သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တားဆီးရေး တရုတ်ကာကွယ်ဆေး မြန်မာဝယ်ယူမည်


တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး။
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး။

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ပြင်းထန်လာပြီး ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အစိုးရနဲ့လက်တွဲပြီး ဒီရောဂါတိုက်ဖျက်ဖို့အတွက် NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံရပ်ခြားက ကာကွယ်ဆေးတွေ ပိုဝယ်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

တရုတ်ကုန်သည်ကြီးများအသင်း MCCOC ကတော့ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဇွန်လကနေ အခုချိန်ထိ ဆော်ကြနေတာကြောင့် အခုအခါ မြန်မာနိုင်ငံက ဒီဆေးထိုးဖို့ မှတ်ပုံတင်လာသူ ၃ သိန်းကျော်ရှိပြီလို့ ပြောပါတယ်။ ဒါကြောင့် တရုတ်ကာကွယ်ဆေး ထိုးချင်သူတွေ ထိုးနှံနိုင်ဖို့အတွက် သတ်မှတ်ရက်ကို တိုးပေးဖို့ MCCOC က စီစဉ်နေတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင်လ ၂ ရက်နေ့တုန်းက တရုတ်က မြန်မာအတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၁၀၀,၀၀၀၊ N95 နှာခေါင်းစည်း ၃၀,၀၀၀ နီးပါး၊ တကိုယ်ရေ ကာကွယ်ရေးဝတ်စုံ PPE ၁၃,၀၀၀ နဲ့ ဆေးဘက်သုံး လက်အိတ် ၁၀,၀၀၀ ပေးပို့လှူဒါန်းခဲ့တယ်လို့ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီရောဂါရိုက်ခတ်မှု ခံစားနေရပြီး မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၉၆ မြို့နယ်မှာ မေလကစပြီး အတည်ပြုလူနာတွေ တွေ့ခဲ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်မြန်ဗီဇပြောင်း မျိုးသစ် ၃ မျိုး တွေ့နေရပြီး အဲဒီထဲမှာ အိန္ဒိယမှာ စတွေ့ခဲ့တဲ့ Delta ပိုးပါ ပါဝင်နေတာပါ။

ဇူလိုင်လ ၁၁ ရက်နေ့အထိဆို ဓာတ်ခွဲနမူနာ ၂.၈ သန်းကျော် စမ်းသပ်ခဲ့ရာမှာ အတည်ပြုလူနာ ၁၉၀,၀၀၀ ကျော်ရှိပြီး သေဆုံးရသူ စုစုပေါင်းက ၃,၈၃၈ ယောက် ရှိနေတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့ တရက်တည်းမှာတင် ဓာတ်ခွဲနမူနာ ၁၀,၀၀၀ ကျော် စစ်ဆေးမှုကနေ အတည်ပြုလူနာက ၃,၄၀၀ ကျော် ရှိနေတာကြောင့် ပိုးတွေ့နှုန်းက ၃၄.၂ ရာခိုင်နှုန်းဖြစ်ပြီး သိပ်များနေတာပါ။

ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်လူနာတွေ ပြည့်နေတဲ့အတွက် လူနာသစ်လည်း လက်မခံနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေကြား ဒီရောဂါ ခံနိုင်ရည်ရှိလာစေဖို့ ကာကွယ်ဆေးရအောင် အပြင်းအထန် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)









XS
SM
MD
LG