သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာက္စီဂ်င္ျပတ္လပ္ၿပီး တက္စရာေဆး႐ုံ အခက္ႀကံဳေနတဲ့ ျမန္မာကိုဗစ္


ရန္ကုန္ၿမိဳ႕က ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ ဆုိင္တဆုိင္မွာ ေအာက္ဆီဂ်င္ျဖည့္ဖုိ႔ တန္းစီေစာင့္ဆုိင္းေနသူမ်ား။ (ဇူလုိင္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံက COVID-19 အတည္ျပဳလူနာေတြ အေနနဲ႔ ေဆး႐ုံတက္ဖို႔ မလြယ္ကူသလို အိမ္မွာ ျပဳစုေစာင့္ေရွာက္ေရးမွာ အေရးေပၚသံုးဖို႔ ေအာက္ဆီဂ်င္ မလံုေလာက္မႈနဲ႔လည္း တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ႀကံဳေတြ႔ေနရပါတယ္။ COVID-19 အတည္ျပဳလူနာေတြရဲ႕ မိသားစုေတြအေနနဲ႔ ေအာက္ဆီဂ်င္ ဝယ္ယူရရွိေရး အခ်ိန္ေပး တန္းစီေနၾကရပါတယ္။ ေအာက္ဆီဂ်င္အိုး မလံုေလာက္တာက အဓိက အခက္အခဲတခု ျဖစ္လာတယ္လို႔ ရန္ကုန္က COVID-19 အတည္ျပဳလူနာေတြအတြက္ ေအာက္ဆီဂ်င္ရရွိေရး ကူညီ ေဆာင္ရြက္ေနတဲ့ ဦးျမင့္ၾကဴက ေျပာပါတယ္။ မသိဂႌထုိက္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

“အရင္ Second Wave တုန္းက အုိးေတြ အလုံအေလာက္ရွိတယ္။ သုံးတဲ့သူကလည္း သုံးၿပီးတာနဲ႔ ျပန္ၿပီးအပ္ၾကတယ္။ အခုအေျခအေနက မလိုအပ္ေသးဘဲ မသုံးဘဲနဲ႔ ေဆာင္ထားတာမ်ဳိးေတြလည္း တပုိင္းရွိသလို အရင္ Volunteer ေတြသုံးတဲ့ အုိးေတြ ဘယ္ေပ်ာက္ကုန္လဲ က်ေနာ္လည္း အတိအက် မေျပာတတ္ဘူး။ တကယ္တမ္းက် ရန္ကုန္ၿမိဳ႕အတြက္က အလုံအေလာက္ရွိၿပီးသား အေျခအေနပါ။”

မသိဂႌထိုက္္ - လြယ္လြယ္ကူကူ ဝယ္လို႔ရတဲ့ အေနအထားေရာ ရွိပါေသးလား၊ ဒီေဈးကြက္ထဲမွာ။

ဦးျမင့္ၾကဴ - “ေဈးကြက္ထဲမွာ အုိးကေတာ့ လုံးဝ ဝယ္လို႔မရပါဘူး။ က်ေနာ္တုိ႔ Regulator အပေၚမွာ အုိးအေပၚမွာတပ္တဲ့ အသက္႐ွဴတဲ့ပိုက္ေတြ၊ မီတာဂိတ္ေတြေတာင္မွ လြယ္လြယ္ကူကူ ဝယ္လို႔မရတဲ့ အေျခအေနပါ။ ရန္ကုန္မွာတင္ မဟုတ္ဘူး၊ မႏၱေလးေရာ ျမန္မာတျပည္လုံး ဘယ္မွ ဝယ္လို႔မရတဲ့ အေနအထား ျဖစ္ေနတာပါ။”

မသိဂႌထုိက္ - တ႐ုတ္ဘက္က သြင္းရမလား၊ ဒီဟာေတြက ဘယ္လမ္းေၾကာင္းက ဝင္ရင္ ပိုအဆင္ေျပႏုိင္ပါသလဲ။

ဦးျမင့္ၾကဴ - “ဝင္တဲ့လမ္းေၾကာင္းက အရင္ တ႐ုတ္ဘက္ကလည္း ဝင္တယ္၊ ယုိးဒယားဘက္ကလည္း ဝင္ပါတယ္။ အခု တ႐ုတ္ဘက္ အျေခအေနကိုေတာ့ က်ေနာ္တုိ႔ မဆက္သြယ္ၾကည့္ေသးဘူး။ ယုိးဒယားဘက္ကို ဆက္သြယ္ၾကည့္ေတာ့ ဟုိဘက္မွာလည္း ပစၥည္းေတြက ျမန္မာျပည္ဘက္မွာ ေဈးႏႈန္းတက္သလုိ ဟုိဘက္မွာလည္း ေဈးႏႈန္းေတြက လိုက္ၿပီးေတာ့ မတန္တဆေတြ တက္ေနတယ္။ ေနာက္တရက္ႏွစ္ရက္ေလာက္ေနမွ အေျခအေန အတိအက် ဘယ္ေဈးႏႈန္းနဲ႔ ရႏိုင္မယ္၊ ဘယ္ေန႔ရႏုိင္မယ္ဆုိတာ ျပန္သိရမွာပါ။”

မသိဂႌထုိက္ - ေအာက္ဆီဂ်င္က်ၿပီဆုိတာနဲ႔ ေဆး႐ုံကိုသြားဖုိ႔လည္း အေတာ္ေလး ခက္ေနတဲ့ အေျခအေနပါလား။ လုံးဝကို သြားလို႔မရေတာ့တဲ့ အေျခအေနမ်ဳိးျဖစ္လို႔ အိမ္ေတြမွာ ေအာက္ဆီဂ်င္႐ွဴရတာပါလား၊ ဦးျမင့္ၾကဴ ဘယ္လုိအေျခအေန ျဖစ္ေနပါသလဲ။

ဦးျမင့္ၾကဴ - “ဟုတ္ပါတယ္၊ က်ေနာ္တုိ႔လမ္းထဲမွာပဲ မေန႔က တေယာက္ Positive ျဖစ္တဲ့အတြက္ ရန္ကုန္ေဆး႐ုံႀကီး တင္လုိ႔ရမလား သြားပါတယ္။ မရပါဘူး။ မရတဲ့အတြက္ေၾကာင့္ ဘယ္အေၾကာင္းျပခ်က္နဲ႔ ျငင္းလႊတ္လဲေတာ့ မသိဘူး။ ေဝဘာဂီ သြားလို႔ရမလား၊ ဘယ္သြားလို႔ရမလဲ လုိက္ၿပီး စုံစမ္းရင္းနဲ႔ပဲ ကားေပၚမွာပဲ အသက္ဆုံး႐ႈံးခဲ့ရတဲ့လူနာ မေန႔ကပဲ က်ေနာ္ကိုယ္တုိင္ လုိက္ၿပီး သၿဂႋဳဟ္ေပးလုိက္တာပါ။ ေအာက္ဆီဂ်င္ ႐ွဴခြင့္မရတဲ့ ျပႆနာအျပင္ ေဆး႐ုံမွာ တက္ေရာက္ကုသခံဖို႔လည္း အခက္အခဲ ႀကဳံခဲ့ရတာေတာ့ လက္ေတြ႔ပါ။”

မသိဂႌထိုက္ - လူေတြအေနနဲ႔ကလည္း ေဆး႐ုံသြားဖို႔ကလည္း မလြယ္ဘူး ဆိုတဲ့အခါၾကေတာ့ ဒါ ေနာက္ဆုံးနည္းလမ္းအေနနဲ႔ လုပ္ေနၾကပုံရပါတယ္ေနာ္။

ဦးျမင့္ၾကဴ - “အခုကေတာ့ က်ေနာ္တုိ႔ ျပည္သူေတြကို Awareness ေပးတဲ့အပုိင္းေတြ အမ်ားႀကီီး အားနည္းေနတဲ့အတြက္ေၾကာင့္ လူေတြမွာ အခက္အခဲေတြ ေငြကုန္ ပင္ပန္းၿပီး မထိေရာက္ဘဲ အသက္ဆုံး႐ႈံးေနတာေတြ ျဖစ္တယ္။ ေနာက္တခ်က္က လုိင္းေပၚကေနၿပီး ဘယ္မွာရႏုိုင္တယ္၊ ေအာက္ဆီဂ်င္အုိး ဘယ္မွာဝယ္လို႔ရတယ္ဆုိတဲ့ ဟာေတြ၊ သူတုိ႔ကေတာ့ ေစတနာနဲ႔၊ ေစတနာနဲ႔ပဲ ေျပာပါေတာ့ဗ်ာ၊ ညႊန္ေပးတာေပါ့။ သုိ႔ေသာ္လည္း အဲဒီေနရာေတြမွာ ဘယ္လုိမွ အဆက္အသြယ္လုပ္ၿပီး ဝယ္လို႔မရ၊ ဖုန္းေခၚလို႔မရ၊ ဆက္သြယ္လို႔မရေတာ့ ကုိယ္တုိင္သြားဝယ္ရေတာ့ လူနာလည္း ကိုဗစ္ပါစင္ေလဗ်ာ၊ လူနာရဲ႕ မိသားစုေတြပဲ ထြက္ၿပီး ဝယ္လို႔ရတာ။ သူတုိ႔ကေနၿပီးမွ တခါ ထပ္ၿပီး ေရာဂါျဖန္႔သလို ျဖစ္ေနတယ္။ ရလာတဲ့အုိးကလည္း မထိေရာက္တဲ့၊ လူနာအတြက္ တကယ္ အသက္ကယ္ေပးႏုိင္တဲ့ အေနအထားမ်ဳိး မရွိတဲ့ ၅ လီတာအုိး အေသးေလာက္ပဲရွိတယ္။ ဒါ တခ်က္ေပါ့။ ေနာက္တခ်က္က အေရးေပၚသြားၿပီး အလုအယက္ ျဖည့္ရတယ္ဆုိေတာ့ ဒီအုိးထဲမွာေရာ လိုအပ္တဲ့ Pressure အျပည့္အဝ ပါၾကရဲ႕လားဆုိတဲ့ သံသယေတာ့ ရွိတယ္ဗ်။ ဒီဟာေတြကိုေတာ့ လတ္တေလာ ေျဖရွင္းဖုိ႔ ႀကိဳးေတာ့ ႀကိဳးစားေနၾကတာပဲ အားလုံးဝုိင္းၿပီးေတာ့။”

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အောက်စီဂျင်ပြတ်လပ်ပြီး တက်စရာဆေးရုံ အခက်ကြုံနေတဲ့ မြန်မာကိုဗစ်

မြန်မာနိုင်ငံက COVID-19 အတည်ပြုလူနာတွေ အနေနဲ့ ဆေးရုံတက်ဖို့ မလွယ်ကူသလို အိမ်မှာ ပြုစုစောင့်ရှောက်ရေးမှာ အရေးပေါ်သုံးဖို့ အောက်ဆီဂျင် မလုံလောက်မှုနဲ့လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေရပါတယ်။ COVID-19 အတည်ပြုလူနာတွေရဲ့ မိသားစုတွေအနေနဲ့ အောက်ဆီဂျင် ဝယ်ယူရရှိရေး အချိန်ပေး တန်းစီနေကြရပါတယ်။ အောက်ဆီဂျင်အိုး မလုံလောက်တာက အဓိက အခက်အခဲတခု ဖြစ်လာတယ်လို့ ရန်ကုန်က COVID-19 အတည်ပြုလူနာတွေအတွက် အောက်ဆီဂျင်ရရှိရေး ကူညီ ဆောင်ရွက်နေတဲ့ ဦးမြင့်ကြူက ပြောပါတယ်။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

“အရင် Second Wave တုန်းက အိုးတွေ အလုံအလောက်ရှိတယ်။ သုံးတဲ့သူကလည်း သုံးပြီးတာနဲ့ ပြန်ပြီးအပ်ကြတယ်။ အခုအခြေအနေက မလိုအပ်သေးဘဲ မသုံးဘဲနဲ့ ဆောင်ထားတာမျိုးတွေလည်း တပိုင်းရှိသလို အရင် Volunteer တွေသုံးတဲ့ အိုးတွေ ဘယ်ပျောက်ကုန်လဲ ကျနော်လည်း အတိအကျ မပြောတတ်ဘူး။ တကယ်တမ်းကျ ရန်ကုန်မြို့အတွက်က အလုံအလောက်ရှိပြီးသား အခြေအနေပါ။”

မသိင်္ဂီထိုက် - လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ အနေအထားရော ရှိပါသေးလား၊ ဒီဈေးကွက်ထဲမှာ။

ဦးမြင့်ကြူ - “ဈေးကွက်ထဲမှာ အိုးကတော့ လုံးဝ ဝယ်လို့မရပါဘူး။ ကျနော်တို့ Regulator အပေါ်မှာ အိုးအပေါ်မှာတပ်တဲ့ အသက်ရှူတဲ့ပိုက်တွေ၊ မီတာဂိတ်တွေတောင်မှ လွယ်လွယ်ကူကူ ဝယ်လို့မရတဲ့ အခြေအနေပါ။ ရန်ကုန်မှာတင် မဟုတ်ဘူး၊ မန္တလေးရော မြန်မာတပြည်လုံး ဘယ်မှ ဝယ်လို့မရတဲ့ အနေအထား ဖြစ်နေတာပါ။”

မသိင်္ဂီထိုက် - တရုတ်ဘက်က သွင်းရမလား၊ ဒီဟာတွေက ဘယ်လမ်းကြောင်းက ဝင်ရင် ပိုအဆင်ပြေနိုင်ပါသလဲ။

ဦးမြင့်ကြူ - “ဝင်တဲ့လမ်းကြောင်းက အရင် တရုတ်ဘက်ကလည်း ဝင်တယ်၊ ယိုးဒယားဘက်ကလည်း ဝင်ပါတယ်။ အခု တရုတ်ဘက် အြခေအနေကိုတော့ ကျနော်တို့ မဆက်သွယ်ကြည့်သေးဘူး။ ယိုးဒယားဘက်ကို ဆက်သွယ်ကြည့်တော့ ဟိုဘက်မှာလည်း ပစ္စည်းတွေက မြန်မာပြည်ဘက်မှာ ဈေးနှုန်းတက်သလို ဟိုဘက်မှာလည်း ဈေးနှုန်းတွေက လိုက်ပြီးတော့ မတန်တဆတွေ တက်နေတယ်။ နောက်တရက်နှစ်ရက်လောက်နေမှ အခြေအနေ အတိအကျ ဘယ်ဈေးနှုန်းနဲ့ ရနိုင်မယ်၊ ဘယ်နေ့ရနိုင်မယ်ဆိုတာ ပြန်သိရမှာပါ။”

မသိင်္ဂီထိုက် - အောက်ဆီဂျင်ကျပြီဆိုတာနဲ့ ဆေးရုံကိုသွားဖို့လည်း အတော်လေး ခက်နေတဲ့ အခြေအနေပါလား။ လုံးဝကို သွားလို့မရတော့တဲ့ အခြေအနေမျိုးဖြစ်လို့ အိမ်တွေမှာ အောက်ဆီဂျင်ရှူရတာပါလား၊ ဦးမြင့်ကြူ ဘယ်လိုအခြေအနေ ဖြစ်နေပါသလဲ။

ဦးမြင့်ကြူ - “ဟုတ်ပါတယ်၊ ကျနော်တို့လမ်းထဲမှာပဲ မနေ့က တယောက် Positive ဖြစ်တဲ့အတွက် ရန်ကုန်ဆေးရုံကြီး တင်လို့ရမလား သွားပါတယ်။ မရပါဘူး။ မရတဲ့အတွက်ကြောင့် ဘယ်အကြောင်းပြချက်နဲ့ ငြင်းလွှတ်လဲတော့ မသိဘူး။ ဝေဘာဂီ သွားလို့ရမလား၊ ဘယ်သွားလို့ရမလဲ လိုက်ပြီး စုံစမ်းရင်းနဲ့ပဲ ကားပေါ်မှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့လူနာ မနေ့ကပဲ ကျနော်ကိုယ်တိုင် လိုက်ပြီး သင်္ဂြိုဟ်ပေးလိုက်တာပါ။ အောက်ဆီဂျင် ရှူခွင့်မရတဲ့ ပြဿနာအပြင် ဆေးရုံမှာ တက်ရောက်ကုသခံဖို့လည်း အခက်အခဲ ကြုံခဲ့ရတာတော့ လက်တွေ့ပါ။”

မသိင်္ဂီထိုက် - လူတွေအနေနဲ့ကလည်း ဆေးရုံသွားဖို့ကလည်း မလွယ်ဘူး ဆိုတဲ့အခါကြတော့ ဒါ နောက်ဆုံးနည်းလမ်းအနေနဲ့ လုပ်နေကြပုံရပါတယ်နော်။

ဦးမြင့်ကြူ - “အခုကတော့ ကျနော်တို့ ပြည်သူတွေကို Awareness ပေးတဲ့အပိုင်းတွေ အများကြီး အားနည်းနေတဲ့အတွက်ကြောင့် လူတွေမှာ အခက်အခဲတွေ ငွေကုန် ပင်ပန်းပြီး မထိရောက်ဘဲ အသက်ဆုံးရှုံးနေတာတွေ ဖြစ်တယ်။ နောက်တချက်က လိုင်းပေါ်ကနေပြီး ဘယ်မှာရနိုင်တယ်၊ အောက်ဆီဂျင်အိုး ဘယ်မှာဝယ်လို့ရတယ်ဆိုတဲ့ ဟာတွေ၊ သူတို့ကတော့ စေတနာနဲ့၊ စေတနာနဲ့ပဲ ပြောပါတော့ဗျာ၊ ညွှန်ပေးတာပေါ့။ သို့သော်လည်း အဲဒီနေရာတွေမှာ ဘယ်လိုမှ အဆက်အသွယ်လုပ်ပြီး ဝယ်လို့မရ၊ ဖုန်းခေါ်လို့မရ၊ ဆက်သွယ်လို့မရတော့ ကိုယ်တိုင်သွားဝယ်ရတော့ လူနာလည်း ကိုဗစ်ပါစင်လေဗျာ၊ လူနာရဲ့ မိသားစုတွေပဲ ထွက်ပြီး ဝယ်လို့ရတာ။ သူတို့ကနေပြီးမှ တခါ ထပ်ပြီး ရောဂါဖြန့်သလို ဖြစ်နေတယ်။ ရလာတဲ့အိုးကလည်း မထိရောက်တဲ့၊ လူနာအတွက် တကယ် အသက်ကယ်ပေးနိုင်တဲ့ အနေအထားမျိုး မရှိတဲ့ ၅ လီတာအိုး အသေးလောက်ပဲရှိတယ်။ ဒါ တချက်ပေါ့။ နောက်တချက်က အရေးပေါ်သွားပြီး အလုအယက် ဖြည့်ရတယ်ဆိုတော့ ဒီအိုးထဲမှာရော လိုအပ်တဲ့ Pressure အပြည့်အဝ ပါကြရဲ့လားဆိုတဲ့ သံသယတော့ ရှိတယ်ဗျ။ ဒီဟာတွေကိုတော့ လတ်တလော ဖြေရှင်းဖို့ ကြိုးတော့ ကြိုးစားနေကြတာပဲ အားလုံးဝိုင်းပြီးတော့။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG