သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ တပတ်အတွင်း စနေနေ့မှာ အများဆုံးဖြစ်


မြန်မာနိုင်ငံမှာ ကိုဗစ်စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။
မြန်မာနိုင်ငံမှာ ကိုဗစ်စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စနေနေ့က COVID-19 ကြောင့် သေဆုံးရသူ ၇၁ ဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖော်ပြပြီး ဒီအရေအတွက်ဟာဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေ့စဉ်သေဆုံးမှုမှာ အများဆုံး ဖြစ်ပါတယ်။

၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၁၂၈ ခု စစ်ဆေးခဲ့တာမှာ အတည်ပြုလူနာသစ် ၄,၃၇၇ ဦး ထပ်မံတွေ့ရှိကြောင်းလည်း ဖော်ပြပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ COVID-19 စစ်ဆေးအတည်ပြုလူနာ ၁၈၈,၇၅၂ ဦးရှိနေပြီး စနေနေ့အထိ ဆေးရုံဆင်းခွင့်ရသူက ၁၄၄,၈၀၉ ဦး ရှိသွားပြီလို့လည်း စာရင်းက ဖော်ပြပါတယ်။ စနေနေ့ထိ သေဆုံးသူ စုစုပေါင်းက ၃,၇၅၆ ဦး ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအရ COVID-19 စစ်ဆေးပြီးသူက ၂,၈၅၆,၆၉၇ ဦး ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသား ၄ ယောက် ရောဂါပိုး ကူးစက်နေတာ စစ်ဆေးတွေ့ရှိရကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က စနေနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်ပနိုင်ငံကနေ ရောဂါပိုးတွေ့ရှိသူတွေထဲမှာ နောက်တဦးကတော့ လာအိုနိုင်ငံကနေ ရောက်ရှိလာသူဖြစ်ပြီး ရောဂါလက္ခဏာမပြဘဲ ပိုးကူးစက်နေသူ ဖြစ်တယ်လို့လည်း ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)







XS
SM
MD
LG