(Zawgyi / Unicode)
စစ္တပ္က အာဏာသိမ္းယူတာကို ဆန္႔က်င္သူေတြက အၾကမ္းဖက္ တိုက္ခိုက္တာေၾကာင့္ လူေပါင္း ၆၃ ေယာက္ ေသဆံုးခဲ့ရၿပီးၿပီလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
"အၾကမ္းဖက္သမားေတြဟာ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ ေနရာေတြမွာ ဗံုးေတြေထာင္ေနၾကၿပီး လူထုၾကားမွာ ဒဏ္ရာရသူတခ်ဳိ႕ ရွိပါတယ္" လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
အဲဒီလို တိုက္ခိုက္သူေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ေပးပို႔ၾကဖို႔လည္း လူထုကုိ တိုက္တြန္းသြားပါတယ္။ တိုက္ခိုက္မႈေတြေၾကာင့္ အခုလို ေသဆံုးတဲ့သူေတြဟာ လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြလား၊ သာမန္ အရပ္သားေတြလား ဆိုတာကို သဲသဲကဲြကဲြ ေျပာဆိုသြားတာေတာ့ မရွိပါဘူး။
စစ္တပ္အာဏာသိမ္းတဲ့အေပၚ ဆန္႔က်င္ဆႏၵျပမႈေတြကို စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းခဲ့တဲ့ေနာက္ အခုလပိုင္း ရက္ပိုင္းေတြအတြင္း ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဗံုးကဲြတာေတြနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးတခ်ိဳ႕ တိုက္ခိုက္ခံရတာေတြ ရွိခဲ့ပါတယ္။
ဒါ့အျပင္ ျမန္မာႏုိင္ငံအထက္ပိုင္း စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း၊ ခ်င္းျပည္နယ္အတြင္း ၿမိဳ႕တခ်ိဳ႕မွာ စစ္တပ္နဲ႔ ရဲကို ေဒသခံ ကာကြယ္ေရးအဖဲြ႔ေတြက ခုခံတိုက္ခိုက္တာေတြေၾကာင့္ လံုၿခံဳေရးတပ္ဖဲြ႔ဝင္တခ်ိဳ႕ ေသဆံုးထိခိုက္တာေတြ ရွိေနပါတယ္။
---------------------
(Unicode)
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆၃ ဦးသေဆုံးခဲ့ - စစ်ကောင်စီပြောခွင့်ရ
စစ်တပ်က အာဏာသိမ်းယူတာကို ဆန့်ကျင်သူတွေက အကြမ်းဖက် တိုက်ခိုက်တာကြောင့် လူပေါင်း ၆၃ ယောက် သေဆုံးခဲ့ရပြီးပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
"အကြမ်းဖက်သမားတွေဟာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဗုံးတွေထောင်နေကြပြီး လူထုကြားမှာ ဒဏ်ရာရသူတချို့ ရှိပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီလို တိုက်ခိုက်သူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့လည်း လူထုကို တိုက်တွန်းသွားပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အခုလို သေဆုံးတဲ့သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလား၊ သာမန် အရပ်သားတွေလား ဆိုတာကို သဲသဲကွဲကွဲ ပြောဆိုသွားတာတော့ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့နောက် အခုလပိုင်း ရက်ပိုင်းတွေအတွင်း မြို့အတော်များများမှာ ဗုံးကွဲတာတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်အတွင်း မြို့တချို့မှာ စစ်တပ်နဲ့ ရဲကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်တာတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်တာတွေ ရှိနေပါတယ်။