သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၄,၃၀၀ ေက်ာ္၊ ေသဆံုးသူ ၆၄ ဦး ထပ္တိုး


ေတာင္ငူျမိဳ ့က ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူတဦးကို ပရဟိတအဖြဲြ ့တခုမွ သယ္ယူစဥ္ (ဓာတ္ပံု - STR/AFP)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၂၄နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၄,၃၀၀ ေက်ာ္ ဒီကေန႔ ဓါတ္ခဲြအတည္ျပဳခ်က္ေတြ႕ပါတယ္။
ဓါတ္ခြဲစစ္ေဆးမႈေပါင္း ၁၅,၇၄၇ ခုမွာ ပိုးေတြ႔သူ ၄,၃၂၀ ဦးရွိေၾကာင္း အားကစားနဲ႔ က်န္းမာေရး၀န္ႀကီးဌာနက အခုည ၈ နာရီမွာ ထုတ္ျပန္တာပါ။

၂၄ နာရီအတြင္း ေသဆုံးသူက ၆၄ ဦးထိ ရွိခဲ့ၿပီး အခုထိဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ စုစုေပါင္းက ၃,၆၈၅ ေယာက္ရွိပါတယ္။ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ပိုးေတြ႔သူ အေရအတြက္ေရာ ေသဆုံးသူ အေရအတြက္ပါ တေန႔ထက္တေန႔ စံခ်ိန္တင္တိုးလာေနတာပါ။ ကပ္ေရာဂါစတင္ခ်ိန္ကတည္းက ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၂၈ သိန္း၀န္းက်င္ လုပ္ထားၿပီးပါၿပိီ။

က်န္းမာေရး၀န္ႀကီးဌာနရဲ ႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးမႈမွာ ပိုးေတြ႔သူ ၂၇.၄၃%၊ ျပန္လည္သက္သာသြားသူက ၇၇.၈% နဲ႔ ေသဆုံးမႈ ၂% ရာခုိင္ႏႈန္းရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ႏုိ္င္ငံတ၀န္း ပိုးကူးစက္မႈေတြ ျမင့္တက္ေနတာေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး မလိုအပ္ဘဲ အိမ္ျပင္မထြက္ Stay-at-Home အမိန္႔ေတြ ရန္ကုန္ ၁၀ ၿမိဳ႔နယ္အျပင္ အျခားေဒသတခ်ိဳ႔မွာလည္း လတ္တေလာ ထုတ္ျပန္ထားပါတယ္။ လက္ရွိခ်ိန္ထိ Stay-at-Home အမိန္႔ထုတ္ျပန္ထားတဲ့ၿမိဳ႔နယ္ ၄၄ ခုထက္မနည္း ရွိသြားပါၿပီ။

ျမန္မာႏုိင္ငံတြင္းမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပမႈေတြနဲ႔အတူ က်န္းမာေရး၀န္ထမ္းေတြရဲ ႔ CDM အၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြေၾကာင့္ ေရာဂါပိုးစစ္ေဆးႏုိင္မႈ အားနည္းေနသလို က်န္းမာေရးစနစ္လည္း လုံး၀ ၿပိဳလဲမလိုျဖစ္ေနပါတယ္။

........................................................................................


မြန်မာ ကိုဗစ်ကူးစက်သူ ၄,၃၀၀ ကျော်၊ သေဆုံးသူ ၆၄ ဦး ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄,၃၀၀ ကျော် ဒီကနေ့ ဓါတ်ခွဲအတည်ပြုချက်တွေ့ပါတယ်။
ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၁၅,၇၄၇ ခုမှာ ပိုးတွေ့သူ ၄,၃၂၀ ဦးရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အခုည ၈ နာရီမှာ ထုတ်ပြန်တာပါ။

၂၄ နာရီအတွင်း သေဆုံးသူက ၆၄ ဦးထိ ရှိခဲ့ပြီး အခုထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းက ၃,၆၈၅ ယောက်ရှိပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပိုးတွေ့သူ အရေအတွက်ရော သေဆုံးသူ အရေအတွက်ပါ တနေ့ထက်တနေ့ စံချိန်တင်တိုးလာနေတာပါ။ ကပ်ရောဂါစတင်ချိန်ကတည်းက ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၈ သိန်းဝန်းကျင် လုပ်ထားပြီးပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးမှုမှာ ပိုးတွေ့သူ ၂၇.၄၃%၊ ပြန်လည်သက်သာသွားသူက ၇၇.၈% နဲ့ သေဆုံးမှု ၂% ရာခိုင်နှုန်းရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ နိုင်ငံတဝန်း ပိုးကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကပ်ရောဂါထိန်းချုပ်ရေး မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay-at-Home အမိန့်တွေ ရန်ကုန် ၁၀ မြို့နယ်အပြင် အခြားဒေသတချို့မှာလည်း လတ်တလော ထုတ်ပြန်ထားပါတယ်။ လက်ရှိချိန်ထိ Stay-at-Home အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ် ၄၄ ခုထက်မနည်း ရှိသွားပါပြီ။

မြန်မာနိုင်ငံတွင်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှု အားနည်းနေသလို ကျန်းမာရေးစနစ်လည်း လုံး၀ ပြိုလဲမလိုဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG