သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းလက္နက္ကိုင္ဆန႔္က်င္မႈအရွိန္ျမင့္လာဟု ICG သတိေပး


ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ မႏၱေလးျမိဳ ့ (June 22/2021) (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္၊ စစ္အာဏာသိမ္းမႈေနာက္ပိုင္း လက္နက္ကိုင္ ဆန႔္က်င္ တိုက္ခိုက္မႈေတြ အရွိန္ျမင့္လာေနၿပီး စစ္တပ္ဘက္ကလည္း အင္အားသုံးၿဖိဳခြင္းေနတာေၾကာင့္ အရပ္သားျပည္သူေတြ အႀကီးအက်ယ္ ထိခိုက္မယ့္ အႏၲရယ္ ရင္ဆိုင္ေနရတယ္လို႔ ႏိုင္ငံတကာ ပဋိပကၡေလ့လာေရးအဖြဲ႕ ICG က အစီရင္ခံစာ ထုတ္ျပန္ သတိေပးထားပါတယ္။

စစ္တပ္ကို ဆန႔္က်င္တဲ့ လက္နက္ကိုင္ လႈပ္ရွားမႈေတြဟာ နယ္စပ္က်း႐ြာေတြကေန ၿမိဳ႕ျပဆင္ေျခဖုံးအထိ ျပန႔္လာၿပီး ေျပာက္က်ား တိုက္ခိုက္မႈပုံစံ ေျပာင္းလာတာကို ICG အဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေရးသားထားပါတယ္။ စစ္တပ္ဘက္ကလည္း အရပ္သား လက္နက္ကိုင္၊ ဘယ္သူဘယ္ဝါ မခြဲျခားပဲ ေလေၾကာင္းက ထိုးစစ္အပါအဝင္ ျပန္ၿပီး ေခ်မႈန္းေနတာေၾကာင့္ တိုင္းရင္းသားေဒသေတြက အရပ္သားေတြ အိုးအိမ္ေတြကို စြန႔္ၿပီး ေဘးလြတ္ရာ ထြက္ေျပးေနရပါတယ္။ ဒီ အရပ္သား ဒုကၡသည္ေတြကို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးမွာလည္း ကန႔္သတ္တာေတြ၊ ဖမ္းဆီးတာေတြ၊ အေထာက္အပံ့ေတြကို ဖမ္းဆီးသိမ္းပိုက္တာေတြေၾကာင့္ အၾကပ္အတည္းေတြ မ်ိဳးစုံႀကဳံေနရတယ္လို႔ ေဖၚျပထားပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF အဖြဲ႕ေတြရဲ႕ လက္နက္ကိုင္ ေတာ္လွန္ တိုက္ခိုက္မႈေတြ တိုးလာေနခ်ိန္ ျမန္မာစစ္တပ္ဘက္က သူ႔ဘက္မွာရွိတဲ့ အင္အားကို အျပည့္အဝသုံး ျပန္သုံးၿပီး ေခ်မႈန္းေနမယ္ဆိုရင္ ဥပေဒမဲ့လုပ္ရပ္ေတြနဲ႔ ကစင့္ကလ်ား အေျခအေန ပိုဆိုးလာႏိုင္တယ္လို႔ အစီရင္ခံစာက သတိေပး ေရးသားထားပါတယ္။ လက္လုပ္ေသနတ္ေတြနဲ႔ ျဖစ္သလို တကြဲတျပား ျပန္ခုခံေနတဲ့ အရပ္သားလက္နက္ကိုင္ေတြရဲ႕ အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ တိုက္ပြဲေတြဟာ တျဖည္းျဖည္း ဖြဲ႕စည္းမႈ ပိုစနစ္က်လာမယ္။ ေရရွည္ အေထာက္အပံ့ေတြ ရလာခဲ့မယ္ဆိုရင္ ဆယ္စုႏွစ္ခ်ီၾကာခဲ့တဲ့ ျပည္တြင္းစစ္ရဲ႕ ေနာက္ထပ္ ေျခလွမ္းသစ္တခုအျဖစ္ အသြင္ေျပာင္းသြားႏိုင္တယ္လို႔ အစီရင္ခံစာမွာ ေရးထားပါတယ္။

ဒီ လက္နက္ကိုင္ လႈပ္ရွားမႈေတြဟာ အာဏာသိမ္းမႈကို မေက်နပ္လို႔ ျပန္ဆန႔္က်င္တဲ့ လႈပ္ရွားမႈကေန၊ တိုင္းရင္းသားလူမ်ိဳးစုေတြရဲ႕ ရပိုင္ခြင့္ေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာ ခြဲျခားဆက္ဆံမႈေတြ အဆုံးသတ္ေရး ေတာင္းဆိုတဲ့ တိုက္ပြဲေတြလည္း ျဖစ္ေနတာေၾကာင့္ အခ်ိန္တိုတိုအတြင္းမွာ အဆုံးသတ္မယ့္ပုံမရွိဘူးလို႔ အစီရင္ခံစာက ေဖၚျပပါတယ္။

.............................................................................

တိုက္႐ိုက္ လင့္ခ္



ပြည်တွင်းလက်နက်ကိုင်ဆန့်ကျင်မှုအရှိန်မြင့်လာဟု ICG သတိပေး

(Unicode)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေပြီး စစ်တပ်ဘက်ကလည်း အင်အားသုံးဖြိုခွင်းနေတာကြောင့် အရပ်သားပြည်သူတွေ အကြီးအကျယ် ထိခိုက်မယ့် အန္တရယ် ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က အစီရင်ခံစာ ထုတ်ပြန် သတိပေးထားပါတယ်။

စစ်တပ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေဟာ နယ်စပ်ကျးရွာတွေကနေ မြို့ပြဆင်ခြေဖုံးအထိ ပြန့်လာပြီး ပြောက်ကျား တိုက်ခိုက်မှုပုံစံ ပြောင်းလာတာကို ICG အဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ စစ်တပ်ဘက်ကလည်း အရပ်သား လက်နက်ကိုင်၊ ဘယ်သူဘယ်ဝါ မခွဲခြားပဲ လေကြောင်းက ထိုးစစ်အပါအဝင် ပြန်ပြီး ချေမှုန်းနေတာကြောင့် တိုင်းရင်းသားဒေသတွေက အရပ်သားတွေ အိုးအိမ်တွေကို စွန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။ ဒီ အရပ်သား ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာလည်း ကန့်သတ်တာတွေ၊ ဖမ်းဆီးတာတွေ၊ အထောက်အပံ့တွေကို ဖမ်းဆီးသိမ်းပိုက်တာတွေကြောင့် အကြပ်အတည်းတွေ မျိုးစုံကြုံနေရတယ်လို့ ဖေါ်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေရဲ့ လက်နက်ကိုင် တော်လှန် တိုက်ခိုက်မှုတွေ တိုးလာနေချိန် မြန်မာစစ်တပ်ဘက်က သူ့ဘက်မှာရှိတဲ့ အင်အားကို အပြည့်အဝသုံး ပြန်သုံးပြီး ချေမှုန်းနေမယ်ဆိုရင် ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ကစင့်ကလျား အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ အစီရင်ခံစာက သတိပေး ရေးသားထားပါတယ်။ လက်လုပ်သေနတ်တွေနဲ့ ဖြစ်သလို တကွဲတပြား ပြန်ခုခံနေတဲ့ အရပ်သားလက်နက်ကိုင်တွေရဲ့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ တိုက်ပွဲတွေဟာ တဖြည်းဖြည်း ဖွဲ့စည်းမှု ပိုစနစ်ကျလာမယ်။ ရေရှည် အထောက်အပံ့တွေ ရလာခဲ့မယ်ဆိုရင် ဆယ်စုနှစ်ချီကြာခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ နောက်ထပ် ခြေလှမ်းသစ်တခုအဖြစ် အသွင်ပြောင်းသွားနိုင်တယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ဒီ လက်နက်ကိုင် လှုပ်ရှားမှုတွေဟာ အာဏာသိမ်းမှုကို မကျေနပ်လို့ ပြန်ဆန့်ကျင်တဲ့ လှုပ်ရှားမှုကနေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်တွေနဲ့ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ တိုက်ပွဲတွေလည်း ဖြစ်နေတာကြောင့် အချိန်တိုတိုအတွင်းမှာ အဆုံးသတ်မယ့်ပုံမရှိဘူးလို့ အစီရင်ခံစာက ဖေါ်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG