သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္း (၅)လျပည့္ ရန္ကုန္နဲ႔ ကသာၿမိဳ႕တို႔မွာ ေပါက္ကြဲမႈေတြျဖစ္


ေျမနီကုန္း ဂံုးေက်ာ္တံတားေအာက္ ဗံုးေပါက္ကြဲျပီး ျမင္ကြင္း (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရန္ကုန္အပါအဝင္ ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ ဒီကေန႔ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္ ေျမနီကုန္း ဂုံးတံတားေအာက္က ယာဥ္ထိန္း ကင္း႐ုံမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈမွာ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး တပ္မေတာ္ေဆး႐ုံမွာ ကုသေပးေနတယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။ စစ္ကိုင္းတိုင္း ကသာၿမိဳ႕ အထက ၁ မွာလည္း ဒီမနက္ အေစာပိုင္းက ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲမႈ အေျခအေနေတြနဲ႔အတူ စစ္အာဏာသိမ္း ၅ လျပည့္ ဆႏၵျပပြဲေတြအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။

ရန္ကုန္ စမ္းေခ်ာင္းၿမိဳ႕နယ္ ေျမနီကုန္း ဂုံးေက်ာ္တံတားေအာက္က ယာဥ္ထိန္း႐ုံးမွာ ဒီေန႔မနက္ ၈ နာရီခြဲ ဝန္းက်င္ေလာက္က ဗုံးေပါက္ကြဲခဲ့ၿပီး ယာဥ္ထိန္း႐ုံး အေဆာက္အဦး ပ်က္စီးမႈတစ္ခ်ိဳ႕ ရွိခဲ့သလို အမ်ိဳးသမီးတစ္ဦး နဖူးမွာ ေပါက္ကြဲမႈေၾကာင့္လြင့္စင္တဲ့အစ ထိမွန္ၿပီး ဒဏ္ရာ ရခဲ့ပါတယ္။ ေပါက္ကြဲမႈ ျဖစ္တဲ့ အေျခအေနကို စမ္းေခ်ာင္းမွာ ေနထိုင္သူတစ္ဦးက ခုလိုေျပာျပပါတယ္။

“ ေကာင္မေလးတစ္ေယာက္ မွန္ကြဲစေတြ စိုက္သြားတယ္လို႔ ၾကားတယ္။ မနက္ပိုင္း ၈ နာရီ ၁၅ ေလာက္က ျဖစ္သြားတာဆိုေတာ့ေလ ၉ နာရီခြဲေလာက္ထိ သူတို႔ လုံၿခဳံေရးကို လုံးဝ တင္းၾကပ္ထားတယ္ဗ်။ ကားသြားကားလာ အကုန္လုံး စစ္တယ္။ ေပါက္ကြဲမႈက အသံကေတာ့ ေတာ္ေတာ္က်ယ္တယ္ဗ်။ အသံ ေတာ္ေတာ္က်ယ္တယ္။ တစ္မိုင္နီးပါးေလာက္သြားတယ္ဗ်။ ေျမနီကုန္းမွာ ေပါက္တာက စမ္းေခ်ာင္းထဲထိကို ေတာ္ေတာ္ေလး အသံက်ယ္တယ္။ ထိခိုက္တာက က်ေတာ့ ဒီေကာင္ေတြ စခန္းက မွန္ေတြ ေတာ္ေတာ္မ်ားမ်ား ကြဲသြားတယ္။ ေနာက္က အုတ္နံရံေလး နည္းနည္းၿပိဳသြားတယ္။ အဲ့ဒီ အေနအထားေတာ့ ရွိတယ္ဗ်။”

လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ယာဥ္ထိန္းကင္း႐ုံ ပ်က္စီးခဲ့ၿပီး ထိခိုက္ဒဏ္ရာရတဲ့ အမ်ိဳးသမီးကို တပ္မေတာ္ေဆး႐ုံမွာ ေဆးကုသမႈေပးထားတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ မိုင္းေဖာက္ခြဲခဲ့တဲ့ တရားခံကို ဖမ္းဆီးရမိႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ဆိုပါတယ္။

ဒီေန႔ ဇူလိုင္ ၁ ရက္ေန႔ဟာ စစ္တပ္က အာဏာသိမ္းတာ ၅ လျပည့္တဲ့ေန႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ ညေနပိုင္းက ဆႏၵျပပြဲတခုမွာဆႏၵျပသူ ေတာ္ေတာ္မ်ားမ်ား ပါဝင္ခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔ ဒီေန႔ သပိတ္စစ္ေၾကာင္းကေတာ့ ရန္ကုန္ရဲ႕ ၿမိဳ႕နယ္ေပါင္းစုံသပိတ္ရယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ ေက်ာင္းသားသမဂၢသပိတ္ေတြနဲ႔ ေပါင္းၿပီးေတာ့ ကြၽန္ေတာ္တို႔ သကၤန္းကြၽန္းၿမိဳ႕နယ္၊ သုဓမၼာလမ္းမႀကီးေပၚမွာ ခ်ီတက္ခဲ့တယ္ဗ်။ အင္အား အေနနဲ႔ဆိုရင္ ကြၽန္ေတာ္တို႔ ၃၀၀ နီးပါးေလာက္ထိရွိတယ္ဗ်ာ။ အဲ့မွာ ကြၽန္ေတာ္တို႔တိုင္းရင္းသား အလံေတြ၊ ပါတီအလံေတြ ေက်ာင္းသားသမဂၢအလံေတြ ပါတယ္။ ၅ လျပည့္ခ်ိန္ထိ ကြၽန္ေတာ္တို႔ ရန္ကုန္က ေသြးမေအးဘူး။ ၿပီးေတာ့ ဒီစစ္အစိုးရက အမိန္ထုတ္တယ္၊ သူတို႔ကို စစ္အစိုးရလို႔ေခၚရင္ အေရးယူမယ္လို႔ အမိန္ထုတ္တယ္။အဲ့ေတာ့ စစ္အစိုးရကို ထပ္ၿပီးေတာ့ ဆန္႔က်င္တဲ့ အေနနဲ႔ စစ္တပ္ရဲ႕ အက်ီေတြကို မီးရႈိ႕ၿပီး ဆႏၵျပတယ္။ ၿပီးေတာ့ ႏိုင္ငံေတာ္အလံကိုပါမီးရႈိၿပီး ဆႏၵျပတၾကတယ္ဗ်။ ကြၽန္ေတာ္တို႔ သပိတ္ေအာင္ျမင္စြာခ်ီတက္ၿပီးတဲ့ အခ်ိန္မွာ ဘာျဖစ္လာလဲဆိုေတာ့ သပိတ္ခ်ီတက္တဲ့ လမ္းမႀကီးေပၚမွာရွိတဲ့ ကညန႐ုံးက ရဲနဲ႔စစ္သားေတြက အရပ္ဝတ္ေတြနဲ႔ ထြက္လာၿပီးေတာ့ ျဖတ္သမွ်ကားေတြကို ရပ္ၿပီး ဆင္းခိုင္းတာမ်ိဳးေတြ၊ ၿပီးေတာ့ ေသနတ္နဲ႔ ေထာက္ၿပီးေတာ့ ၿခိမ္းေျခာက္တာမ်ိဳးေတြအထိ ရွိလာတယ္ဗ်။ စက္ဘီးနဲ႔လာတဲ့သူကိုလည္း ရပ္ခိုင္းၿပီး ေသနတ္နဲ႔ေထာက္ၿပီး ၿခိမ္းေျခာက္တာေတြ ရွိေနပါတယ္။ ခုအခ်ိန္ထိ အဲ့လိုေတြ ရွိေနေသးတယ္ဗ်”

ဆႏၵျပစစ္ေၾကာင္းမွာ ေရာင္စုံမီးခိုးထြက္တာေတြကို မီးတုတ္ေတြလို သုံးခဲ့ၾကသလို တိုက္ပြဲျဖစ္ေနၾကတဲ့ ေနရာေတြအတြက္ ‘အားတင္းထားပါ၊ မင္းတို႔ေနာက္မွာ ငါတို႔ရွိတယ္’ ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္း ကသာၿမိဳ႕ အထက ၁ ေက်ာင္းေရွ႕မွာလည္း ဒီကေန႔ မနက္အေစာပိုင္းက ေပါက္ကြဲမႈ တစ္ခု ျဖစ္ခဲ့ေပမယ့္ ထိခိုက္မႈ မရွိဘူးလို႔ ကသာၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ မနက္ကို သြားတဲ့အခ်ိန္မွာေတာ့ အဲ့မွာ ဗုံးေပါက္ကြဲတာ ေက်ာင္းေပါက္ဝ အေရွ႕မွာ အုတ္နံရံမွာ ေပါက္ကြဲထားတာေလးကို ေတြ႕ရတယ္။ အထိအခိုက္မရွိဘူး။ မနက္ ၄ နာရီဆိုေတာ့ အေစာႀကီးဆိုေတာ့ လူမထိဘူး။ ေက်ာင္းေရွ႕အုတ္နံရံေလး ေပါက္သြားတာပဲရွိတာ လူမထိဘူး။ တင္းၾကပ္တာေတာ့ မရွိဘူး။ ဗုံးေပါက္ကြဲတာနဲ႔ပတ္သက္လို႔ သူတို႔က(စစ္ေကာင္စီတပ္) မနက္အေစာႀကီးလာတယ္။ လာၿပီးေတာ့ မိုင္းေတြ ဘာေတြ ရွာေဖြရွင္းလင္း ၿပီးရင္ ျပန္သြားတာေပါ့ေလ။ ေက်ာင္းသားေတြကေတာ့ မနက္ပိုင္းလာတယ္။”

စစ္အာဏာသိမ္းမႈ ၅ လျပည့္တဲ့ေန႔မွာ စစ္အာဏာရွင္ ဆန္႔က်င္ေရးေႂကြးေၾကာ္သံေတြနဲ႔ တျခားၿမိဳ႕ ႐ြာေတြမွာလည္း ဆႏၵျပခဲ့ၾကပါတယ္။ မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ဆားလင္းႀကီး ယင္းမာပင္႐ြာေပါင္းစု သပိတ္စစ္ေၾကာင္း၊ ဖားကန္႔၊ မေကြး၊ ထားဝယ္၊ ၿမိဳင္ စတဲ့ေနရာစံုမွာ ခ်ီတက္ဆႏၵျပမႈေတြ ႐ွိခ့ဲၾကပါတယ္။

...................................................................................

တိုက္႐ိုက္ လင့္ခ္


အာဏာသိမ်း (၅)လပြည့် ရန်ကုန်နဲ့ ကသာမြို့တို့မှာ ပေါက်ကွဲမှုတွေဖြစ်

(Unicode)

ရန်ကုန်အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီကနေ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန် မြေနီကုန်း ဂုံးတံတားအောက်က ယာဉ်ထိန်း ကင်းရုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်မတော်ဆေးရုံမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကသာမြို့ အထက ၁ မှာလည်း ဒီမနက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှု အခြေအနေတွေနဲ့အတူ စစ်အာဏာသိမ်း ၅ လပြည့် ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

ရန်ကုန် စမ်းချောင်းမြို့နယ် မြေနီကုန်း ဂုံးကျော်တံတားအောက်က ယာဉ်ထိန်းရုံးမှာ ဒီနေ့မနက် ၈ နာရီခွဲ ဝန်းကျင်လောက်က ဗုံးပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်းရုံး အဆောက်အဦး ပျက်စီးမှုတစ်ချို့ ရှိခဲ့သလို အမျိုးသမီးတစ်ဦး နဖူးမှာ ပေါက်ကွဲမှုကြောင့်လွင့်စင်တဲ့အစ ထိမှန်ပြီး ဒဏ်ရာ ရခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ အခြေအနေကို စမ်းချောင်းမှာ နေထိုင်သူတစ်ဦးက ခုလိုပြောပြပါတယ်။

“ ကောင်မလေးတစ်ယောက် မှန်ကွဲစတွေ စိုက်သွားတယ်လို့ ကြားတယ်။ မနက်ပိုင်း ၈ နာရီ ၁၅ လောက်က ဖြစ်သွားတာဆိုတော့လေ ၉ နာရီခွဲလောက်ထိ သူတို့ လုံခြုံရေးကို လုံးဝ တင်းကြပ်ထားတယ်ဗျ။ ကားသွားကားလာ အကုန်လုံး စစ်တယ်။ ပေါက်ကွဲမှုက အသံကတော့ တော်တော်ကျယ်တယ်ဗျ။ အသံ တော်တော်ကျယ်တယ်။ တစ်မိုင်နီးပါးလောက်သွားတယ်ဗျ။ မြေနီကုန်းမှာ ပေါက်တာက စမ်းချောင်းထဲထိကို တော်တော်လေး အသံကျယ်တယ်။ ထိခိုက်တာက ကျတော့ ဒီကောင်တွေ စခန်းက မှန်တွေ တော်တော်များများ ကွဲသွားတယ်။ နောက်က အုတ်နံရံလေး နည်းနည်းပြိုသွားတယ်။ အဲ့ဒီ အနေအထားတော့ ရှိတယ်ဗျ။”

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းကင်းရုံ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးကို တပ်မတော်ဆေးရုံမှာ ဆေးကုသမှုပေးထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မိုင်းဖောက်ခွဲခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိနိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

ဒီနေ့ ဇူလိုင် ၁ ရက်နေ့ဟာ စစ်တပ်က အာဏာသိမ်းတာ ၅ လပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ညနေပိုင်းက ဆန္ဒပြပွဲတခုမှာဆန္ဒပြသူ တော်တော်များများ ပါဝင်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ ဒီနေ့ သပိတ်စစ်ကြောင်းကတော့ ရန်ကုန်ရဲ့ မြို့နယ်ပေါင်းစုံသပိတ်ရယ်။ ပြီးရင် ကျွန်တော်တို့ ကျောင်းသားသမဂ္ဂသပိတ်တွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ သင်္ကန်းကျွန်းမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ်မှာ ချီတက်ခဲ့တယ်ဗျ။ အင်အား အနေနဲ့ဆိုရင် ကျွန်တော်တို့ ၃၀၀ နီးပါးလောက်ထိရှိတယ်ဗျာ။ အဲ့မှာ ကျွန်တော်တို့တိုင်းရင်းသား အလံတွေ၊ ပါတီအလံတွေ ကျောင်းသားသမဂ္ဂအလံတွေ ပါတယ်။ ၅ လပြည့်ချိန်ထိ ကျွန်တော်တို့ ရန်ကုန်က သွေးမအေးဘူး။ ပြီးတော့ ဒီစစ်အစိုးရက အမိန်ထုတ်တယ်၊ သူတို့ကို စစ်အစိုးရလို့ခေါ်ရင် အရေးယူမယ်လို့ အမိန်ထုတ်တယ်။အဲ့တော့ စစ်အစိုးရကို ထပ်ပြီးတော့ ဆန့်ကျင်တဲ့ အနေနဲ့ စစ်တပ်ရဲ့ အကျီတွေကို မီးရှို့ပြီး ဆန္ဒပြတယ်။ ပြီးတော့ နိုင်ငံတော်အလံကိုပါမီးရှိုပြီး ဆန္ဒပြတကြတယ်ဗျ။ ကျွန်တော်တို့ သပိတ်အောင်မြင်စွာချီတက်ပြီးတဲ့ အချိန်မှာ ဘာဖြစ်လာလဲဆိုတော့ သပိတ်ချီတက်တဲ့ လမ်းမကြီးပေါ်မှာရှိတဲ့ ကညနရုံးက ရဲနဲ့စစ်သားတွေက အရပ်ဝတ်တွေနဲ့ ထွက်လာပြီးတော့ ဖြတ်သမျှကားတွေကို ရပ်ပြီး ဆင်းခိုင်းတာမျိုးတွေ၊ ပြီးတော့ သေနတ်နဲ့ ထောက်ပြီးတော့ ခြိမ်းခြောက်တာမျိုးတွေအထိ ရှိလာတယ်ဗျ။ စက်ဘီးနဲ့လာတဲ့သူကိုလည်း ရပ်ခိုင်းပြီး သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။ ခုအချိန်ထိ အဲ့လိုတွေ ရှိနေသေးတယ်ဗျ”

ဆန္ဒပြစစ်ကြောင်းမှာ ရောင်စုံမီးခိုးထွက်တာတွေကို မီးတုတ်တွေလို သုံးခဲ့ကြသလို တိုက်ပွဲဖြစ်နေကြတဲ့ နေရာတွေအတွက် ‘အားတင်းထားပါ၊ မင်းတို့နောက်မှာ ငါတို့ရှိတယ်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့ အထက ၁ ကျောင်းရှေ့မှာလည်း ဒီကနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပေမယ့် ထိခိုက်မှု မရှိဘူးလို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မနက်ကို သွားတဲ့အချိန်မှာတော့ အဲ့မှာ ဗုံးပေါက်ကွဲတာ ကျောင်းပေါက်ဝ အရှေ့မှာ အုတ်နံရံမှာ ပေါက်ကွဲထားတာလေးကို တွေ့ရတယ်။ အထိအခိုက်မရှိဘူး။ မနက် ၄ နာရီဆိုတော့ အစောကြီးဆိုတော့ လူမထိဘူး။ ကျောင်းရှေ့အုတ်နံရံလေး ပေါက်သွားတာပဲရှိတာ လူမထိဘူး။ တင်းကြပ်တာတော့ မရှိဘူး။ ဗုံးပေါက်ကွဲတာနဲ့ပတ်သက်လို့ သူတို့က(စစ်ကောင်စီတပ်) မနက်အစောကြီးလာတယ်။ လာပြီးတော့ မိုင်းတွေ ဘာတွေ ရှာဖွေရှင်းလင်း ပြီးရင် ပြန်သွားတာပေါ့လေ။ ကျောင်းသားတွေကတော့ မနက်ပိုင်းလာတယ်။”

စစ်အာဏာသိမ်းမှု ၅ လပြည့်တဲ့နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ တခြားမြို့ ရွာတွေမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေး၊ ကလေး၊ မုံရွာ၊ ဆားလင်းကြီး ယင်းမာပင်ရွာပေါင်းစု သပိတ်စစ်ကြောင်း၊ ဖားကန့်၊ မကွေး၊ ထားဝယ်၊ မြိုင် စတဲ့နေရာစုံမှာ ချီတက်ဆန္ဒပြမှုတွေ ရှိခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG