သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပြည်ပရောက်မြန်မာတွေ ဆက်လက်လှုပ်ရှား


မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်အလယ်ပိုင်း ပြည်နယ်တချို့မှာ လှည့်လည် စည်းရုံးနေတဲ့ Democracy Road Trip for Burma ဗန်ကား။ (ဓာတ်ပုံ - Boston Free Burma)
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်အလယ်ပိုင်း ပြည်နယ်တချို့မှာ လှည့်လည် စည်းရုံးနေတဲ့ Democracy Road Trip for Burma ဗန်ကား။ (ဓာတ်ပုံ - Boston Free Burma)

(Zawgyi / Unicode)

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ကမ္ဘာ့နိုင်ငံတချို့မှာ ပြည်ပရောက် မြန်မာတွေက ဆက်လက် ဆန့်ကျင်နေတာမှာ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာလည်း စနေနေ့က ပြည်နယ်လွှတ်တော်ရှေ့ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာပြည်နဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်နိုင်ရေး Burma Bill လို့ခေါ်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်မှာ အတည်ပြုနိုင်ရေး ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု ပိုရဖို့ Boston Free Burma အဖွဲ့က စီစဉ်ထားတဲ့ Democracy Road Trip for Burma ဆိုတဲ့ ဗန်ကားတစီးဟာ အမေရိကန်အလယ်ပိုင်း ပြည်နယ်တချို့မှာ လှည့်လည် စည်းရုံးနေတယ်လို့ Boston မြို့က မြန်မာ့အရေးလှုပ်ရှားသူ မသော်တာထွန်းကျော်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်အလယ်ပိုင်း ပြည်နယ်တချို့မှာ လှည့်လည် စည်းရုံးနေတဲ့ Democracy Road Trip for Burma ဗန်ကား။ (ဓာတ်ပုံ - Boston Free Burma)
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်အလယ်ပိုင်း ပြည်နယ်တချို့မှာ လှည့်လည် စည်းရုံးနေတဲ့ Democracy Road Trip for Burma ဗန်ကား။ (ဓာတ်ပုံ - Boston Free Burma)

“ဒီကားကြီးက မက်ဆာချူးဆက်ပြည်နယ်ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က စထွက်သွားပါတယ်။ အခု ဒီနေ့ဆိုရင် Buffalo ကို ရောက်နေပါပြီ။ မနက်ဖြန်ဆိုရင် ဖို့ဒ်ဝိန်း အင်ဒီယားနားကို ရောက်မယ်။ မြန်မာအများစုရှိတဲ့ မြို့တွေကို သွားပြီးတော့ နောက်ဆုံးမှာ ကျမတို့ သြဂုတ် ၇ ရက်နေ့ ဝါရှင်တန်ဒီစီမှာ တနိုင်ငံလုံး ပါဝင်မယ့် ရှစ်လေးလုံး ဆန္ဒပြပွဲအတွက် စုရပ်အနေနဲ့ သတ်မှတ်ထားပါတယ်။”

အလားတူ ကနေဒါနိုင်ငံမှာလည်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်က ဗန်ကူးဗားမြို့ အမျိုးသား စာကြည့်တိုက်ရှေ့မှာ စနေနေ့ မွန်းလွဲပိုင်းက စုဝေး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူ ကိုတင်အောင်ထွန်းက ပြောပါတယ်။ အာဆီယံအနေနဲ့ NUG အစိုးရကို လက်ခံပေးဖို့၊ နိုင်ငံတကာက မြန်မာစစ်တပ်ကို လက်နက်တင်ပို့ ရောင်းချတာတွေ ရပ်ဆိုင်းထားဖို့ကို တောင်းဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဇူလိုင် ၁၈ ရက် တနင်္ဂနွေနေ့မှာ ကိုရီးယားရောက် မြန်မာတွေက ဂယောင်နမ်ပြည်နယ် ချမ်ဝမ်ဘူတာရှေ့ စုဝေးပြီး မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG