သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေစ့စပ္ မရႏိုင္တဲ႔ ရွမ္း-ပေလာင္တိုက္ပဲြ ေဒသခံေတြ ဒုကၡေရာက္


SSA တပ္သားမ်ား (မတ္လ ၂ ရက္ -၂၀၂၁)

[ Zawgyi ]

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္မွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ ေတာင္ပိုင္းရွမ္းျပည္တပ္မေတာ္ RCSS တို႔ ဆက္လက္တိုက္ပြဲျဖစ္ေနပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္းေက်းသီးဘကၼြာလဲ ေတာင္နဲ႔ေျမာက္ ရွမ္းတပ္ဖြဲ႕တို႔ၾကား တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္လို႔ ေထာင္နဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြ စားေသာက္ေရး အခက္ေတြ႕ေနၾကပါတယ္။ ဒီအေၾကာင္း ဗီအိုေအ သတင္းေထာက္ နိုင္ကြန္းအိန္ ကေနေျပာျပေပးမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေက်ာက္မဲၿမိဳ႕နယ္မွာ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/ SSA ရွမ္းေတာင္ပိုင္း အဖြဲက တဘက္၊ ေျမာက္ပိုင္းမဟာမိတ္ပူးေပါင္းအဖြဲ႕ျဖစ္တဲ့ TNLAတအာင္းပေလာင္အဖြဲ႔၊ MNDAA ကိုးကႏ္႕တပ္ဖြဲ႕ ၊ ေျမာက္ပိုင္းရွမ္းျပည္ တပ္မေတာ္ SSPP/SSA အဖြဲ႕တို႔ကတဘက္ တိုက္ပြဲျဖစ္ပြါးေနပါတယ္။

အထူးသျဖင့္ ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာအုပ္စုဘက္မွာတိုက္ပြဲျဖစ္ေနတာလို႔ RCSS/SSA ေျပာခြင့္ရ ဗိုလ္မႉးစိုင္းခမ္းစံ ကေျပာပါတယ္။

" ဟုတ္ကဲ့တိုက္ပြဲက်ေတာ့ျဖစ္တာက အဲဒီေက်ာက္မဲမွာပိုျဖစ္တယ္ခင္ဗ်။ ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာအုပ္စုဖက္မွာ ျဖစ္တယ္ခင္ဗ်။"

ၿပီးခဲ့တဲ့ ဇြန္လကုန္ေလာက္စၿပီး ေက်ာက္မဲၿမိဳ႕နယ္၊ ေတာ့ဆန္ေက်းရြာအုပ္စု၊ ကုန္းဆာရြာမွာ တိုက္ပြဲျဖစ္ပြါးခဲ့လို႔ ေဒသခံ ၆၀၀ ေလာက္ဟာ မိုင္းေင့ါၿမိဳ႕နယ္ခြဲက မန္ပင့္နဲ႔ နမ့္စြမ္ေက်းရြာ ဘက္ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။ စစ္ေျပးဒုကၡသည္ ၁၀၀ ေက်ာ္ေလာက္ကေတာ့ အုန္းငန္းနဲ႔ ပန္စံဘက္ကို တိမ္းေရွာင္ေနၾကရပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္ထဲမွာပဲ ေနာက္ထပ္တိုက္ပြဲေတြျဖစ္ေနတဲ့ လြယ္အံတင္းအုပ္စု၊ ေကာင္းခါးေက်းရြာက အမ်ိဳးသမီးႏွစ္ဦး လက္ဖက္ခူးစဥ္ မေန႔ကမိုင္းနင္းမိ တာေၾကာင့္ ၁ ေယာက္ေသဆုံးသြားတယ္လို႔ေက်ာက္မဲၿမိဳ႕ခံတဦးက ေျပာပါတယ္။

"မိုင္းကြဲတယ္ဆိုတာရြာမွာဗ်။ ရြာက လြယ္အံတင္းအုပ္စုက ရြာ(၇)ရြာရွိတယ္။အဲဒီလြယ္အံတင္းအုပ္စုေပါ့ ပေလာင္ရြာ။ အမ်ိဳးသမီး ႏွစ္ေယာက္။ အဲသူတို႔ကလက္ဖက္သြားခူးရင္းနဲ႔ လက္ဖက္ၿခံသြားရင္းနဲ႔မိုင္းထိတာေပါ့။ တေယာက္ကေသသြားတယ္။ တေယာက္ကဒဏ္ရာေတြေပါ့။"

လြယ္အံတင္းအုပ္စုဘက္မွာလဲ RCSSဘက္က ေနရာယူထားတာေၾကာင့္ ေဒသခံတအာင္းပေလာင္တိုင္းရင္းသားေတြ ေနရပ္ကေန တိမ္းေရွာင္ထြက္ေျပး ေနၾကရပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း နမၼတူနဲ႔ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း TNLA ၊ SSPP ပူးေပါင္းအဖြဲ႕နဲ႔ RCSS အဖြဲ႕တို႔ၾကား တိုက္ပြဲေတြရပ္နိုင္ဖို႔ ၿငိမ္းခ်မ္းတဲ့နည္းလမ္းနဲ႔ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ဖို႔္ RCSS က ဒီကေန႔မွာေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္နယ္အတြင္း နယ္ေျမပိုင္ဆိုင္မွဳနဲ႕ပက္သက္ၿပီး RCSSအဖြဲ႕နဲ႕ တအာင္းပေလာင္TNLA ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPPအဖြဲ႕တို႕အၾကား စစ္ေရးပဋိပကၡေတြျဖစ္ပြါးေနခဲ့တာပါ။ တိုက္ပြဲေတြရပ္တန္႕ၿပီး ေတြ႕ဆုံေဆြးေႏြးနိုင္ဖို႕ ၾကိဳးပမ္းေနၾကေပမဲ့ လက္ေတြ႕မွာ မေအာင္ျမင္နိုင္ေသးပါဘူး။

အလားတူရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္မွာလဲ RCSS/ SSA ရွမ္းေတာင္ပိုင္းအဖြဲ႔နဲ႔ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/ SSA ရွမ္းေျမာက္ပိုင္းအဖြဲ႕တို႔ၾကား တိုက္ပြဲေတြျဖစ္ေနဆဲလို႔ RCSS ေျပာခြင့္ရ ဗိုလ္မႉးစိုင္းခမ္းစံကေျပာပါတယ္။

" ေက်းသီးဘက္မွာေတာ္ေတာ္ေလးျဖစ္ေနတယ္။ အဲဒီလြယ္ဟြန္းေတာေၾကာဘက္မွာ။ တလေက်ာ္သြားၿပီး။ တိုက္ပြဲႀကီးႀကီးျဖစ္ေန တုန္းဘဲခင္ဗ်။ ကၽြန္ေတာ္တို႔တန္ျပန္ထိုးစစ္ေတြမလုပ္ဘူး။ ခုခံတဲ့အေနနဲ႔ဘဲလုပ္တယ္။ ခုထိလဲ ခုခံတဲ့အေနနဲ႔ဘဲလုပ္တယ္။"

ေက်းသီးၿမိဳ႕နယ္က လြယ္ဟြန္းေတာင္ေၾကာဘက္မွာ ႏွစ္ဖက္တိုက္ပြဲျဖစ္တာ တလေက်ာ္ၾကာျမင့္ေနပါၿပီ။ ရွမ္းျပည္နယ္ဘက္ တိုက္ပြဲျဖစ္ပြါးေနတာနဲ႔ပက္သက္လို႔ TNLA တအာင္းပေလာင္အဖြဲ႕နဲ႔ ေျမာက္ပိုင္းရွမ္းျပည္တပ္မေတာ္ SSPP/SSA အဖြဲ႕ ေျပာခြင့္ရ ကို ဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။

တလလုံးနီးပါး စစ္ေရး ပဋိပကၡေတြျဖစ္ေနတဲ့အေျခအေနေၾကာင့္ ေက်းသီး မိုင္းေနာင္ကားလမ္းမတေၾကာမွာရွိတဲ့ ေက်းရြာေတြက ျပၫ္သူေထာင္နဲ႔ခ်ီဟာ ဇူလိုင္လဆန္းထဲက ေက်းသီးၿမိဳ႕မွာ ခိုလႈံေနၾကပါတယ္။ လက္ရွိစားေသာက္ေရးအေျခအေန ခက္ခဲေန တယ္လို႔ ေက်းသီးၿမိဳ႕ခံ စိုင္းအြမ္ဆိုင္မိုင္းက ေျပာ်ပပါတယ္။

" ေရာဂါကတပိုင္းေပါ့ဗ်ာ။ ေနာက္ျပီးသူတို႔စားဝတ္ေနေရးကတပိုင္းေပါ့။ အခက္ခဲေတာ့ရွိတာေပါ့ဗ်ာ။ သူမ်ားလာလႉတဲ့ဟာ (၇)ေနရာေလာက္ ေဝစုခြဲေပးေနရတယ္ေလ။ ရြာကဘုန္းႀကီးေက်ာင္းေတြေရာ ၿမိဳ႕ထဲကဘုန္းႀကီးေက်ာင္းေတြေရာ အကုန္ေရာက္ ေနၾကတာ။ အကုန္လုံးက(၂၀၀၀)ေက်ာ္တယ္ဗ်။"

နိုင္ငံေရးမတည္ၿငိမ္မႈနဲ႔ ကိုဗစ္ေရာဂါကူးစက္မႈေတြ ျမင့္တက္ေနတဲ့အေျခအေနေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအေရး ကူညီသူေတြ အေနနဲ႔ အရင္လိုကူညီေဆာင္ရြက္ဖို႔ အခက္အခဲေတြရွိေနၾကပါတယ္။ တခ်ိန္ထဲမွာ လူအစုအေဝးျဖစ္ေနတဲ့ စစ္ေျပးဒုကၡ သည္စခန္းေတြမွာ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

စေ့စပ် မရနိုင်တဲ့ ရှမ်း-ပလောင်တိုက်ပွဲ ဒေသခံတွေ ဒုက္ခရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကျေးသီးဘက္မွာလဲ တောင်နဲ့မြောက် ရှမ်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်လို့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေး အခက်တွေ့နေကြပါတယ်။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် နိုင်ကွန်းအိန် ကနေပြောပြပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ရှမ်းတောင်ပိုင်း အဖွဲက တဘက်၊ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ TNLAတအာင်းပလောင်အဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ မြောက်ပိုင်းရှမ်းပြည် တပ်မတော် SSPP/SSA အဖွဲ့တို့ကတဘက် တိုက်ပွဲဖြစ်ပွါးနေပါတယ်။

အထူးသဖြင့် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုဘက်မှာတိုက်ပွဲဖြစ်နေတာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံ ကပြောပါတယ်။

" ဟုတ်ကဲ့တိုက်ပွဲကျတော့ဖြစ်တာက အဲဒီကျောက်မဲမှာပိုဖြစ်တယ်ခင်ဗျ။ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုဖက်မှာ ဖြစ်တယ်ခင်ဗျ။"

ပြီးခဲ့တဲ့ ဇွန်လကုန်လောက်စပြီး ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ ကုန်းဆာရွာမှာ တိုက်ပွဲဖြစ်ပွါးခဲ့လို့ ဒေသခံ ၆၀၀ လောက်ဟာ မိုင်းငေ့ါမြို့နယ်ခွဲက မန်ပင့်နဲ့ နမ့်စွမ်ကျေးရွာ ဘက်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ပြေးဒုက္ခသည် ၁၀၀ ကျော်လောက်ကတော့ အုန်းငန်းနဲ့ ပန်စံဘက်ကို တိမ်းရှောင်နေကြရပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာပဲ နောက်ထပ်တိုက်ပွဲတွေဖြစ်နေတဲ့ လွယ်အံတင်းအုပ်စု၊ ကောင်းခါးကျေးရွာက အမျိုးသမီးနှစ်ဦး လက်ဖက်ခူးစဉ် မနေ့ကမိုင်းနင်းမိ တာကြောင့် ၁ ယောက်သေဆုံးသွားတယ်လို့ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။

"မိုင်းကွဲတယ်ဆိုတာရွာမှာဗျ။ ရွာက လွယ်အံတင်းအုပ်စုက ရွာ(၇)ရွာရှိတယ်။အဲဒီလွယ်အံတင်းအုပ်စုပေါ့ ပလောင်ရွာ။ အမျိုးသမီး နှစ်ယောက်။ အဲသူတို့ကလက်ဖက်သွားခူးရင်းနဲ့ လက်ဖက်ခြံသွားရင်းနဲ့မိုင်းထိတာပေါ့။ တယောက်ကသေသွားတယ်။ တယောက်ကဒဏ်ရာတွေပေါ့။"

လွယ်အံတင်းအုပ်စုဘက်မှာလဲ RCSSဘက်က နေရာယူထားတာကြောင့် ဒေသခံတအာင်းပလောင်တိုင်းရင်းသားတွေ နေရပ်ကနေ တိမ်းရှောင်ထွက်ပြေး နေကြရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ ကျောက်မဲမြို့နယ် အတွင်း TNLA ၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS အဖွဲ့တို့ကြား တိုက်ပွဲတွေရပ်နိုင်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့် RCSS က ဒီကနေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနဲ့ပက်သက်ပြီး RCSSအဖွဲ့နဲ့ တအာင်းပလောင်TNLA မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPPအဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေခဲ့တာပါ။ တိုက်ပွဲတွေရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေကြပေမဲ့ လက်တွေ့မှာ မအောင်မြင်နိုင်သေးပါဘူး။

အလားတူရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာလဲ RCSS/ SSA ရှမ်းတောင်ပိုင်းအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ရှမ်းမြောက်ပိုင်းအဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေဆဲလို့ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံကပြောပါတယ်။

" ကျေးသီးဘက်မှာတော်တော်လေးဖြစ်နေတယ်။ အဲဒီလွယ်ဟွန်းတောကြောဘက်မှာ။ တလကျော်သွားပြီး။ တိုက်ပွဲကြီးကြီးဖြစ်နေ တုန်းဘဲခင်ဗျ။ ကျွန်တော်တို့တန်ပြန်ထိုးစစ်တွေမလုပ်ဘူး။ ခုခံတဲ့အနေနဲ့ဘဲလုပ်တယ်။ ခုထိလဲ ခုခံတဲ့အနေနဲ့ဘဲလုပ်တယ်။"

ကျေးသီးမြို့နယ်က လွယ်ဟွန်းတောင်ကြောဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တာ တလကျော်ကြာမြင့်နေပါပြီ။ ရှမ်းပြည်နယ်ဘက် တိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်လို့ TNLA တအာင်းပလောင်အဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ ပြောခွင့်ရ ကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

တလလုံးနီးပါး စစ်ရေး ပဋိပက္ခတွေဖြစ်နေတဲ့အခြေအနေကြောင့် ကျေးသီး မိုင်းနောင်ကားလမ်းမတကြောမှာရှိတဲ့ ကျေးရွာတွေက ပြည်သူထောင်နဲ့ချီဟာ ဇူလိုင်လဆန်းထဲက ကျေးသီးမြို့မှာ ခိုလှုံနေကြပါတယ်။ လက်ရှိစားသောက်ရေးအခြေအနေ ခက်ခဲနေ တယ်လို့ ကျေးသီးမြို့ခံ စိုင်းအွမ်ဆိုင်မိုင်းက ပြောျပပါတယ်။

" ရောဂါကတပိုင်းပေါ့ဗျာ။ နောက်ပြီးသူတို့စားဝတ်နေရေးကတပိုင်းပေါ့။ အခက်ခဲတော့ရှိတာပေါ့ဗျာ။ သူများလာလှူတဲ့ဟာ (၇)နေရာလောက် ဝေစုခွဲပေးနေရတယ်လေ။ ရွာကဘုန်းကြီးကျောင်းတွေရော မြို့ထဲကဘုန်းကြီးကျောင်းတွေရော အကုန်ရောက် နေကြတာ။ အကုန်လုံးက(၂၀၀၀)ကျော်တယ်ဗျ။"

နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့အခြေအနေကြောင့် စစ်ဘေးဒုက္ခသည်တွေအရေး ကူညီသူတွေ အနေနဲ့ အရင်လိုကူညီဆောင်ရွက်ဖို့ အခက်အခဲတွေရှိနေကြပါတယ်။ တချိန်ထဲမှာ လူအစုအဝေးဖြစ်နေတဲ့ စစ်ပြေးဒုက္ခ သည်စခန်းတွေမှာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG