သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ မြန်မာစစ်ကောင်စီတောင်းဆို


နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုဖို့နဲ့ သူ့ကို စွဲဆိုထားတဲ့ အမှုအတွက် တရားရင်ဆိုင်ဖို့ မြန်မာနိုင်ငံဘက် လွဲှပြောင်ပေးရေး မြန်မာစစ်ကောင်စီက အမေရိကန်နိုင်ငံခြားရေးဌာနကို တောင်းဆိုထားပါတယ်။ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုဖို့ ကုလသမဂ္ဂဌာနချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနတို့ကို တရားဝင် အကြောင်းကြားထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့တုန်းက ကြေညာချက်ထုတ်ပြန်တာပါ။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးကျော်မိုးထွန်း ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ရာထူးက ထုတ်ပယ်ထားပြီးဖြစ်တာကြောင့် သူ့အနေနဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအစည်းအဝေးတွေမှာ ပါဝင်တက်ရောက် ဆွေးနွေးနေတာကို တရားမဝင်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ မတရားအသင်းကြေညာထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တခြား အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေအရ တရားမဝင်လုပ်ဆောင်မှုတွေကြောင့် သက်ဆိုင်ရာ ခရိုင်တရားရုံးတွေမှာ တရားစွဲဆိုထားသလို ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဦးကျော်မိုးထွန်းဟာ နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံး မြန်မာအမြဲတမ်းသံအမတ်ကြီးအဖြစ်နဲ့ ၂၀၂၀ အောက်တိုဘာလကစလို့ တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၆ မှာတော့ သူ့အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ကိုယ်စားမပြုပဲ၊ NLD အစိုးရကိုပဲ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးတာဝန်က ရုပ်သိမ်းပြီး၊ အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို သူ့နေရာမှာ အစားထိုးတယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံအမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက် တက်ရောက်နေဆဲရှိပြီး၊ ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို စက်တင်ဘာလ ကုလ အထွေထွေညီလာခံမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

ဦးကျော်မိုးထွန်းကို လွှဲပေးဖို့ မြန်မာစစ်ကောင်စီတောင်းဆို
please wait

No media source currently available

0:00 0:01:56 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG