သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကပ္ေဘး ႏိုင္ငံတကာဝိုင္းကူဖို႔ ကုလအထူးကိုယ္စားလွယ္တိုက္တြန္း


ေတာင္ဒဂုံ စက္မႈဇုန္ ေအာက္ဆီဂ်င္အိုးျဖည့္ဖို႔ တန္းစီေနၾကတဲ့ျမင္ကြင္း။ (ဇူလိုင္လ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ကပ္ေရာဂါကာလ ျမန္မာႏိုင္ငံတြင္း ႀကဳံေနရတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ႏိုင္ငံတကာအေနနဲ႔ အေရးတႀကီး ကူညီေဆာင္႐ြက္ဖို႔ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Tom Andrews က တိုက္တြန္းလိုက္ပါတယ္။

ကိုဗစ္ကူးစက္မႈေတြ တိုးလာတာ၊ က်န္းမာေရး စနစ္ ၿပိဳလဲေနတာ၊ စစ္ေကာင္စီကို ျပည္သူလူထု ၾကား အယုံအၾကည္ကင္းမဲ့ေနတာ စတဲ့ အခ်က္ေတြအားလုံးက လူ႔အသက္ေတြဆုံးရႈံးဖို႔ ျဖစ္ေနရတာေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္း အကူအညီကို အေရးေပၚ လိုအပ္ေနတယ္လို႔ Tom Andrews က ေျပာပါတယ္။

ႏိုင္ငံသားတိုင္းအတြက္ အေျခခံ က်န္းမာေရး စနစ္ ခံစားခြင့္ရွိရမွာျဖစ္ေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ ဒါကို ျငင္းပယ္ခံေနရတယ္လို႔ သူက ေျပာသလို ႏိုင္ငံတကာ အေနနဲ႔ ဒါကို ဝိုင္းဝန္းေဆာင္႐ြက္ေပးဖို႔ အထူးကိုယ္စားလွယ္ Tom Andrews က တိုက္တြန္းတာပါ။

ျမန္မာႏိုင္ငံ အေရး အေရးေပၚ ပူးေပါင္းေဆာင္႐ြက္သြားၾကဖို႔ နဲ႔ ျမန္မာႏိုင္ငံမွာ လိုအပ္ေနတဲ့ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို ေပးအပ္ကူညီၾကဖို႔ ကုလသမဂၢ လူအခြင့္အေရး ေကာင္စီက ဇူလိုင္လ ၇ ရက္ေန႔တူန္းက ခ်မွတ္လိုက္တဲ့ ကိစၥကိုလည္း သူက ထပ္ၿပီး ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး မဖက္၊ ျပည္သူေတြ ယုံၾကည္တဲ့ ကာကြယ္ေဆးထိုး အစီအစဥ္ေတြကို စတင္ႏိုင္ဖို႔လည္း ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ အကူအညီေပးၾကဖို႔ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Tom Andrews က တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာကပ်ဘေး နိုင်ငံတကာဝိုင်းကူဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

ကပ်ရောဂါကာလ မြန်မာနိုင်ငံတွင်း ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့နိုင်ငံတကာအနေနဲ့ အရေးတကြီး ကူညီဆောင်ရွက်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေ တိုးလာတာ၊ ကျန်းမာရေး စနစ် ပြိုလဲနေတာ၊ စစ်ကောင်စီကို ပြည်သူလူထု ကြား အယုံအကြည်ကင်းမဲ့နေတာ စတဲ့ အချက်တွေအားလုံးက လူ့အသက်တွေဆုံးရှုံးဖို့ ဖြစ်နေရတာကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အကူအညီကို အရေးပေါ် လိုအပ်နေတယ်လို့ Tom Andrews က ပြောပါတယ်။

နိုင်ငံသားတိုင်းအတွက် အခြေခံ ကျန်းမာရေး စနစ် ခံစားခွင့်ရှိရမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဒါကို ငြင်းပယ်ခံနေရတယ်လို့ သူက ပြောသလို နိုင်ငံတကာ အနေနဲ့ ဒါကို ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းတာပါ။

မြန်မာနိုင်ငံ အရေး အရေးပေါ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ နဲ့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးအပ်ကူညီကြဖို့ ကုလသမဂ္ဂ လူအခွင့်အရေး ကောင်စီက ဇူလိုင်လ ၇ ရက်နေ့တူန်းက ချမှတ်လိုက်တဲ့ ကိစ္စကိုလည်း သူက ထပ်ပြီး ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး မဖက်၊ ပြည်သူတွေ ယုံကြည်တဲ့ ကာကွယ်ဆေးထိုး အစီအစဉ်တွေကို စတင်နိုင်ဖို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကူအညီပေးကြဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG