အပေါ် ဝေဖန်ချက်တွေကို ကာကွယ်ပါတယ်။

လေဆိပ်မှာ အစွမ်းကုန် ကူညီဆောင်ရွက်မယ့် အကြောင်း မြောက်အတ္တလန္တိတ် စာချုပ် အဖွဲ့ NATO က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အာဖဂန်နဲ့ ကမ ္ဘာကို ဆက်လက် ဆက်သွယ်နိုင်ရေး အတွက် ကာဘူးလ် လေဆိပ်ကို ဆက်လက် လည်ပတ်နိုင်ရေး ကူညီဆောင်ရွက်နေကြောင်း NATO တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ကာဘူးလ်မြို့တော်မှာ NATO သံတမန်ရေးလည်း ဆက်လက်ရှိနေသေးကြောင်း သူက ထပ်လောင်း ပြောပါတယ်။ အမှုထမ်းတွေရဲ့ လုံခြုံရေးက ထိပ်တန်း ဦးစားပေး ဖြစ်ပြီး လိုအပ်သလို ချိန်ညှိဆောင်ရွက်သွားမယ့် အကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG