သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္က လွ်ပ္စစ္႐ံုးတခ်ဳိ႕မွာ ေပါက္ကြဲမႈေတြျဖစ္ခဲ့


ဗံုးေပါက္ကြဲမႈတခုအျပီး ျမန္မာရဲမ်ား စစ္ေဆးေနစဥ္ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ရန္ကုန္တိုင္းအတြင္း ၿမိဳ႕နယ္တခ်ဳိ႕က EPC လွ်ပ္စစ္မီတာ႐ုံးေတြမွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ လမ္းမေတာ္၊ စမ္းေခ်ာင္းနဲ႔ မဂၤလာဒံုၿမိဳ႕နယ္တို႔က EPC ႐ံုးေတြမွာ အေသးစားဗံုးကဲြမႈေတြျဖစ္ခဲ့တာပါ။ လ ွ်ပ္စစ္မီတာခေတြ ေပးေဆာင္ၾကဖုိ႔ လ ွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ျပည္သူေတြကို တိုက္တြန္းေနခ်ိန္မွာ အခုလို ဗံုးေပါက္ကြဲတာေတြ ရွိေနတဲ့အေၾကာင္း ရန္ကုန္ကလာတ့ဲသတင္းကို မခြာညိဳက ေျပာျပပါမယ္။

ရန္ကုန္ ၿမိဳ႕နယ္ ၃ ခုက EPC ႐ုံးေတြမွာ ဒီေန႔ ဇူလိုင္လ ၉ ရက္ မနက္အေစာပိုင္းက ဗံုးေပါက္ကြဲမႈေတြျဖစ္ခဲ့တာပါ။ လမ္းမေတာ္ၿမိဳ႕နယ္နဲ႔ မဂၤလာဒံုၿမိဳ႕နယ္တို႔က EPC ႐ံုးေတြမွာ မနက္အေစာပိုင္း ၄ နာရီခြဲဝန္းက်င္ေလာက္က ေပါက္ကြဲခဲ့တာျဖစ္ၿပီး စမ္းေခ်ာင္းၿမိဳ႕နယ္ထဲက လွ်ပ္စစ္မီတာ႐ုံးကေတာ့ မနက္ ၁၀ နာရီဝန္းက်င္မွာ ေပါက္ကြဲခဲ့တာပါ။

စမ္းေခ်ာင္း စီးတီးမတ္နားက မီတာ႐ံုးမွာ လ ွ်ပ္စစ္မီတာခ လာေဆာင္သူေတြသူေတြ ႐ွိေနခ်ိန္ ေပါက္ကြဲခဲ့တာျဖစ္ေပမဲ့ အေသးစားေပါက္ကြဲမႈမို႔ ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ဘူးလို႔ အနားမွာေနသူေတြက ေျပာျပပါတယ္။

အခုရက္ပိုင္းမွာပဲ မဂၤလာဒံုၿမိဳ႕နယ္အပါအဝင္ ၿမိဳ႕နယ္တခ်ဳိ႕က ရပ္ကြက္ေတြမွာ မီတာခေဆာင္ဖုိ႔ အာဏာပိုင္ေတြက အတင္းအၾကပ္ဖိအားေပးတာမ်ဳိးေတြျဖစ္ေနခ်ိန္ ခုလိုေပါက္ကြဲမႈေတြျဖစ္ခဲ့တာပါ။ မနက္အေစာပိုင္း မဂၤလာဒံုက EPC ႐ံုးမွာေပါက္ကြဲခဲ့တာနဲ႔ပတ္သက္လို႔ ေဒသခံတေယာက္က ခုလိုေျပာျပပါတယ္။

“လွ်ပ္စစ္မီတာ႐ုံး တံခါးဝမွာေပါက္တာ၊ ပုံမွန္ဆိုရင္ က်ေနာ္တို႔ မနက္တိုင္း ၉ နာရီ ၉ နာရီခြဲေလာက္ဆိုရင္ မီတာလာေဆာင္တဲ့သူေတြက ရွိတယ္ေလ။ ၿပီးေတာ့ မဂ္လာဒုံကလည္ းတပ္နယ္ဆိုေတာ့ သိတဲ့အတိုင္းပဲေပါ့။ မီတာေဆာင္တဲ့သူက အရမ္းအမ်ားႀကီးရွိတာေပါ့။ လက္ရွိက အဲ့ဒါေၾကာင့္လည္းျဖစ္မယ္၊ ၿပီးေတာ့ မီးျဖတ္တာေတြ မီတာခေဆာင္ခိုင္းတာေတြကို အတင္းအၾကပ္လုပ္လို႔လည္း သတိေပးတဲ့အေနနဲ႔ လုပ္တာေပါ့၊ အဲ့လိုပဲ ထင္ပါတယ္။ လူအထိအခိုက္ေတာ့မရွိဘူး။ အသံကေတာ့ ေတာ္ေတာ္က်ယ္တယ္။ လူအထိအခိုက္ ဘာညာကေတာ့ က်ေနာ္တို႔လည္း မၾကားမိဘူးေပါ့။”

ေပါက္ကြဲမႈျဖစ္ၿပီးတဲ့ေနာက္ စစ္ေကာင္စီက လုံၿခဳံေရးတင္းၾကပ္ၿပီး တားဆီးရွာေဖြတာေတြ လုပ္ခဲ့တယ္လို႔ မဂ္လာဒုံၿမိဳ႕နယ္မွာ ေနထိုင္သူေတြက ေျပာျပပါတယ္။

လမ္းမေတာ္ၿမိဳ႕နယ္မွာလည္း ဒီမနက္ ၅ နာရီခြဲ ဝန္းက်င္ေလာက္က လွ်ပ္စစ္မီတာ႐ုံးတံခါးဝေရွ႕မွာ ေပါက္ကြဲမႈတခုျဖစ္ခဲ့ပါတယ္။ ဒီေပါက္ကြဲသံက ေတာ္ေတာ္က်ယ္ၿပီး ျပင္းထန္တဲ့ ေပါက္ကြဲမႈျဖစ္တယ္လို႔ ဗံုးကြဲတဲ့ေနရာနားမွာ ေနသူေတြက ေျပာပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ႐ုံးတံခါးပ်က္စီးမႈနဲ႔ မွန္ေတြကြဲတာတခ်ိဳ႕ရွိေပမယ့္ လူထိခိုက္မႈမရွိဘူးလို႔ လမ္းမေတာ္ၿမိဳ႕နယ္က တာဝန္ရွိသူတဦးက VOA ကို ေျပာပါတယ္။ ေပါက္ကြဲမႈျဖစ္ၿပီးတဲ့ေနာက္ပိုင္း လုံၿခဳံေရးတင္းၾကပ္ၿပီး တားဆီး စစ္ေဆးမႈေတြလုပ္ခဲ့ေပမယ့္ ႐ံုးဖြင့္ခ်ိန္ ပံုမွန္အတုိင္းဖြင့္ၿပီး လုပ္ငန္းေတြဆက္ေဆာင္႐ြက္ေနတယ္လို႔ လမ္းမေတာ္ၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးတာဝန္ရွိသူတဦးက ေျပာပါတယ္။
ဇူလိုင္လ ၇ ရက္ေန႔ကလည္း တာေမြ၊ သကၤန္းကြၽန္း၊ မရမ္းကုန္း၊ လႈိင္၊ ကမာ႐ြတ္ စတဲ့ၿမိဳ႕နယ္ေတြက လွ်ပ္စစ္မီတာ႐ုံးေတြမွာ ဗုံးေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါေသးတယ္။

စစ္တပ္အာဏာသိမ္းခဲ့ၿပီး စစ္ေကာင္စီအုပ္ခ်ဳပ္မႈအေပၚ မေက်နပ္တဲ့ ျပည္သူေတာ္ေတာ္မ်ားမ်ားက မီတာခအပါအဝင္ အစိုးရဝန္ေဆာင္ခ ေတာ္ေတာ္မ်ားမ်ားကို မေပးေဆာင္ဘဲ ဆန္႔က်င္ေနၾကတာပါ။ ဒါေၾကာင့္ ျပည္သူေတြ လ ွ်ပ္စစ္မီတာခ လာေဆာင္ၾကဖုိ႔ လ ွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ပန္ၾကားခ်က္ထုတ္ တိုက္တြန္းေနပါတယ္။

တခ်ဳိ႕ ၿမိဳ႕နယ္ ရပ္ကြက္ေတြမွာ မီတာခ ေပးေဆာင္ေအာင္ အတင္းအၾကပ္ ေဆာင္႐ြက္တာမ်ဳိး မီးႀကိဳးျဖတ္ေတာက္တာမ်ဳိးေတြလည္း လုပ္ေနပါတယ္။ ဒီလိုအေျခအေနမွာ EPC ႐ံုးေတြမွာ ဗံုးကြဲေနတာေၾကာင့္ မီတာခသြားေဆာင္ရမွာ စိုးရိမ္စရာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ခံတဦးက ဗီြအိုေအကိုေျပာပါတယ္။

“တခ်ိဳ႕ေတြကလည္း လာၿပီးေတာ့ ၿခိမ္းေျခာက္တဲ့အခါမွာ ေၾကာက္အားလန္႔အားနဲ႔ သြားၿပီးေတာ့ ေဆာင္ၾကတာေတြရွိတယ္။ အဲ့လိုမ်ိဳး သြားေဆာင္ၾကလို႔ မီတာ႐ုံးေတြမွာ ဗုံးေပါက္တာေတြလည္း ၾကားရတဲ့အခါက်ေတာ့ က်မအပါအဝင္ မေဆာင္တဲ့ ျပည္သူေတြက ဘယ္လိုခံစားရလဲဆိုေတာ့ ‘ၾသ ေတာ္ေသးတာေပါ့၊ ငါတို႔ အစိုးရစကားကို နားေထာင္ၿပီး သြားမေဆာင္တာက မွန္တယ္ေပါ့ေႏွာ္။ မီတာသြားေဆာင္ရင္ ဒီကာလက ကိုဗစ္ကလည္း ကူးႏိုင္ေသးတယ္။ မေတာ္တဆ ဒီလို ဗုံးေပါက္တဲ့ထဲမွာ ကိုယ့္အသက္အႏၲရာယ္ကလည္း ရွိေသးတယ္ဆိုတဲ့ဟာလိုမ်ိဳး အဲ့လိုမ်ိဳးျမင္ပါတယ္။”

ၾကားကာလ အမ်ဳိးသားညီညြတ္ေရးအစိုးရ NUG ကေတာ့ ျပည္သူေတြ အခက္အခဲျဖစ္ေနၾကခ်ိန္မို႔ မီတာေတြ ေဆာင္စရာမလိုဘဲ ကင္းလြတ္ခြင့္ေပးတယ္လို႔ ေၾကညာထားပါတယ္။

......................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်က လျှပ်စစ်ရုံးတချို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့

(Unicode)

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့က EPC လျှပ်စစ်မီတာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လမ်းမတော်၊ စမ်းချောင်းနဲ့ မင်္ဂလာဒုံမြို့နယ်တို့က EPC ရုံးတွေမှာ အသေးစားဗုံးကွဲမှုတွေဖြစ်ခဲ့တာပါ။ လ ျှပ်စစ်မီတာခတွေ ပေးဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေကို တိုက်တွန်းနေချိန်မှာ အခုလို ဗုံးပေါက်ကွဲတာတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

ရန်ကုန် မြို့နယ် ၃ ခုက EPC ရုံးတွေမှာ ဒီနေ့ ဇူလိုင်လ ၉ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ လမ်းမတော်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့က EPC ရုံးတွေမှာ မနက်အစောပိုင်း ၄ နာရီခွဲဝန်းကျင်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး စမ်းချောင်းမြို့နယ်ထဲက လျှပ်စစ်မီတာရုံးကတော့ မနက် ၁၀ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာပါ။

စမ်းချောင်း စီးတီးမတ်နားက မီတာရုံးမှာ လ ျှပ်စစ်မီတာခ လာဆောင်သူတွေသူတွေ ရှိနေချိန် ပေါက်ကွဲခဲ့တာဖြစ်ပေမဲ့ အသေးစားပေါက်ကွဲမှုမို့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အနားမှာနေသူတွေက ပြောပြပါတယ်။

အခုရက်ပိုင်းမှာပဲ မင်္ဂလာဒုံမြို့နယ်အပါအဝင် မြို့နယ်တချို့က ရပ်ကွက်တွေမှာ မီတာခဆောင်ဖို့ အာဏာပိုင်တွေက အတင်းအကြပ်ဖိအားပေးတာမျိုးတွေဖြစ်နေချိန် ခုလိုပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။ မနက်အစောပိုင်း မင်္ဂလာဒုံက EPC ရုံးမှာပေါက်ကွဲခဲ့တာနဲ့ပတ်သက်လို့ ဒေသခံတယောက်က ခုလိုပြောပြပါတယ်။

“လျှပ်စစ်မီတာရုံး တံခါးဝမှာပေါက်တာ၊ ပုံမှန်ဆိုရင် ကျနော်တို့ မနက်တိုင်း ၉ နာရီ ၉ နာရီခွဲလောက်ဆိုရင် မီတာလာဆောင်တဲ့သူတွေက ရှိတယ်လေ။ ပြီးတော့ မဂ်လာဒုံကလည် းတပ်နယ်ဆိုတော့ သိတဲ့အတိုင်းပဲပေါ့။ မီတာဆောင်တဲ့သူက အရမ်းအများကြီးရှိတာပေါ့။ လက်ရှိက အဲ့ဒါကြောင့်လည်းဖြစ်မယ်၊ ပြီးတော့ မီးဖြတ်တာတွေ မီတာခဆောင်ခိုင်းတာတွေကို အတင်းအကြပ်လုပ်လို့လည်း သတိပေးတဲ့အနေနဲ့ လုပ်တာပေါ့၊ အဲ့လိုပဲ ထင်ပါတယ်။ လူအထိအခိုက်တော့မရှိဘူး။ အသံကတော့ တော်တော်ကျယ်တယ်။ လူအထိအခိုက် ဘာညာကတော့ ကျနော်တို့လည်း မကြားမိဘူးပေါ့။”

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး တားဆီးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ မဂ်လာဒုံမြို့နယ်မှာ နေထိုင်သူတွေက ပြောပြပါတယ်။

လမ်းမတော်မြို့နယ်မှာလည်း ဒီမနက် ၅ နာရီခွဲ ဝန်းကျင်လောက်က လျှပ်စစ်မီတာရုံးတံခါးဝရှေ့မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲသံက တော်တော်ကျယ်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်တယ်လို့ ဗုံးကွဲတဲ့နေရာနားမှာ နေသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရုံးတံခါးပျက်စီးမှုနဲ့ မှန်တွေကွဲတာတချို့ရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ လမ်းမတော်မြို့နယ်က တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်း လုံခြုံရေးတင်းကြပ်ပြီး တားဆီး စစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် ရုံးဖွင့်ချိန် ပုံမှန်အတိုင်းဖွင့်ပြီး လုပ်ငန်းတွေဆက်ဆောင်ရွက်နေတယ်လို့ လမ်းမတော်မြို့နယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ကလည်း တာမွေ၊ သင်္ကန်းကျွန်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ် စတဲ့မြို့နယ်တွေက လျှပ်စစ်မီတာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်မှုအပေါ် မကျေနပ်တဲ့ ပြည်သူတော်တော်များများက မီတာခအပါအဝင် အစိုးရဝန်ဆောင်ခ တော်တော်များများကို မပေးဆောင်ဘဲ ဆန့်ကျင်နေကြတာပါ။ ဒါကြောင့် ပြည်သူတွေ လ ျှပ်စစ်မီတာခ လာဆောင်ကြဖို့ လ ျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပန်ကြားချက်ထုတ် တိုက်တွန်းနေပါတယ်။

တချို့ မြို့နယ် ရပ်ကွက်တွေမှာ မီတာခ ပေးဆောင်အောင် အတင်းအကြပ် ဆောင်ရွက်တာမျိုး မီးကြိုးဖြတ်တောက်တာမျိုးတွေလည်း လုပ်နေပါတယ်။ ဒီလိုအခြေအနေမှာ EPC ရုံးတွေမှာ ဗုံးကွဲနေတာကြောင့် မီတာခသွားဆောင်ရမှာ စိုးရိမ်စရာဖြစ်တယ်လို့ ရန်ကုန်မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“တချို့တွေကလည်း လာပြီးတော့ ခြိမ်းခြောက်တဲ့အခါမှာ ကြောက်အားလန့်အားနဲ့ သွားပြီးတော့ ဆောင်ကြတာတွေရှိတယ်။ အဲ့လိုမျိုး သွားဆောင်ကြလို့ မီတာရုံးတွေမှာ ဗုံးပေါက်တာတွေလည်း ကြားရတဲ့အခါကျတော့ ကျမအပါအဝင် မဆောင်တဲ့ ပြည်သူတွေက ဘယ်လိုခံစားရလဲဆိုတော့ ‘သြ တော်သေးတာပေါ့၊ ငါတို့ အစိုးရစကားကို နားထောင်ပြီး သွားမဆောင်တာက မှန်တယ်ပေါ့နှော်။ မီတာသွားဆောင်ရင် ဒီကာလက ကိုဗစ်ကလည်း ကူးနိုင်သေးတယ်။ မတော်တဆ ဒီလို ဗုံးပေါက်တဲ့ထဲမှာ ကိုယ့်အသက်အန္တရာယ်ကလည်း ရှိသေးတယ်ဆိုတဲ့ဟာလိုမျိုး အဲ့လိုမျိုးမြင်ပါတယ်။”

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ပြည်သူတွေ အခက်အခဲဖြစ်နေကြချိန်မို့ မီတာတွေ ဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပေးတယ်လို့ ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG