သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္အပါအဝင္ ေဒသတခ်ဳိ႕မွာ ဆႏၵျပပြဲေတြရွိ


ကေလးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပ သပိတ္စစ္ေၾကာင္း (စက္တင္ဘာ ၄၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

စစ္တပ္နဲ႔ရဲက အျပင္းအထန္ အင္အားသံုး ၿဖိဳခြဲဖမ္းဆီးတာေတြေၾကာင့္ ဆႏၵျပပြဲေတြ က်ဲသြားတဲ့ ရန္ကုန္ၿမိဳ႕မွာ ဒီကေန႔ေတာ့ အင္းစိန္၊ ေစာ္ဘြားႀကီးကုန္းမွာ လူငယ္တစု လွ်ပ္တျပက္ ဆႏၵျပပြဲ လုပ္ခဲ့ၾကပါတယ္။

မႏၲေလးမွာေတာ့ အေထြေထြသပိတ္တပ္ေပါင္းစုက ဒီေန႔ညေနပိုင္းမွာ ခ်ီတက္ ဆႏၵျပခဲ့ပါတယ္။

ဒါ့အျပင္ ျမေတာင္သပိတ္စစ္ေၾကာင္း ထြက္ခဲ့သလို ျပည္သူေတြ ေဘးရန္ကင္းေဝးေစဖို႔ သံဃသမဂၢ သပိတ္စစ္ေၾကာင္းမွာပါတဲ့ သံဃာေတာ္ေတြက ပရိတ္တရားေတာ္ေတြ ရြတ္ဖတ္သရဇၥ်ာယ္ၿပီး ေမတၱာပို႔ခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္းမွာ လက္ပံေတာင္းေတာင္ ပင္မ ဆႏၵျပသပိတ္စစ္ေၾကာင္း၊ ယင္းမာပင္ခ႐ိုင္၊ ဆားလင္းႀကီးေျမာက္ျခမ္းနဲ႔ ယင္းမာပင္အေရွ႕ျခမ္း ရြာေပါင္းစံုသပိတ္၊ ကေလးၿမိဳ႕ ၂၀၉ ရက္ေျမာက္ သပိတ္နဲ႔ ေရႊဘိုၿမိဳ႕နယ္ ေက်းရြာတရြာမွာ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။

ဆႏၵျပသူေတြကို ပစ္ခတ္ဖမ္းဆီးတာ၊ ဖမ္းဆီးသြားၿပီးတဲ့ေနာက္ ေသဆံုးတာ စတာေတြေၾကာင့္ စစ္အာဏာသိမ္းတဲ့ ေန႔ကတည္းကေန ဒီကေန႔အထိဆိုရင္ ေသဆံုးသူေပါင္း ၁,၀၄၆ ေယာက္ရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ဖမ္းဆီးခံထားရသူေပါင္းကလည္း ၆,၂၃၀ ဦးရွိၿပီလို႔ AAPP ကေျပာပါတယ္။

ရန္ကုန္အပါအဝင္ ေဒသတခ်ဳိ႕မွာ ဆႏၵျပပြဲေတြရွိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရန်ကုန်အပါအဝင် ဒေသတချို့မှာ ဆန္ဒပြပွဲတွေရှိ

စစ်တပ်နဲ့ရဲက အပြင်းအထန် အင်အားသုံး ဖြိုခွဲဖမ်းဆီးတာတွေကြောင့် ဆန္ဒပြပွဲတွေ ကျဲသွားတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တော့ အင်းစိန်၊ စော်ဘွားကြီးကုန်းမှာ လူငယ်တစု လျှပ်တပြက် ဆန္ဒပြပွဲ လုပ်ခဲ့ကြပါတယ်။

မန္တလေးမှာတော့ အထွေထွေသပိတ်တပ်ပေါင်းစုက ဒီနေ့ညနေပိုင်းမှာ ချီတက် ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် မြတောင်သပိတ်စစ်ကြောင်း ထွက်ခဲ့သလို ပြည်သူတွေ ဘေးရန်ကင်းဝေးစေဖို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်းမှာပါတဲ့ သံဃာတော်တွေက ပရိတ်တရားတော်တွေ ရွတ်ဖတ်သရဇ္ဈာယ်ပြီး မေတ္တာပို့ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာ လက်ပံတောင်းတောင် ပင်မ ဆန္ဒပြသပိတ်စစ်ကြောင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်၊ ကလေးမြို့ ၂၀၉ ရက်မြောက် သပိတ်နဲ့ ရွှေဘိုမြို့နယ် ကျေးရွာတရွာမှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးတာ၊ ဖမ်းဆီးသွားပြီးတဲ့နောက် သေဆုံးတာ စတာတွေကြောင့် စစ်အာဏာသိမ်းတဲ့ နေ့ကတည်းကနေ ဒီကနေ့အထိဆိုရင် သေဆုံးသူပေါင်း ၁,၀၄၆ ယောက်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူပေါင်းကလည်း ၆,၂၃၀ ဦးရှိပြီလို့ AAPP ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG