သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIO ထိန္းခ်ဳပ္ရာ မိုင္ဂ်ာယန္ေက်ာင္းမွာ ကိုဗစ္ကူးစက္


ကခ်င္ျပည္နယ္ မိုင္ဂ်ာယန္မွာ ေတြ့ရတဲ့ ကခ်င္လက္နက္ကိုင္နွစ္ဦး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

KIO ကခ်င္လက္နက္ကိုင္အဖဲြ႔ရဲ့ ပညာေရးအေျခခံေဒသျဖစ္တဲ့ မုိင္ဂ်ာယန္မွာ Covid 19 ကူးစက္မႈဟာ ေက်ာင္းသားေတြအၾကားမွာ အမ်ားစု ကူးစက္ပ်ံ႕နွံ႔ေနပါတယ္။ ေလာေလာဆည္ ပိုးေတြ႕သူ ၂၀၀ နီးပါး ရိွေၾကာင္း KIO ရဲ့ Covid 19 ကာကြယ္ တားဆီး ႏွိမ္နင္းေရးေကာ္မတီ တာ၀န္ရိွသူက ေျပာပါတယ္။ ကိုဗစ္အတည္ျပဳလူနာ ရာခ်ီ႐ွိေနေပမဲ့ ကုသေရးအတြက္ ေဆး၀န္ထမ္း လိုအပ္ခ်က္ေတြ႐ွိေနတယ္လို႔ေျပာပါတယ္။ KIO ထိန္းခ်ဳပ္နယ္ေျမထဲက ကိုဗစ္ကပ္ေရာဂါအေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း ကိုသိန္းထိုက္ဦး ေျပာျပမွာပါ။

KIO ကခ်င္လက္နက္ကိုင္အဖဲြ႔ ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ အဓိကေနရာႏွစ္ခုျဖစ္တဲ့ ဌာနခ်ဳပ္လိုင္ဇာနဲ႔ ပညာေရးေက်ာင္းေတြ တည္ရိွရာ မိုင္ဂ်ာယန္ၿမိဳ႔မွာ ဒီတစ္ပတ္အတြင္း ေဆးစစ္ခ်က္အရ ေနာက္ဆံုးရရိွတဲ့ ကိုဗစ္အတည္ျပဳလူနာစာရင္းဟာ ၂၀၀ နီးပါးရိွေနပါတယ္။ အတည္ျပဳလူနာအမ်ားစုက မိုင္ဂ်ာယန္ၿမိဳ႔က ျဖစ္ေၾကာင္း KIO Covid 19 ကာကြယ္ေရးနဲ႔ တားဆီးႏွိမ္နင္းေရးေကာ္မတီ အတြင္းေရးမႈး ဗိုလ္မႈးၾကီး ဟိန္း၀မ္က VOA ကို ေျပာပါတယ္။

“ လိုင္ဇာမွာေတာ့ နဂိုအတိုင္းပဲ။ ဘာမွ သိပ္အေျပာင္းအလဲ မရိွဘူး။ အခုက ေလာေလာဆည္ မိုင္ဂ်ာယန္မွာပဲ။ မိုင္ဂ်ာယန္မွာဆုိရင္ တစ္ရာနဲ႔ ကိုးဆယ့္ ေလးေယာက္။ ၆ ရက္ကေန ၁၁ ရက္ေန႔အထိ။ မေန႔ ၁၂၊ ၁၃ ေတာ့ ဘာမွ မရေသးဘူး။ ”

ၿပီးခဲ့တဲ့ ၆ရက္ေန႔အထိ လိုင္ဇာၿမိဳ႔မွာေတာ့ Covid 19 အတည္ျပဳလူနာ ၂၀ ဦးေတြ႔ရိွထားတာပါ။ ကိုဗစ္ကပ္ေရာဂါပိုး ကူးစက္ေနၾကသူေတြဟာ လိုင္ဇာၿမိဳ႔မွာ ေနထိုင္သူေတြမဟုတ္ဘဲ ျပင္ပက လာေရာက္သူေတြျဖစ္ၿပီး ၿမိဳ႔အ၀င္ေဆးစစ္ခ်ိန္မွာ ေတြ႔ရိွသူေတြ ျဖစ္ပါတယ္။ လက္ရိွအေျခအေနမွာ လူစုလူေ၀းမ်ားရာ ေက်ာင္း၊ ေဆးရံုစတဲ့ေနရာေတြမွာ ပ်ံက် ေကာက္ယူစစ္ေဆးရာမွာ ကူးစက္လူနာ ထပ္မံမေတြ႔ဘူးလုိ႔ ဗိုလ္မႈးၾကီး ဟိန္း၀မ္က ေျပာပါတယ္။မိုင္ဂ်ာယန္မွာ အတည္ျပဳလူနာေတြ က်န္းမာေရးေစာင့္ေရွာက္မႈေပးထားတာနဲ႔ အခက္အခဲကို သူက အခုလို ဆက္ ေျပာပါတယ္။

“ အဓိက ဆိုလိုရိွရင္ ေက်ာင္းမွာျဖစ္တယ္။ ေက်ာင္းသားေတြကို Positive ျဖစ္တဲ့သူေတြကို သူတို႔ကို သီးျခား သပ္သပ္ခဲြလိုက္ၿပီ။ ၀င္းက်ယ္တဲ့ေနရာမွာ သူတို႔ကို ေျပာင္းထားလုိက္တယ္။ တခ်ိဳ႔တေတြေတာ့ ရိုးရိုးဖ်ားတာလည္းရိွတယ္။ ဒါေပမဲ့ အဲဒီမွာလည္း Swab ေတြ မျပတ္တမ္းယူၿပီးေတာ့ စစ္ေဆးေနတယ္။ ဒီလူငယ္ပိုင္းဆုိေတာ့ ေတာ္ေတာ္ ဆုိးဆိုးရြားရြားေတာ့ မရိွဘူး။ အဓိက အာဟာရနဲ႔ အားေဆးတခ်ိဳ႔ေတြပဲ treatment ေပးၿပီးေတာ့ ျပဳစုေနတယ္။ ျပဳစုေစာင့္ေရွာက္တဲ့အခါ လူမ်ားတယ္ဆုိေတာ့ အဲဒီမွာ ၀န္ထမ္းေတြ ေဆး၀န္ထမ္းေတြ လူအင္အားေတြ ေတာ္ေတာ္လိုတယ္။ အဲဒါသာ အခက္အခဲေတာ့ ရိွတယ္။”

လက္ရိွအခ်ိန္မွာ မိုင္ဂ်ာယန္မွာ လူ ၁ ေသာင္းေက်ာ္ကို ကုိဗစ္ပိုး ႐ွိ မ႐ွိ ေဆးစစ္ထားၿပီး ရလာမယ့္အေျဖကို ေစာင့္ဆုိင္းေနပါတယ္။

လက္ရိွ KIO ထိန္းခ်ဳပ္နယ္ေျမမွာ လူမႈေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေနသူတစ္ဦးက Covid 19 ကူးစက္ေနတဲ့အေျခအေနဟာ လူအမ်ားအျပားကူးစက္လာရင္ ဒါမွမဟုတ္ ကူးစက္မႈက ေရရွည္ဆက္ရိွေနရင္ စားနပ္ရိကၡာ၊ ေဆး၀ါးနဲ႔ ေဆးဘက္ဆုိင္ရာကရိယာ လိုအပ္မႈေတြ ရိွလာႏိုင္ေၾကာင္း ေျပာပါတယ္။

“ေရရွည္ ဒီထက္ မ်ားလာတယ္ဆုိရင္ အစားအေသာက္ အခက္အခဲကေတာ့ ပထမဦးဆံုးျဖစ္လာႏိုင္တယ္။ ေလာေလာဆည္ကေတာ့ ကိုယ့္အိမ္မွာ ကိုယ္ စားဖို႔ တစ္ပတ္၊ ႏွစ္ပတ္စာေတာ့ ရိွပါလိမ့္မယ္။ ဒါေပမဲ့ အခ်ိန္ဘယ္ေလာက္ရွည္မလဲဆိုတဲ့အေပၚ မူတည္ၿပီးမွ အခက္အခဲရိွႏိုင္တယ္။ ဒုတိယတစ္ခုက ေဆး၀ါးေတြ အခက္အခဲရိွႏိုင္တယ္။ အခုက ျမန္မာႏိုင္ငံအပိုင္းကေနၿပီးေတာ့ ေဆး၀ါးေတြက လံုး၀ တင္သြင္းလာခြင့္ မရိွေတာ့ဘူး။ အစားအေသာက္လည္း တင္သြင္းခြင့္မရိွဘူး။ ေနာက္ကာကြယ္ေရးပစၥည္းေတြက ဘယ္ေလာက္ ၾကာၾကာ ခံမလဲဆိုတာ မသိဘူး။ ဘာလို႔လည္းဆုိရင္ လူနာအေရအတြက္ကမ်ားရင္ ကာကြယ္ေရးပစၥည္းလည္း မ်ားမယ္ေပါ့။ ”

အျခားအခက္အခဲကေတာ့ ေငြေၾကးထုတ္ယူရမႈ၊ ေအာက္စီဂ်င္ရရိွမႈ၊ ေက်းလက္ေတြမွာ ျဖစ္လာရင္ သယ္ယူပို႔ေဆာင္ဖို႔ လူနာတင္ယာဥ္အခက္ စတာေတြလည္း ရိွလာႏိုင္ေၾကာင္း ေထာက္ျပပါတယ္။

လိုင္ဇာၿမိဳ႔မွာ အတည္ျပဳလူနာေတြ စတင္ေတ႔ြ႐ွိခဲ့ၿပီးေနာက္ ဒီလ ၅ ရက္ေန႔ကစလို႔ ၿမိဳ႔ အ၀င္အထြက္ေတြကို ပိတ္ပင္လိုက္သလို မိုင္ဂ်ာယန္ၿမိဳ႔မွာလည္း ဒီလ ၈ရက္ေန႔က စတင္ၿပီး အသြားအလာ ကန္႔သတ္မႈေတြ ေဆာင္ရြက္ထားပါတယ္။

လူအမ်ားစုေ၀းႏိုင္တဲ့ ေက်ာင္းေတြ၊ သင္တန္းေတြ၊ ဘုရားေက်ာင္းေတြကို ဒီလ ု၁၂ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ ပိတ္ထားဖုိ႔ကိုလည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၁၀ ၿမိဳ႔နယ္မွာ Covid 19 အတည္ျပဳလူနာေတြ႐ွိေနပါတယ္။ ျမစ္ၾကီးနားနဲ႔ ဗန္းေမာ္ၿမိဳ႔နယ္ေတြကိုေတာ့ ဇူလို ၁၃ ရက္ အဂၤါေန႔ကစတင္ၿပီး Stay at Home သတ္မွတ္ထားပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


KIO ထိန်းချုပ်ရာ မိုင်ဂျာယန်ကျောင်းမှာ ကိုဗစ်ကူးစက်

(Unicode)

KIO ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ပညာရေးအခြေခံဒေသဖြစ်တဲ့ မိုင်ဂျာယန်မှာ Covid 19 ကူးစက်မှုဟာ ကျောင်းသားတွေအကြားမှာ အများစု ကူးစက်ပျံ့နှံ့နေပါတယ်။ လောလောဆည် ပိုးတွေ့သူ ၂၀၀ နီးပါး ရှိကြောင်း KIO ရဲ့ Covid 19 ကာကွယ် တားဆီး နှိမ်နင်းရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာ ရာချီရှိနေပေမဲ့ ကုသရေးအတွက် ဆေးဝန်ထမ်း လိုအပ်ချက်တွေရှိနေတယ်လို့ပြောပါတယ်။ KIO ထိန်းချုပ်နယ်မြေထဲက ကိုဗစ်ကပ်ရောဂါအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုသိန်းထိုက်ဦး ပြောပြမှာပါ။

KIO ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ အဓိကနေရာနှစ်ခုဖြစ်တဲ့ ဌာနချုပ်လိုင်ဇာနဲ့ ပညာရေးကျောင်းတွေ တည်ရှိရာ မိုင်ဂျာယန်မြို့မှာ ဒီတစ်ပတ်အတွင်း ဆေးစစ်ချက်အရ နောက်ဆုံးရရှိတဲ့ ကိုဗစ်အတည်ပြုလူနာစာရင်းဟာ ၂၀၀ နီးပါးရှိနေပါတယ်။ အတည်ပြုလူနာအများစုက မိုင်ဂျာယန်မြို့က ဖြစ်ကြောင်း KIO Covid 19 ကာကွယ်ရေးနဲ့ တားဆီးနှိမ်နင်းရေးကော်မတီ အတွင်းရေးမှုး ဗိုလ်မှုးကြီး ဟိန်းဝမ်က VOA ကို ပြောပါတယ်။

“ လိုင်ဇာမှာတော့ နဂိုအတိုင်းပဲ။ ဘာမှ သိပ်အပြောင်းအလဲ မရှိဘူး။ အခုက လောလောဆည် မိုင်ဂျာယန်မှာပဲ။ မိုင်ဂျာယန်မှာဆိုရင် တစ်ရာနဲ့ ကိုးဆယ့် လေးယောက်။ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ။ မနေ့ ၁၂၊ ၁၃ တော့ ဘာမှ မရသေးဘူး။ ”

ပြီးခဲ့တဲ့ ၆ရက်နေ့အထိ လိုင်ဇာမြို့မှာတော့ Covid 19 အတည်ပြုလူနာ ၂၀ ဦးတွေ့ရှိထားတာပါ။ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နေကြသူတွေဟာ လိုင်ဇာမြို့မှာ နေထိုင်သူတွေမဟုတ်ဘဲ ပြင်ပက လာရောက်သူတွေဖြစ်ပြီး မြို့အဝင်ဆေးစစ်ချိန်မှာ တွေ့ရှိသူတွေ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ လူစုလူဝေးများရာ ကျောင်း၊ ဆေးရုံစတဲ့နေရာတွေမှာ ပျံကျ ကောက်ယူစစ်ဆေးရာမှာ ကူးစက်လူနာ ထပ်မံမတွေ့ဘူးလို့ ဗိုလ်မှုးကြီး ဟိန်းဝမ်က ပြောပါတယ်။မိုင်ဂျာယန်မှာ အတည်ပြုလူနာတွေ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာနဲ့ အခက်အခဲကို သူက အခုလို ဆက် ပြောပါတယ်။

“ အဓိက ဆိုလိုရှိရင် ကျောင်းမှာဖြစ်တယ်။ ကျောင်းသားတွေကို Positive ဖြစ်တဲ့သူတွေကို သူတို့ကို သီးခြား သပ်သပ်ခွဲလိုက်ပြီ။ ဝင်းကျယ်တဲ့နေရာမှာ သူတို့ကို ပြောင်းထားလိုက်တယ်။ တချို့တတွေတော့ ရိုးရိုးဖျားတာလည်းရှိတယ်။ ဒါပေမဲ့ အဲဒီမှာလည်း Swab တွေ မပြတ်တမ်းယူပြီးတော့ စစ်ဆေးနေတယ်။ ဒီလူငယ်ပိုင်းဆိုတော့ တော်တော် ဆိုးဆိုးရွားရွားတော့ မရှိဘူး။ အဓိက အာဟာရနဲ့ အားဆေးတချို့တွေပဲ treatment ပေးပြီးတော့ ပြုစုနေတယ်။ ပြုစုစောင့်ရှောက်တဲ့အခါ လူများတယ်ဆိုတော့ အဲဒီမှာ ဝန်ထမ်းတွေ ဆေးဝန်ထမ်းတွေ လူအင်အားတွေ တော်တော်လိုတယ်။ အဲဒါသာ အခက်အခဲတော့ ရှိတယ်။”

လက်ရှိအချိန်မှာ မိုင်ဂျာယန်မှာ လူ ၁ သောင်းကျော်ကို ကိုဗစ်ပိုး ရှိ မရှိ ဆေးစစ်ထားပြီး ရလာမယ့်အဖြေကို စောင့်ဆိုင်းနေပါတယ်။

လက်ရှိ KIO ထိန်းချုပ်နယ်မြေမှာ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသူတစ်ဦးက Covid 19 ကူးစက်နေတဲ့အခြေအနေဟာ လူအများအပြားကူးစက်လာရင် ဒါမှမဟုတ် ကူးစက်မှုက ရေရှည်ဆက်ရှိနေရင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာကရိယာ လိုအပ်မှုတွေ ရှိလာနိုင်ကြောင်း ပြောပါတယ်။

“ရေရှည် ဒီထက် များလာတယ်ဆိုရင် အစားအသောက် အခက်အခဲကတော့ ပထမဦးဆုံးဖြစ်လာနိုင်တယ်။ လောလောဆည်ကတော့ ကိုယ့်အိမ်မှာ ကိုယ် စားဖို့ တစ်ပတ်၊ နှစ်ပတ်စာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ဘယ်လောက်ရှည်မလဲဆိုတဲ့အပေါ် မူတည်ပြီးမှ အခက်အခဲရှိနိုင်တယ်။ ဒုတိယတစ်ခုက ဆေးဝါးတွေ အခက်အခဲရှိနိုင်တယ်။ အခုက မြန်မာနိုင်ငံအပိုင်းကနေပြီးတော့ ဆေးဝါးတွေက လုံး၀ တင်သွင်းလာခွင့် မရှိတော့ဘူး။ အစားအသောက်လည်း တင်သွင်းခွင့်မရှိဘူး။ နောက်ကာကွယ်ရေးပစ္စည်းတွေက ဘယ်လောက် ကြာကြာ ခံမလဲဆိုတာ မသိဘူး။ ဘာလို့လည်းဆိုရင် လူနာအရေအတွက်ကများရင် ကာကွယ်ရေးပစ္စည်းလည်း များမယ်ပေါ့။ ”

အခြားအခက်အခဲကတော့ ငွေကြေးထုတ်ယူရမှု၊ အောက်စီဂျင်ရရှိမှု၊ ကျေးလက်တွေမှာ ဖြစ်လာရင် သယ်ယူပို့ဆောင်ဖို့ လူနာတင်ယာဉ်အခက် စတာတွေလည်း ရှိလာနိုင်ကြောင်း ထောက်ပြပါတယ်။

လိုင်ဇာမြို့မှာ အတည်ပြုလူနာတွေ စတင်တေ့ွရှိခဲ့ပြီးနောက် ဒီလ ၅ ရက်နေ့ကစလို့ မြို့ အဝင်အထွက်တွေကို ပိတ်ပင်လိုက်သလို မိုင်ဂျာယန်မြို့မှာလည်း ဒီလ ၈ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်မှုတွေ ဆောင်ရွက်ထားပါတယ်။

လူအများစုဝေးနိုင်တဲ့ ကျောင်းတွေ၊ သင်တန်းတွေ၊ ဘုရားကျောင်းတွေကို ဒီလ ု၁၂ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပိတ်ထားဖို့ကိုလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၀ မြို့နယ်မှာ Covid 19 အတည်ပြုလူနာတွေရှိနေပါတယ်။ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်တွေကိုတော့ ဇူလို ၁၃ ရက် အင်္ဂါနေ့ကစတင်ပြီး Stay at Home သတ်မှတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG