သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗန္းေမာ္မွာ ကိုဗစ္ ကူးစက္မႈျမင့္တက္


[ Zawgygi ]

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္အတြင္းမွာ Covid 19 ပိုးကူးစက္မႈဟာ ၅ ရက္အတြင္း ၃ ဆေလာက္ တုိးလာပါတယ္။ အတည္ျပဳလူနာေတြေရာ၊ ေဆး မစစ္ႏိုင္ေသးေပမဲ့ ကိုဗစ္ေရာဂါလကၡဏာျပေနသူေတြပါ မ်ားျပားလာတာေၾကာင့္ ေအာက္စီဂ်င္ ေထာက္ပံ့ေရးမွာ အခက္အခဲေတြ ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ ဗန္းေမာ္ေဒသ သတင္းကိုေတာ့ ကိုရန္ႏိုင္က တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္အတြင္းမွာ Covid 19 ကူးစက္မႈဟာ ဇူလိုင္ ၄ ရက္ေန႔က အတည္ျပဳလူနာ ၁၀၀ ေက်ာ္ရိွခဲ့ရာက အခုဆိုရင္ ၃၀၀ ေက်ာ္အထိ ျမင့္တက္လာခဲ့တာပါ။ လက္ရိွ ေနာက္ဆံုး ရရိွထားတဲ့စာရင္းကိုေတာ့ ဗန္းေမာ္ခရိုင္ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာနက ခရိုင္ဦးစီးမႈး ဦးေအာင္ေက်ာ္ထြန္းက VOA ကို အခုလုိ ေျပာပါတယ္။

“ဗန္းေမာ္မွာက ခရိုင္လံုးဆုိရင္ ၃၅၄ ဦး၊ ဗန္းေမာ္ၿမိဳ႔နယ္က ၁၁၆။ အဲဒီထဲမွာ ၃ ဦးက ဆံုးသြားၿပီ။ ၃၅၄ မွာ ၃ ဦးဆံုးတယ္။ ”

တစ္ခရိုင္လံုး ကူးစက္သူ ၃၅၄ ဦးအနက္မွာ ၃ ဦးေသဆံုးခဲ့တာျဖစ္ပါတယ္။

ဗန္းေမာ္ခရိုင္ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာန႐ံုးက ဇူလိုင္လ ၄ ရက္ေန႔ စာရင္းအရဆုိရင္ ဗန္းေမာ္ခရိုင္တစ္ခရိုင္လံုးအေနနဲ႔ ကူးစက္သူ ၁၀၇ ဦးရိွၿပီး ဗန္းေမာ္ၿမိဳ႔နယ္အေနနဲ႔ကေတာ့ ကိုဗစ္အတည္ျပဳလူနာအေယာက္ ၅၀ သာ ရိွခဲ့တာပါ။ ကိုဗစ္ေရာဂါလကၡဏာေတြနဲ႔ ဖ်ားနာေနေပမဲ့ ကိုဗစ္ေရာဂါ ဟုတ္ မဟုတ္ ေဆးစစ္အတည္မျပဳႏိုင္သူေတြလည္း ေတာ္ေတာ္မ်ားမ်ား႐ွိေနပါတယ္။

၄ ရက္ေန႔ ပိုးေတြ႔လူနာစာရင္းမွာ လူဦးေရ ၃ ေထာင္ေက်ာ္ေလာက္ေနထိုင္တဲ့ ေရာဘတ္ ျပည္တြင္းဒုကၡသည္စခန္းမွာ ၂ ဦးနဲ႔ လူဦးေရ ၄၀၀ ေလာက္ေနထုိင္တဲ့ တံခြန္တိုင္စစ္ေဘးဒုကၡသည္စခန္းမွာ ၁ ဦးပိုးေတြ႔ခဲ့ေၾကာင္း ေဒသခံ ကူညီသူေတြက ေျပာခဲ့ပါတယ္။ စစ္ေရွာင္စခန္းေတြမွာ လူအမ်ား စုေပါင္းေနထုိင္ရတာေၾကာင့္ လ်င္လ်င္ျမန္ျမန္ကူးစက္ျပန္႔ႏွံၿပီး ၿမိဳ႔ရြာတြင္းကိုပါ ကူးစက္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။

လက္ရိွမွာေတာ့ ေရာဘတ္စခန္းက ကူးစက္သူတစ္ဦးကိုသာ အတည္ျပဳၿပီး သူ႔ကို ေဆးရံုမွာ ကုသေပးေနသလို မိသားစုကိုလည္း သီးသန္႔ Quarantine ထားရိွေၾကာင္းနဲ႔ ကူးစက္သူ ထပ္မံ တိုးျမင့္လာတာ မရိွေၾကာင္း ျပည္တြင္းဒုကၡသည္ေတြကို ကူညီေနသူတစ္ဦးက ေျပာပါတယ္။

“အခုခ်ိန္ထိေတာ့ ဟိုတစ္ေန႔က ထြက္တဲ့ တစ္ေယာက္ပါပဲ။ က်န္တဲ့ဟာေတာ့ သူတုိ႔ မိသားစုေတြ၊ ထိေတြ႔တဲ့သူေတာ့ သူတို႔ Quarantine သီးသန္႔ထား ထားတာေပါ့။ ထပ္တိုးလူနာေတာ့ မရိွဘူး။”

တံခြန္တိုင္စခန္းက ကူးစက္သူကိုလည္း သီးသန္႔ Quarantine ထားရိွၿပီး စခန္း အ၀င္အထြက္ကို ကန္႔သတ္ထားသလို ကူးစက္လူနာ ထပ္မံေတြ႔ရိွတဲ့သတင္းေတာ့ မၾကားသိရေၾကာင္း ေဒသခံကူညီသူေတြက ေျပာပါတယ္။

Covid 19 ကူးစက္သူေတြကို ကူညီေပးေနတဲ့ ဗန္းေမာ္ၿမိဳ႔ သုညသုခ ပရဟိတ လူငယ္အသင္းက တာ၀န္ခံ ကိုေထြးကေတာ့ ေနမေကာင္းျဖစ္သူေတြ ျမင့္တက္လာခ်ိန္မွာ ေအာက္စီဂ်င္ရရိွေရးအတြက္ အခက္အခဲ ရိွလာေၾကာင္း ေျပာပါတယ္။

“ က်ေနာ္တို႔ ေလာေလာဆည္အခက္အခဲကေတာ့ ေအာက္စီဂ်င္ပါပဲဗ်။ ေအာက္စီဂ်င္က က်ေနာ္တုိ႔ မႏၱေလးကို ပုိ႔ၿပီး ျဖည့္ေနရတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီ ကား၀င္ဖုိ႔ကို ေတာ္ေတာ္ ေစာင့္ ရတဲ့အေနအထားမွာ ရိွတယ္။ မေန႔ကဆုိရင္ ေအာက္စီဂ်င္ေပးဖုိ႔ သိုေလွာင္ရံုေတြမွာ ကုန္သြားတယ္။ တျခားလုပ္ငန္းရွင္တစ္ေယာက္ဆီကေန ၁၀လံုး အကူအညီ သြားေတာင္းခဲ့ၿပီးမွ Covid လူနာေဆာင္ေတြ ျဖန္႔ေပးလုိက္ရတာေတြ ရိွတယ္။ က်ေနာ္တုိ႔အတြက္ အခက္အခဲရိွတာကေတာ့ ေအာက္စီဂ်င္ပါပဲ။ ”

မႏၱေလးကေန ေအာက္စီဂ်င္သယ္ယူရာမွာ ပုဂၢလိက ယာဥ္လိုင္းေတြက အခမဲ့ သယ္ေဆာင္ေပးတာရိွသလို ေလာေလာဆည္ ဗန္းေမာ္ၿမိဳ႔မွာ ေအာက္စီဂ်င္ထုတ္တဲ့ စက္ရံု တည္ေဆာက္ဖုိ႔လည္း ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။

ဗန္းေမာ္ၿမိဳ႔မွာ Covid ေရာဂါ ကာကြယ္တားဆီးေရးအတြက္ ၾကံဳေတြ႔ခဲ့ရတဲ့အခက္အခဲကေတာ့ အရင္လပိုင္း ေတြက ပညာေပးလုပ္ငန္းေတြကို လူေတြက လိုက္ပါေဆာင္ရြက္မႈ မရိွခဲ့တာေၾကာင့္ျဖစ္ၿပီး အခုအခါမွာေတာ့ သတ္မွတ္ စည္းကမ္းေတြကို ေဆာင္ရြက္ေနၿပီလုိ႔ ျပန္/ဆက္ ခရိုင္ ဦးစီးမႈးက ေျပာပါတယ္။

ျမစ္ၾကီးနားၿမိဳ႔က ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနကို ေမးျမန္းရာမွာေတာ့ ေလာေလာဆည္ ျပည္နယ္အတြင္းရိွ ၿမိဳ႔နယ္တိုင္းကို မစစ္ေဆးႏိုင္ေသးေၾကာင္းနဲ႔ လက္ရိွရရိွထားတဲ့စာရင္းအရ ကခ်င္ျပည္နယ္မွာ ဗန္းေမာ္ခရိုင္ဟာ ကူးစက္မႈအျမင့္မားဆံုးျဖစ္ေနတာ ေတြ႔ရိွရေၾကာင္းတာ၀န္ရိွသူတစ္ဦးက ေျပာပါတယ္။

ဗန္းေမာ္ခရိုင္မွာ ဒီလ ၅ရက္ေန႔က Covid 19 ကူးစက္မႈျမင့္တက္လာတာေၾကာင့္ ေစ်းေတြ ပိတ္ခဲ့ေပမဲ့ စာသင္ေက်ာင္းေတြကိုေတာ့ တစ္ႏိုင္ငံလံုးအတိုင္းအတာအရ ဇူလိုင္လ ၉ ရက္ ေသာၾကာေန႔ကမွ စတင္ပိတ္တဲ့အေပၚ တခ်ဳိ႕ကလည္း ေဝဖန္ေနၾကပါတယ္။

ဗန္းေမာ္မွာ ကိုဗစ္ ကူးစက္မႈျမင့္တက္
please wait

No media source currently available

0:00 0:03:48 0:00
တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ဗန်းမော်မှာ ကိုဗစ် ကူးစက်မှုမြင့်တက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းမှာ Covid 19 ပိုးကူးစက်မှုဟာ ၅ ရက်အတွင်း ၃ ဆလောက် တိုးလာပါတယ်။ အတည်ပြုလူနာတွေရော၊ ဆေး မစစ်နိုင်သေးပေမဲ့ ကိုဗစ်ရောဂါလက္ခဏာပြနေသူတွေပါ များပြားလာတာကြောင့် အောက်စီဂျင် ထောက်ပံ့ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဗန်းမော်ဒေသ သတင်းကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းမှာ Covid 19 ကူးစက်မှုဟာ ဇူလိုင် ၄ ရက်နေ့က အတည်ပြုလူနာ ၁၀၀ ကျော်ရှိခဲ့ရာက အခုဆိုရင် ၃၀၀ ကျော်အထိ မြင့်တက်လာခဲ့တာပါ။ လက်ရှိ နောက်ဆုံး ရရှိထားတဲ့စာရင်းကိုတော့ ဗန်းမော်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ခရိုင်ဦးစီးမှုး ဦးအောင်ကျော်ထွန်းက VOA ကို အခုလို ပြောပါတယ်။

“ဗန်းမော်မှာက ခရိုင်လုံးဆိုရင် ၃၅၄ ဦး၊ ဗန်းမော်မြို့နယ်က ၁၁၆။ အဲဒီထဲမှာ ၃ ဦးက ဆုံးသွားပြီ။ ၃၅၄ မှာ ၃ ဦးဆုံးတယ်။ ”

တစ်ခရိုင်လုံး ကူးစက်သူ ၃၅၄ ဦးအနက်မှာ ၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ဗန်းမော်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးက ဇူလိုင်လ ၄ ရက်နေ့ စာရင်းအရဆိုရင် ဗန်းမော်ခရိုင်တစ်ခရိုင်လုံးအနေနဲ့ ကူးစက်သူ ၁၀၇ ဦးရှိပြီး ဗန်းမော်မြို့နယ်အနေနဲ့ကတော့ ကိုဗစ်အတည်ပြုလူနာအယောက် ၅၀ သာ ရှိခဲ့တာပါ။ ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ ဖျားနာနေပေမဲ့ ကိုဗစ်ရောဂါ ဟုတ် မဟုတ် ဆေးစစ်အတည်မပြုနိုင်သူတွေလည်း တော်တော်များများရှိနေပါတယ်။

၄ ရက်နေ့ ပိုးတွေ့လူနာစာရင်းမှာ လူဦးရေ ၃ ထောင်ကျော်လောက်နေထိုင်တဲ့ ရောဘတ် ပြည်တွင်းဒုက္ခသည်စခန်းမှာ ၂ ဦးနဲ့ လူဦးရေ ၄၀၀ လောက်နေထိုင်တဲ့ တံခွန်တိုင်စစ်ဘေးဒုက္ခသည်စခန်းမှာ ၁ ဦးပိုးတွေ့ခဲ့ကြောင်း ဒေသခံ ကူညီသူတွေက ပြောခဲ့ပါတယ်။ စစ်ရှောင်စခန်းတွေမှာ လူအများ စုပေါင်းနေထိုင်ရတာကြောင့် လျင်လျင်မြန်မြန်ကူးစက်ပြန့်နှံပြီး မြို့ရွာတွင်းကိုပါ ကူးစက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိမှာတော့ ရောဘတ်စခန်းက ကူးစက်သူတစ်ဦးကိုသာ အတည်ပြုပြီး သူ့ကို ဆေးရုံမှာ ကုသပေးနေသလို မိသားစုကိုလည်း သီးသန့် Quarantine ထားရှိကြောင်းနဲ့ ကူးစက်သူ ထပ်မံ တိုးမြင့်လာတာ မရှိကြောင်း ပြည်တွင်းဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုချိန်ထိတော့ ဟိုတစ်နေ့က ထွက်တဲ့ တစ်ယောက်ပါပဲ။ ကျန်တဲ့ဟာတော့ သူတို့ မိသားစုတွေ၊ ထိတွေ့တဲ့သူတော့ သူတို့ Quarantine သီးသန့်ထား ထားတာပေါ့။ ထပ်တိုးလူနာတော့ မရှိဘူး။”

တံခွန်တိုင်စခန်းက ကူးစက်သူကိုလည်း သီးသန့် Quarantine ထားရှိပြီး စခန်း အဝင်အထွက်ကို ကန့်သတ်ထားသလို ကူးစက်လူနာ ထပ်မံတွေ့ရှိတဲ့သတင်းတော့ မကြားသိရကြောင်း ဒေသခံကူညီသူတွေက ပြောပါတယ်။

Covid 19 ကူးစက်သူတွေကို ကူညီပေးနေတဲ့ ဗန်းမော်မြို့ သုညသုခ ပရဟိတ လူငယ်အသင်းက တာဝန်ခံ ကိုထွေးကတော့ နေမကောင်းဖြစ်သူတွေ မြင့်တက်လာချိန်မှာ အောက်စီဂျင်ရရှိရေးအတွက် အခက်အခဲ ရှိလာကြောင်း ပြောပါတယ်။

“ ကျနော်တို့ လောလောဆည်အခက်အခဲကတော့ အောက်စီဂျင်ပါပဲဗျ။ အောက်စီဂျင်က ကျနော်တို့ မန္တလေးကို ပို့ပြီး ဖြည့်နေရတာဖြစ်တဲ့အတွက်ကြောင့် ဒီ ကားဝင်ဖို့ကို တော်တော် စောင့် ရတဲ့အနေအထားမှာ ရှိတယ်။ မနေ့ကဆိုရင် အောက်စီဂျင်ပေးဖို့ သိုလှောင်ရုံတွေမှာ ကုန်သွားတယ်။ တခြားလုပ်ငန်းရှင်တစ်ယောက်ဆီကနေ ၁၀လုံး အကူအညီ သွားတောင်းခဲ့ပြီးမှ Covid လူနာဆောင်တွေ ဖြန့်ပေးလိုက်ရတာတွေ ရှိတယ်။ ကျနော်တို့အတွက် အခက်အခဲရှိတာကတော့ အောက်စီဂျင်ပါပဲ။ ”

မန္တလေးကနေ အောက်စီဂျင်သယ်ယူရာမှာ ပုဂ္ဂလိက ယာဉ်လိုင်းတွေက အခမဲ့ သယ်ဆောင်ပေးတာရှိသလို လောလောဆည် ဗန်းမော်မြို့မှာ အောက်စီဂျင်ထုတ်တဲ့ စက်ရုံ တည်ဆောက်ဖို့လည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဗန်းမော်မြို့မှာ Covid ရောဂါ ကာကွယ်တားဆီးရေးအတွက် ကြုံတွေ့ခဲ့ရတဲ့အခက်အခဲကတော့ အရင်လပိုင်း တွေက ပညာပေးလုပ်ငန်းတွေကို လူတွေက လိုက်ပါဆောင်ရွက်မှု မရှိခဲ့တာကြောင့်ဖြစ်ပြီး အခုအခါမှာတော့ သတ်မှတ် စည်းကမ်းတွေကို ဆောင်ရွက်နေပြီလို့ ပြန်/ဆက် ခရိုင် ဦးစီးမှုးက ပြောပါတယ်။

မြစ်ကြီးနားမြို့က ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကို မေးမြန်းရာမှာတော့ လောလောဆည် ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းကို မစစ်ဆေးနိုင်သေးကြောင်းနဲ့ လက်ရှိရရှိထားတဲ့စာရင်းအရ ကချင်ပြည်နယ်မှာ ဗန်းမော်ခရိုင်ဟာ ကူးစက်မှုအမြင့်မားဆုံးဖြစ်နေတာ တွေ့ရှိရကြောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ ဒီလ ၅ရက်နေ့က Covid 19 ကူးစက်မှုမြင့်တက်လာတာကြောင့် ဈေးတွေ ပိတ်ခဲ့ပေမဲ့ စာသင်ကျောင်းတွေကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇူလိုင်လ ၉ ရက် သောကြာနေ့ကမှ စတင်ပိတ်တဲ့အပေါ် တချို့ကလည်း ဝေဖန်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG