သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်လေဆိပ် အသေခံဗုံးခွဲမှုစီစဉ်သူ ကန်စစ်တပ် ဒရုံးယာဉ်သုံး သုတ်သင်


FILE - In this Jan. 31, 2010, photo, an unmanned U.S. Predator drone flies over Kandahar Air Field, southern Afghanistan, on a moonlit night.
FILE - In this Jan. 31, 2010, photo, an unmanned U.S. Predator drone flies over Kandahar Air Field, southern Afghanistan, on a moonlit night.

Zawgyi/Unicode

အာဖဂန်နစ္စတန်နိုင်ငံထဲက IS အစွန်းရောက်အုပ်စုတခုကို ပစ်မှတ်ထားပြီး အမေရိကန်စစ်တပ်က အဝေးထိန်းဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အာဖဂန်-ကာဘူးလ်လေဆိပ်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူလို့ ယုံကြည်ရတဲ့ လူတယောက် သေဆုံးခဲ့ပါတယ်။

ကြာသတေးနေ့က ကာဘူးလ်လေဆိပ် ဗုံးခွဲတိုက်ခိုက်မှုမှာ သူ ပါဝင်ပတ်သက်မှု ရှိသလားဆိုတာကတော့ ချက်ချင်းမသိရသေးပါဘူး။ လေဆိပ်တိုက်ခိုက်မှုဖြစ်ပြီး ၄၈ နာရီအတွင်းမှာပဲ အမေရိကန်စစ်တပ်က အဝေးထိန်း ဒရုန်းယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် လေဆိပ်ဝင်ပေါက် ၄ ခုအနီးရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေ အဲဒီနေရာက ချက်ချင်းထွက်ခွာသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အင်တာနက်စာမျက်နှာမှာတင်ထားတဲ့ အမေရိကန်သံရုံးရဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

ဒီအခြေအနေမှာ အမေရိကန်ပြည်ဝင်ခွင့် အထူးဗီဇာရထားသူတွေကို ခေါ်ထုတ်နိုင်ဖို့ ခက်ခဲနေပေမယ့် အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေနဲ့ အမေရိကန်နိုင်ငံသားတွေအပါအဝင် သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ ဆက်ပြီးကြိုးစားနေပါတယ်လို့လည်း နိုင်ငံခြားရေးဌာန အရာရှိတယောက်က ကာဘူလ်းမြို့ Hamid Karzai နိုင်ငံတကာလေဆိပ်ကနေ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ကြာသတေးနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ ကနဦးယုံကြည်ထားသလို ဗုံးနှစ်လုံးကွဲတာမဟုတ်ဘဲ လူတယောက်တည်းကပဲ ဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်စစ်တပ်ဗိုလ်ချုပ်ကြီး Hank Taylor က သောကြာနေ့မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode








XS
SM
MD
LG