သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းတပ္ဖဲြ႕ခ်င္းတိုက္ခိုက္မႈ ေဒသခံ စစ္ေဘးေရွာင္တို႔ ရိကၡာအခက္ၾကံဳ


မိုင္းကိုင္ၿမိဳ႕နယ္ စစ္ေရွာင္မ်ား

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ ႐ွမ္းလက္နက္ကိုင္ ၂ ဖြဲ႔ျဖစ္တဲ့ ေတာင္ပိုင္းအဖဲြ႔ RCSS/ SSA နဲ႔ ေျမာက္ပိုင္းအဖဲြ႔ SSPP/SSA တို႔ၾကား တိုက္ပြဲ ဆက္လက္ျဖစ္ပြားေနပါတယ္။ တိုက္ပြဲေတြျဖစ္ေနတဲ့ ေက်းသီး မိုင္းကိုင္စတဲ့ ၿမိဳ႕နယ္ေတြက ႐ြာသားေတြ စစ္ပဲြေတြေၾကာင့္ ေဘးလြတ္ရာမွာ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။ ဒီအေၾကာင္းဗီအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ ကေနသတင္းေပးပို႕ထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႕ ေျမာက္ပိုင္းေဒသေတြမွာ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS နဲ႕ ေျမာက္ပိုင္းရွမ္းျပည္ တပ္မေတာ္ SSPP တို႕အၾကား နယ္ေျမပိုင္ဆိုင္မွဳျပႆနာေၾကာင့္ တိုက္ပြဲေတြျဖစ္ပြါးေနပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္က စစ္ေရးအရအခ်က္ခ်ာက်တဲ့ လြယ္ဟြန္းေတာင္ေၾကာဘက္မွာဆုိရင္ နယ္ေျမအျငင္းပြားမႈေၾကာင့္ တိုက္ပဲြျဖစ္ေနတာ တလေက်ာ္ေနပါၿပီ။ ၂ ဘက္ျဖစ္ေနတဲ့ စစ္ေရးပဋိပကၡနဲ႔ပါတ္သက္လို႔ RCSS ေျပာခြင့္ရဗ ိုလ္မွဴးစိုင္းခမ္းစံကခုလို ေျပာျပပါတယ္။

"လြယ္ဟြန္းေတာင္ေၾကာက်ေတာ့ ကြ်န္ေတာ္တို႕ခြာစစ္ဆင္ေနၿပီး။ ကြ်န္ေတာ္တို႕ခံစစ္အရွင္ကေန ခြာစစ္ကိုျပန္လည္လွဳပ္ရွားလာၿပီးေတာ့ ခြာစစ္ကိုလွဳပ္ရွားရင္းနဲ႕ စစ္ေရးလွဳပ္ရွားရင္းနဲ႕ ကင္းေထာက္လုပ္ရင္းနဲ႕ပစ္ၾကတာေပါ့ေနာ္။ ဇြန္လ(၁)ရက္ေန႕က ေနၿပီးေတာ့မွ ဇူလိုင္လ(၁၀)ရက္ေန႕အထိက်ေတာ့တိုက္ပြဲေန႕တိုင္းျဖစ္တယ္။ တင္းမာမွဳေတြေတာ့ရွိေနတုန္းေပါ့ေနာ္။ ထိေတြ႕ မွဳေတာ့ရွိတာေပါ့"

လြယ္ဟြန္းေတာင္ဟာ ရွမ္းျပည္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းအလယ္မွာရွိေနၿပီး စစ္ေရး မဟာဗ်ဴဟာအတြက္ အခ်က္အျခာက်သလို ေျမာက္ပိုင္း႐ွမ္းလက္နက္ကိုင္ SSPP/SSA ရဲ႕ ၀မ္ဟိုင္းဌာနခ်ဳပ္နဲ႕လဲ (၂၀) ကီလိုမီတာခန္႕သာ ေ၀းကြာေနပါတယ္။
သူတို႔သိမ္းပိုက္ထားတဲ့ လြယ္ဟြန္းေတာင္ေၾကာကိုေတာ့ စစ္တပ္ကလည္း သိမ္းႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လို႔ ေျမာက္ပိုင္းရွမ္းအဖဲြ႔ SSPP တပ္မွဴးတဦးက ေျပာပါတယ္။

"အားလုံး SSA ကသိမ္းသြားၿပီး။ သိမ္းလဲသိမ္းၿပီးေရာ ဗမာလဲဘဲ စစ္ျပင္ေတာ့တာဘဲ။ အဲဒီမွာ RCSS ကလြတ္သြားတာသူတို႕ စိတ္မၾကည္ဘူးေလ။ SSA ထံသူတို႕စစ္ျပင္တာေပါ့အဲဒီမွာ။
လြယ္ဟြန္းေတာင္ကို SSPP ဘက္က ထိမ္းထားနိုင္ၿပီးဆိုေပမဲ့ RCSS တပ္ဘက္က ဆက္ၿပီးထိုးစစ္ဆင္ေနပါတယ္။ တုိက္ပြဲေတြက လက္နက္ႀကီက်ည္ေတြက်လုိ႔ အနီးအနားက ေက်း႐ြာေတြနား က်ေရာက္ေနပါတယ္"

လြယ္ဟြန္းေတာင္ေၾကာကေန ပစ္လိုက္တဲ့လက္နက္ႀကီးေၾကာင့္ ေၾကာက္လန္႕ၿပီးလူတဦးေသဆုံးခဲ့ပါတယ္။

"ပစ္တာ ဟိုအေရွ႕ဘက္ျခမ္းကေနပစ္တာ ဒီဖက္အေနာက္ဖက္ျခမ္းေက်ာ္ၿပီးလာက်တယ္။ ထိခိုက္မွဳေတာ့ပေလာင္အဖြားႀကီး တေယာက္ေတာ့ သူ႕လယ္ ေတာင္ယာတဲအနားမွာလာက်ေတာ့ သူ႕ကိုေတာ့လုံးဝမထိဘူး။ ဒါေပမဲ့လန္႕ျဖန္႕ၿပီးေသသြား တယ္လို႕ၾကားတယ္။ နန္းခုန္ေက်းရြာအုပ္စု"

မိုင္းကိုင္ၿမိဳ႕နယ္ မိုင္းခြန္ေက်းရြာအုပ္စုဘက္မွာ ရြာသားေတာ္ေတာ္မ်ားမ်ား တိမ္းေရွာင္ထြက္ေျပးေနရတယ္လို႕ မိုင္းကိုင္ေဒသခံတဦးကေျပာပါတယ္။

" ႏွစ္ဖက္တိုက္ပြဲျဖစ္ေတာ့လက္နက္ႀကီးေတြက တိုက္ပြဲျဖစ္တဲ့ေနရာမွာ က်တာေပါ့။ ဒါေပမဲ့ ရြာေတြမွာလဲေနရာတိုင္းလိုလို ေလွ်ာက္က်ေနတယ္။ အဲတာသူတို႕ေၾကာက္လန္႕ၿပီးမွ ေက်းရြာအုပ္စုတခုလုံးဘဲ အဲဒီမိုင္းခြန္ေက်းရြာအုပ္စုတခုလုံး။ ၀မ္ဆန္ ဖတ္ဖစ္တို႕ အဲဒီကုန္းရုံးတို႕ေပါ့အဲဒီရြာေတြ။ ထြက္ေျပးတယ္ဆိုေတာ့ ဘုန္းႀကီးေက်ာင္းကိုပို႕ထားတယ္။ ၿမိဳ႕ရဲ႕အေရွ႕ဖက္နားက ဘုရားမွာလဲရွိတယ္။ ေနာက္ၿပီး၀မ္ေဟြဘုန္းႀကီးေက်ာင္းေပါ့။ ဝမ္လ်န႔္ ၊ ေနာင္ေရွာင္။ ရြာ(၃)ရြာကဘုန္းႀကီးေက်ာင္းမွာရွိတယ္"

မိုင္းခြန္ေက်းရြာအုပ္စုက စစ္ေျပးဒုကၡသည္ ၇၅၀ ေက်ာ္ဟာ ဝမ္ေဟြ႕လုံေက်းရြာအုပ္စုအတြင္း ဘုန္းႀကီးေက်ာင္းေတြနဲ႕ စာသင္ေက်ာင္းေတြမွာ ခိုလွဳံေနၾကရပါတယ္။ ဒီဒုကၡသည္ေတြကို မုိင္းကိုင္ၿမိဳ႕နယ္ကရွမ္းအဖြဲ႕အစည္းေတြ လဲခ်ားၿမိဳ႕နယ္က လူငယ္အဖြဲ႕အစည္းေတြကေန အကူညီေပး ေဆာင္ေနတယ္လို႕ ေဒသခံေတြကေျပာပါတယ္။
အလားတူ လြယ္ဟြန္းေတာင္ေၾကာဘက္မွာျဖစ္ပြါးတဲ့ တိုက္ပြဲပစ္ခတ္မွဳေတြမွဳေၾကာင့္ ေက်းသီးမိုင္းေနာင္ကားလမ္းအနီး ရြာေတြ က ရြာသား ၂၀၀၀ ေက်ာ္ဟာလဲ ေက်းသီးၿမိဳ႕ေပၚ စစ္ေဘးတိမ္းေရွာင္ေနၾကရပါတယ္။
၁ လေက်ာ္ထဲက ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရတဲ့ ဒုကၡသည္ေတြဟာ စားနပ္ရိကၡာေတြ လိုအပ္ေနၿပီးလို႕ ေက်းသီးၿမိဳ႕ခံ တဦးကေျပာပါတယ္။

ေက်းသီးဘက္မွာလဲ ဘုန္းႀကီးေက်ာင္းမွာလဲမ်ားတယ္။ ရြာထဲကဘုန္းႀကီးေက်ာင္းေတြေရာ ၿမိဳ႕ထဲကဘုန္းႀကီးေက်ာင္းေတြေရာ အဲဒီလိုအကုန္ေရာက္ေနၾကတယ္။ ဦးေရကအကုန္လုံးက ၂၀၀၀ ေက်ာ္တယ္။ သူတို႕စား၀တ္ေနေရးအတြက္လဲ အခက္ခဲလဲရွိတာေပါ့ဗ်ာ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသဘက္က ေက်ာက္မဲ၊ နမၼတူဘက္မွာလဲ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ ေတာင္ပိုင္းရွမ္းျပည္ တပ္မ ေတာ္ RCSS တို႔ တိုက္ပြဲၾကိဳၾကားျဖစ္ေနဆဲလို႕ RCSSေျပာခြင့္ရဗိုလ္မွဴးစိုင္းခမ္းစံကေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း နမၼတူနဲ႔ ေက်ာက္မဲၿမိဳ႕နယ္အတြင္း တေအာင္းပေလာင္ TNLA ၊ SSPP ပူးေပါင္းအဖြဲ႕နဲ႔ RCSS အဖြဲ႕တို႔ၾကား တိုက္ပြဲေတြရပ္နိုင္ဖို႔ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ဖို႔္ RCSS က ဇူလိုင္လ (၈) ရက္ေန႕မွာေၾကညာခ်က္ထုတ္ျပန္ထားေပမဲ့ တိုက္ပြဲ ေတြ ကမရပ္တန္႕နိုင္ေသးပါဘူး။

ရွမ္းျပည္နယ္တြင္း ရွမ္းေတာ္လွန္ေရးတပ္ဖြဲ႕ အခ်င္းခ်င္း တိုက္ခိုက္ေနတာရပ္တန႔္ဖို႔ ရွမ္းနိုင္ငံေရးအဖြဲ႕အစည္းေတြ ရွမ္း သံဃာေတာ္ေတြက အႀကိမ္ႀကိမ္ ဝင္ေရာက္ညႇိႏွိုင္းေပးခဲ့ေပမဲ့ တိုက္ပြဲေတြ ခုခ်ိန္ထိ မရပ္ၾကေသးပါဘူးခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ တောင်ပိုင်းအဖွဲ့ RCSS/ SSA နဲ့ မြောက်ပိုင်းအဖွဲ့ SSPP/SSA တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကျေးသီး မိုင်းကိုင်စတဲ့ မြို့နယ်တွေက ရွာသားတွေ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်းဗီအိုအေသတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS နဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP တို့အကြား နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က စစ်ရေးအရအချက်ချာကျတဲ့ လွယ်ဟွန်းတောင်ကြောဘက်မှာဆိုရင် နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်နေတာ တလကျော်နေပါပြီ။ ၂ ဘက်ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ပါတ်သက်လို့ RCSS ပြောခွင့်ရဗ ိုလ်မှူးစိုင်းခမ်းစံကခုလို ပြောပြပါတယ်။

"လွယ်ဟွန်းတောင်ကြောကျတော့ ကျွန်တော်တို့ခွာစစ်ဆင်နေပြီး။ ကျွန်တော်တို့ခံစစ်အရှင်ကနေ ခွာစစ်ကိုပြန်လည်လှုပ်ရှားလာပြီးတော့ ခွာစစ်ကိုလှုပ်ရှားရင်းနဲ့ စစ်ရေးလှုပ်ရှားရင်းနဲ့ ကင်းထောက်လုပ်ရင်းနဲ့ပစ်ကြတာပေါ့နော်။ ဇွန်လ(၁)ရက်နေ့က နေပြီးတော့မှ ဇူလိုင်လ(၁၀)ရက်နေ့အထိကျတော့တိုက်ပွဲနေ့တိုင်းဖြစ်တယ်။ တင်းမာမှုတွေတော့ရှိနေတုန်းပေါ့နော်။ ထိတွေ့ မှုတော့ရှိတာပေါ့"

လွယ်ဟွန်းတောင်ဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းအလယ်မှာရှိနေပြီး စစ်ရေး မဟာဗျူဟာအတွက် အချက်အခြာကျသလို မြောက်ပိုင်းရှမ်းလက်နက်ကိုင် SSPP/SSA ရဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့လဲ (၂၀) ကီလိုမီတာခန့်သာ ဝေးကွာနေပါတယ်။
သူတို့သိမ်းပိုက်ထားတဲ့ လွယ်ဟွန်းတောင်ကြောကိုတော့ စစ်တပ်ကလည်း သိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ မြောက်ပိုင်းရှမ်းအဖွဲ့ SSPP တပ်မှူးတဦးက ပြောပါတယ်။

"အားလုံး SSA ကသိမ်းသွားပြီး။ သိမ်းလဲသိမ်းပြီးရော ဗမာလဲဘဲ စစ်ပြင်တော့တာဘဲ။ အဲဒီမှာ RCSS ကလွတ်သွားတာသူတို့ စိတ်မကြည်ဘူးလေ။ SSA ထံသူတို့စစ်ပြင်တာပေါ့အဲဒီမှာ။
လွယ်ဟွန်းတောင်ကို SSPP ဘက်က ထိမ်းထားနိုင်ပြီးဆိုပေမဲ့ RCSS တပ်ဘက်က ဆက်ပြီးထိုးစစ်ဆင်နေပါတယ်။ တိုက်ပွဲတွေက လက်နက်ကြီကျည်တွေကျလို့ အနီးအနားက ကျေးရွာတွေနား ကျရောက်နေပါတယ်"

လွယ်ဟွန်းတောင်ကြောကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ကြောက်လန့်ပြီးလူတဦးသေဆုံးခဲ့ပါတယ်။

"ပစ်တာ ဟိုအရှေ့ဘက်ခြမ်းကနေပစ်တာ ဒီဖက်အနောက်ဖက်ခြမ်းကျော်ပြီးလာကျတယ်။ ထိခိုက်မှုတော့ပလောင်အဖွားကြီး တယောက်တော့ သူ့လယ် တောင်ယာတဲအနားမှာလာကျတော့ သူ့ကိုတော့လုံးဝမထိဘူး။ ဒါပေမဲ့လန့်ဖြန့်ပြီးသေသွား တယ်လို့ကြားတယ်။ နန်းခုန်ကျေးရွာအုပ်စု"

မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုဘက်မှာ ရွာသားတော်တော်များများ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ မိုင်းကိုင်ဒေသခံတဦးကပြောပါတယ်။

" နှစ်ဖက်တိုက်ပွဲဖြစ်တော့လက်နက်ကြီးတွေက တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျတာပေါ့။ ဒါပေမဲ့ ရွာတွေမှာလဲနေရာတိုင်းလိုလို လျှောက်ကျနေတယ်။ အဲတာသူတို့ကြောက်လန့်ပြီးမှ ကျေးရွာအုပ်စုတခုလုံးဘဲ အဲဒီမိုင်းခွန်ကျေးရွာအုပ်စုတခုလုံး။ ဝမ်ဆန် ဖတ်ဖစ်တို့ အဲဒီကုန်းရုံးတို့ပေါ့အဲဒီရွာတွေ။ ထွက်ပြေးတယ်ဆိုတော့ ဘုန်းကြီးကျောင်းကိုပို့ထားတယ်။ မြို့ရဲ့အရှေ့ဖက်နားက ဘုရားမှာလဲရှိတယ်။ နောက်ပြီးဝမ်ဟွေဘုန်းကြီးကျောင်းပေါ့။ ဝမ်လျန့် ၊ နောင်ရှောင်။ ရွာ(၃)ရွာကဘုန်းကြီးကျောင်းမှာရှိတယ်"

မိုင်းခွန်ကျေးရွာအုပ်စုက စစ်ပြေးဒုက္ခသည် ၇၅၀ ကျော်ဟာ ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်း ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ ဒီဒုက္ခသည်တွေကို မိုင်းကိုင်မြို့နယ်ကရှမ်းအဖွဲ့အစည်းတွေ လဲချားမြို့နယ်က လူငယ်အဖွဲ့အစည်းတွေကနေ အကူညီပေး ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အလားတူ လွယ်ဟွန်းတောင်ကြောဘက်မှာဖြစ်ပွါးတဲ့ တိုက်ပွဲပစ်ခတ်မှုတွေမှုကြောင့် ကျေးသီးမိုင်းနောင်ကားလမ်းအနီး ရွာတွေ က ရွာသား ၂၀၀၀ ကျော်ဟာလဲ ကျေးသီးမြို့ပေါ် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
၁ လကျော်ထဲက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာတွေ လိုအပ်နေပြီးလို့ ကျေးသီးမြို့ခံ တဦးကပြောပါတယ်။

ကျေးသီးဘက်မှာလဲ ဘုန်းကြီးကျောင်းမှာလဲများတယ်။ ရွာထဲကဘုန်းကြီးကျောင်းတွေရော မြို့ထဲကဘုန်းကြီးကျောင်းတွေရော အဲဒီလိုအကုန်ရောက်နေကြတယ်။ ဦးရေကအကုန်လုံးက ၂၀၀၀ ကျော်တယ်။ သူတို့စားဝတ်နေရေးအတွက်လဲ အခက်ခဲလဲရှိတာပေါ့ဗျာ။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်က ကျောက်မဲ၊ နမ္မတူဘက်မှာလဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည် တပ်မ တော် RCSS တို့ တိုက်ပွဲကြိုကြားဖြစ်နေဆဲလို့ RCSSပြောခွင့်ရဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ ကျောက်မဲမြို့နယ်အတွင်း တအောင်းပလောင် TNLA ၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS အဖွဲ့တို့ကြား တိုက်ပွဲတွေရပ်နိုင်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့် RCSS က ဇူလိုင်လ (၈) ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပေမဲ့ တိုက်ပွဲ တွေ ကမရပ်တန့်နိုင်သေးပါဘူး။

ရှမ်းပြည်နယ်တွင်း ရှမ်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်နေတာရပ်တန့်ဖို့ ရှမ်းနိုင်ငံရေးအဖွဲ့အစည်းတွေ ရှမ်း သံဃာတော်တွေက အကြိမ်ကြိမ် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ခုချိန်ထိ မရပ်ကြသေးပါဘူးခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG