သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာက္ဆီဂ်င္မရႏိုင္လို႔ ခဲြစိတ္ကုသဖို႔ အခက္ႀကံဳ (ခဲြစိ္တ္ဆရာ၀န္ႀကီးတဦး)


(Zawgyi/ Unicode)

ေအာက္ဆီဂ်င္ျပတ္လပ္ ႐ွားပါးေနတဲ့ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာ ပုဂၢလိကေဆး႐ံုတခ်ဳိ႕ ေအာက္ဆီဂ်င္ေပးဖို႔လိုတဲ့ လူနာေတြကို လက္မခံၾကေတာ့သလို၊ ခဲြစိတ္ကုသမႈေတြကိုလည္း ေလာေလာဆယ္ ေ႐ႊ႕ဆိုင္းထားပါတယ္။ ေဆး႐ံုဝန္ထမ္းေတြ ဖ်ားနာေနၾကတဲ့အတြက္ ဝန္ထမ္းမလံုေလာက္တာေရာ၊ ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္မရ႐ွိတာေၾကာင့္ပါ ခုလိုခြဲစိတ္ကုသမႈေတြကို ရပ္ထားတယ္လို႔ ရန္ကုန္ၿမိဳ႕က ခဲြစိတ္အထူးကုဆရာဝန္ႀကီးတေယာက္က ေျပာပါတယ္။ မစုျမတ္မြန္က ဆက္ၿပီးတင္ျပပါမယ္။

ရန္ကုန္ၿမိဳ႕က ဆာကုရာ၊ တက္လမ္း၊ ေအာင္ရတနာ၊ ေ႐ႊပုပၸါးစတဲ့ ေဆး႐ံုေတြအပါအဝင္ ပုဂၢလိေဆး႐ံုတခ်ဳိ႕မွာ ေအာက္ဆီဂ်င္အခက္အခဲေၾကာင့္ ေအာက္စီဂ်င္ေပးဖို႔လိုအပ္တဲ့ ခြဲစိတ္ကုသမႈေတြကို ရပ္နားထားပါတယ္။ ကိုဗစ္တတိယလႈိင္းရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ေနမေကာင္းျဖစ္ေနၾကသူေတာ္ေတာ္မ်ားမ်ား ကိုယ္ခႏၶာထဲက ေအာက္ဆီဂ်င္ပမာဏေလ်ာ့နည္းသြားၾကတဲ့အတြက္ ေအာက္ဆီဂ်င္ပိုက္တပ္ဖုိ႔ လိုအပ္ေနၾကေပမဲ့ ေအာက္ဆီဂ်င္ ႐ွာမရတဲ့ ျပႆနာေတြျဖစ္ေနၾကပါတယ္။ ဒီအေျခအေနမွာ တခ်ဳိ႕လည္း အသက္ဆံုးပါးကုန္ပါတယ္။ ေအာက္စီဂ်င္ အလံုအေလာက္မရႏိုင္ျဖစ္ေနတာမို႔ ေဆး႐ုံေတြမွာပါ ကုသေရးပိုင္းထိခိုက္တဲ့အထိျဖစ္ေနတာကို ရန္ကုန္ၿမိဳ႕ ပုဂၢလိကေဆး႐ံုတခုက ခဲြစိတ္အထူးကုဆရာဝန္ႀကီးက ခုလိုေျပာျပပါတယ္။

“ အတိအက် သိရတဲ႔ ေဆးရံုကေတာ့ က်ေနာ္ထုိင္ေနတဲ႔ ေဆးရံုေပါ့ေနာ္။ ေဆးရံုက ဟုိတေန႔က က်ေနာ္ လူနာ ခြဲဖု႔ိ ျပင္ေနတယ္။ ျပင္ၿပီးေတာ့ အဲဒီ ေဆးရံု အုပ္ခ်ဳပ္ေရး အဖြဲ႔က ေနၿပီးေတာ့ အဲဒီ လူနာကို ရက္ေရႊ႕ေပးဖို႔ လာေျပာတယ္။ ဘာေၾကာင့္လဲ ေမးၾကည့္ေတာ့မွ သူတို႔ အေရးေပၚ အစည္းအေ၀း ထုိင္ၿပီးေတာ့မွ ေအာက္ဆီဂ်င္ မလံုေလာက္တာရယ္၊ ေနာက္ သူတို႔ ေဆးရံု၀န္ထမ္းေတြ ၾကားမွာပါ ဖ်ားေနၾကတာ သူတို႔ လူအင္အား မရွိတာရယ္၊ အဲဒီ အခါက်ေတာ့ သူတို႔က ဒီ ေဆးရံု ခြဲစိတ္ရမယ့္ ရက္ကို ေလွ်ာ့လိုက္တာေပါ့ေနာ္။ ေလွ်ာ့ၿပီး မွ က်ေနာ္ ခဲြဖို႔ ျပင္တဲ႔ ရက္က က်ေတာ့ သူတို႔ မခြဲတဲ႔ ရက္ထဲ ပါၿပီးေတာ့မွ က်ေနာ္႔ လူနာကို ေနာက္ဆုတ္ခိုင္းတာေပါ့။

အဲေတာ့ က်ေနာ္လည္း ဒီ႔ျပင္ ေဆးရံုကိုေျပာင္းၿပီးေတာ့ ခြဲလုိက္ရတယ္ အဲဒီ လူနာကို။ အဲဒါ က်ေနာ္ ေဆးရံု အုပ္ခ်ဳပ္ေရး အဖြဲ႔ကို ေမးၾကည့္တဲ႔ အခါက်ေတာ့ ခုန က်ေနာ္ ေျပာသလိုဘဲ သူတို႔ ေအာက္ဆီဂ်င္က အရင္လို သူတို႔ လိုသေလာက္ မရေတာ့တာ လြယ္လြယ္ကူကူ မရေတာ့တာေပါ့။ လြယ္လြယ္ကူကူ မရေတာ့ဘူး။

ေနာက္တခုက က်ေတာ့ ေဆးရံု၀န္ထမ္းေတြမွာလည္း သူတို႔ ဖ်ားနာေနတဲ႔ အခါက်ေတာ့ လူအင္အားေတြ နည္းေနတာေပါ့။ အဲေတာ့ ခြဲစိတ္မႈေတြ ေလွ်ာ့ခ်တယ္။ အဓိကက ခုန ခြဲစိတ္မႈမွာ ဘယ္လို ခြဲစိတ္မႈလဲ ဆိုေတာ့ ေအာက္ဆီဂ်င္ ေပးရတဲ႔ ေမ႔ေဆး ေပးရတဲ႔ ခြဲစိတ္မႈေတြဆုိ အႀကီးစား ခြဲစိတ္မႈေတြဆို သူတို႔ လံုး၀ မလုပ္ဖို႔ ဆံုးျဖတ္ၾကတယ္။
ေနာက္တခါ ပန္းနာ ရင္ၾကပ္ သမားတို႔ ေအာက္ဆီဂ်င္ ေပးရမယ့္ လူနာတို႔ဆို ေဆးရံု မတင္ဖို႔ သူတို႔ ဆံုးျဖတ္လုိက္တယ္။

ဒါ လက္ရွိ က်ေနာ္ အလုပ္လုပ္ေနတဲ႔ ေဆးရံု။ ေနာက္တဆင့္ စကားနဲ႔ ထပ္ၾကားတာက စမ္းေခ်ာင္းဘက္က ေဆးရံုႀကီး တခုဆုိရင္လည္း အဲလိုဘဲ ေအာက္ဆီဂ်င္ေတြ မရွိတဲ႔ အတြက္ေၾကာင့္ အႀကီးစား ခြဲစိတ္မႈေတြ မလုပ္ေတာ့ဘူးဆိုၿပီး ဆံုးျဖတ္တယ္။
ခါးရိုး ထံုေဆး ေပးတဲ႔ ဟာမ်ိဳးေတြ ဥပမာ ဗိုက္ခြဲေမြးတဲ႔ ဟာမ်ိဳးေတြ အဲဒါမ်ိဳးေတြ ေလာက္ဘဲ သူတို႔ လုပ္ေတာ့မယ္လို႔ ဆံုးျဖတ္တယ္။

ျပသနာက ဗိုက္ခြဲ ေမြးတဲ႔ဟာမွာလည္း ထံုေဆး ေပးတယ္ ဆိုတိုင္းလည္း တခါတေလက် ေအာက္ဆီဂ်င္ ေပးရတာေတြ ရွိတယ္။ အဲဒီ အခါက်ေတာ့ ေမ႔ေဆးေတြ ကလည္း ဒီ ေအာက္ဆီဂ်င္ မလံုေလာက္တဲ႔ အခါက်ေတာ့ သူတို႔ ကိုယ္တိုင္ကလည္း ဒီ ေအာက္ဆီဂ်င္ မရွိတဲ႔ အခါက်ေတာ့ ခြဲမယ့္ ဟာေတြကလည္း ေတာ္ေတာ္တန္တန္ မခြဲရဲၾက၊ သူတို႔လည္း ထံုေဆး မေပးရဲေတာ့ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ တခါတေလက် ခြဲ ေနရင္းနဲ႔ ေအာက္ဆီဂ်င္ က်သြားေတာ့ ေအာက္ဆီဂ်င္ေပးရတာမ်ိဳးေတြ ရွိတဲ႔ အခါက်ေတာ့ ေအာက္ဆီဂ်င္ အလြယ္တကူ မေပးႏုိင္ရင္ လူနာပါ ဒုကၡေရာက္မွာ။

အဲေတာ့ ေမ႔ေဆး ဘက္ကလည္း အခက္အခဲ ရွိေတာ့ ခြဲစိတ္မႈေတြကုိ ေတာ္ေတာ္တန္တန္ မလုပ္ျဖစ္ၾကေတာ့ဘူး။ မလုပ္ႏိုင္ၾကေတာ့ဘူးေပါ့ေနာ္။
တကယ့္ကို မျဖစ္မေန လုပ္ရမယ့္ဟာေတြဘဲ ေရြးၿပီး လုပ္ရမယ့္ အစီအစဥ္ ျဖစ္သြားတာေပါ့။ ေနာက္ အဓိက ေအာက္ဆီဂ်င္ ေပးထားရမယ့္ လူနာမ်ိဳးေတြ၊ ခြဲၿပီးရင္ ေအာက္ဆီဂ်င္နဲ႔ ေနရမယ့္ လူနာမ်ိဳးေတြဆုိ သူတို႔က လံုး၀ကုိ လက္မခံၾကေတာ့ဘူး။ အခု အဲလိုမ်ိဳး ျဖစ္သြားတာ။ အဲဒါ က်ေနာ္သိသေလာက္ပါဘဲ။

မစုျမတ္မြန္။ ။ အဲေတာ့ ဆရာ အခု ေျပာတာကေတာ့ ပုဂၢလိက ေဆးရံုေတြ ေပါ့ေနာ္။ ပုဂၢလိက ေဆးရံုေတြမွာ အဲလို ျဖစ္ေနတာ ဆိုေတာ့ ဒီ အစိုးရ ေဆးရံုေတြမွာေရာ ဒီအေျခအန ဘယ္လို သိရပါလဲ ဆရာ။ အဲလို ခြဲစိတ္တာေတြ ဆက္ၿပီးေတာ့ ရွိေနေသးလား။ အဲဒါေရာ သိပါလား။

ခဲြစိတ္အထူးကုဆရာဝန္ႀကီး။ ။ အစိုးရ ေဆးရံုေတြမွာေတာ့ လက္ရွိ ေလာေလာဆယ္ ျပသနာက Human Resource မရွိတာေပါ့ေလ။ လူအင္အား မရွိတာေပါ့။ CDM ေတြ လုပ္ေနၾကတဲ႔ အခါက်ေတာ့ သူတို႔ေတြ Elective ေတြကုိ မလုပ္ႏုိင္ၾကေသးဘူး။ Emergency ေတာင္မွ life saving ေလာက္ဘဲ လုပ္ႏုိင္ၾကေသးတယ္။ အဲဒါ က်ေနာ္ သိထားတဲ႔ အေနအထားေပါ့။ ဘာလို႔လည္း ဆိုေတာ့ သူတို႔ အစိုးရ ေဆးရံုေတြမွာ Emergency လုပ္တယ္ ဆိုရင္ေတာင္ တခ်ိဳ႕ ေဆးရံုႀကီး ေတာ္ေတာ္မ်ားမ်ားက ညေန ၄ နာရီေက်ာ္ရင္ လူနာ လက္မခံေတာ့ဘူး ဆိုၿပီး ေဆးရံု တခါးႀကီး ပိတ္ထားတာ က်ေနာ္ ေတြ႔ဖူးတယ္။

ဟိုတေန႔က ဆိုရင္ အစိုးရ ေဆးရံုႀကီး တခုမွာ ၿခံ၀ တံခါးႀကီးကို ပိတ္ထားတာ။ ေဆးရံုေတြ ျခံ၀ တံခါးဆုိတာ ပိတ္ရတဲ႔ အမ်ိဳး မဟုတ္ဘူးေလ။ အဲဒီ ၄ နာရီ ေက်ာ္တာနဲ႔ ၿခံ၀ တံခါးႀကီး ပိတ္ထားတယ္။ အဲဒီေရွ႕မွာ အေရးေပၚ ကား တစီးက ဥၾသစြဲၿပီး လူနာကို အထဲပို႔ဖို႔ ေစာင့္ေနၾကတာ။ ဒီေန႔လည္း တခါ ထပ္ေတြ႔တာဘဲ။ ေဆးရံု တခါးႀကီး ထပ္ပိတ္ထားတယ္။ သေဘာကေတာ့ ေဆးရံုက ရံုးခ်ိန္ အတြင္းမွာဘဲ လက္ခံမယ္။ ရံုးခ်ိန္ ေက်ာ္သြားရင္ Emergency မလုပ္ေတာ႔ဘူး ဆိုတဲ႔ ပံုစံမ်ိဳး ျဖစ္သြားတာေပါ့။ ေအာက္ဆီဂ်င္ကိစၥ ကေတာ့ က်ေနာ္လည္း ေဆးရံုနဲ႔ ေ၀းေနတာ ၾကာၿပီ ဆိုေတာ့ သိပ္မသိပါဘူး။

မစုျမတ္မြန္။ ။ ဆရာ ေနာက္တခုက အခု ေအာက္ဆီဂ်င္ ျပသနာက ေတာ္ေတာ္ေလးကို ေနရာ အႏွံ႔ဘဲ ရန္ကုန္ေရာ တျခား နယ္ေတြမွာေရာ ေတာ္ေတာ္ေလး ၾကားေနရတယ္ ဆိုေတာ့ ဒါေပမယ့္ ဒီ စစ္ေကာင္စီကေတာ့ သူတို႔မွာ လံုလံုေလာက္ေလာက္ ရွိတယ္လို႔ ေျပာေနတယ္ ဆရာ။ အဲေတာ့ ဆရာ ခုနကေတာ့ ခြဲရတာေတြ လူနာေတြ မခြဲရဘူးလို႔ ေျပာတယ္။ တျခား ေအာက္ဆီဂ်င္နဲ႔ ပတ္သက္ၿပီး ဆရာ႔ လူနာေတြထဲမွာ တျခားဘာေတြ သိရတာ ရွိပါလဲရွင့္။

ခဲြစိတ္အထူးကုဆရာဝန္ႀကီး။ ။ က်ေနာ္႔ လူနာထဲမွာေတာ့ ေအာက္ဆီဂ်င္ သိပ္မလိုတဲ႔ Case ေတြ ကိုင္တာက်ေတာ့ က်ေနာ႔ အသိမိတ္ေဆြ အေပါင္းအသင္းေတြမွာေတာ့ အခုေလာေလာဆယ္မွာေတာ့ ေအာက္ဆီဂ်င္ က်ၿပီး ဒုကၡေရာက္ေနၾကတဲ႔ လူနာေတြ ရွိတယ္။ သူတို႔ကိုလည္းကိုယ္လည္း ဘာမွ အကူအညီ မေပးႏုိင္ ဒီလိုဘဲ ငုတ္တုတ္ ထုိင္ၾကည့္ေနရတာ အမ်ားႀကီးဘဲ။ အဲဒါမ်ိဳး အခုေလာေလာဆယ္ ၂ ေယာက္ ၃ ေယာက္ ရွိတယ္။ ေအာက္ဆီဂ်င္ ျပသနာက ေတာ္ေတာ္ ႀကီးေနတာပါ။ ဘယ္လို ျဖစ္ေနလဲ ဆိုေတာ့ လူေတြကို ႏွာေခါင္းပိတ္ထားသလိုမ်ိဳး ျဖစ္ေနၾကတာ။ ေလာေလာဆယ္ မျဖစ္ဘူး ဆိုရင္ေတာင္ ငါတို႔မ်ားျဖစ္ခဲ႔ရင္ ဘယ္လို လုပ္ၾကမလဲ ဆိုၿပီး ေတြးပူေနၾကတာေပါ့။ တကယ္ ျဖစ္တဲ႔သူေတြက်ေတာ့ သူ႔ အမ်ိဳးအတြက္ ကိုယ့္ အမ်ိဳး အတြက္ အဲဒါမ်ိဳး ေပးကူ ၿပီးေတာ့ ဒုကၡေတြ ေရာက္ေနၾကတာ။

ရန္ကုန္ၿမိဳ႕ ပုဂၢလိကေဆး႐ံုတခုက ခဲြစိတ္အထူးကုဆရာဝန္ႀကီးတေယာက္ျဖစ္ပါတယ္။ ကူးစက္မႈႏႈန္းျမန္ မ်ဳိးဗီဇေျပာင္း Delta ကိုဗစ္မ်ဳိးကြဲအပါအဝင္ ကိုဗစ္ကပ္ေရာဂါကူးစက္ျဖစ္ပြားေနတဲ့ ျမန္မာႏိုင္ငံမွာ ေအာက္ဆီဂ်င္႐ွားပါး ဝယ္ရခက္တဲ့အေျခအေနကို ေနရာေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႔ေနၾကပါတယ္။ စစ္ေကာင္စီကေတာ့ ႏိုင္ငံထဲမွာ ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္ ႐ွိေနၿပီး လိုအပ္ခ်က္နဲ႔အညီထုတ္လုပ္ေပးေနပါတယ္လို႔ ေျပာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အောက်ဆီဂျင်မရနိုင်လို့ ခွဲစိတ်ကုသဖို့ အခက်ကြုံ (ခွဲစိတ်ဆရာဝန်ကြီးတဦး)

အောက်ဆီဂျင်ပြတ်လပ် ရှားပါးနေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပုဂ္ဂလိကဆေးရုံတချို့ အောက်ဆီဂျင်ပေးဖို့လိုတဲ့ လူနာတွေကို လက်မခံကြတော့သလို၊ ခွဲစိတ်ကုသမှုတွေကိုလည်း လောလောဆယ် ရွှေ့ဆိုင်းထားပါတယ်။ ဆေးရုံဝန်ထမ်းတွေ ဖျားနာနေကြတဲ့အတွက် ဝန်ထမ်းမလုံလောက်တာရော၊ အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတာကြောင့်ပါ ခုလိုခွဲစိတ်ကုသမှုတွေကို ရပ်ထားတယ်လို့ ရန်ကုန်မြို့က ခွဲစိတ်အထူးကုဆရာဝန်ကြီးတယောက်က ပြောပါတယ်။ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ရန်ကုန်မြို့က ဆာကုရာ၊ တက်လမ်း၊ အောင်ရတနာ၊ ရွှေပုပ္ပါးစတဲ့ ဆေးရုံတွေအပါအဝင် ပုဂ္ဂလိဆေးရုံတချို့မှာ အောက်ဆီဂျင်အခက်အခဲကြောင့် အောက်စီဂျင်ပေးဖို့လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကို ရပ်နားထားပါတယ်။ ကိုဗစ်တတိယလှိုင်းရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နေမကောင်းဖြစ်နေကြသူတော်တော်များများ ကိုယ်ခန္ဓာထဲက အောက်ဆီဂျင်ပမာဏလျော့နည်းသွားကြတဲ့အတွက် အောက်ဆီဂျင်ပိုက်တပ်ဖို့ လိုအပ်နေကြပေမဲ့ အောက်ဆီဂျင် ရှာမရတဲ့ ပြဿနာတွေဖြစ်နေကြပါတယ်။ ဒီအခြေအနေမှာ တချို့လည်း အသက်ဆုံးပါးကုန်ပါတယ်။ အောက်စီဂျင် အလုံအလောက်မရနိုင်ဖြစ်နေတာမို့ ဆေးရုံတွေမှာပါ ကုသရေးပိုင်းထိခိုက်တဲ့အထိဖြစ်နေတာကို ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံတခုက ခွဲစိတ်အထူးကုဆရာဝန်ကြီးက ခုလိုပြောပြပါတယ်။

“ အတိအကျ သိရတဲ့ ဆေးရုံကတော့ ကျနော်ထိုင်နေတဲ့ ဆေးရုံပေါ့နော်။ ဆေးရုံက ဟိုတနေ့က ကျနော် လူနာ ခွဲဖု့ိ ပြင်နေတယ်။ ပြင်ပြီးတော့ အဲဒီ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့က နေပြီးတော့ အဲဒီ လူနာကို ရက်ရွှေ့ပေးဖို့ လာပြောတယ်။ ဘာကြောင့်လဲ မေးကြည့်တော့မှ သူတို့ အရေးပေါ် အစည်းအဝေး ထိုင်ပြီးတော့မှ အောက်ဆီဂျင် မလုံလောက်တာရယ်၊ နောက် သူတို့ ဆေးရုံဝန်ထမ်းတွေ ကြားမှာပါ ဖျားနေကြတာ သူတို့ လူအင်အား မရှိတာရယ်၊ အဲဒီ အခါကျတော့ သူတို့က ဒီ ဆေးရုံ ခွဲစိတ်ရမယ့် ရက်ကို လျှော့လိုက်တာပေါ့နော်။ လျှော့ပြီး မှ ကျနော် ခွဲဖို့ ပြင်တဲ့ ရက်က ကျတော့ သူတို့ မခွဲတဲ့ ရက်ထဲ ပါပြီးတော့မှ ကျနော့် လူနာကို နောက်ဆုတ်ခိုင်းတာပေါ့။ အဲတော့ ကျနော်လည်း ဒီ့ပြင် ဆေးရုံကိုပြောင်းပြီးတော့ ခွဲလိုက်ရတယ် အဲဒီ လူနာကို။

အဲဒါ ကျနော် ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့ကို မေးကြည့်တဲ့ အခါကျတော့ ခုန ကျနော် ပြောသလိုဘဲ သူတို့ အောက်ဆီဂျင်က အရင်လို သူတို့ လိုသလောက် မရတော့တာ လွယ်လွယ်ကူကူ မရတော့တာပေါ့။ လွယ်လွယ်ကူကူ မရတော့ဘူး။
နောက်တခုက ကျတော့ ဆေးရုံဝန်ထမ်းတွေမှာလည်း သူတို့ ဖျားနာနေတဲ့ အခါကျတော့ လူအင်အားတွေ နည်းနေတာပေါ့။ အဲတော့ ခွဲစိတ်မှုတွေ လျှော့ချတယ်။ အဓိကက ခုန ခွဲစိတ်မှုမှာ ဘယ်လို ခွဲစိတ်မှုလဲ ဆိုတော့ အောက်ဆီဂျင် ပေးရတဲ့ မေ့ဆေး ပေးရတဲ့ ခွဲစိတ်မှုတွေဆို အကြီးစား ခွဲစိတ်မှုတွေဆို သူတို့ လုံး၀ မလုပ်ဖို့ ဆုံးဖြတ်ကြတယ်။

နောက်တခါ ပန်းနာ ရင်ကြပ် သမားတို့ အောက်ဆီဂျင် ပေးရမယ့် လူနာတို့ဆို ဆေးရုံ မတင်ဖို့ သူတို့ ဆုံးဖြတ်လိုက်တယ်။ ဒါ လက်ရှိ ကျနော် အလုပ်လုပ်နေတဲ့ ဆေးရုံ။ နောက်တဆင့် စကားနဲ့ ထပ်ကြားတာက စမ်းချောင်းဘက်က ဆေးရုံကြီး တခုဆိုရင်လည်း အဲလိုဘဲ အောက်ဆီဂျင်တွေ မရှိတဲ့ အတွက်ကြောင့် အကြီးစား ခွဲစိတ်မှုတွေ မလုပ်တော့ဘူးဆိုပြီး ဆုံးဖြတ်တယ်။

ခါးရိုး ထုံဆေး ပေးတဲ့ ဟာမျိုးတွေ ဥပမာ ဗိုက်ခွဲမွေးတဲ့ ဟာမျိုးတွေ အဲဒါမျိုးတွေ လောက်ဘဲ သူတို့ လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်။ ပြသနာက ဗိုက်ခွဲ မွေးတဲ့ဟာမှာလည်း ထုံဆေး ပေးတယ် ဆိုတိုင်းလည်း တခါတလေကျ အောက်ဆီဂျင် ပေးရတာတွေ ရှိတယ်။ အဲဒီ အခါကျတော့ မေ့ဆေးတွေ ကလည်း ဒီ အောက်ဆီဂျင် မလုံလောက်တဲ့ အခါကျတော့ သူတို့ ကိုယ်တိုင်ကလည်း ဒီ အောက်ဆီဂျင် မရှိတဲ့ အခါကျတော့ ခွဲမယ့် ဟာတွေကလည်း တော်တော်တန်တန် မခွဲရဲကြ၊ သူတို့လည်း ထုံဆေး မပေးရဲတော့ဘူး။

ဘာကြောင့်လဲ ဆိုတော့ တခါတလေကျ ခွဲ နေရင်းနဲ့ အောက်ဆီဂျင် ကျသွားတော့ အောက်ဆီဂျင်ပေးရတာမျိုးတွေ ရှိတဲ့ အခါကျတော့ အောက်ဆီဂျင် အလွယ်တကူ မပေးနိုင်ရင် လူနာပါ ဒုက္ခရောက်မှာ။ အဲတော့ မေ့ဆေး ဘက်ကလည်း အခက်အခဲ ရှိတော့ ခွဲစိတ်မှုတွေကို တော်တော်တန်တန် မလုပ်ဖြစ်ကြတော့ဘူး။ မလုပ်နိုင်ကြတော့ဘူးပေါ့နော်။

တကယ့်ကို မဖြစ်မနေ လုပ်ရမယ့်ဟာတွေဘဲ ရွေးပြီး လုပ်ရမယ့် အစီအစဉ် ဖြစ်သွားတာပေါ့။ နောက် အဓိက အောက်ဆီဂျင် ပေးထားရမယ့် လူနာမျိုးတွေ၊ ခွဲပြီးရင် အောက်ဆီဂျင်နဲ့ နေရမယ့် လူနာမျိုးတွေဆို သူတို့က လုံးဝကို လက်မခံကြတော့ဘူး။ အခု အဲလိုမျိုး ဖြစ်သွားတာ။ အဲဒါ ကျနော်သိသလောက်ပါဘဲ။

မစုမြတ်မွန်။ ။ အဲတော့ ဆရာ အခု ပြောတာကတော့ ပုဂ္ဂလိက ဆေးရုံတွေ ပေါ့နော်။ ပုဂ္ဂလိက ဆေးရုံတွေမှာ အဲလို ဖြစ်နေတာ ဆိုတော့ ဒီ အစိုးရ ဆေးရုံတွေမှာရော ဒီအခြေအန ဘယ်လို သိရပါလဲ ဆရာ။ အဲလို ခွဲစိတ်တာတွေ ဆက်ပြီးတော့ ရှိနေသေးလား။ အဲဒါရော သိပါလား။

ခွဲစိတ်အထူးကုဆရာဝန်ကြီး။ ။ အစိုးရ ဆေးရုံတွေမှာတော့ လက်ရှိ လောလောဆယ် ပြသနာက Human Resource မရှိတာပေါ့လေ။ လူအင်အား မရှိတာပေါ့။ CDM တွေ လုပ်နေကြတဲ့ အခါကျတော့ သူတို့တွေ Elective တွေကို မလုပ်နိုင်ကြသေးဘူး။ Emergency တောင်မှ life saving လောက်ဘဲ လုပ်နိုင်ကြသေးတယ်။ အဲဒါ ကျနော် သိထားတဲ့ အနေအထားပေါ့။ ဘာလို့လည်း ဆိုတော့ သူတို့ အစိုးရ ဆေးရုံတွေမှာ Emergency လုပ်တယ် ဆိုရင်တောင် တချို့ ဆေးရုံကြီး တော်တော်များများက ညနေ ၄ နာရီကျော်ရင် လူနာ လက်မခံတော့ဘူး ဆိုပြီး ဆေးရုံ တခါးကြီး ပိတ်ထားတာ ကျနော် တွေ့ဖူးတယ်။

ဟိုတနေ့က ဆိုရင် အစိုးရ ဆေးရုံကြီး တခုမှာ ခြံ၀ တံခါးကြီးကို ပိတ်ထားတာ။ ဆေးရုံတွေ ခြံ၀ တံခါးဆိုတာ ပိတ်ရတဲ့ အမျိုး မဟုတ်ဘူးလေ။ အဲဒီ ၄ နာရီ ကျော်တာနဲ့ ခြံ၀ တံခါးကြီး ပိတ်ထားတယ်။ အဲဒီရှေ့မှာ အရေးပေါ် ကား တစီးက ဥသြစွဲပြီး လူနာကို အထဲပို့ဖို့ စောင့်နေကြတာ။ ဒီနေ့လည်း တခါ ထပ်တွေ့တာဘဲ။ ဆေးရုံ တခါးကြီး ထပ်ပိတ်ထားတယ်။ သဘောကတော့ ဆေးရုံက ရုံးချိန် အတွင်းမှာဘဲ လက်ခံမယ်။ ရုံးချိန် ကျော်သွားရင် Emergency မလုပ်တော့ဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့။ အောက်ဆီဂျင်ကိစ္စ ကတော့ ကျနော်လည်း ဆေးရုံနဲ့ ဝေးနေတာ ကြာပြီ ဆိုတော့ သိပ်မသိပါဘူး။

မစုမြတ်မွန်။ ။ ဆရာ နောက်တခုက အခု အောက်ဆီဂျင် ပြသနာက တော်တော်လေးကို နေရာ အနှံ့ဘဲ ရန်ကုန်ရော တခြား နယ်တွေမှာရော တော်တော်လေး ကြားနေရတယ် ဆိုတော့ ဒါပေမယ့် ဒီ စစ်ကောင်စီကတော့ သူတို့မှာ လုံလုံလောက်လောက် ရှိတယ်လို့ ပြောနေတယ် ဆရာ။ အဲတော့ ဆရာ ခုနကတော့ ခွဲရတာတွေ လူနာတွေ မခွဲရဘူးလို့ ပြောတယ်။ တခြား အောက်ဆီဂျင်နဲ့ ပတ်သက်ပြီး ဆရာ့ လူနာတွေထဲမှာ တခြားဘာတွေ သိရတာ ရှိပါလဲရှင့်။

ခွဲစိတ်အထူးကုဆရာဝန်ကြီး။ ။ ကျနော့် လူနာထဲမှာတော့ အောက်ဆီဂျင် သိပ်မလိုတဲ့ Case တွေ ကိုင်တာကျတော့ ကျနော့ အသိမိတ်ဆွေ အပေါင်းအသင်းတွေမှာတော့ အခုလောလောဆယ်မှာတော့ အောက်ဆီဂျင် ကျပြီး ဒုက္ခရောက်နေကြတဲ့ လူနာတွေ ရှိတယ်။ သူတို့ကိုလည်းကိုယ်လည်း ဘာမှ အကူအညီ မပေးနိုင် ဒီလိုဘဲ ငုတ်တုတ် ထိုင်ကြည့်နေရတာ အများကြီးဘဲ။ အဲဒါမျိုး အခုလောလောဆယ် ၂ ယောက် ၃ ယောက် ရှိတယ်။ အောက်ဆီဂျင် ပြသနာက တော်တော် ကြီးနေတာပါ။ ဘယ်လို ဖြစ်နေလဲ ဆိုတော့ လူတွေကို နှာခေါင်းပိတ်ထားသလိုမျိုး ဖြစ်နေကြတာ။

လောလောဆယ် မဖြစ်ဘူး ဆိုရင်တောင် ငါတို့များဖြစ်ခဲ့ရင် ဘယ်လို လုပ်ကြမလဲ ဆိုပြီး တွေးပူနေကြတာပေါ့။ တကယ် ဖြစ်တဲ့သူတွေကျတော့ သူ့ အမျိုးအတွက် ကိုယ့် အမျိုး အတွက် အဲဒါမျိုး ပေးကူ ပြီးတော့ ဒုက္ခတွေ ရောက်နေကြတာ။

ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံတခုက ခွဲစိတ်အထူးကုဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်။ ကူးစက်မှုနှုန်းမြန် မျိုးဗီဇပြောင်း Delta ကိုဗစ်မျိုးကွဲအပါအဝင် ကိုဗစ်ကပ်ရောဂါကူးစက်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အောက်ဆီဂျင်ရှားပါး ဝယ်ရခက်တဲ့အခြေအနေကို နေရာတော်တော်များများ ကြုံတွေ့နေကြပါတယ်။ စစ်ကောင်စီကတော့ နိုင်ငံထဲမှာ အောက်ဆီဂျင်လုံလုံလောက်လောက် ရှိနေပြီး လိုအပ်ချက်နဲ့အညီထုတ်လုပ်ပေးနေပါတယ်လို့ ပြောနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG