သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီအေရး အာဆီယံကို ကန္ဖိအားေပး


ရန္ကုန္ၿမိဳ႕က စစ္အာဏာဆန္႔က်င္ဆႏၵျပ သပိတ္စစ္ေၾကာင္းျမင္ကြင္း။ (ဇူလိုင္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ျပန္လည္ေဖၚေဆာင္ေရးနဲ႔ မတရား ဖမ္းဆီးခံရသူေတြ အားလုံး ျပန္လည္လြတ္ေျမာက္ေရးမွာ အာဆီယံဘက္က လက္တြဲၿပီး အေရးယူ ေဆာင္႐ြက္ဖို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken က အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံေတြရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီးေတြကို တိုက္တြန္းလိုက္ပါတယ္။

အာဆီယံနဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အြန္လိုင္းက က်င္းပတဲ့ အထူး အစည္းအေဝးမွာ ျမန္မာႏိုင္ငံအေရး အထူးစိုးရိမ္တဲ့အေၾကာင္းနဲ႔ အာဆီယံအဖြဲ႕က ျမန္မာ့အေရးခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖၚႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္းေတြကို ဝန္ႀကီး Blinken ထည့္သြင္းေဆြးေႏြးခဲ့တဲ့အေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က သတင္းထုတ္ျပန္ထားပါတယ္။ ဘုံသေဘာတူညီခ်က္ေတြနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဘက္က တာဝန္ယူမႈရွိလာေအာင္ အာဆီယံအေနနဲ႔ ခ်က္ျခင္း အေရးယူေဆာင္႐ြက္ဖို႔နဲ႔ ျမန္မာ့အေရး အထူးသံတမန္ ခန႔္အပ္ေရး ကိစၥေတြကို အေကာင္အထည္ေဖၚဖို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Blinken က တိုက္တြန္းသြားပါတယ္။

ဥေပဒ စိုးမိုးေရး၊ အစိုးရေကာင္းတရပ္ ေပၚထြန္းေရး ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးတို႔နဲ႔ ဆက္ႏြယ္တဲ့ အာဆီယံ ပဋိညာဥ္ စာတမ္း အေျခခံေတြကို ျပန္လည္ ေျပာဆိုၿပီး အေမရိကန္ ျပည္ေထာင္စုနဲ႔ အာဆီယံအၾကားမွာ လူ႔အခြင့္အေရး၊ လြတ္လပ္ခြင့္၊ စီးပြားေရး ႂကြယ္ဝမႈနဲ႔ ျပည္သူအခ်င္းခ်င္း ခိုင္မာတဲ့ ဆက္သြယ္မႈေတြကို အေျခခံတဲ့ မဟာမဗ်ဳဟာက် လက္တြဲဖက္အျဖစ္ တည္ေဆာက္ေရးကိစၥေတြကိုလည္း ဝန္ႀကီး Blinken က ေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ဒီမိုကရေစီအရေး အာဆီယံကို ကန်ဖိအားပေး

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်ဖေါ်ဆောင်ရေးနဲ့ မတရား ဖမ်းဆီးခံရသူတွေ အားလုံး ပြန်လည်လွတ်မြောက်ရေးမှာ အာဆီယံဘက်က လက်တွဲပြီး အရေးယူ ဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်းက ကျင်းပတဲ့ အထူး အစည်းအဝေးမှာ မြန်မာနိုင်ငံအရေး အထူးစိုးရိမ်တဲ့အကြောင်းနဲ့ အာဆီယံအဖွဲ့က မြန်မာ့အရေးချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို ဝန်ကြီး Blinken ထည့်သွင်းဆွေးနွေးခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က သတင်းထုတ်ပြန်ထားပါတယ်။ ဘုံသဘောတူညီချက်တွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တာဝန်ယူမှုရှိလာအောင် အာဆီယံအနေနဲ့ ချက်ခြင်း အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာ့အရေး အထူးသံတမန် ခန့်အပ်ရေး ကိစ္စတွေကို အကောင်အထည်ဖေါ်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken က တိုက်တွန်းသွားပါတယ်။

ဥပေဒ စိုးမိုးရေး၊ အစိုးရကောင်းတရပ် ပေါ်ထွန်းရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့နဲ့ ဆက်နွယ်တဲ့ အာဆီယံ ပဋိညာဉ် စာတမ်း အခြေခံတွေကို ပြန်လည် ပြောဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံအကြားမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ စီးပွားရေး ကြွယ်ဝမှုနဲ့ ပြည်သူအချင်းချင်း ခိုင်မာတဲ့ ဆက်သွယ်မှုတွေကို အခြေခံတဲ့ မဟာမဗျုဟာကျ လက်တွဲဖက်အဖြစ် တည်ဆောက်ရေးကိစ္စတွေကိုလည်း ဝန်ကြီး Blinken က ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG