သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြအတြက္ ေအာက္ဆီဂ်င္ရဖို႔ခက္ခဲေန


ရန္ကုန္ ပုစြန္ေတာင္ၿမိဳ ့နယ္ထဲက ေအာင္ဆီဂ်င္ျပန္လည္ ျဖည့္သြင္းေရး ေစာင့္ဆိုင္းေနၾကသူမ်ား (ဓာတ္ပံု- AP)

(Zawgyi/Unicode)

ကုိဗစ္အတည္ျပဳလူနာနဲ႔ သံသယလူနာေတြအတြက္ ေအာက္စီဂ်င္အလံုအေလာက္မ႐ွိတဲ့ ျပႆနာျမန္မာႏိုင္ငံမွာ ေတာ္ေတာ္ေလး ႀကီးမားေနပါတယ္။ ေဆး႐ုံ၊ ေဆးခန္းနဲ႔ ပရဟိတ အသင္းအဖြဲ႕ေတြ အမ်ားဆုံးရွိတဲ့ ရန္ကုန္ၿမိဳ႕မွာေတာင္ ေအာက္ဆီဂ်င္ဗူးေတြ
လိုသေလာက္မရႏိုင္ေတာ့တဲ့ အေျခအေနကို ရင္ဆိုင္ေနရပါတယ္။ အေတာ္ေလးလိုအပ္ေနၾကတဲ့ ေအာက္စီဂ်င္ဗူးျပတ္လပ္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို မဆုမြန္ေျပာပါလိမ့္မယ္။

စစ္ေကာင္စီလက္ထက္ က်န္းမာေရးဝန္ေဆာင္မႈ အျပည့္အဝ မေပးႏုိင္တဲ့ အေျခအေနမွာ ကိုဗစ္တတိယလႈိင္း႐ိုက္ခတ္တဲ့အတြက္ ဒီဒဏ္ကို ႏိုင္ငံတဝန္း အေတာ္ေလးခံေနၾကရပါတယ္။ စစ္ေဆးႏိုင္တဲ့ ဓါတ္ခြဲနမူနာေတြထဲက ကိုဗစ္အတည္ျပဳလူနာ အေရအတြက္ကလည္း ေန႔စဥ္လို စံခ်ိန္သစ္နဲ႔ ျမင့္တက္ေနပါတယ္။ ေသဆံုးသူအေရအတြက္လည္း ပိုတိုးလာေနပါတယ္။ နာမက်န္းျဖစ္ေနၾကသူ ေတာ္ေတာ္မ်ားမ်ား ကိုဗစ္ကပ္ေရာဂါျဖစ္မယ္လို႔ သံသယ႐ွိေနၾကေပမဲ့ ကိုဗစ္ ႐ွိ၊ မရွိ စစ္ေဆးႏိုင္ဖို႔ အခက္အခဲရွိေနသလို၊ အတည္ျပဳလူနာတခ်ဳိ႕ကိုလည္း ေဆး႐ံု ေဆးခန္းေတြက ကုသေပးဖို႔ လက္မခံႏိုင္တဲ့ အေျခအေနျဖစ္ေနပါတယ္။ ဒါေၾကာင့္ ေနမေကာင္းျဖစ္ေနသူေတာ္ေတာ္မ်ားမ်ား ကိုယ့္ေနအိမ္ေတြမွာပဲ အဆင္ေျပသလို ကုသေနၾကရပါတယ္။ လူနာေတာ္ေတာ္မ်ားမ်ား အသက္႐ႈၾကပ္ၿပီး ေအာက္စီဂ်င္ပမာဏက်တဲ့အတြက္ ေအာက္စီဂ်င္ဗူးေတြ အေရးေပၚလိုအပ္ေနၾကပါတယ္။ အင္မတန္ ႐ွားပါးျပတ္လပ္ေနတဲ့ ေအာက္စီဂ်င္ဗူးေတြ လိုက္႐ွာရတဲ့ ဒုကၡကို ရန္ကုန္ၿမိဳ႕ေဒသခံ ကိုေဇာ္ေဇာ္က ဗြီအိုေအကိုေျပာျပပါတယ္။

"က်ေနာ္ မနက္ ၅နာရီကတည္းက အိမ္ကထြက္လာတယ္ဗ်ာ။ ေတာင္ဒဂုံမွာ လာတန္းစီေနတာ အခုထိ တန္းစီေနတုန္းပဲ။ စက္မႈဇုံက ေအာက္ဆီဂ်င္စက္႐ုံမွာ လာတန္းစီေနတာ။ ပထမရက္ထဲက မရေသးတဲ့သူေတြေရာ ဘာေရာ အမ်ားႀကီးပဲဗ် ျပည့္ၾကပ္ညပ္ေနတာပဲ တလမ္းလုံးကို။ က်ေနာ့အိမ္မွာပဲ တေန႔ကို အိုးႀကီး ၂ အိုး ကုန္တယ္။ အိုးႀကီး ၂ အိုးကို မေလာက္ခ်င္ဘူး။ အဲေတာ့ ဒါရမွ အဆင္ေျပမွာကို။ ပိုက္ဆံေပးလည္း ဝယ္လို႔မွမရတာ။ ေတာ္ေတာ္ဆိုးတာမွ ေသေနၾကၿပီ။ က်ေနာ့အိမ္ေခါင္းရင္းက မေန႔က တေယာက္ေသတယ္။ ဒီေန႔လည္း မနက္က ၃၀ ပဲရွိေတာ့တယ္တဲ့။ ကိုယ္လည္း ၄၀ အိုးေလး မေန႔ကရတာ မွ်ေပးလိုက္တယ္။ အေသးေလး တအိုးေပါ့ေနာ္။ ဘယ္လိုလုပ္ရမလဲ မတတ္ႏိုင္ဘူး။ အကုန္လုံး အဲလိုျဖစ္ေနၾကၿပီ။"

ခုလိုအေျခအေနမွာ အခက္အခဲျဖစ္သူအခ်င္းခ်င္း ျပန္ၿပီး ကူညီေနၾကရတာကိုလည္း ပုဇြန္ေတာင္မွာေနထိုင္တဲ့ ကိုထိန္လင္းကလည္း ေျပာျပပါတယ္။

"အခက္အခဲကေတာ့ မနက္ ၅နာရီ သြားတန္းစီတာဗ်ာ နံပါတ္က ၁၆၈ တဲ့။ ရမယ္ဆိုၿပီး ေစာင့္တာ အခုေလးပဲ မရဘူးဆိုလို႔ ျပန္လာတာ။ အခုကေတာ့ က်ေနာ့မိခင္က မေန႔ကပဲ ေအာက္ဆီဂ်င္ျပန္တက္လာေတာ့ က်ေနာ့္ကို မေန႔က ေအာက္ဆီဂ်င္ငွားေပးတဲ့ သူငယ္ခ်င္းအတြက္ကို အစားျပန္ရွာေနတာဗ်။ ဒါၿပီးရင္ ေျမာင္းတကာဘက္မွာ ရတယ္ေျပာလို႔ ေျမာင္းတကာဘက္ကို သြားဦးမွာ။ ေဆး႐ုံ၊ ေဆးခန္းက မလြယ္ဘူးေျပာတယ္။ က်ေနာ့အစ္မ ႀကိဳးစားတာေတာ့ ေဆး႐ုံမွာဆိုလည္း တန္းစီေနရတာတဲ့။ ေအာက္ဆီဂ်င္က ေတာ္ေတာ္က်မွ ေပးရႉတာတဲ့။ အဲလိုဆိုေတာ့ အဆင္မေျပဘူး။ ေနာက္ၿပီး ပုဂၢလိကေဆး႐ုံေရာ၊ အစိုးရေဆး႐ုံမွာေရာ လူေတြျပည့္ေနတယ္ဆိုေတာ့ အသိမိတ္ေဆြေတြထဲမွာ အေရးေပၚ ျဖစ္ေနတဲ့ သူေတြအတြက္ လိုက္ၿပီးႀကိဳးစားေပးေနတာ။"

ေဆး႐ံု၊ ေဆးခန္းေတြမွာကအစ ေအာက္စီဂ်င္ မလံုေလာက္တဲ့ ျပႆနာျဖစ္ေနတာပါ။ ခုလိုအေျခအေနေၾကာင့္ တခ်ဳိ႕ကလည္း စိုးရိမ္ၿပီး ႀကိဳတင္စုေဆာင္းတာမ်ဳိးေတြ ႐ွိေနပါတယ္။ ဒါေၾကာင့္ ေအာက္ဆီဂ်င္ ၄၀ လီတာ အိုးႀကီးတလုံးကို ၂၃၀,၀၀၀ က်ပ္၊ ၁၅ လီတာ အိုးကို ၁၅၀,၀၀၀ က်ပ္နဲ႔ ၁၀ လီတာ အိုးကေတာ့ ၁၀၀,၀၀၀ က်ပ္ ဝန္းက်င္အထိ ေစ်းတက္လာၿပီး ေစ်းကြက္ထဲမွာ ရွာဝယ္ဖို႔ခက္ခဲလာပါတယ္။

"ေအာက္ဆီဂ်င္က အေမက ရႉရဦးမွာ။ အခုေလာေလာဆယ္ ေအာက္ဆီဂ်င္က ဗူးလည္းမရဘူး။ ဗူးမရွိတဲ့အတြက္ ေအာက္ဆီဂ်င္ရဖို႔ကလည္း မလြယ္ဘူး။ ရွာေနတာ အခုထက္ထိေတာ့ မရေသးဘူး။"

ေအာက္စီဂ်င္ထုတ္လုပ္မႈနဲ႔ပါတ္သက္လို႔ ပုဂၢလိကပိုင္စက္႐ံုေတြမွာ တဦးခ်င္းေအာက္စီဂ်င္ဗူးေတြ လာျဖည့္ေနတာ မျဖည့္ေပးဘဲ အဓိကလိုအပ္ေနတဲ့ ေဆး႐ံု ေဆးခန္းေတြအတြက္သာ ျဖည့္ေပးဖုိ႔ ကန္႔သတ္ထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက
ဒီေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားပါတယ္။ လိမ္ညာေငြ႐ွာေနသူေတြ၊ မလုိအပ္ဘဲ ရယူေနသူေတြကို ထိန္းခ်ဳပ္ခ်င္လို႔ျဖစ္တယ္လို႔ သူကေျပာပါတယ္။ စစ္ေကာင္စီအေနနဲ႔လည္း ေအာက္စီဂ်င္လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ေအာင္ ေဆာင္႐ြက္ေနပါတယ္လို႔ ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ရန္ကုန္တိုင္းမွာေတာ့ ေန႔စဥ္နဲ႔အမွ် ေအာက္ဆီဂ်င္ရွာေဖြသူေတြ၊ ေအာက္စီဂ်င္ရမယ္ဆိုတဲ့ ေနရာေတြမွာ တန္းစီသူေတြ ေတာ္ေတာ္မ်ားေနပါတယ္။ တခ်ိဳ႕ေတြ ေအာက္ဆီဂ်င္တန္းစီရင္း အိမ္က လူနာအသက္မမီလိုက္တဲ့ အျဖစ္ဆိုးေတြလည္း႐ွိပါတယ္။ မလိုအပ္ရင္ အိမ္ျပင္မထြက္ဘို႔ က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားခ်က္ထုတ္ထားတဲ့ ၿမိဳ႕နယ္ေပါင္း ၆၃ ခုမွာ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္ ၂၂ ခုပါဝင္ပါတယ္။

..............................................................................................

ကိုဗစ္လူနာေတြအတြက္ ေအာက္ဆီဂ်င္ရဖို႔ခက္ခဲေန
please wait

No media source currently available

0:00 0:04:29 0:00
တိုက္႐ိုက္ လင့္ခ္


ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ရဖို့ခက်ခဲနေ

(Unicode)

ကိုဗစ်အတည်ပြုလူနာနဲ့ သံသယလူနာတွေအတွက် အောက်စီဂျင်အလုံအလောက်မရှိတဲ့ ပြဿနာမြန်မာနိုင်ငံမှာ တော်တော်လေး ကြီးမားနေပါတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ ပရဟိတ အသင်းအဖွဲ့တွေ အများဆုံးရှိတဲ့ ရန်ကုန်မြို့မှာတောင် အောက်ဆီဂျင်ဗူးတွေ
လိုသလောက်မရနိုင်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အတော်လေးလိုအပ်နေကြတဲ့ အောက်စီဂျင်ဗူးပြတ်လပ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်ပြောပါလိမ့်မယ်။

စစ်ကောင်စီလက်ထက် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ မပေးနိုင်တဲ့ အခြေအနေမှာ ကိုဗစ်တတိယလှိုင်းရိုက်ခတ်တဲ့အတွက် ဒီဒဏ်ကို နိုင်ငံတဝန်း အတော်လေးခံနေကြရပါတယ်။ စစ်ဆေးနိုင်တဲ့ ဓါတ်ခွဲနမူနာတွေထဲက ကိုဗစ်အတည်ပြုလူနာ အရေအတွက်ကလည်း နေ့စဉ်လို စံချိန်သစ်နဲ့ မြင့်တက်နေပါတယ်။ သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနေပါတယ်။ နာမကျန်းဖြစ်နေကြသူ တော်တော်များများ ကိုဗစ်ကပ်ရောဂါဖြစ်မယ်လို့ သံသယရှိနေကြပေမဲ့ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ အခက်အခဲရှိနေသလို၊ အတည်ပြုလူနာတချို့ကိုလည်း ဆေးရုံ ဆေးခန်းတွေက ကုသပေးဖို့ လက်မခံနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် နေမကောင်းဖြစ်နေသူတော်တော်များများ ကိုယ့်နေအိမ်တွေမှာပဲ အဆင်ပြေသလို ကုသနေကြရပါတယ်။ လူနာတော်တော်များများ အသက်ရှုကြပ်ပြီး အောက်စီဂျင်ပမာဏကျတဲ့အတွက် အောက်စီဂျင်ဗူးတွေ အရေးပေါ်လိုအပ်နေကြပါတယ်။ အင်မတန် ရှားပါးပြတ်လပ်နေတဲ့ အောက်စီဂျင်ဗူးတွေ လိုက်ရှာရတဲ့ ဒုက္ခကို ရန်ကုန်မြို့ဒေသခံ ကိုဇော်ဇော်က ဗွီအိုအေကိုပြောပြပါတယ်။

"ကျနော် မနက် ၅နာရီကတည်းက အိမ်ကထွက်လာတယ်ဗျာ။ တောင်ဒဂုံမှာ လာတန်းစီနေတာ အခုထိ တန်းစီနေတုန်းပဲ။ စက်မှုဇုံက အောက်ဆီဂျင်စက်ရုံမှာ လာတန်းစီနေတာ။ ပထမရက်ထဲက မရသေးတဲ့သူတွေရော ဘာရော အများကြီးပဲဗျ ပြည့်ကြပ်ညပ်နေတာပဲ တလမ်းလုံးကို။ ကျနော့အိမ်မှာပဲ တနေ့ကို အိုးကြီး ၂ အိုး ကုန်တယ်။ အိုးကြီး ၂ အိုးကို မလောက်ချင်ဘူး။ အဲတော့ ဒါရမှ အဆင်ပြေမှာကို။ ပိုက်ဆံပေးလည်း ဝယ်လို့မှမရတာ။ တော်တော်ဆိုးတာမှ သေနေကြပြီ။ ကျနော့အိမ်ခေါင်းရင်းက မနေ့က တယောက်သေတယ်။ ဒီနေ့လည်း မနက်က ၃၀ ပဲရှိတော့တယ်တဲ့။ ကိုယ်လည်း ၄၀ အိုးလေး မနေ့ကရတာ မျှပေးလိုက်တယ်။ အသေးလေး တအိုးပေါ့နော်။ ဘယ်လိုလုပ်ရမလဲ မတတ်နိုင်ဘူး။ အကုန်လုံး အဲလိုဖြစ်နေကြပြီ။"

ခုလိုအခြေအနေမှာ အခက်အခဲဖြစ်သူအချင်းချင်း ပြန်ပြီး ကူညီနေကြရတာကိုလည်း ပုဇွန်တောင်မှာနေထိုင်တဲ့ ကိုထိန်လင်းကလည်း ပြောပြပါတယ်။

"အခက်အခဲကတော့ မနက် ၅နာရီ သွားတန်းစီတာဗျာ နံပါတ်က ၁၆၈ တဲ့။ ရမယ်ဆိုပြီး စောင့်တာ အခုလေးပဲ မရဘူးဆိုလို့ ပြန်လာတာ။ အခုကတော့ ကျနော့မိခင်က မနေ့ကပဲ အောက်ဆီဂျင်ပြန်တက်လာတော့ ကျနော့်ကို မနေ့က အောက်ဆီဂျင်ငှားပေးတဲ့ သူငယ်ချင်းအတွက်ကို အစားပြန်ရှာနေတာဗျ။ ဒါပြီးရင် မြောင်းတကာဘက်မှာ ရတယ်ပြောလို့ မြောင်းတကာဘက်ကို သွားဦးမှာ။ ဆေးရုံ၊ ဆေးခန်းက မလွယ်ဘူးပြောတယ်။ ကျနော့အစ်မ ကြိုးစားတာတော့ ဆေးရုံမှာဆိုလည်း တန်းစီနေရတာတဲ့။ အောက်ဆီဂျင်က တော်တော်ကျမှ ပေးရှူတာတဲ့။ အဲလိုဆိုတော့ အဆင်မပြေဘူး။ နောက်ပြီး ပုဂ္ဂလိကဆေးရုံရော၊ အစိုးရဆေးရုံမှာရော လူတွေပြည့်နေတယ်ဆိုတော့ အသိမိတ်ဆွေတွေထဲမှာ အရေးပေါ် ဖြစ်နေတဲ့ သူတွေအတွက် လိုက်ပြီးကြိုးစားပေးနေတာ။"

ဆေးရုံ၊ ဆေးခန်းတွေမှာကအစ အောက်စီဂျင် မလုံလောက်တဲ့ ပြဿနာဖြစ်နေတာပါ။ ခုလိုအခြေအနေကြောင့် တချို့ကလည်း စိုးရိမ်ပြီး ကြိုတင်စုဆောင်းတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့် အောက်ဆီဂျင် ၄၀ လီတာ အိုးကြီးတလုံးကို ၂၃၀,၀၀၀ ကျပ်၊ ၁၅ လီတာ အိုးကို ၁၅၀,၀၀၀ ကျပ်နဲ့ ၁၀ လီတာ အိုးကတော့ ၁၀၀,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးတက်လာပြီး ဈေးကွက်ထဲမှာ ရှာဝယ်ဖို့ခက်ခဲလာပါတယ်။

"အောက်ဆီဂျင်က အမေက ရှူရဦးမှာ။ အခုလောလောဆယ် အောက်ဆီဂျင်က ဗူးလည်းမရဘူး။ ဗူးမရှိတဲ့အတွက် အောက်ဆီဂျင်ရဖို့ကလည်း မလွယ်ဘူး။ ရှာနေတာ အခုထက်ထိတော့ မရသေးဘူး။"

အောက်စီဂျင်ထုတ်လုပ်မှုနဲ့ပါတ်သက်လို့ ပုဂ္ဂလိကပိုင်စက်ရုံတွေမှာ တဦးချင်းအောက်စီဂျင်ဗူးတွေ လာဖြည့်နေတာ မဖြည့်ပေးဘဲ အဓိကလိုအပ်နေတဲ့ ဆေးရုံ ဆေးခန်းတွေအတွက်သာ ဖြည့်ပေးဖို့ ကန့်သတ်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက
ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ လိမ်ညာငွေရှာနေသူတွေ၊ မလိုအပ်ဘဲ ရယူနေသူတွေကို ထိန်းချုပ်ချင်လို့ဖြစ်တယ်လို့ သူကပြောပါတယ်။ စစ်ကောင်စီအနေနဲ့လည်း အောက်စီဂျင်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်တိုင်းမှာတော့ နေ့စဉ်နဲ့အမျှ အောက်ဆီဂျင်ရှာဖွေသူတွေ၊ အောက်စီဂျင်ရမယ်ဆိုတဲ့ နေရာတွေမှာ တန်းစီသူတွေ တော်တော်များနေပါတယ်။ တချို့တွေ အောက်ဆီဂျင်တန်းစီရင်း အိမ်က လူနာအသက်မမီလိုက်တဲ့ အဖြစ်ဆိုးတွေလည်းရှိပါတယ်။ မလိုအပ်ရင် အိမ်ပြင်မထွက်ဘို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်ပေါင်း ၆၃ ခုမှာ
ရန်ကုန်မြို့က မြို့နယ် ၂၂ ခုပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG