သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တတိယလႈိင္းေၾကာင့္ ျမန္မာလူထု လူမႈအခက္ခဲၾကံဳေန


ရဟန္းတပါးကို မီးသၿဂၤဳိဟ္ေပးေနတဲ့ ေစတနာ့ဝန္ထမ္းမ်ား။

ျမန္မာႏိုင္ငံက ကိုဗစ္ကပ္ေရာဂါတတိယလႈိင္းမွာ ကုသေရးပိုင္းဆိုင္ရာ အခက္အခဲေတြ ရင္ဆိုင္ခဲ့ၾကၿပီးေနာက္၊ အခုတခါ စားေသာက္ေနထိုင္ေရး အခက္အခဲျဖစ္ေနၾကသူေတြ ေတာ္ေတာ္ေလး မ်ားလာေနပါတယ္။ ကပ္ေဘးကာလ အခ်ိန္ၾကာလာတာနဲ႔အမွ် အခက္အခဲေတြကို ျပည္သူေတြဘယ္လို ရင္ဆိုင္ျဖတ္သန္းေနရပါသလဲ။ ရန္ကုန္ကလာတဲ့ ဒီသတင္းအေၾကာင္းအရာနဲ႔ ပတ္သက္လို႔ ေဒၚခင္မ်ဳိးသက္က ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔ စည္းကမ္း ကန႔္သတ္ခ်က္ေတြထုတ္ျပန္ထားတာနဲ႔အတူ အလုပ္အကိုင္တခ်ဳိ႕ ရပ္နားထားတဲ့အတြက္ ဝင္ေငြထိခိုက္ စားဝတ္ေနေရး မေျပလည္သူေတြလည္း မ်ားလာပါတယ္။ ေက်းလက္ေဒသေတြကေန ရန္ကုန္ၿမိဳ႕လာၿပီး အလုပ္လုပ္ကိုင္ေနသူ ေတာ္ေတာ္မ်ားမ်ား ဒီကာလမွာ ပိုၿပီးၾကပ္တည္းလာတယ္လို႔ ရန္ကုန္ၿမိဳ႕က လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ကိုဗစ္ ပထမလႈိင္း၊ ဒုတိယလႈိင္း၊ တတိယလႈိင္းနဲ႔ လာခဲ့လိုက္တာ ႏွစ္ပတ္လည္ေက်ာ္သြားၿပီေလ။ ႏွစ္ပတ္လည္ေက်ာ္သြားၿပီး လုပ္ငန္းကိုင္ခန္းေတြလည္း အဆင္မေျပၾကဘူး။ လုပ္ငန္းရွင္ေတြကလည္း တခ်ိဳ႕ေတြအလုပ္ေတြ နားထားေတာ့ လက္လုပ္လက္စားသမားေတြအတြက္လည္း အခက္အခဲျဖစ္တယ္။ ေနာက္ၿပီးေတာ့ စက္႐ုံအလုပ္သမားေတြ ဆိုရင္လည္း အဓိကျပႆနာက အထည္ခ်ဳပ္ေပါ့။ အထည္ခ်ဳပ္ဆို ဝန္ထမ္းအမ်ားႀကီးနဲ႔ အလုပ္လုပ္ရတာေလ။ အဲေတာ့ သူတို႔ရပ္သြားတဲ့ စက္႐ုံဆိုရင္ အလုပ္လက္မဲ့ေတြ အမ်ားႀကီးျဖစ္ကုန္ၾကတယ္။ အဲအေပၚမွာ စားဝတ္ေနေရးေတြလည္း အဆင္မေျပေတာ့ ရရာအလုပ္ကေလးေတြ လိုက္လုပ္ေတာ့လည္း ကိုဗစ္ကတခါထပ္ေမႊတဲ့ အခါက်ေတာ့ ေတာ္ေတာ္မ်ားမ်ား အခက္အခဲ ဒုကၡေရာက္ေနေတာ့ က်ေနာ္တို႔လည္း တတ္ႏိုင္သေလာက္ေလးေပါ့။ အကုန္လုံးေတာ့ လူသိေအာင္ေတာ့ မေဝငွႏိုင္ဘူး။ တကယ္ကို ခ်ိဳ႕တဲ့ႏြမ္းပါးတယ္ဆိုတဲ့ ေနရာမ်ိဳးေတြကိုေတာ့ ထိထိေရာက္ေရာက္ လိုက္လံလႉဒါန္းၿပီးေတာ့ ေဆာင္႐ြက္ေပးတယ္ေပါ့။"

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အခုႏွစ္ဝက္အတြင္းမွာ အလုပ္အကိုင္ ၂.၂ သန္း ဆုံးရႈံးႏိုင္တယ္လို႔ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ ILO က ခန႔္မွန္းထားပါတယ္။ ကပ္ေရာဂါကာလ ခ်မွတ္ထားတဲ့ ကန႔္သတ္ခ်က္ေတြ ရက္ထပ္တိုးတာေတြရွိေနတဲ့ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာလည္း လက္လုပ္လက္စားလုပ္ကိုင္သူေတြ ပိုအခက္ေတြ႕ေနလို႔ ေန႔စဥ္မျပတ္ လႉဒါန္းေပးေနရတဲ့အေၾကာင္း ပရဟိတေဆာင္႐ြက္ေပးေနသူတဦးက ေျပာပါတယ္။

"ကိုဗစ္နဲ႔သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြက ကိုဗစ္မျပတ္ေသးတဲ့အခါက်ေတာ့ သူတို႔က တလၿပီးတလ ထပ္တိုးေနတယ္။ ထပ္တိုးေနေတာ့ အကုန္လုံးကလည္း အလုပ္ေတြမလုပ္ရဘူး။ ဆိုင္ေတြလည္းပိတ္၊ ေစ်းေတြလည္း ပိတ္ထားတယ္။ သာမန္စားေသာက္ေရး အဆင္မေျပတဲ့မိသားစုက ျပႆနာမရွိေပမယ့္ ေအာက္ေျခဘက္မွာဆိုရင္ ဒုကၡေရာက္တဲ့မိသားစုေတြက မ်ားတယ္။ က်ေနာ့္ကိုဆို တေန႔တေန႔ ဖုန္းဆက္အကူအညီေတာင္းတာ အေယာက္ ၂၀၊ ၃၀ ေလာက္ရွိတယ္။ အရင္ကတည္းက တေန႔လုပ္မွ တေန႔စားရတဲ့ အေႏွးယာဥ္သမားေတြ၊ တကၠစီသမားေတြ၊ သုံးဘီးသမားေတြ၊ ေန႔စားသမားေတြ ဆိုရင္ေတာ့ ထမင္းတနပ္စားရဖို႔ေတာင္ ပိုက္ဆံမရွိတဲ့အေနအထားေတြ ျဖစ္ေနတယ္။ က်ေနာ္တို႔ေတြ အဓိကလိုအပ္တဲ့ေနရာကို ပစၥည္းလိုက္လႉေနတဲ့ အခါက်ေတာ့ သူတို႔ရဲ႕အေနအထားေလးေတြ ျမင္ေနရတာေပါ့ေနာ္။ တခ်ိဳ႕ဆို မိသားစုေတြမ်ားတယ္။ တခ်ိဳ႕ဆိုရင္ ဆန္ျပဳတ္ ျပဳတ္စားရတဲ့အေနအထားကိုေတာင္ ေရာက္ေနတဲ့မိသားစုေတြ အမ်ားႀကီးပဲ။"

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနစဥ္အတြင္း ႐ိုက္ခတ္တဲ့ ကိုဗစ္ကပ္ေရာဂါတတိလႈိင္းမွာ ျပည္သူအမ်ားစုက ကိုယ္ထူကိုယ္ထစနစ္နဲ႔ ကပ္ေဘးကို ရင္ဆိုင္ခဲ့ၾကရပါတယ္။ ကပ္ေရာဂါကာလအတြင္း လူမႈကူညီေပးသူေတြ ေတာ္ေတာ္မ်ားမ်ားရွိလာတဲ့ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕မွာ အခုရက္ပိုင္းအတြင္း ကိုဗစ္ျဖစ္ပြားႏႈန္းက်ဆင္းပါၿပီ။ ဒါေပမဲ့ ကပ္ေရာဂါရဲ႕ေနာက္ဆက္တြဲ လိုအပ္ေနသူေတြကို ကူညီရာမွာ အခက္အခဲတခ်ိဳ႕ႀကဳံေတြ႕ရတယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူတဦးက ေျပာပါတယ္။

"က်ေနာ္တို႔အသင္းအေနနဲ႔ေတာ့ ပထမ ၁ရက္ေန႔ကေနၿပီးေတာ့ လကုန္အထိဆိုရင္ေတာ့ က်ေနာ္တို႔စာရင္းျပဳစုထားတာ အားလုံးေပါင္း အိမ္ေျခ ၁,၇၀၀ နီးပါးရွိၿပီဗ်။ အခုကလည္း က်ေနာ္တို႔ ပစၥည္းပတ္ေဝေနတဲ့ အခ်ိန္ေလးဗ်။ အခု အာဏာသိမ္းကာလ အၾကပ္အတည္းေလးေတြေရာ၊ သူတို႔ရဲ႕ လမ္းခရီးပိတ္ပင္မႈေၾကာင့္ က်ေနာ္တို႔ လုံးဝၾကပ္တည္းရတာေပါ့။ သြားခ်င္တဲ့ေနရာ အဓိကမေရာက္တာတို႔ အဲလိုပုံစံမ်ိဳးေလးေတြေတာ့ ရွိတယ္ဗ်။ က်ေနာ္တို႔ ေကြ႕ပတ္သြားေနရတုန္း။"

အာဏာရွင္ဆန႔္က်င္ေရး CDM လႈပ္ရွားမႈမွာ က်န္းမာေရးဝန္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ားပါဝင္ေနတဲ့အတြက္ ကပ္ေရာဂါ တတိယလႈိင္းက်ေရာက္ခ်ိန္မွာ ျပည္သူ႔က်န္းမာေရးဝန္ေဆာင္မႈေတြက အရင္ကိုဗစ္လႈိင္းေတြကထက္စာရင္ ေလ်ာ့က်ခဲ့ပါတယ္။ အေမရိကန္နဲ႔ ဥေရာပသမဂၢကေတာ့ ကပ္ေရာဂါကာလ ကူညီေဆာင္႐ြက္ေပးေနသူေတြ လုံၿခဳံေရးေဘးကင္းဖို႔နဲ႔ သူတို႔ကိုပစ္မွတ္မထားဖို႔ သတိေပးထားပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လနဲ႔ ဩဂုတ္လဆန္းပိုင္းေတြမွာ ကိုဗစ္ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူအေရအတြက္ အျမင့္ဆုံးျဖစ္ခဲ့ၿပီး လူနာေတြလိုအပ္ေနတဲ့ ေအာက္စီဂ်င္ရွားပါးမႈ ျပႆနာေတြလည္း ရင္ဆိုင္ခဲ့ရပါတယ္။ ဩဂုတ္လ တတိယပတ္ကစၿပီး ေရာဂါပ်ံ႕ႏွံ႔ကူးစက္မႈ တျဖည္းျဖည္းက်ဆင္းလာတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ပရဟိတေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေျခခံပညာသင္ေက်ာင္းေတြနဲ႔ ႐ုံးေတြ၊ ေစ်းေတြအပါအဝင္ လူစည္ကားတဲ့ေနရာေတြကိုလည္း ရက္အကန႔္အသတ္နဲ႔ ထပ္တိုးပိတ္ထားရပါတယ္။ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ထားတဲ့ စာရင္းအရ ျမန္မာႏို္င္ငံမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၃၉၂,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၅,၁၀၀ ေက်ာ္ ရွိပါတယ္။

-----------------------

ကိုဗစ်တတိယလှိုင်းကြောင့်မြန်မာလူထု လူမှုအခက်ခဲကြုံနေ

မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါတတိယလှိုင်းမှာ ကုသရေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ကြပြီးနောက်၊ အခုတခါ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေကြသူတွေ တော်တော်လေး များလာနေပါတယ်။ ကပ်ဘေးကာလ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေကို ပြည်သူတွေဘယ်လို ရင်ဆိုင်ဖြတ်သန်းနေရပါသလဲ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအကြောင်းအရာနဲ့ ပတ်သက်လို့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့ စည်းကမ်း ကန့်သတ်ချက်တွေထုတ်ပြန်ထားတာနဲ့အတူ အလုပ်အကိုင်တချို့ ရပ်နားထားတဲ့အတွက် ဝင်ငွေထိခိုက် စားဝတ်နေရေး မပြေလည်သူတွေလည်း များလာပါတယ်။ ကျေးလက်ဒေသတွေကနေ ရန်ကုန်မြို့လာပြီး အလုပ်လုပ်ကိုင်နေသူ တော်တော်များများ ဒီကာလမှာ ပိုပြီးကြပ်တည်းလာတယ်လို့ ရန်ကုန်မြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကျနော်တို့ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းနဲ့ လာခဲ့လိုက်တာ နှစ်ပတ်လည်ကျော်သွားပြီလေ။ နှစ်ပတ်လည်ကျော်သွားပြီး လုပ်ငန်းကိုင်ခန်းတွေလည်း အဆင်မပြေကြဘူး။ လုပ်ငန်းရှင်တွေကလည်း တချို့တွေအလုပ်တွေ နားထားတော့ လက်လုပ်လက်စားသမားတွေအတွက်လည်း အခက်အခဲဖြစ်တယ်။ နောက်ပြီးတော့ စက်ရုံအလုပ်သမားတွေ ဆိုရင်လည်း အဓိကပြဿနာက အထည်ချုပ်ပေါ့။ အထည်ချုပ်ဆို ဝန်ထမ်းအများကြီးနဲ့ အလုပ်လုပ်ရတာလေ။ အဲတော့ သူတို့ရပ်သွားတဲ့ စက်ရုံဆိုရင် အလုပ်လက်မဲ့တွေ အများကြီးဖြစ်ကုန်ကြတယ်။ အဲအပေါ်မှာ စားဝတ်နေရေးတွေလည်း အဆင်မပြေတော့ ရရာအလုပ်ကလေးတွေ လိုက်လုပ်တော့လည်း ကိုဗစ်ကတခါထပ်မွှေတဲ့ အခါကျတော့ တော်တော်များများ အခက်အခဲ ဒုက္ခရောက်နေတော့ ကျနော်တို့လည်း တတ်နိုင်သလောက်လေးပေါ့။ အကုန်လုံးတော့ လူသိအောင်တော့ မဝေငှနိုင်ဘူး။ တကယ်ကို ချို့တဲ့နွမ်းပါးတယ်ဆိုတဲ့ နေရာမျိုးတွေကိုတော့ ထိထိရောက်ရောက် လိုက်လံလှူဒါန်းပြီးတော့ ဆောင်ရွက်ပေးတယ်ပေါ့။"

မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အခုနှစ်ဝက်အတွင်းမှာ အလုပ်အကိုင် ၂.၂ သန်း ဆုံးရှုံးနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ခန့်မှန်းထားပါတယ်။ ကပ်ရောဂါကာလ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ရက်ထပ်တိုးတာတွေရှိနေတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း လက်လုပ်လက်စားလုပ်ကိုင်သူတွေ ပိုအခက်တွေ့နေလို့ နေ့စဉ်မပြတ် လှူဒါန်းပေးနေရတဲ့အကြောင်း ပရဟိတဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"ကိုဗစ်နဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက ကိုဗစ်မပြတ်သေးတဲ့အခါကျတော့ သူတို့က တလပြီးတလ ထပ်တိုးနေတယ်။ ထပ်တိုးနေတော့ အကုန်လုံးကလည်း အလုပ်တွေမလုပ်ရဘူး။ ဆိုင်တွေလည်းပိတ်၊ ဈေးတွေလည်း ပိတ်ထားတယ်။ သာမန်စားသောက်ရေး အဆင်မပြေတဲ့မိသားစုက ပြဿနာမရှိပေမယ့် အောက်ခြေဘက်မှာဆိုရင် ဒုက္ခရောက်တဲ့မိသားစုတွေက များတယ်။ ကျနော့်ကိုဆို တနေ့တနေ့ ဖုန်းဆက်အကူအညီတောင်းတာ အယောက် ၂၀၊ ၃၀ လောက်ရှိတယ်။ အရင်ကတည်းက တနေ့လုပ်မှ တနေ့စားရတဲ့ အနှေးယာဉ်သမားတွေ၊ တက္ကစီသမားတွေ၊ သုံးဘီးသမားတွေ၊ နေ့စားသမားတွေ ဆိုရင်တော့ ထမင်းတနပ်စားရဖို့တောင် ပိုက်ဆံမရှိတဲ့အနေအထားတွေ ဖြစ်နေတယ်။ ကျနော်တို့တွေ အဓိကလိုအပ်တဲ့နေရာကို ပစ္စည်းလိုက်လှူနေတဲ့ အခါကျတော့ သူတို့ရဲ့အနေအထားလေးတွေ မြင်နေရတာပေါ့နော်။ တချို့ဆို မိသားစုတွေများတယ်။ တချို့ဆိုရင် ဆန်ပြုတ် ပြုတ်စားရတဲ့အနေအထားကိုတောင် ရောက်နေတဲ့မိသားစုတွေ အများကြီးပဲ။"

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေစဉ်အတွင်း ရိုက်ခတ်တဲ့ ကိုဗစ်ကပ်ရောဂါတတိလှိုင်းမှာ ပြည်သူအများစုက ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ကပ်ရောဂါကာလအတွင်း လူမှုကူညီပေးသူတွေ တော်တော်များများရှိလာတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ဖြစ်ပွားနှုန်းကျဆင်းပါပြီ။ ဒါပေမဲ့ ကပ်ရောဂါရဲ့နောက်ဆက်တွဲ လိုအပ်နေသူတွေကို ကူညီရာမှာ အခက်အခဲတချို့ကြုံတွေ့ရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

"ကျနော်တို့အသင်းအနေနဲ့တော့ ပထမ ၁ရက်နေ့ကနေပြီးတော့ လကုန်အထိဆိုရင်တော့ ကျနော်တို့စာရင်းပြုစုထားတာ အားလုံးပေါင်း အိမ်ခြေ ၁,၇၀၀ နီးပါးရှိပြီဗျ။ အခုကလည်း ကျနော်တို့ ပစ္စည်းပတ်ဝေနေတဲ့ အချိန်လေးဗျ။ အခု အာဏာသိမ်းကာလ အကြပ်အတည်းလေးတွေရော၊ သူတို့ရဲ့ လမ်းခရီးပိတ်ပင်မှုကြောင့် ကျနော်တို့ လုံးဝကြပ်တည်းရတာပေါ့။ သွားချင်တဲ့နေရာ အဓိကမရောက်တာတို့ အဲလိုပုံစံမျိုးလေးတွေတော့ ရှိတယ်ဗျ။ ကျနော်တို့ ကွေ့ပတ်သွားနေရတုန်း။"

အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များများပါဝင်နေတဲ့အတွက် ကပ်ရောဂါ တတိယလှိုင်းကျရောက်ချိန်မှာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကအရင်ကိုဗစ်လှိုင်းတွေကထက်စာရင် လျော့ကျခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂကတော့ ကပ်ရောဂါကာလ ကူညီဆောင်ရွက်ပေးနေသူတွေ လုံခြုံရေးဘေးကင်းဖို့နဲ့ သူတို့ကိုပစ်မှတ်မထားဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လဆန်းပိုင်းတွေမှာ ကိုဗစ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် အမြင့်ဆုံးဖြစ်ခဲ့ပြီး လူနာတွေလိုအပ်နေတဲ့ အောက်စီဂျင်ရှားပါးမှု ပြဿနာတွေလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဩဂုတ်လ တတိယပတ်ကစပြီး ရောဂါပျံ့နှံ့ကူးစက်မှု တဖြည်းဖြည်းကျဆင်းလာတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် အခြေခံပညာသင်ကျောင်းတွေနဲ့ ရုံးတွေ၊ ဈေးတွေအပါအဝင် လူစည်ကားတဲ့နေရာတွေကိုလည်း ရက်အကန့်အသတ်နဲ့ ထပ်တိုးပိတ်ထားရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၉၂,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၅,၁၀၀ ကျော် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG