သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္သတင္းေပး စြပ္စဲြၿပီး သတ္ျဖတ္ တိုက္ခိုက္ခံရမႈမ်ား


ေမလ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ထဲ တေနရာတြင္ ေတြ႔ရတဲ့ စစ္ေကာင္စီ တပ္ဖဲြ႔ဝင္မ်ား။ (ေမ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံအတြင္း ဒီကေန႔ စစ္ေကာင္စီသတင္းေပးလုိ႔ စြပ္စြဲခံရသူတခ်ဳိ႕ သတ္ခံရတာေတြရွိသလို ပစ္ခတ္မႈေတြနဲ႔ ေပါက္ကြဲမႈေတြလည္း ျဖစ္ေနပါတယ္။ တဘက္မွာလည္း စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပပြဲေတြလည္း ေနရာေဒသ အေတာ္မ်ားမ်ားမွာ ဒီကေန႔ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္ေျပာျပပါမယ္။

ဇူလိုင္ ၁၄ ရက္ ဒီကေန႔ မနက္ပိုင္းက မႏၲေလးတိုင္း ျမစ္ငယ္ၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္မွာ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္ေရးမွဴး ေဒၚသက္သက္ခ်ိဳ ေသနတ္နဲ႔ ပစ္ခတ္ခံရၿပီး ေသဆုံးပါတယ္။ သူ႔ကို လုံၿခဳံေရးယူေပးထားသူ ၃ ဦးလည္း ဒဏ္ရာရခဲ့တဲ့အတြက္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနတယ္လို႔ စစ္ေကာင္စီရဲ႕ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔မနက္ ၇ နာရီခြဲေလာက္မွာ အဲဒီက စိစစ္ဆဲ ႏွစ္ ေယာက္ေလာက္က အၾကမ္းဖက္ ၂ ေယာက္ေလာက္က ေသနတ္နဲ႔ ၉ ခ်က္ပစ္ခဲ့တယ္။ အဲ့ဒီက်ေတာ့ ေဒၚသက္သက္ခ်ိဳက အဲ့ဒီမွာပဲ ေသနတ္ပစ္ခံရတဲ့ ေနရာမွာပဲ ဆုံးသြားတယ္။ က်န္တဲ့ ၃ ဦးကေတာ့ ဒဏ္ရာရရွိပါတယ္။ အဲ့ဒါကိုေတာ့ မႏၲေလး ျပည္သူေဆး႐ုံႀကီးကို ပို႔ၿပီးေတာ့က် တက္ေရာက္ကုသလ်က္ ရွိပါတယ္။”

ေသဆုံးသူ အုပ္ခ်ဳပ္ေရးမွဴး ေဒၚသက္သက္ခ်ိဳဟာ ျပည္သူေတြ ကိုဗစ္ကာလမွာ က်န္းမာေရးအတြက္ စည္းကမ္းလိုက္နာဖို႔အတြက္ ကိုဗစ္စည္းကမ္းရွင္းျပတာ၊ နာေခါင္းစည္း တပ္ဆင္ဖို႔ သတိေပးတာေတြ လုပ္ေနခ်ိန္မွာ ပစ္ခတ္ခံရတာလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ခုလို ကိုဗစ္ကပ္ေရာဂါ ဆိုး႐ြားေနတဲ့ ကာလမွာ ေစတနာရွင္နဲ႔ ကူညီေပးေနသူေတြကို လြတ္လပ္စြာေဆာင္႐ြက္ႏိုင္တယ္လို႔ ခြင့္ျပဳထားခ်ိန္မွာ ခုလို က်န္းမာေရးအတြက္ ကူညီေဆာင္႐ြက္ေပးေနသူ အုပ္ခ်ဳပ္ေရးမွဴးကို ပစ္ခတ္မႈက မလုပ္သင့္ဘူးလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕က စစ္တပ္အရာရွိေဟာင္း ဦးႏိုင္မိုးဟာ ဇူလိုင္ ၁၃ ရက္ မေန႔က ေန႔လည္ပိုင္းမွာ သူ႔ေနအိမ္မွာ သတ္ခံရၿပီး မိသားစုေတြကိုလည္း ႀကိဳးတုတ္ထားခဲ့တာ ေတြ႕ရတယ္လို႔ မိုးကုတ္ၿမိဳ႕ ေဒသခံတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“သူက ေသနတ္နဲ႔ ပစ္ခံရတာေတာ့ မဟုတ္ဘူး ေပါက္ျပားနဲ႔ ခုတ္ခံရတာေပါ့ေႏွာ္။ မေန႔က ေန႔လည္ ၃ နာရီေလာက္မွာ သတ္ခံရတဲ့ အိမ္ေဘးနားမွာ ၿခံရွင္းေနတဲ့သူတစ္ေယာက္ကေနမွ သူ႔အိမ္မွာ ေရသြားေသာက္တာေပါ့။ အဲ့ဒီအခ်ိန္မွာ သူတို႔ရဲ႕ မိသားစုေတြက ႀကိဳးတုတ္ခံထားရၿပီးၿပီတဲ့။ အဲ့ဒီမွာ မ်က္ျမင္ေတြ႕တယ္ဆိုၿပီးေတာ့မွာ သူ႔ကိုပါ ႀကိဳးတုတ္တာေပါ့။ အဲ့ဒီမွာ ၄ ေယာက္ေပ့ါေႏွာ္ ၄ေယာက္ကို ႀကိဳးတုတ္ၿပီးေတာ့ အိမ္ေပၚမွာရွိတဲ့ စာ႐ြက္စာတမ္းေတြ အကုန္လုံးကို မီးရႈိ႕သြားတယ္။ အရင္ ေသနတ္ရွိလားလို႔ေမးတာေပါ့၊ ဦးႏိုင္မိုးကို အရင္ေမးတာ၊ ေသနတ္မရွိဘူးဆိုေတာ့ အိမ္ေပၚတက္ၿပီး အရင္ရွာေသးတယ္။ အိမ္ေပၚမွာ ေသနတ္မေတြဘဲ စာ႐ြက္စာတမ္းေတြ ေတြ႕ေတာ့ စာ႐ြက္ေတြကို မီးရႈိ႕သြားၿပီးေတာ့မွ စစ္ေဆးစရာေတြ နည္းနည္းေမးၿပီးေတာ့မွ ျပန္ခါနီးမွာ ခုတ္သတ္သြားတာတဲ့။ လာတဲ့သူက ၆ ေယာက္လို႔ေျပာတယ္။ ဆိုင္ကယ္နဲ႔လာၾကတာတဲ့ ၃ ေယာက္က ၿခံတံခါးနားမွာ ကင္းေစာင့္ၾကတယ္တဲ့ က်န္တဲ့၃ ေယာက္က အိမ္ထဲဝင္ၿပီး အဲ့ဒီလိုမ်ိဳး ေသနတ္နဲ႔ ျပၿပီးေတာ့မွ ႀကိဳးတုတ္သြားတာ၊ လက္ရွိေတာ့ သူက မိုးကုတ္ၿမိဳ႕မွာ စစ္ေကာင္စီ သတင္းေပး၊ ဒလန္ဆိုၿပီးေတာ့မွ သတင္းထြက္ေနတာေပ့ါ။”

ဦးႏိုင္မိုးေသဆုံးၿပီးေနာက္မွာ သူ႔ေနအိမ္အနီးမွာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြ လာေရာက္စစ္ေဆးမႈေတြ လုပ္ခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းမွာ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္က ႀကံ့ခိုင္ေရး ပါတီဝင္ အမတ္ေဟာင္း ဦးဝင္းႏိုင္နဲ႔ တပည့္ျဖစ္သူတစ္ဦးတို႔ ပစ္ခတ္ခံရၿပီး ေသဆုံးပါတယ္။ ေျမာင္ၿမိဳ႕နယ္က နဘတ္႐ြာနဲ႔ ကင္း႐ြာၾကားမွာ ပစ္ခတ္ခံရတာျဖစ္တယ္ၿပီး ဒီကိစၥကို ရဲတပ္ဖြဲ႕က စိစစ္ေနတယ္လို႔ ေျမာင္ၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးတာဝန္ရွိသူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ကေလ အဲ့ဒါကို ရဲတပ္ဖြဲ႕မွဴးကို စုံစမ္းခိုင္းထားတဲ့ အေျခအေနပဲ ရွိပါေသးတယ္ခင္ဗ်။ က်ေနာ္လည္း အဲ့ဒီ နဘတ္နဲ႔ ကင္းၾကားမွာ ျဖစ္တယ္လို႔ သိရပါတယ္ခင္ဗ်။ ေသဆုံးတာေတာ့ ၂ ေယာက္ေသဆုံးတယ္လို႔ သိရပါတယ္။ ေသဆုံးတဲ့လူ ၂ ေယာက္ေတြ႕တယ္ဆိုေတာ့ အဲ့ဒါေလးကိုပဲ စုံစမ္းေနတဲ့ အေနအထားပါဗ်။”

ရန္ကုန္မွာေတာ့ ဒီကေန႔ မနက္အေစာပိုင္းက အမ်ိဳးသမီးေတြဦးေဆာင္တဲ့ ၂၁ ရာစုရဲ႕ ပန္ထြာဘုရင္မမ်ား သပိတ္စစ္ေၾကာင္းကို အမ်ိဳးသမီးအင္အား ၅၀ ေက်ာ္နဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္အာဏာရွင္ကို ဆန္႔က်င္ေတာ္လွန္ရာမွာ အမ်ိဳးသား၊ အမ်ိဳးသမီး ခြဲျခားမႈမရွိဘဲ အမ်ိဳးသမီးေတြကလည္း ဦးေဆာင္ပါဝင္ၿပီး စစ္အာဏာရွင္ကို အျမစ္ျပတ္တိုက္ထုတ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္တာျဖစ္တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြက ဆိုပါတယ္။

ႏိုင္ငံတစ္ဝန္းမွာ ပစ္ခတ္မႈေတြ ေပါက္ကြဲမႈေတြ ရွိေနေပမဲ့လည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပစစ္ေၾကာင္းေတြကေတာ့ ဆက္လက္ခ်ီတက္ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။ စစ္အာဏာသိမ္းမႈ ၅ လခြဲနီးပါး ရွိလာတဲ့အခ်ိန္မွာ စစ္ေကာင္စီရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ၉၀၆ ေယာက္အထိရွိလာၿပီး ၅,၂၀၀ ေက်ာ္က လက္ရွိ ဖမ္းဆီးခံထားရဆဲျဖစ္တယ္လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တပ်သတင်းပေး စွပ်စွဲပြီး သတ်ဖြတ် တိုက်ခိုက်ခံရမှုများ

မြန်မာနိုင်ငံအတွင်း ဒီကနေ့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတချို့ သတ်ခံရတာတွေရှိသလို ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေလည်း ဖြစ်နေပါတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း နေရာဒေသ အတော်များများမှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။

ဇူလိုင် ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက မန္တလေးတိုင်း မြစ်ငယ်မြို့၊ အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချို သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ သူ့ကို လုံခြုံရေးယူပေးထားသူ ၃ ဦးလည်း ဒဏ်ရာရခဲ့တဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ အဲဒီက စိစစ်ဆဲ နှစ် ယောက်လောက်က အကြမ်းဖက် ၂ ယောက်လောက်က သေနတ်နဲ့ ၉ ချက်ပစ်ခဲ့တယ်။ အဲ့ဒီကျတော့ ဒေါ်သက်သက်ချိုက အဲ့ဒီမှာပဲ သေနတ်ပစ်ခံရတဲ့ နေရာမှာပဲ ဆုံးသွားတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဒဏ်ရာရရှိပါတယ်။ အဲ့ဒါကိုတော့ မန္တလေး ပြည်သူဆေးရုံကြီးကို ပို့ပြီးတော့ကျ တက်ရောက်ကုသလျက် ရှိပါတယ်။”

သေဆုံးသူ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုဟာ ပြည်သူတွေ ကိုဗစ်ကာလမှာ ကျန်းမာရေးအတွက် စည်းကမ်းလိုက်နာဖို့အတွက် ကိုဗစ်စည်းကမ်းရှင်းပြတာ၊ နာခေါင်းစည်း တပ်ဆင်ဖို့ သတိပေးတာတွေ လုပ်နေချိန်မှာ ပစ်ခတ်ခံရတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ခုလို ကိုဗစ်ကပ်ရောဂါ ဆိုးရွားနေတဲ့ ကာလမှာ စေတနာရှင်နဲ့ ကူညီပေးနေသူတွေကို လွတ်လပ်စွာဆောင်ရွက်နိုင်တယ်လို့ ခွင့်ပြုထားချိန်မှာ ခုလို ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်မှုက မလုပ်သင့်ဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့က စစ်တပ်အရာရှိဟောင်း ဦးနိုင်မိုးဟာ ဇူလိုင် ၁၃ ရက် မနေ့က နေ့လည်ပိုင်းမှာ သူ့နေအိမ်မှာ သတ်ခံရပြီး မိသားစုတွေကိုလည်း ကြိုးတုတ်ထားခဲ့တာ တွေ့ရတယ်လို့ မိုးကုတ်မြို့ ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သူက သေနတ်နဲ့ ပစ်ခံရတာတော့ မဟုတ်ဘူး ပေါက်ပြားနဲ့ ခုတ်ခံရတာပေါ့နှော်။ မနေ့က နေ့လည် ၃ နာရီလောက်မှာ သတ်ခံရတဲ့ အိမ်ဘေးနားမှာ ခြံရှင်းနေတဲ့သူတစ်ယောက်ကနေမှ သူ့အိမ်မှာ ရေသွားသောက်တာပေါ့။ အဲ့ဒီအချိန်မှာ သူတို့ရဲ့ မိသားစုတွေက ကြိုးတုတ်ခံထားရပြီးပြီတဲ့။ အဲ့ဒီမှာ မျက်မြင်တွေ့တယ်ဆိုပြီးတော့မှာ သူ့ကိုပါ ကြိုးတုတ်တာပေါ့။ အဲ့ဒီမှာ ၄ ယောက်ပေ့ါနှော် ၄ယောက်ကို ကြိုးတုတ်ပြီးတော့ အိမ်ပေါ်မှာရှိတဲ့ စာရွက်စာတမ်းတွေ အကုန်လုံးကို မီးရှို့သွားတယ်။ အရင် သေနတ်ရှိလားလို့မေးတာပေါ့၊ ဦးနိုင်မိုးကို အရင်မေးတာ၊ သေနတ်မရှိဘူးဆိုတော့ အိမ်ပေါ်တက်ပြီး အရင်ရှာသေးတယ်။ အိမ်ပေါ်မှာ သေနတ်မတွေဘဲ စာရွက်စာတမ်းတွေ တွေ့တော့ စာရွက်တွေကို မီးရှို့သွားပြီးတော့မှ စစ်ဆေးစရာတွေ နည်းနည်းမေးပြီးတော့မှ ပြန်ခါနီးမှာ ခုတ်သတ်သွားတာတဲ့။ လာတဲ့သူက ၆ ယောက်လို့ပြောတယ်။ ဆိုင်ကယ်နဲ့လာကြတာတဲ့ ၃ ယောက်က ခြံတံခါးနားမှာ ကင်းစောင့်ကြတယ်တဲ့ ကျန်တဲ့၃ ယောက်က အိမ်ထဲဝင်ပြီး အဲ့ဒီလိုမျိုး သေနတ်နဲ့ ပြပြီးတော့မှ ကြိုးတုတ်သွားတာ၊ လက်ရှိတော့ သူက မိုးကုတ်မြို့မှာ စစ်ကောင်စီ သတင်းပေး၊ ဒလန်ဆိုပြီးတော့မှ သတင်းထွက်နေတာပေ့ါ။”

ဦးနိုင်မိုးသေဆုံးပြီးနောက်မှာ သူ့နေအိမ်အနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ကြံ့ခိုင်ရေး ပါတီဝင် အမတ်ဟောင်း ဦးဝင်းနိုင်နဲ့ တပည့်ဖြစ်သူတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးပါတယ်။ မြောင်မြို့နယ်က နဘတ်ရွာနဲ့ ကင်းရွာကြားမှာ ပစ်ခတ်ခံရတာဖြစ်တယ်ပြီး ဒီကိစ္စကို ရဲတပ်ဖွဲ့က စိစစ်နေတယ်လို့ မြောင်မြို့နယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ကလေ အဲ့ဒါကို ရဲတပ်ဖွဲ့မှူးကို စုံစမ်းခိုင်းထားတဲ့ အခြေအနေပဲ ရှိပါသေးတယ်ခင်ဗျ။ ကျနော်လည်း အဲ့ဒီ နဘတ်နဲ့ ကင်းကြားမှာ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျ။ သေဆုံးတာတော့ ၂ ယောက်သေဆုံးတယ်လို့ သိရပါတယ်။ သေဆုံးတဲ့လူ ၂ ယောက်တွေ့တယ်ဆိုတော့ အဲ့ဒါလေးကိုပဲ စုံစမ်းနေတဲ့ အနေအထားပါဗျ။”

ရန်ကုန်မှာတော့ ဒီကနေ့ မနက်အစောပိုင်းက အမျိုးသမီးတွေဦးဆောင်တဲ့ ၂၁ ရာစုရဲ့ ပန်ထွာဘုရင်မများ သပိတ်စစ်ကြောင်းကို အမျိုးသမီးအင်အား ၅၀ ကျော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့လယ်ခေါင်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိဘဲ အမျိုးသမီးတွေကလည်း ဦးဆောင်ပါဝင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းတွေကတော့ ဆက်လက်ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ၅ လခွဲနီးပါး ရှိလာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၉၀၆ ယောက်အထိရှိလာပြီး ၅,၂၀၀ ကျော်က လက်ရှိ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG