သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚသက္သက္ခုိင္ပိုင္ ေရႊနန္းေတာ္ေရႊဆိုင္ ဗံုးခြဲတိုက္ခုိက္ခံရ


ဗံုးခြဲတိုက္ခိုက္မႈအျပီး လသာျမိဳ ့နယ္က ေရႊနန္းေတာ္ ရတနာဆိုင္ အား ေတြ ့ရစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရန္ကုန္ၿမိဳ႔၊ လသာၿမိဳ႕နယ္မွာရွိတဲ့ ေ႐ႊနန္းေတာ္ရတနာေ႐ႊဆိုင္မွာ ဒီေန႔ ဇူလိုင္လ ၈ ရက္ ေန႔လည္ပိုင္းက ဗုံးေပါက္ကြဲမႈတခုျဖစ္ခဲ့ၿပီး ဝန္ထမ္းတဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ႏိုင္ငံတဝန္း တခ်ိဳ႕ေနရာေတြမွာလည္း ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးမႈေတြ ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

ဒီကေန႔ ဇူလိုင္လ ၈ ရက္ ေန႔လည္ ႏွစ္နာရီဝန္းက်င္ေလာက္က ရန္ကုန္ၿမိဳ႕ လသာၿမိဳ႕နယ္မွာဖြင့္ထားတဲ့ ေ႐ႊနန္းေတာ္ ရတနာဆိုင္မွာ ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ အဲဒီဆိုင္ဟာ စစ္ေကာင္စီ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ ပိုင္ဆိုင္တဲ့ ရတနာဆိုင္ျဖစ္ပါတယ္။ အေသးစားေပါက္ကဲြမႈအတြင္း ဆိုင္ဝန္ထမ္းတေယာက္ အနည္းငယ္ ဒဏ္ရာရသြားတယ္လို႔ ေဒါက္တာသက္သက္ခိုင္ရဲ႕ ကိုယ္ေရးအရာရွိက ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

“အဓိကကေတာ့ အသံဗုံးနဲ႔ လာပစ္သြားတာရွင့္။ ေကာင္တာထဲကို ပစ္ထည့္လိုက္တာေပါ့ေနာ္၊ ေကာင္တာထဲမွာရွိတဲ့ ညီမေလးတေယာက္ကို မွန္ၿပီးေတာ့ ဗုံးက ျပန္ကန္ထြက္ၿပီးေတာ့ ကြဲသြားတဲ့ သေဘာေပါ့ေနာ္။ ျဖစ္ေတာ့ ဝန္ထမ္းေတြကလည္း ေၾကာက္အားလန္႔အားနဲ႔ နည္းနည္း ဝ႐ုန္းသုန္းကားေတာ့ ျဖစ္သြားတာေပါ့။ လူထိခိုက္မႈကေတာ့ အဲ့ညီမေလးကေတာ့ နည္းနည္း ပြန္းပဲ့တာေလးေတာ့ ျဖစ္တယ္ေပါ့ေႏွာ္။ ဆိုးဆိုး႐ြား႐ြားေတာ့ မရွိပါဘူးရွင့္။ ေကာင္တာမွန္ေတြ ဘာေတြေတာ့ ကြဲသြားပါတယ္ရွင့္။ ပစၥည္းကိုလည္း နည္းနည္း လာဆြဲသြားတယ္လို႔လည္း သတင္းၾကားပါတယ္ရွင့္။ ပစၥည္းစာရင္းေတြကေတာ့ က်မတို႔လုပ္ေနတုန္းရွင့္ ဒီဘက္ကို စာရင္းမတက္ေသးပါဘူး။ နည္းနည္းပါးပါးေတာ့ ပါသြားႏိုင္တယ္ထင္တယ္ရွင့္ ခုအခ်ိန္ထိေတာ့ တကယ္ကို မေျပာႏိုင္ေသးတာရွင့္။”

ေ႐ႊနန္းေတာ္ ရတနာဆိုင္ ေပါက္ကြဲမႈက အသံေတာ္ေတာ္က်ယ္တယ္လို႔ အဲ့ဒီအနီးအနားမွာ ေနတဲ့သူေတြက ေျပာၾကပါတယ္။ ဒီေပါက္ကြဲမႈ ၿပီးတဲ့ေနာက္ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြ ေရာက္လာၿပီး လမ္းပိတ္ စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ ဇြန္လ ၁၇ ရက္ေန႔တုန္းကလည္း လူကယ္ျပန္ဝန္ႀကီး ေဒၚသက္သက္ခုိင္ပိုင္ကုမၸဏီ တည္ေဆာက္ေနတဲ့ ကမာၻေအးဘုရားလမ္းနဲ႔ ဆရာစံလမ္းေထာင့္က 68 Residence အဆင့္ျမင့္ကြန္ဒိုမွာ ေပါက္ကြဲမႈတခု ျဖစ္ခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ ထိခိုက္ဒဏ္ရာရသူ မ႐ွိခဲ့ပါဘူး။ ဒီေပါက္ကြဲမႈေတြနဲ႔ပတ္သက္လို႔ ဘယ္သူ႔လက္ခ်က္ဆိုတာ ခုခ်ိန္ထိ မသိရေသးပါဘူး။

ေပါက္ကြဲမႈသတင္းေတြနဲ႔တဆက္ထဲ ပစ္ခတ္မႈသတင္းေတာ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ ထိုမာ႐ြာမွာ မေန႔က စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ သီတာထြန္း ဆန္စက္ အလုပ္သမားတေယာက္ ေသဆံုးခဲ့ပါတယ္။ ႐ြာထဲမွာ လက္နက္လာ႐ွာတယ္လို႔ဆိုၿပီး ဝင္ေရာက္႐ွာေဖြ ပစ္ခတ္လို႔ ကိုေအးမင္းဆိုသူ ေသဆံုးသြားတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

“ကေလးၿမိဳ႕နဲ႔ နဲနဲေတာ့ ေဝးတာေပါ့၊ TTC ေက်ာင္းရွိတဲ့ ထိုမာ႐ြာဆိုတာရွိတယ္၊ ႐ြာႀကီးပဲ။ အဲ့ဒီ႐ြာကို ဝင္ေမႊရင္းနဲ႔ သူတို႔က လက္နက္ရွာတာလို႔ ေျပာတယ္။ အဲ့မွာ ကေလး ဂန္႔ေဂါလမ္းေဘးက၊ အဲ့မွာ လူတယာက္က သူတို႔လက္သမားလုပ္ေနတဲ့ ေနရာနားကို ဝင္ေျပးတာေပါ့ေနာ္၊ သူကလည္း ေၾကာက္အားလန္႔အားနဲ႔ ေျပးတာ။ အဲ့မွာ လူမွားၿပီး ပစ္ထည့္လိုက္တာ ေခါင္းမွန္ၿပီး ေသသြားတယ္။”

စစ္ကိုင္းတုိင္း ကေလးၿမိဳ႕နယ္ထဲမွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ အျပန္အလွန္ ပစ္ခတ္ တိုက္ခိုက္မႈေတြ႐ွိခဲ့ၿပီးေနာက္ အဲဒီေဒသထဲက ေက်း႐ြာေတြကို စစ္တပ္က ဝင္ေရာက္႐ွာေဖြတာေတြ လုပ္ေနတာပါ။

ခုလိုေနရာတခ်ဳိ႕မွာ ပစ္ခတ္မႈ ေပါက္ကြဲမႈေတြ ရွိေနေပမယ့္ စစ္တပ္အာဏာသိမ္းမႈ ဆန္႔က်င္ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြကေတာ့ ဆက္ရွိေနပါတယ္။ မႏၲေလး၊ မုံ႐ြာ၊ ကေလး၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ဖားကန္႔၊ ထားဝယ္၊ မိုးေကာင္း၊ လက္ပံေတာင္း၊ ေရနံေခ်ာင္း စတဲ့ ႏိုင္ငံတဝန္းက ၿမိဳ႕ေတြမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ဒီေန႔လည္း ပံုစံမ်ဳိးစံုနဲ႔ ျပဳလုပ္ခဲ့ၾကပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်သက်သက်ခိုင်ပိုင် ရွှေနန်းတော်ရွှေဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ

(Unicode)

ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ ရွှေနန်းတော်ရတနာရွှေဆိုင်မှာ ဒီနေ ့ ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံတဝန်း တချို့နေရာတွေမှာလည်း ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

ဒီကနေ့ ဇူလိုင်လ ၈ ရက် နေ့လည် နှစ်နာရီဝန်းကျင်လောက်က ရန်ကုန်မြို့ လသာမြို့နယ်မှာဖွင့်ထားတဲ့ ရွှေနန်းတော် ရတနာဆိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒီဆိုင်ဟာ စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပိုင်ဆိုင်တဲ့ ရတနာဆိုင်ဖြစ်ပါတယ်။ အသေးစားပေါက်ကွဲမှုအတွင်း ဆိုင်ဝန်ထမ်းတယောက် အနည်းငယ် ဒဏ်ရာရသွားတယ်လို့ ဒေါက်တာသက်သက်ခိုင်ရဲ့ ကိုယ်ရေးအရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အဓိကကတော့ အသံဗုံးနဲ့ လာပစ်သွားတာရှင့်။ ကောင်တာထဲကို ပစ်ထည့်လိုက်တာပေါ့နော်၊ ကောင်တာထဲမှာရှိတဲ့ ညီမလေးတယောက်ကို မှန်ပြီးတော့ ဗုံးက ပြန်ကန်ထွက်ပြီးတော့ ကွဲသွားတဲ့ သဘောပေါ့နော်။ ဖြစ်တော့ ဝန်ထမ်းတွေကလည်း ကြောက်အားလန့်အားနဲ့ နည်းနည်း ဝရုန်းသုန်းကားတော့ ဖြစ်သွားတာပေါ့။ လူထိခိုက်မှုကတော့ အဲ့ညီမလေးကတော့ နည်းနည်း ပွန်းပဲ့တာလေးတော့ ဖြစ်တယ်ပေါ့နှော်။ ဆိုးဆိုးရွားရွားတော့ မရှိပါဘူးရှင့်။ ကောင်တာမှန်တွေ ဘာတွေတော့ ကွဲသွားပါတယ်ရှင့်။ ပစ္စည်းကိုလည်း နည်းနည်း လာဆွဲသွားတယ်လို့လည်း သတင်းကြားပါတယ်ရှင့်။ ပစ္စည်းစာရင်းတွေကတော့ ကျမတို့လုပ်နေတုန်းရှင့် ဒီဘက်ကို စာရင်းမတက်သေးပါဘူး။ နည်းနည်းပါးပါးတော့ ပါသွားနိုင်တယ်ထင်တယ်ရှင့် ခုအချိန်ထိတော့ တကယ်ကို မပြောနိုင်သေးတာရှင့်။”

ရွှေနန်းတော် ရတနာဆိုင် ပေါက်ကွဲမှုက အသံတော်တော်ကျယ်တယ်လို့ အဲ့ဒီအနီးအနားမှာ နေတဲ့သူတွေက ပြောကြပါတယ်။ ဒီပေါက်ကွဲမှု ပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းပိတ် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့တုန်းကလည်း လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်ပိုင်ကုမ္ပဏီ တည်ဆောက်နေတဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်က 68 Residence အဆင့်မြင့်ကွန်ဒိုမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာ ခုချိန်ထိ မသိရသေးပါဘူး။

ပေါက်ကွဲမှုသတင်းတွေနဲ့တဆက်ထဲ ပစ်ခတ်မှုသတင်းတော့ စစ်ကိုင်းတိုင်း ကလေးမြို့ ထိုမာရွာမှာ မနေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သီတာထွန်း ဆန်စက် အလုပ်သမားတယောက် သေဆုံးခဲ့ပါတယ်။ ရွာထဲမှာ လက်နက်လာရှာတယ်လို့ဆိုပြီး ဝင်ရောက်ရှာဖွေ ပစ်ခတ်လို့ ကိုအေးမင်းဆိုသူ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ကလေးမြို့နဲ့ နဲနဲတော့ ဝေးတာပေါ့၊ TTC ကျောင်းရှိတဲ့ ထိုမာရွာဆိုတာရှိတယ်၊ ရွာကြီးပဲ။ အဲ့ဒီရွာကို ဝင်မွှေရင်းနဲ့ သူတို့က လက်နက်ရှာတာလို့ ပြောတယ်။ အဲ့မှာ ကလေး ဂန့်ဂေါလမ်းဘေးက၊ အဲ့မှာ လူတယာက်က သူတို့လက်သမားလုပ်နေတဲ့ နေရာနားကို ဝင်ပြေးတာပေါ့နော်၊ သူကလည်း ကြောက်အားလန့်အားနဲ့ ပြေးတာ။ အဲ့မှာ လူမှားပြီး ပစ်ထည့်လိုက်တာ ခေါင်းမှန်ပြီး သေသွားတယ်။”

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေရှိခဲ့ပြီးနောက် အဲဒီဒေသထဲက ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ လုပ်နေတာပါ။

ခုလိုနေရာတချို့မှာ ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ရှိနေပေမယ့် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေပါတယ်။ မန္တလေး၊ မုံရွာ၊ ကလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ဖားကန့်၊ ထားဝယ်၊ မိုးကောင်း၊ လက်ပံတောင်း၊ ရေနံချောင်း စတဲ့ နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဒီနေ့လည်း ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG