သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ဓါတ္ခဲြအတည္ျပဳ ၅,၀၁၄ ဦး၊ ေသဆံုး ၈၉ ဦး


ကုိဗစ္ေရာဂါလူနာေတြအတြက္ လိုအပ္တဲ့ေအာက္စီဂ်င္ရဖို႔ စက္႐ံုေတြရဲ႕အျပင္ဘက္မွာ တန္းစီေစာင့္ဆုိင္းေနတဲ့ ျပည္သူမ်ား။ (ဇူလိုင္ ၁၁၊ ၂၁)

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ ၂၄နာရီအတြင္း ကိုဗစ္အတည္ျပဳလူနာ ၅ ေထာင္ေက်ာ္ ထပ္ေတြ႔ခဲ့တာမို႔ ႏိုင္ငံတြင္း ကိုဗစ္တတိယလိႈင္းရင္ဆိုင္ရခ်ိန္မွာ အမ်ားဆံုးေတြ႔ရွိတဲ့စံခ်ိန္လည္း ျဖစ္ပါတယ္။ ေသဆံုးသူကလည္း တေန႔တည္းမွာ ၈၉ ဦးရွိပါတယ္။ ဒါေၾကာင့္ အခု ကိုဗစ္တတိယလိႈင္းကာလမွာ ေန႔စဥ္လိိုလိုပဲ ကိုဗစ္အတည္ျပဳလူနာေရာ ေသဆံုးသူေရာ စံခ်ိန္တင္တိုးေနတာပါ။ ၂၄နာရီအတြင္း ဓါတ္ခဲြစစ္ေဆးမႈ၁၄,၄၃၂ ဦးထဲမွာ ၅,၀၁၄ ဦးမွာ ကိုဗစ္ပိုးေတြ႔ရတာမို႔ ပိုးေတြ႔ႏႈန္းက ၃၄.၇၄ ရာခိုင္ႏႈန္းရွိေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါစျဖစ္ခ်ိန္ကစလို႔ ဒီေန႔အထိ ဓာတ္ခဲြနမူနာ စုစုေပါင္း ၃ သန္းနီးပါး စစ္ေဆးခဲ့ၿပီး အတည္ျပဳလူနာစုစုေပါင္းက ၁၉ ၇,၂၂၇ ေယာက္ရွိေၾကာင္း က်န္းမာေရးနဲ႔အားကစား ဝန္ႀကီး ဌာနက ဒီကေန႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔မွာ ေဆး႐ုံဆင္းခြင့္ရွိသူ ၁,၇၀၂ ေယာက္ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ံုကဆင္းခြင့္ ရသူ စုစုေပါင္းက ၁၄၈,၀၆၀ ရွိပါတယ္။ ဒါေၾကာင့္ ျပန္လည္က်န္းမာလာသူဟာ ရာခုိင္ႏႈန္းအားျဖင့္ ၇၅ % အထိ ရွိပါတယ္။၂၄နာရီအတြင္း ကိုဗစ္ ေရာဂါေၾကာင့္ ထပ္မံေသဆံုးသူ (၈၉ ) ဦးအထိ အမ်ားဆံုးအျဖစ္တက္လာခဲ့တာေၾကာင့္ ေသဆံုးႏႈန္းဟာလည္း ၁.၉ ၉% အထိ ျဖစ္လာပါတယ္။ ဒီေန႔အထိ ေသဆံုးသူ စုစုေပါင္းကေတာ့ ၃,၉ ၂၇ ဦး ရွိသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ဝဘ္ဆုိက္မွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္တတိယလိႈင္း အရွိန္ျမင့္ေနတာကို ကာကြယ္ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ Stat at Home -မလိုအပ္ ဘဲ အိမ္ျပင္မထြက္ၾကဖို႔အမိန္႔ကို ဒီကေန႔မွာ ၁၁ ၿမိဳ႕နယ္ ထပ္တိုးလိုက္ပါတယ္။ ဒါေၾကာင့္အရင္ကအသြားအလာကန္႔သတ္ထားၿပီး ၿမိဳ႕နယ္ ၆၀ ေက်ာ္နဲ႔ေပါင္းလိုက္ရင္္ မလိုအပ္ဘဲအိမ္ျပင္မထြက္ဖို႔ကန္႔သတ္မိန္႔ထုတ္တဲ့ ၿမိဳ႕နယ္ေပါင္း ၇၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

Unicode

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၅၀၁၄ဦး၊ သေဆုံး ၈၉ ဦး

မြန်မာနိုင်ငံမှာ ၂၄နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၅ ထောင်ကျော် ထပ်တွေ့ခဲ့တာမို့ နိုင်ငံတွင်း ကိုဗစ်တတိယလှိုင်းရင်ဆိုင်ရချိန်မှာ အများဆုံးတွေ့ရှိတဲ့စံချိန်လည်း ဖြစ်ပါတယ်။ သေဆုံးသူကလည်း တနေ့တည်းမှာ ၈၉ ဦးရှိပါတယ်။ ဒါကြောင့် အခု ကိုဗစ်တတိယလှိုင်းကာလမှာ နေ့စဉ်လိုလိုပဲ ကိုဗစ်အတည်ပြုလူနာရော သေဆုံးသူရော စံချိန်တင်တိုးနေတာပါ။ ၂၄နာရီအတွင်း ဓါတ်ခွဲစစ်ဆေးမှု၁၄,၄၃၂ ဦးထဲမှာ ၅,၀၁၄ ဦးမှာ ကိုဗစ်ပိုးတွေ့ရတာမို့ ပိုးတွေ့နှုန်းက ၃၄.၇၄ ရာခိုင်နှုန်းရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါစဖြစ်ချိန်ကစလို့ ဒီနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃ သန်းနီးပါး စစ်ဆေးခဲ့ပြီး အတည်ပြုလူနာစုစုပေါင်းက ၁၉ ၇,၂၂၇ ယောက်ရှိကြောင်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီး ဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာ ဆေးရုံဆင်းခွင့်ရှိသူ ၁,၇၀၂ ယောက်ရှိတာကြောင့် ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့် ရသူ စုစုပေါင်းက ၁၄၈,၀၆၀ ရှိပါတယ်။ ဒါကြောင့် ပြန်လည်ကျန်းမာလာသူဟာ ရာခိုင်နှုန်းအားဖြင့် ၇၅ % အထိ ရှိပါတယ်။၂၄နာရီအတွင်း ကိုဗစ် ရောဂါကြောင့် ထပ်မံသေဆုံးသူ (၈၉ ) ဦးအထိ အများဆုံးအဖြစ်တက်လာခဲ့တာကြောင့် သေဆုံးနှုန်းဟာလည်း ၁.၉ ၉% အထိ ဖြစ်လာပါတယ်။ ဒီနေ့အထိ သေဆုံးသူ စုစုပေါင်းကတော့ ၃,၉ ၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်တတိယလှိုင်း အရှိန်မြင့်နေတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် Stat at Home -မလိုအပ် ဘဲ အိမ်ပြင်မထွက်ကြဖို့အမိန့်ကို ဒီကနေ့မှာ ၁၁ မြို့နယ် ထပ်တိုးလိုက်ပါတယ်။ ဒါကြောင့်အရင်ကအသွားအလာကန့်သတ်ထားပြီး မြို့နယ် ၆၀ ကျော်နဲ့ပေါင်းလိုက်ရင် မလိုအပ်ဘဲအိမ်ပြင်မထွက်ဖို့ကန့်သတ်မိန့်ထုတ်တဲ့ မြို့နယ်ပေါင်း ၇၀ ကျော်သွားပြီဖြစ်ပါတယ်။

#Covid19 #MyanmarCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG