သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ အက်ပ္အတည္းကာလ အကာအကြယ္မဲ႔သူေတြ အေရးစိုးရိမ္ (CARE International)


(Zawgyi/ Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေဘးေရာဂါ အေျခအေန ဆိုးရြားလာေနတာကို ကိုင္တြယ္ ေျဖရွင္းႏိုင္ေရး အတြက္ လက္ရွိ ႏိုင္ငံေရး ျပသနာကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းႏိုင္ေရး ဆတိုး ႀကိဳးပမ္းၾကဖို႔ ASEAN အဖြဲ႔၀င္ ႏိုင္ငံေတြကို အကူအညီေပးေရး အဖြဲ႔ CARE International အဖြဲ႔က တိုက္တြန္းလိုက္ပါတယ္။

လက္ရွိ ႏိုင္ငံေရး ျပသနာကို ေရရွည္ခံၿပီး ၿငိမ္းခ်မ္းတဲ႔ ေျဖရွင္းခ်က္ အေရးေပၚ ရွာေဖြႏိုင္ေရး အတြက္ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း ASEAN အဖြဲ႔၀င္ ႏိုင္ငံေတြ အတူ ပူးေပါင္းေဆာင္ရြက္မႈကို တိုးႁမွင့္ၿပီး ေဒသတြင္းနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ၊ ဒါမွသာ Covid-19 ကပ္ေဘးေရာဂါ အေရး ေျဖရွင္းေရးကို အေလးေပး ေဆာင္ရြက္ႏိုင္မွာ ျဖစ္တယ္လို႔ အကူအညီေပးေရး အဖြဲ႔ CARE က ဇူလိုင္လ ၁၃ ရက္ အဂၤါေန႔မွာ တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္းက အကူအညီေပးဖို႔ လိုအပ္ေနတဲ႔ လူေတြဆီကို အတားအဆီးမဲ႔ သြားေရာက္ခြင့္ ရေရးက လူသားခ်င္း စာနာေထာက္ကူမႈ အဖြဲ႔အစည္းေတြ အတြက္ အေရးတႀကီး လိုအပ္ေနတယ္လို႔လည္း ေထာက္ျပထားပါတယ္။ အကူအညီလိုအပ္ေနသူေတြထံ ဘက္မလိုက္ဘဲ သီးျခား လြတ္လပ္တဲ႔ လူသားခ်င္း စာနာမႈ အေထာက္အကူ ေပးအပ္ေရးကို လက္ရွိ ျမန္မာ့ ပဋိပကၡမွာ သက္ဆိုင္သူ အားလံုးက အေသအခ်ာ ပံ႔ပိုး ေထာက္ခံၾကဖို႔လည္း CARE International က ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

ျမန္မာ လူထု အေနနဲ႔ မလိုအပ္ဘဲ ဒုကၡခံေနရတဲ႔ အေျခအေနကို ေျပာင္းလဲႏိုင္ေရး အတြက္ အကူအညီေပးေရး အဖြဲ႔အစည္းေတြက ကူညီေပးဖို႔ လိုအပ္ေနၿပီလို႔လည္း ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံမွာ ဆိုးရြားလာေနတဲ႔ COVID ကပ္ေရာဂါ အေျခအေနေၾကာင့္ ခ်ိဳ႕တဲ႔တဲ႔ လူမႈအသိုင္းအဝိုင္းေတြ အေပၚမွာ ထိခိုက္သက္ေရာက္မႈ၊ ေနာက္ ေအာက္စီဂ်င္ ရရွိေရး လူတန္းရွည္ႀကီးနဲ႔ ေစာင့္ဆိုင္းေနရတဲ႔ အေျခအေနေတြဟာ အထူးစိုးရိမ္ဖြယ္ ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ Covid စမ္းသပ္မႈႏႈန္းက နည္းတာေၾကာင့္ တကယ္ျဖစ္ေနတဲ႔ ကပ္ေဘးေရာဂါ အေျခအေနက ဒီထက္ ပိုၿပီး ဆိုးရြားေနတာကလည္း စိုးရိမ္ထိတ္လန္႔ဖြယ္ ျဖစ္ေၾကာင္း CARE International က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်အကျပ်အတည်းကာလ အကာအကွယ်မဲ့သူတွေ အရေးစိုးရိမ် (CARE International)

မြန်မာနိုင်ငံမှာ COVID-19 ကပ်ဘေးရောဂါ အခြေအနေ ဆိုးရွားလာနေတာကို ကိုင်တွယ် ဖြေရှင်းနိုင်ရေး အတွက် လက်ရှိ နိုင်ငံရေး ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆတိုး ကြိုးပမ်းကြဖို့ ASEAN အဖွဲ့ဝင် နိုင်ငံတွေကို အကူအညီပေးရေး အဖွဲ့ CARE International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ နိုင်ငံရေး ပြသနာကို ရေရှည်ခံပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက် အရေးပေါ် ရှာဖွေနိုင်ရေး အတွက် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN အဖွဲ့ဝင် နိုင်ငံတွေ အတူ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဒါမှသာ Covid-19 ကပ်ဘေးရောဂါ အရေး ဖြေရှင်းရေးကို အလေးပေး ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အကူအညီပေးရေး အဖွဲ့ CARE က ဇူလိုင်လ ၁၃ ရက် အင်္ဂါနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက အကူအညီပေးဖို့ လိုအပ်နေတဲ့ လူတွေဆီကို အတားအဆီးမဲ့ သွားရောက်ခွင့် ရရေးက လူသားချင်း စာနာထောက်ကူမှု အဖွဲ့အစည်းတွေ အတွက် အရေးတကြီး လိုအပ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။ အကူအညီလိုအပ်နေသူတွေထံ ဘက်မလိုက်ဘဲ သီးခြား လွတ်လပ်တဲ့ လူသားချင်း စာနာမှု အထောက်အကူ ပေးအပ်ရေးကို လက်ရှိ မြန်မာ့ ပဋိပက္ခမှာ သက်ဆိုင်သူ အားလုံးက အသေအချာ ပံ့ပိုး ထောက်ခံကြဖို့လည်း CARE International က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာ လူထု အနေနဲ့ မလိုအပ်ဘဲ ဒုက္ခခံနေရတဲ့ အခြေအနေကို ပြောင်းလဲနိုင်ရေး အတွက် အကူအညီပေးရေး အဖွဲ့အစည်းတွေက ကူညီပေးဖို့ လိုအပ်နေပြီလို့လည်း ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ COVID ကပ်ရောဂါ အခြေအနေကြောင့် ချို့တဲ့တဲ့ လူမှုအသိုင်းအဝိုင်းတွေ အပေါ်မှာ ထိခိုက်သက်ရောက်မှု၊ နောက် အောက်စီဂျင် ရရှိရေး လူတန်းရှည်ကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေဟာ အထူးစိုးရိမ်ဖွယ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ Covid စမ်းသပ်မှုနှုန်းက နည်းတာကြောင့် တကယ်ဖြစ်နေတဲ့ ကပ်ဘေးရောဂါ အခြေအနေက ဒီထက် ပိုပြီး ဆိုးရွားနေတာကလည်း စိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်ကြောင်း CARE International က ပြောဆိုထားပါတယ်။

XS
SM
MD
LG