သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂနစၥတန္ႏိုင္ငံက အေမရိကန္တပ္ ႐ုပ္သိမ္းေရးအေပၚ အကဲခတ္ေတြအျမင္


(Zawgyi/ Unicode)

ႏွစ္ေပါင္း ၂၀ ၾကာ အာဖဂန္စစ္ကို အဆုံးသတ္ၿပီး တပ္ေတြျပန္႐ုပ္သိမ္းေနတဲ့ အစီအစဥ္ေၾကာင့္ အေမရိကန္ရဲ႕ ႏိုင္ငံတကာ ရပ္တည္ခ်က္အေပၚ ထိခိုက္ႏိုင္တယ္လို႔ အကဲခတ္တခ်ဳိ႕က သုံးသပ္ေနၾကပါတယ္။ အေမရိကန္ကေတာ့ လုံျခံဳေရး အေျခအေန ယိုယြင္းလာေနတာေၾကာင့္ ကာဘူးၿမိဳ႕ေတာ္မွာရွိတဲ့ အေမရိကန္သံ႐ုံးက သံတမန္ အမ်ားစုကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းရာမွာ အကူအညီေပးဖို႔ အေမရိကန္တပ္ဖဲြ႕၀င္ ၃,၀၀၀ ေလာက္ ေစလႊတ္ထားပါတယ္။ အာဖဂနစၥတန္ႏိုင္ငံအေရးေၾကာင့္ အေမရိကန္အေပၚ ႐ိုက္ခတ္လာႏိုင္ေျခေတြနဲ႔ ပတ္သက္လို႔ ဗြီအိုေအရဲ႕ သံတမန္ေရးဆိုင္ရာ အႀကီးတန္း တာ၀န္ခံ Cindy Saine ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးပါမယ္။

အာဖဂန္ႏိုင္ငံတြင္း အေရးႀကီးတဲ႔ ၿမိဳ႕ေတြ ျဖစ္တဲ႔ Herat နဲ႔ ကန္ဒါဟာ ေတြကို တာလီဘန္တို႔ ထိန္းခ်ဳပ္ၿပီး ေန႔စဥ္ ဆိုသလို တျခား ျပည္နယ္ ၿမိဳ႕ေတာ္ေတြနဲ႔ တျခား ေဒသေတြ ကိုပါ ထိန္းခ်ဳပ္လာတာနဲ႔ အတူဘဲ အေျခအေနက ဘာေတြ ျဖစ္လာဦးမလဲ ဆိုတာ မသိဘူးလို႔ အေမရိကန္ တာ၀န္ရွိသူေတြက ၀န္ခံ ေျပာဆိုထားပါတယ္။
သံရံုး၀န္ထမ္းေတြကို ကယ္တင္ဖို႔ အတြက္ အေမရိကန္က တပ္ဖြဲ႔ေတြ ေစလႊတ္ရတာမ်ိဳးက ဘယ္သူမွ မလိုလားတဲ႔ ရလဒ္မ်ိဳး ျဖစ္တယ္လို႔ ကြ်မ္းက်င္သူ တဦးက ဗြီအိုေအကို ေျပာပါတယ္။ Stimson Center က Elizabeth Threlkeld က အခုလို ေျပာပါတယ္။

" တာလီဘန္တို႔ အေနနဲ႔ ႏိုင္ငံတ၀န္းမွာ ဘယ္ေလာက္ ျမန္ျမန္ အသာစီးရေအာင္ လုပ္ႏိုင္မလဲ ဆိုတဲ႔ အေပၚမွာ ႀကိဳတင္ျပင္ဆင္ ႏိုင္စြမ္း မရွိခဲ႔တာလို႔ က်မ ယူဆပါတယ္။ သံရံုးမွာ အေမရီကန္ ၁,၄၀၀ ရွိေနဆဲ ျဖစ္ၿပီး သူတို႔ကို ေဘးကင္းရာ ကယ္ထုတ္ရမယ့္ အေျခအေနမ်ဳိး ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ျဖစ္လာမယ္လို႔ အေမရိကန္က ႀကိဳတင္မွန္းဆမိတယ္လို႔ က်မ မထင္ပါဘူး။"

တာလီဘန္ေတြ ဘက္က အသာစီး ရလာတာနဲ႔ အတူဘဲ ကာဘူးလ္းကေန အေမရိကန္ သံတမန္ေတြကို ႐ုတ္တရက္ ေလွ်ာ့ခ်တာဟာဆိုရင္ ထင္ရွားတဲ႔ အခ်က္ ျဖစ္ၿပီး အေမရိကန္ဘက္က ေဆာင္ရြက္လိုတဲ႔ ကိစၥမ်ိဳး မဟုတ္ဘူးလို႔လည္း ကြ်မ္းက်င္သူ တခ်ဳိ႕က ဗြီအိုေအကို ေျပာပါတယ္။ Michael Kugelman ဟာ Wilson Center က ျဖစ္ပါတယ္။

" အေမရိကန္ သံတမန္ အမ်ားအျပားကို အခု အခါမွာ ေဘးလြတ္ရာ ကယ္ထုတ္ေနတဲ႔ အခ်က္ဟာဆိုရင္ သိပ္ၿပီး ခိုင္မာ အားေကာင္းတဲ႔ သတင္းစကားမ်ိဳး ျဖစ္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ အေမရိကန္တို႔ ဆုတ္ခြာေနၿပီ အထူးသျဖင့္ လက္ေလွ်ာ့လိုက္ၿပီ ဆိုတဲ႔ အေၾကာင္းကို အာဖဂန္နစၥတန္ ႏိုင္ငံတြင္းမွာတင္ မဟုတ္ပါဘူး ကမ ၻာကိုပါ ေပးလိုက္တာပါ။ အေမရိကန္ရဲ႕ ၿပိဳင္ဘက္ကေတြက ဒီအခ်က္ကို အားနည္းခ်က္ အျဖစ္ မွတ္ယူသြားမွာက ေသခ်ာပါတယ္။ "

အေမရိကန္က သံတမန္ေတြကို ထိခိုက္မႈ မရွိေအာင္ အေမရိကန္ဘက္က အၿမဲ သတိထားေဆာင္ရြက္ေနတာ ျဖစ္တယ္လို႔လည္း ေျပာတဲ႔ ကြ်မ္းက်င္သူေတြလည္း ရွိပါတယ္။ Center for American Progress က Brian Katulis ျဖစ္ပါတယ္။

" အဓိကက်တဲ႔ သတင္းစကားကေတာ့ အေမရိကန္ဟာ ကိုယ့္အေရးကိစၥကို အေလးထား ေဆာင္ရြက္မယ္ဆိုတာကို ျပသလိုက္တာလို႔ က်ေနာ္ ထင္ပါတယ္။ ကိုယ့္ရဲ႕ သံတမန္ေတြကို အေလးထား ဂ႐ုစိုက္မယ္။ ဘာသာျပန္ေတြ အျဖစ္ ေဆာင္ရြက္ခဲ႔ၾကသူေတြ အတြက္ တတ္ႏိုင္တာေတြ ေဆာင္ရြက္ေပးမယ္။ ဒါေပမယ့္ အေမရိကန္ေတြ ႐ုပ္သိမ္းေနပါၿပီ။ ဒီသီတင္းပတ္ အေစာပိုင္းတုန္းက သမၼတ Biden သတင္းစာ ရွင္းလင္းပြဲမွာ ရွင္းရွင္းလင္းလင္း ေျပာဆိုထားၿပီးသားပါ။ တပ္ဖြဲ႔ေတြ ႐ုပ္သိမ္းေရး အေပၚ သူ႔ဆံုးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္မယ့္ ပံု မေတြ႕ရပါဘူး။"

အာဖဂန္ စစ္တပ္ကို ေလ႔က်င့္ သင္တန္းေပးေရးနဲ႔ လက္နက္ တပ္ဆင္ေရး အတြက္ အေမရိကန္ ေဒၚလာ ၁ ထရီလီယံေက်ာ္ အေမရိကန္က အသံုးျပဳခဲ႔ေၾကာင္း၊ အာဖဂန္မွာ အေမရိကန္ ေထာင္ခ်ီ ေသဆံုးခဲ႔ရတာေတြကို ေထာက္ျပၿပီး ဆယ္စုႏွစ္ေတြနဲ႔ခ်ီ ၾကာျမင့္လာတဲ႔ အာဖဂန္ စစ္ပြဲကို စစ္ေရးအရ ေျဖရွင္းလို႔ မရဘူးဆိုတာကို သမၼတ Joe Biden က အႀကိမ္ႀကိမ္ ေျပာဆိုထားပါတယ္။

တာလီဘန္ လက္ထဲကို မက်ေရာက္ခင္က ကန္ဒါဟာက စခန္းတခုမွာ အာဖဂန္ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ ခိုလံႈေနခဲ႔ၾကတာပါ။ တာလီဘန္တို႔က အခ်ိန္တို အတြင္း အာဖဂန္နစၥတန္ကို ထိန္းခ်ဳပ္လိုက္မယ္ဆိုရင္ေတာ့ ျပည္ပမွာ လူ႔အခြင့္အေရး ခ်န္ပီယံ အျဖစ္ အေမရိကန္ရဲ႕ ပံုရိပ္ကို ထိုးႏွက္မႈ တခု ျဖစ္ေစမယ္လို႔ ေျပာသူကေတာ့ အေမရိကန္အေျခစိုက္ CNA သုေတသန အဖြဲ႔ႀကီးက Jonathan Schroden ျဖစ္ပါတယ္။

" တာလီဘန္တို႔က ႏိုင္ငံကို သိမ္းယူၿပီး အရင္က ေတြ႕ခဲ႔ရၿပီး ျဖစ္တဲ႔ သူတို႔ အုပ္ခ်ဳပ္မႈ ပံုစံ အတိုင္း ျပန္ၿပီး က်င့္သံုးလာမယ္ဆိုရင္ေတာ့ လူ႔အခြင့္အေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး တိုးတက္ေစေရးနဲ႔ ကမ ၻာမွာ ခုခံ ကာကြယ္ေပးသူ အျဖစ္ အေမရိကန္ရဲ႕ ရည္တည္မႈ အေပၚမွာ ထိခိုက္ေစမယ္လို႔ က်ေနာ္ ထင္ပါတယ္။"

မၾကေသးခင္မွာပဲ ျပည္နယ္ၿမိဳ႕ေတာ္ အမ်ားအျပားကို သိမ္းပိုက္လိုက္တဲ့ တာလီဘန္ေတြကေတာ့ အခုအခါ ကာဘူးၿမိဳ႕ေတာ္နဲ႔ လက္တကမ္းအထိ ေရာက္လာတာေၾကာင့္ ၁ လ ၂ လ ေလာက္အတြင္း ၿမိဳ႕ေတာ္က်သြားႏိုင္တယ္လို႔ အရင္တုန္းက ခန္႔မွန္းထားဘူးတာထက္ေတာင္ ပိုၿပီးျမန္ျမန္ဆန္ဆန္ ျဖစ္သြားမွာကို ကြ်မ္းက်င္သူ တခ်ိဳ႕က စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဖဂနစ္စတန်နိုင်ငံက အမေရိကန်တပ် ရုပ်သိမ်းရေးအပေါ် အကဲခတ်တွေအမြင်

နှစ်ပေါင်း ၂၀ ကြာ အာဖဂန်စစ်ကို အဆုံးသတ်ပြီး တပ်တွေပြန်ရုပ်သိမ်းနေတဲ့ အစီအစဉ်ကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာ ရပ်တည်ချက်အပေါ် ထိခိုက်နိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်နေကြပါတယ်။ အမေရိကန်ကတော့ လုံခြုံရေး အခြေအနေ ယိုယွင်းလာနေတာကြောင့် ကာဘူးမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက သံတမန် အများစုကို ဘေးလွတ်ရာ ရွှေ့ပြောင်းရာမှာ အကူအညီပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၃,၀၀၀ လောက် စေလွှတ်ထားပါတယ်။ အာဖဂနစ္စတန်နိုင်ငံအရေးကြောင့် အမေရိကန်အပေါ် ရိုက်ခတ်လာနိုင်ခြေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေရဲ့ သံတမန်ရေးဆိုင်ရာ အကြီးတန်း တာဝန်ခံ Cindy Saine ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

အာဖဂန်နိုင်ငံတွင်း အရေးကြီးတဲ့ မြို့တွေ ဖြစ်တဲ့ Herat နဲ့ ကန်ဒါဟာ တွေကို တာလီဘန်တို့ ထိန်းချုပ်ပြီး နေ့စဉ် ဆိုသလို တခြား ပြည်နယ် မြို့တော်တွေနဲ့ တခြား ဒေသတွေ ကိုပါ ထိန်းချုပ်လာတာနဲ့ အတူဘဲ အခြေအနေက ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာ မသိဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ဝန်ခံ ပြောဆိုထားပါတယ်။
သံရုံးဝန်ထမ်းတွေကို ကယ်တင်ဖို့ အတွက် အမေရိကန်က တပ်ဖွဲ့တွေ စေလွှတ်ရတာမျိုးက ဘယ်သူမှ မလိုလားတဲ့ ရလဒ်မျိုး ဖြစ်တယ်လို့ ကျွမ်းကျင်သူ တဦးက ဗွီအိုအေကို ပြောပါတယ်။ Stimson Center က Elizabeth Threlkeld က အခုလို ပြောပါတယ်။

" တာလီဘန်တို့ အနေနဲ့ နိုင်ငံတဝန်းမှာ ဘယ်လောက် မြန်မြန် အသာစီးရအောင် လုပ်နိုင်မလဲ ဆိုတဲ့ အပေါ်မှာ ကြိုတင်ပြင်ဆင် နိုင်စွမ်း မရှိခဲ့တာလို့ ကျမ ယူဆပါတယ်။ သံရုံးမှာ အမေရီကန် ၁,၄၀၀ ရှိနေဆဲ ဖြစ်ပြီး သူတို့ကို ဘေးကင်းရာ ကယ်ထုတ်ရမယ့် အခြေအနေမျိုး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဖြစ်လာမယ်လို့ အမေရိကန်က ကြိုတင်မှန်းဆမိတယ်လို့ ကျမ မထင်ပါဘူး။"

တာလီဘန်တွေ ဘက်က အသာစီး ရလာတာနဲ့ အတူဘဲ ကာဘူးလ်းကနေ အမေရိကန် သံတမန်တွေကို ရုတ်တရက် လျှော့ချတာဟာဆိုရင် ထင်ရှားတဲ့ အချက် ဖြစ်ပြီး အမေရိကန်ဘက်က ဆောင်ရွက်လိုတဲ့ ကိစ္စမျိုး မဟုတ်ဘူးလို့လည်း ကျွမ်းကျင်သူ တချို့က ဗွီအိုအေကို ပြောပါတယ်။ Michael Kugelman ဟာ Wilson Center က ဖြစ်ပါတယ်။

" အမေရိကန် သံတမန် အများအပြားကို အခု အခါမှာ ဘေးလွတ်ရာ ကယ်ထုတ်နေတဲ့ အချက်ဟာဆိုရင် သိပ်ပြီး ခိုင်မာ အားကောင်းတဲ့ သတင်းစကားမျိုး ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ အမေရိကန်တို့ ဆုတ်ခွာနေပြီ အထူးသဖြင့် လက်လျှော့လိုက်ပြီ ဆိုတဲ့ အကြောင်းကို အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာတင် မဟုတ်ပါဘူး ကမ ္ဘာကိုပါ ပေးလိုက်တာပါ။ အမေရိကန်ရဲ့ ပြိုင်ဘက်ကတွေက ဒီအချက်ကို အားနည်းချက် အဖြစ် မှတ်ယူသွားမှာက သေချာပါတယ်။ "

အမေရိကန်က သံတမန်တွေကို ထိခိုက်မှု မရှိအောင် အမေရိကန်ဘက်က အမြဲ သတိထားဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ပြောတဲ့ ကျွမ်းကျင်သူတွေလည်း ရှိပါတယ်။ Center for American Progress က Brian Katulis ဖြစ်ပါတယ်။

" အဓိကကျတဲ့ သတင်းစကားကတော့ အမေရိကန်ဟာ ကိုယ့်အရေးကိစ္စကို အလေးထား ဆောင်ရွက်မယ်ဆိုတာကို ပြသလိုက်တာလို့ ကျနော် ထင်ပါတယ်။ ကိုယ့်ရဲ့ သံတမန်တွေကို အလေးထား ဂရုစိုက်မယ်။ ဘာသာပြန်တွေ အဖြစ် ဆောင်ရွက်ခဲ့ကြသူတွေ အတွက် တတ်နိုင်တာတွေ ဆောင်ရွက်ပေးမယ်။ ဒါပေမယ့် အမေရိကန်တွေ ရုပ်သိမ်းနေပါပြီ။ ဒီသီတင်းပတ် အစောပိုင်းတုန်းက သမ္မတ Biden သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးသားပါ။ တပ်ဖွဲ့တွေ ရုပ်သိမ်းရေး အပေါ် သူ့ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်မယ့် ပုံ မတွေ့ရပါဘူး။"

အာဖဂန် စစ်တပ်ကို လေ့ကျင့် သင်တန်းပေးရေးနဲ့ လက်နက် တပ်ဆင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁ ထရီလီယံကျော် အမေရိကန်က အသုံးပြုခဲ့ကြောင်း၊ အာဖဂန်မှာ အမေရိကန် ထောင်ချီ သေဆုံးခဲ့ရတာတွေကို ထောက်ပြပြီး ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်လာတဲ့ အာဖဂန် စစ်ပွဲကို စစ်ရေးအရ ဖြေရှင်းလို့ မရဘူးဆိုတာကို သမ္မတ Joe Biden က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

တာလီဘန် လက်ထဲကို မကျရောက်ခင်က ကန်ဒါဟာက စခန်းတခုမှာ အာဖဂန် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ခိုလှုံနေခဲ့ကြတာပါ။ တာလီဘန်တို့က အချိန်တို အတွင်း အာဖဂန်နစ္စတန်ကို ထိန်းချုပ်လိုက်မယ်ဆိုရင်တော့ ပြည်ပမှာ လူ့အခွင့်အရေး ချန်ပီယံ အဖြစ် အမေရိကန်ရဲ့ ပုံရိပ်ကို ထိုးနှက်မှု တခု ဖြစ်စေမယ်လို့ ပြောသူကတော့ အမေရိကန်အခြေစိုက် CNA သုတေသန အဖွဲ့ကြီးက Jonathan Schroden ဖြစ်ပါတယ်။

" တာလီဘန်တို့က နိုင်ငံကို သိမ်းယူပြီး အရင်က တွေ့ခဲ့ရပြီး ဖြစ်တဲ့ သူတို့ အုပ်ချုပ်မှု ပုံစံ အတိုင်း ပြန်ပြီး ကျင့်သုံးလာမယ်ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး တိုးတက်စေရေးနဲ့ ကမ ္ဘာမှာ ခုခံ ကာကွယ်ပေးသူ အဖြစ် အမေရိကန်ရဲ့ ရည်တည်မှု အပေါ်မှာ ထိခိုက်စေမယ်လို့ ကျနော် ထင်ပါတယ်။"

မကြသေးခင်မှာပဲ ပြည်နယ်မြို့တော် အများအပြားကို သိမ်းပိုက်လိုက်တဲ့ တာလီဘန်တွေကတော့ အခုအခါ ကာဘူးမြို့တော်နဲ့ လက်တကမ်းအထိ ရောက်လာတာကြောင့် ၁ လ ၂ လ လောက်အတွင်း မြို့တော်ကျသွားနိုင်တယ်လို့ အရင်တုန်းက ခန့်မှန်းထားဘူးတာထက်တောင် ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်သွားမှာကို ကျွမ်းကျင်သူ တချို့က စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG