သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၄,၃၃၇ ဦး၊ သေဆုံး ၇၁ ဦး


တောင်ငူမြို့မှာ ကိုဗစ်နဲ့ ကွယ်လွန်သူကို သင်္ဂြိုဟ်ပြီးနောက် ပိုးသတ်ဆေးဖျန်းနေတဲ့ ပရဟိတ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၈၊ ၂၀၂၁)
တောင်ငူမြို့မှာ ကိုဗစ်နဲ့ ကွယ်လွန်သူကို သင်္ဂြိုဟ်ပြီးနောက် ပိုးသတ်ဆေးဖျန်းနေတဲ့ ပရဟိတ စေတနာ့ဝန်ထမ်းများ။ (ဇူလိုင် ၈၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၄,၃၃၇ ယောက်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၇၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၅,၁၂၈ ခုကို စစ်ဆေးခဲ့တဲ့ထဲက ပိုးကူးသူအရေအတွက် နောက်ထပ်တွေ့ခဲ့ရတာဖြစ်ပြီး ဒါဟာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက်ရဲ့ ၂၈.၉၃ ရာခိုင်နှုန်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ စုစုပေါင်းစစ်ဆေးတဲ့ နမူနာအရေအတွက်၊ ပိုးတွေ့သူအရေအတွက်၊ ပိုးတွေ့နှုန်းနဲ့ သေဆုံးသူအရေအတွက်ဟာ ကိုဗစ်တတိယလှိုင်းမှာ အများဆုံး အရေအတွက်တွေ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံဆင်းသူ အရေအတွက်က ၁,၃၄၉ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီညအထိဆိုရင် ဆေးရုံကဆင်းသွားသူ စုစုပေါင်း ၁၄၄,၈၀၉ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပိုးတွေ့သူ စုစုပေါင်းက ၁၈၈,၇၅၂ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၃,၇၅၆ ယောက်ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ ကိုဗစ်ရောဂါဝေဒနာ ခံစားနေရသူ အများအပြားအတွက် အောက်ဆီဂျင်ဘူးတွေ မလုံမလောက်ဖြစ်နေပြီး ပိုးကူးထားသူနဲ့ ထိစပ်မှုရှိတဲ့ မိသားစုဝင်တွေကိုယ်တိုင် အပြင်ထွက်ပြီး အောက်ဆီဂျင်ဘူး ရှာနေရတဲ့အတွက် နောက်ထပ် ပိုးကူးစက်နိုင်ခြေ အန္တရာယ် ပိုများနေတယ်လို့ ထောက်ပြတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)








XS
SM
MD
LG