သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ ကိုဗစ်ပိုးစစ်ဆေးမှုများ အပြင်းအထန်ပြုလုပ်


ရွှေလီမြို့မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၅၊ ၂၀၂၁)
ရွှေလီမြို့မှာ ကိုဗစ် စစ်ဆေးပေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၅၊ ၂၀၂၁)

(Zawgyi / Unicode)

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့ခံတွေကို COVID-19 စမ်းသပ် စစ်ဆေးမှုတွေ တရုတ်အာဏာပိုင်တွေက အပြင်းအထန် ဆောင်ရွက်နေတာမှာ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရွှေလီမြို့မှာ ကိုဗစ်လူနာအသစ် ၁၂ ယောက် တွေ့ရှိခဲ့တာကြောင့် ဇူလိုင်လ ၄ ရက်နေ့ကစလို့ ရွှေလီမြို့ကို Lockdown ချထားလိုက်ပြီး ရွှေလီမြို့မှာရှိနေတဲ့ မြန်မာတွေ အပါအဝင် မြို့ခံအားလုံးကို တရုတ်ကျန်းမာရေး အရာရှိတွေက စမ်းသပ်စက်တွေပါဝင်တဲ့ မော်တော်ကားတွေနဲ့ တမြို့လုံး လိုက်လံစစ်ဆေးနေတာပါ။

“လူအများစုကို တပြိုင်တည်း အလျှင်အမြန် စမ်းသပ်စစ်ဆေးနိုင်အောင် အစပိုင်းမှာ စမ်းသပ်စစ်ဆေးတဲ့ မော်တော်ကား ၄ စီးနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ အနီးနားမှာရှိတဲ့ ခရိုင်နဲ့ မြို့နယ်တွေက စမ်းသပ်စစ်ဆေးတဲ့ကားတွေ မှာယူခဲ့ပါတယ်။ အားလုံးရဲ့ ပူးပေါင်းပါဝင် ကူညီမှုကြောင့် အချိန်တိုအတွင်း ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်” လို့ Dehong Dai နဲ့ Jingpo ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရဲ့ ကျန်းမာရေးအရာရှိ Yang Ling က တရုတ်လို ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ မေလနှောင်းပိုင်းကစလို့ ကိုဗစ်ကူးစက်မှုတွေ တကျော့ပြန် ဖြစ်ပေါ်လာနေပြီး ဇွန်လအတွင်းမှာ ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်နေပြီလို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာဘဲ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာလည်း ကူးစက်သူတချို့ စတင်တွေ့ရှိခဲ့တာကြောင့် တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးကို တင်းကျပ်တာ အပါအဝင် သူ့နိုင်ငံထဲ မြန်မာနိုင်ငံဘက်က ဝင်ထွက်သွားလာမှုတွေကို ကန့်သတ်လိုက်သလို ရွှွေလီမြို့ကိုလည်း Stay at home မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့အထိ ရွှေလီမြို့မှာ ကိုဗစ်ကူးစက်သူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံခဲ့သူ ဒါမှမဟုတ် တဆင့်ခံ ထိတွေ့ဆက်ဆံခဲ့သူ ၄,၅၀၀ နီးပါးကို စုံစမ်းသိရှိထားပြီး ဖြစ်တယ်လို့ တရုတ် ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)







XS
SM
MD
LG