သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထားဝယ္နဲ႔ ေရဦးမွာ စစ္တပ္နဲ႔ PDF တိုက္ပြဲျဖစ္


ျမန္မာစစ္တပ္မွ တနသၤာရီေဒသကို စစ္ပစၥည္းမ်ား သယ္ပို ့ေနစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

တနသၤာရီတိုင္း ထား၀ယ္ၿမိဳ႕မွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား ပစ္ခတ္ တုိက္ခိုက္မႈေတြျဖစ္ခဲ့ပါတယ္။ တိုက္ပဲြျဖစ္ၿပီးေနာက္ ေဒသခံ ၅ ေယာက္ေလာက္ကို စစ္ေကာင္စီက ဖမ္းဆီးခဲ့ပါတယ္။ စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕မွာလည္း ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔နဲ႔ စစ္တပ္ၾကား ပထမဆံုးအႀကိမ္ တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ပစ္ခတ္တိုက္ခိုက္မႈေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

တနသၤာရီတိုင္း ထား၀ယ္ၿမိဳ႕နဲ႔ ၅ မိုင္ခန္႔အကြာက ေရာင္းေမာ္ေက်းရြာမွာ ဇူလိုင္ ၇ ရက္ ညဥ့္နက္ပိုင္းကေန ဇူလုိင္ ၈ ရက္ မနက္အာရံုဦးအခ်ိန္ထိ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ခဲ့ပါတယ္။ ပ်ဴေစာထီးလို႔ ေဒသခံေတြကေျပာတဲ့ အဖဲြ႔ေတြနဲ႔ စတင္ပစ္ခတ္ရာက ေနာက္ပိုင္း စစ္တပ္ကပါလာၿပီး စစ္ကူတိုက္ေပးတယ္လို႔ ထားဝယ္ၿမိဳ႔သားတေယာက္က ေျပာျပပါတယ္။

“မေန႔ညက ၁၂ နာရီေလာက္မွာ ျဖစ္မယ္ အဲ့ဒီနား စာသင္ေက်ာင္းမွာ ေပါ့ေလ ပ်ဴေစာထီးေတြ ေစာင့္ေနတဲ့ စာသင္ေက်ာင္းနားမွာ ဗံုးေပါက္ကြဲမႈ တခုျဖစ္တယ္ေပါ့ေလ။ အဲ့ေနာက္ပိုးင္မွာ ခုနကေျပာတဲ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ ပ်ဴေစာထီးအဖြဲ႕ေတြ အျပန္အလွန္ ပစ္ခတ္သံေတြ ၾကားတယ္ဆိုၿပီး သိရတာေပါ့။ အဲ့လုိဗံုးေတြဘာေတြနဲ႔ ပစ္ခတ္တာေတြျဖစ္ၿပီး ပ်ဴေစာထီးေတြနဲ႔ လာေရာက္ပစ္ခတ္တဲ့ PDF အဖြဲ႕ေတြနဲ႔ ျဖစ္ေနခ်ိန္မွာ ပ်ဴေစာထီးအဖြဲ႕ေတြက ဟိုဘက္ကို လွမ္းၿပီး စစ္ကူ လွမ္းေတာင္းတာေပါ့။ စစ္ကူလွမ္းေတာင္းတဲ့အခ်ိန္မွာ စစ္ေကာင္စီဘက္ကေန စစ္ကူေတြ ေရာက္လာၿပီးေတာ့မွ တခါထပ္ၿပီး ပစ္ခတ္မႈေတြျဖစ္တာေပါ့ေနာ္။ အဲ့မွာ PDF ဘက္ကပဲ ၂ ေယာက္ က်သြားတယ္လို႔ သိရတာေပါ့။ ပစ္ခတ္မႈျဖစ္တဲ့ရြာမွာေတာ့ အိမ္ေတြထဲကို ၀င္ၿပီးေတာ့ စစ္တာေဆးတာ ေမးျမန္းတာေတြလုပ္တယ္။ ေဒသခံ လမ္းမွာ ေစ်းေရာင္းတဲ့ ကြမ္းယာသည္ တေယာက္ရယ္၊ သာမန္ ေရာင္းေမာ္ ရြာသားေတြရယ္ ၅ ေယာက္ေလာက္ကို ဖမ္းထားတယ္လို႔ ကနဦးသိထားရတယ္။”

ထား၀ယ္ၿမိဳ႕အနီးမွာ ခုလိုတုိက္ပြဲျဖစ္တာ ဒုတိယအႀကိမ္ျဖစ္ၿပီး ဇူလိုင္ ၂ ရက္ေန႔ကလည္း စစ္ေကာင္စီယာဥ္တန္းကို PDF တပ္ဖြဲ႕ေတြက ၾကားျဖတ္ တိုက္ခိုက္ခဲ့ပါေသးတယ္။ ဒီတုိက္ခိုက္မႈေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က ခုခ်ိန္ထိ တစံုတရာ ထုတ္ျပန္ျခင္း မ႐ွိေသးပါဘူး။ ထားဝယ္ၿမိဳ႕ျပင္နားမွာ ခုလို ပစ္ခတ္တိုက္ခိုက္မႈေတြ ႐ွိခဲ့ေပမဲ့ ၿမိဳ႕အနီးက ေက်းရြာေတြမွာေတာ့ ပံုမွန္အတိုင္း စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ဒီေန႔လည္း ႐ွိခဲ့ပါတယ္။

စစ္ကိုင္းတိုင္း ေရႊဘိုခရိုင္ ေရဦးၿမိဳ႕မွာလည္း မေန႔ ဇူလိုင္ ၇ ရက္ညက စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး PDF အဖဲြ႔ေတြ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ စစ္တပ္က ကင္းလွည့္ဖုိ႔ သြားေနခ်ိန္မွာ PDF အဖဲြ႔ေတြက တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ၿမို႕ခံတဦးက ေျပာပါတယ္။

“ညတုန္းက အသံဗံုးခြဲဖို႔လာတဲ့ဟာကို ေသနတ္နဲ႔ ၀င္ပစ္သြားတာေပါ့။ ေန႔တိုင္းနီးပါး ရက္ေတြဆက္ၿပီး ည ၉ နာရီေလာက္ဆို အသံဗံုးခြဲတာ ဘာေၾကာင့္ခြဲတာလည္းေတာ့ ကြ်န္ေတာ္လည္း မေျပာတတ္ဘူး။ ဒီတိုင္း သူ႔ဘာသာ အသံဗံုးခြဲခ်င္လို႔ကို ခြဲတာ၊ မေန႔ညက်ေတာ့ လာခြဲတဲ့အခ်ိန္မွာ ပစ္သြားတာ။ အဲ့က်ေတာ့ ဟိုဘက္ ဒီဘက္ ပစ္က်ခတ္က်နဲ႔ အသံေတြ ေတာ္ေတာ္ေလး ဆူသြားတယ္။ ရဲေတြ စစ္သားေတြဘက္ကေတာ့ ရဲ ၁ ေယာက္က်ၿပီး ၂ ေယာက္ဒဏ္ရာရတယ္။ ၂ ေယာက္ကေတာ့ ဒဏ္ရာမစိုးရိမ္ရဘူးလုိ႔ ၾကားတယ္။ PDF ဘက္ေတာ့ ၁ ေယာက္က်သြားတာေပါ့။ က်န္တဲ့ PDF ကလည္း ေျပးသြားတာဆိုေတာ့ အေလာင္းေတာင္ မေကာက္ႏိုင္ဘူး။ မနက္က်မွ စစ္သားေတြက လာေကာက္သြားတယ္။”

ခုလို ေရဦးၿမိဳ႕အထြက္နားမွာ စစ္ေကာင္စီတပ္ေတြနဲ႔ PDF တပ္ဖြဲ႕ေတြ ပထမဆံုးအႀကိမ္ အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ေနာက္ထပ္ တိုက္ပြဲေတြျပင္းထန္လာခဲ့ရင္ ေဘးလြတ္ရာ ထြက္ေျပးႏုိင္ဖုိ႔ ေဒသခံတခ်ဳိ႕ကလည္း ျပင္ဆင္ေနၾကပါတယ္။

............................................................................................

ထားဝယ္နဲ႔ ေရဦးမွာ စစ္တပ္နဲ႔ PDF တိုက္ပြဲျဖစ္
please wait

No media source currently available

0:00 0:04:12 0:00
တိုက္႐ိုက္ လင့္ခ္


ထားဝယ်နဲ့ ရေဦးမှာ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

(Unicode)

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၅ ယောက်လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ရေဦးမြို့မှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်ကြား ပထမဆုံးအကြိမ် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ၅ မိုင်ခန့်အကွာက ရောင်းမော်ကျေးရွာမှာ ဇူလိုင် ၇ ရက် ညဉ့်နက်ပိုင်းကနေ ဇူလိုင် ၈ ရက် မနက်အာရုံဦးအချိန်ထိ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ပျူစောထီးလို့ ဒေသခံတွေကပြောတဲ့ အဖွဲ့တွေနဲ့ စတင်ပစ်ခတ်ရာက နောက်ပိုင်း စစ်တပ်ကပါလာပြီး စစ်ကူတိုက်ပေးတယ်လို့ ထားဝယ်မြို့သားတယောက်က ပြောပြပါတယ်။

“မနေ့ညက ၁၂ နာရီလောက်မှာ ဖြစ်မယ် အဲ့ဒီနား စာသင်ကျောင်းမှာ ပေါ့လေ ပျူစောထီးတွေ စောင့်နေတဲ့ စာသင်ကျောင်းနားမှာ ဗုံးပေါက်ကွဲမှု တခုဖြစ်တယ်ပေါ့လေ။ အဲ့နောက်ပိုးင်မှာ ခုနကပြောတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်သံတွေ ကြားတယ်ဆိုပြီး သိရတာပေါ့။ အဲ့လိုဗုံးတွေဘာတွေနဲ့ ပစ်ခတ်တာတွေဖြစ်ပြီး ပျူစောထီးတွေနဲ့ လာရောက်ပစ်ခတ်တဲ့ PDF အဖွဲ့တွေနဲ့ ဖြစ်နေချိန်မှာ ပျူစောထီးအဖွဲ့တွေက ဟိုဘက်ကို လှမ်းပြီး စစ်ကူ လှမ်းတောင်းတာပေါ့။ စစ်ကူလှမ်းတောင်းတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ စစ်ကူတွေ ရောက်လာပြီးတော့မှ တခါထပ်ပြီး ပစ်ခတ်မှုတွေဖြစ်တာပေါ့နော်။ အဲ့မှာ PDF ဘက်ကပဲ ၂ ယောက် ကျသွားတယ်လို့ သိရတာပေါ့။ ပစ်ခတ်မှုဖြစ်တဲ့ရွာမှာတော့ အိမ်တွေထဲကို ဝင်ပြီးတော့ စစ်တာဆေးတာ မေးမြန်းတာတွေလုပ်တယ်။ ဒေသခံ လမ်းမှာ ဈေးရောင်းတဲ့ ကွမ်းယာသည် တယောက်ရယ်၊ သာမန် ရောင်းမော် ရွာသားတွေရယ် ၅ ယောက်လောက်ကို ဖမ်းထားတယ်လို့ ကနဦးသိထားရတယ်။”

ထားဝယ်မြို့အနီးမှာ ခုလိုတိုက်ပွဲဖြစ်တာ ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းကို PDF တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ခုချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ထားဝယ်မြို့ပြင်နားမှာ ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမဲ့ မြို့အနီးက ကျေးရွာတွေမှာတော့ ပုံမှန်အတိုင်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဒီနေ့လည်း ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့မှာလည်း မနေ့ ဇူလိုင် ၇ ရက်ညက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ကင်းလှည့်ဖို့ သွားနေချိန်မှာ PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ညတုန်းက အသံဗုံးခွဲဖို့လာတဲ့ဟာကို သေနတ်နဲ့ ဝင်ပစ်သွားတာပေါ့။ နေ့တိုင်းနီးပါး ရက်တွေဆက်ပြီး ည ၉ နာရီလောက်ဆို အသံဗုံးခွဲတာ ဘာကြောင့်ခွဲတာလည်းတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒီတိုင်း သူ့ဘာသာ အသံဗုံးခွဲချင်လို့ကို ခွဲတာ၊ မနေ့ညကျတော့ လာခွဲတဲ့အချိန်မှာ ပစ်သွားတာ။ အဲ့ကျတော့ ဟိုဘက် ဒီဘက် ပစ်ကျခတ်ကျနဲ့ အသံတွေ တော်တော်လေး ဆူသွားတယ်။ ရဲတွေ စစ်သားတွေဘက်ကတော့ ရဲ ၁ ယောက်ကျပြီး ၂ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်ကတော့ ဒဏ်ရာမစိုးရိမ်ရဘူးလို့ ကြားတယ်။ PDF ဘက်တော့ ၁ ယောက်ကျသွားတာပေါ့။ ကျန်တဲ့ PDF ကလည်း ပြေးသွားတာဆိုတော့ အလောင်းတောင် မကောက်နိုင်ဘူး။ မနက်ကျမှ စစ်သားတွေက လာကောက်သွားတယ်။”

ခုလို ရေဦးမြို့အထွက်နားမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေ ပထမဆုံးအကြိမ် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ် တိုက်ပွဲတွေပြင်းထန်လာခဲ့ရင် ဘေးလွတ်ရာ ထွက်ပြေးနိုင်ဖို့ ဒေသခံတချို့ကလည်း ပြင်ဆင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG