သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့က လျှပ်တပြက် ဆန္ဒပြမှုများ


ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု။ (ဇူလိုင် ၇၊ ၂၀၂၁)
ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု။ (ဇူလိုင် ၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅ လခွဲလောက် ရှိလာနေပြီ ဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပုံစံမျိုးစုံနဲ့ ဒီကနေ့အထိ ပြုလုပ်နေကြဆဲ ဖြစ်သလို စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အကြား ပစ်ခတ်မှုတွေလည်း ဆက်တိုက်ဆိုသလို ရှိနေပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တွေ စုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအနီးမှာ ပြောက်ကျားသပိတ် ဆင်နွှဲခဲ့ကြပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ပြုလုပ်ခဲ့သူ လူငယ်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ဒီနေ့လုပ်ဖြစ်တာက ရန်ကုန်မှာ မြို့နယ်သပိတ်တွေ အများကြီးရှိတယ်။ အဲဒီမြို့နယ်သပိတ်တွေကို ကျနော်နဲ့ တချို့ခေါင်းဆောင်ပိုင်းတွေ တိုင်ပင်လိုက်တယ်။ တိုင်ပင်ပြီး ကျနော်တို့ ရန်ကုန်အင်အားစုတခုအနေနဲ့ ထွက်နိုင်ဖို့ ကြိုးစားတယ်။ အဲဒီလို ကြိုးစားတဲ့အချိန်မှာ ကျနော်တို့ ခေါင်းစဉ်ကိုလည်း စဉ်းစားလိုက်တယ်။ ရန်ကုန်အတွက်လည်း ထင်ပေါ်စေအောင်ဆိုပြီး ကျနော်တို့က ဒီတော်လှန်ရေး မပြီးမချင်း အဆုံးထိ ပုန်ကန်မယ်ဆိုတဲ့ ပုန်ကန်မယ့်ရန်ကုန်ဆိုပြီး ကျနော်တို့ စဉ်းစားမိပြီး အဆုံးထိပုန်ကန်မယ့်ရန်ကုန် ခေါင်းစဉ်နဲ့ ကျနော်တို့ ထွက်လာခဲ့တယ်။ ဒီခေါင်းစဉ်ကလည်း အမြဲတမ်းပဲ ထွက်တော့မှာပေါ့။ တော်လှန်ရေးကာလ တလျှောက်လုံး မပြီးမချင်း ဒီခေါင်းစဉ်နဲ့ပဲ လူထုအင်အား ကောင်းကောင်းနဲ့ ချီတက်မယ်။ ဒီလိုမျိုးအနေနဲ့ ကျနော်တို့ ဒီနေ့ ပြန်ထွက်ဖြစ်တာပေါ့။”

ဆန္ဒပြလူငယ်တွေဟာ အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်ခဲ့ကြသလို စစ်တပ်အလံကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အလားတူပဲ အရှေ့ဒဂုံနဲ့ မြောက်ဥက္ကလာမြို့နယ်က လူငယ်တွေကလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။

အလားတူပဲ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာလည်း ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ သမဝါယမတက္ကသိုလ် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင်လ ၁၀ ရက် စနေနေ့ညကလည်း မန္တလေး မဟာသပိတ်စစ်ကြောင်းက မီးတုတ်တွေရှို့ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းတို့က ကျေးရွာတွေ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အလားတူပဲ လက်ပံတောင်းတောင် ဒေသမှာလည်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ ကချင်ပြည်နယ် မိုးကောင်းမြို့တို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တဖက်မှာ အရှိန်မပျက် ဆက်ရှိနေသလိုပဲ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ် တိုက်ခိုက်မှုတွေဟာလည်း နေ့စဉ်ဆိုသလို ရှိနေတာပါ။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ပုံတောင်ပုံညာ ဒေသတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ် (P-PDF) တို့ ဒီကနေ့မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီဘက်က ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးဘူး။

စစ်ကိုင်းတိုင်းအတွင်းက ကသာမြို့မှာ စစ်ကောင်စီတပ်နဲ့ ကသာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား ဇူလိုင် ၅ ရက်နေ့က စတင်ခဲ့တဲ့ ၄ ရက်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗျူဟာမှူးအပါအဝင် အင်အား ၁၈၀ လောက် ကျဆုံးခဲ့တယ်လို့ ကသာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး နောက်ထပ် ၃ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီတိုက်ပွဲမှာ ကသာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်း မီတာခကောက်ခံသူ ၂ ဦးကို ဒီကနေ့မနက် ၁၀ နာရီလောက်က အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာမှာ ၁ ဦးသေဆုံးပြီး နောက် ၁ ဦးကတော့ ဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီတာကောက်ခံသူ ၂ ဦး ပစ်ခတ်ခံရတယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီကလည်း အတည်ပြု ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)

ရနျကုနျ၊ မန်တလေးနဲ့ မွို့ကွီးတခြို့က လြှပျတပွကျ ဆန်ဒပွမှုမြား














XS
SM
MD
LG