သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ငြိမ်ချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ နိုင်ငံတကာ ကြိုးပမ်း


(Zawgyi/ Unicode)

အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်နဲ့ နေတိုးမဟာမိတ်တပ်တွေ ရုပ်သိမ်းတာနဲ့ အတူ တာလီဘန်တွေရဲ့ နယ်မြေတိုးချဲ့ သိမ်းပိုက်မှုတွေ တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် အခြေနေထိန်းမနိုင် သိမ်းမရဖြစ်မသွားခင် အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေးညှိနှိုင်းမှု ပြန်လုပ်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ နိုင်ငံတကာဆွေးနွေးပွဲ ၂ ခုကို Qatar နိုင်ငံမှာ ဒီသီတင်းပတ်ထဲ ဆက်တိုက်ကျင်းပမှာ ဖြစ်ပါတယ်။

အာဖဂန်စစ်ပွဲ ဟာ သေကြေမှုနဲ့ ထိခိုက်မှုတွေ များလာနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အာဖဂန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Deborah Lyons က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သတိပေးခဲ့တာပါ။ အမေရိကန်က အာဖဂန်တပ်တွေကို လေကြောင်း အကူညီပေးနေတဲ့ ကြားကပဲ တာလီဘန်တွေက နေရာအတော်များများကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်ချိန်မှာ အခုလို ဆွေးနွေးပွဲ ကျင်းပဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

အာဖဂန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad ဟာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်က အာဖဂန်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ ဗုဒ္ဓဟူးနေ့ကျရင် Qata နိုင်ငံ Doha မြို့မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း ဒီ ၄ နိုင်ငံရဲ့ သံတမန်အသိုင်းဝိုင်းက VOA ကိုပြောပါတယ်။

ဒီ အထူးကိုယ်စားလှယ်တွေဟာ Doha အခြေစိုက် တာလီဘန်တွေနဲ့ အာဖဂန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲ အကြို ညှိနှိုင်းကြဖို့လည်း ရှိတယ်။ အင်္ဂါနေ့မှာ အာဖဂန်ရဲ့ အိမ်နီးချင်းတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပြီး ဒီဆွေးနွေးပွဲကို ရုရှား၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ တက်ရောက်ဖို့ ဖိတ်ကြားထားတာပါ။

အာဖဂန်မှာ ရေရှည်ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ဖို့ နိုင်ငံရေး သဘောတူညီချက် အဖြေရှိရမှာ ဖြစ်ပြီး ဒီပန်းတိုင်ကို ရောက်အောင် လျှောက်လှမ်းမှာ ဖြစ်ကြောင်း Khalizad က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG