သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ မရမ္းကုန္းနဲ႔ အင္းစိန္မွာ ေပါက္ကဲြမႈ ၅ ခုထက္မနည္း ျဖစ္ပြား


ရန္ကုန္ၿမိဳ႕မွာ ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ရန္ကုန္တုိင္း မရမ္းကုန္းၿမိဳ႕နယ္နဲ႔ အင္းစိန္ၿမိဳ႕နယ္အတြင္းမွာ ဒီေန႔ ဗုံးေပါက္ကဲြမႈေတြ ၅ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့တယ္လိုိ႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ ေပါက္ကဲြမႈေတြ ျဖစ္ၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြဘက္က ရပ္ကြက္အတြင္းမွာ ပစ္ခတ္မႈေတြ ရွိခဲ့တယ္လိုိ႔လည္း ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕က မရမ္းကုန္းၿမိဳ႕နယ္နဲ႔ အင္းစိန္ၿမိဳ႕နယ္ေတြမွာ ဒီေန႔ ဗုံးေပါက္ကဲြမႈေတြနဲ႔အတူ ပစ္ခတ္မႈေတြလည္း ျဖစ္ပြားခဲ့ပါတယ္။ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္တံတားအနီးက သမုိင္း ၁ ရပ္ကြက္မွာေတာ့ ဒီေန႔ ေန႔လယ္ ၂ နာရီေက်ာ္ေလာက္မွာ ဗုံးေပါက္ကဲြမႈ ၂ ႀကိမ္ ျဖစ္ပြားခဲ့ပါတယ္။ မရမ္းကုန္းၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာန ဦးစီးမွဴး႐ုံးနဲ႔ ျပည္တြင္းအခြန္႐ုံးနားမွာ ေပါက္ကဲြမႈျဖစ္တာလို႔ သမုိင္း ၁ ရပ္ကြက္မွာေနထုိင္သူ ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

"၂ နာရီခဲြေလာက္က စျဖစ္တာ၊ ၂ နာရီခဲြေလာက္မွာ ၁ လုံးေပါက္တယ္။ အသံက်ယ္ေတာ့က်ယ္တယ္။ အဲဒါလည္းျဖစ္ၿပီးေရာ ေနာက္ထပ္ ၂ နာရီ ၄၅ မိနစ္ေလာက္မွာ တခါထပ္ၿပီး ၁ လုံး ထပ္ေပါက္တယ္။ လဝက႐ုံးနဲ႔ အခြန္႐ုံးၾကားမွာ ေပါက္တယ္လို႔ ေျပာတယ္ခင္ဗ်။ သူတုိ႔က အဲဒီနားမွာ တပ္စဲြထားၿပီးေတာ့ အခုေနာက္ပိုင္းဆုိ ကားေတာင္ ေပးမျဖတ္ေတာ့ဘူး။ အဲဒီနားကလမ္းကို ပိတ္ထားတာ။ ျပင္းတယ္ဗ်။ က်ေနာ္တုိ႔က်ေတာ့ သူတုိ႔႐ုံးနဲ႔ဆုိရင္ ၂ လမ္း ၃ လမ္းပဲ ျခားတာကို။ ဒါေပမယ့္ ေတာ္ေတာ္က်ယ္က်ယ္ကို ၾကားရတယ္ခင္ဗ်။"

ေပါက္ကဲြမႈက ျပင္းထန္တဲ့အတြက္ ထိခုိက္ဒဏ္ရာရတာေတြ ရွိႏုိင္တယ္လို႔ သူကေျပာေပမယ့္ ေပါက္ကဲဲြမႈ ျဖစ္ပြားၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြဘက္က ရပ္ကြက္အတြင္းမွာ ပစ္ခတ္တာေတြ၊ စစ္ေဆးတာေတြ တင္းတင္းက်ပ္က်ပ္ လုပ္ေနတာေၾကာင့္ ဘယ္ေလာက္ ထိခုိက္ဒဏ္ရာရတယ္ဆုိတာ အတည္မျပဳႏုိင္ဘူးလို႔ ေျပာပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဗီြအိုေအအေနနဲ႔လည္း အခုခ်ိန္ထိေတာ့ သီးျခားအတည္ျပဳႏုိင္ျခင္းေတာ့ မရွိေသးပါဘူး။ ေပါက္ကဲြမႈျဖစ္ၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြဘက္က ရပ္ကြက္အတြင္း ေသနတ္ေတြနဲ႔ ဆက္တုိက္ ပစ္ခတ္တာရွိခဲ့ၿပီး အခ်က္ ၃၀ ေလာက္ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ပထမတႀကိမ္ ေပါက္တဲ့အခ်ိန္မွာ သူတို႔က လို္က္ၿပီးေတာ့ ပစ္တာက ဆုိင္ကယ္သမားကို အဓိကထားၿပီး လိုက္ပစ္တဲ့ပုံစံမ်ိဳး။ အဲဒါကို လိုက္ပစ္လုိ႔လည္းၿပီးေရာ လမ္းေတြထဲအထိပါ လိုက္ၿပီးေတာ့ ပစ္တဲ့ပုံစံမ်ိဳးအထိပါ ျဖစ္တာ။ အခ်က္ ၂၀-၃၀ ေလာက္ ေတာက္ေလွ်ာက္ဆဲြၿပီးေတာ့ ပစ္တဲ့ပုံစံမ်ိဳး။ ဒုတိယတခါက်ေတာ့ ျဖစ္ၿပီးတဲ့အခ်ိန္မွာ ေတာက္ေလွ်ာက္ပစ္တယ္၊ ေနရာေတြေရြးၿပီးေတာ့ ပစ္တဲ့ပုံစံမ်ိဳး အသံၾကားရတယ္။"

ေပါက္ကဲြမႈေတြ ျဖစ္ပြားတဲ့အခ်ိန္မွာ သမုိင္း ၁ ရပ္ကြက္အတြင္း ေရာက္ရွိေနသူ ၿမိဳ႕ခံေနာက္တဦးကလည္း သူႀကဳံေတြ႔ခဲ့ရတဲ့ အေျခအေနကို ဗီြအိုေအကို အခုလို ေျပာပါတယ္။

"မျဖစ္ခင္ ၁ နာရီခဲြ အေက်ာ္ေလာက္က အဲဒီမွာေရာက္ေနတာ။ ေရာက္ေနေတာ့ က်ေနာ္တုိ႔က အဲဒီကေန ၄ လမ္းေက်ာ္ေလာက္မွာ အမ်ိဳးရွိလို႔ အဲဒီမွာသြားေနတာ။ ဒါေပမယ့္ အဲဒီေနရာက အၿမဲတမ္းပိတ္ထားတာက တပတ္ ၁၀ ရက္ေက်ာ္ေလာက္ ရွိသြားၿပီ။ လူေရာ၊ စက္ဘီးေရာ ေပးမျဖတ္တာေပါ့။ အဲဒီလိုမ်ိဳး ပိတ္ထားတာ။ အခု ဗုံးေပါက္တယ္ဆုိေတာ့ က်ေနာ္လည္း အိမ္ေပၚမွာဆုိေတာ့ မသိဘူး။ အုံး … အုံး … အုံး ဆုိေတာ့ အကုန္လုံး အိမ္ေပၚမွာပဲ ဘာမွလုပ္လို႔မရဘူး။ က်ေနာ္တုိ႔ကလည္း အျပင္ကေန လာတာဆုိေတာ့။ သူတုိ႔ၿငိမ္သြားေအာင္ ေစာင့္ေနရေတာ့ က်ေနာ္တုိ႔ ညေန ၄ နာရီေလာက္မွ ျပန္လာရတာေပါ့။ သူတုိ႔က ဘာလုပ္မယ္မွန္း မသိဘူးေလ။ ၂ လုံးေပါက္ၿပီးေတာ့ သူတုိ႔က ဒုိင္းဒုိင္းဒုိင္းဆုိၿပီး ပစ္တာ အခ်က္ ၃၀-၄၀ ေလာက္ရွိတယ္။ ေတြ႔လို႔ပစ္တာလား၊ မေတြ႔လို႔ပစ္တာလားေတာ့ မသိဘူး။ ပစ္တာကေတာ့ ၃ - ၄ ေယာက္တဲြ ပစ္တာဆုိေတာ့ စက္ေသနတ္ပစ္သလိုပဲ။"

အခုေပါက္ကဲြမႈျဖစ္ပြားခဲ့တဲ့ ေနရာနားမွာ ၿမိဳ႕နယ္အခြန္႐ုံးေတြနဲ႔ လဝက႐ုံးလို ဌာနဆုိင္ရာ႐ုံးေတြ ရွိတာေၾကာင့္ လုံၿခဳံေရးေတြ တင္းက်ပ္ထားၿပီး အခုေနာက္ပိုင္း ယာဥ္အသြားအလာေတြကို ခြင့္မျပဳေတာ့ဘဲ လမ္းပိတ္ထားတာျဖစ္တယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ အဲဒီလို လမ္းပိတ္တာေတြ၊ လုံၿခဳံေရးေတြ တင္းက်ပ္ထားတဲ့ၾကားကပဲ အခုလို ေပါက္ကဲဲြမႈ ျဖစ္ပြားခဲ့တာပါ။ ဒီေပါက္ကဲြမႈေတြေၾကာင့္ စစ္ေကာင္စီတပ္ဖဲြ႔ဝင္ေတြ စစ္ေဆးမႈေတြ လမ္းပိတ္ဆုိ႔တာေတြ ရွိတယ္လို႔လည္း သမုိင္း ၁ ရပ္ကြက္က ေဒသခံက ေျပာပါတယ္။

"ျဖစ္တဲ့အခ်ိန္မွာေတာ့ ကားေတြကို စစ္တယ္လို႔ေတာ့ ၾကားတယ္။ ဘုရင့္ေနာင္လမ္းမ မီးပြိဳင့္ထိပ္မွာ ဆုိရင္ေတာ့ ရဲကားေတြ၊ စစ္ကားေတြေရာက္ၿပီး သူတုိ႔ လုံၿခဳံေရးခ်ထားတာ ေတြ႔တယ္။ ဟိုဘက္ထိပ္ ဒီဘက္ထိပ္ကို လမ္းပိတ္လိုက္တဲ့သေဘာ ျဖစ္သြားတာေပါ့။ ေလာေလာဆယ္ဆုိရင္ေတာ့ စေန၊ တနဂၤေႏြ အလုပ္သြား ႐ုံးတက္ရတာ လူေတြဆုိရင္ ႐ုံးျပန္လာရတာ အဆင္မေျပဘူး ျဖစ္သြားတာေပါ့။ လမ္းထဲမွာလည္း လူေတြက မ်ားေသာအားျဖင့္ အျပင္ထြက္ၾကတာေလ။"

ဒါ့အျပင္ ဒီေန႔မနက္ပိုင္းကလည္း အင္းစိန္ၿမိဳ႕နယ္အတြင္းမွာ ဗုံး ၃ လုံး ေပါက္ကဲြခဲ့ပါေသးတယ္။ မနက္ ၈ နာရီခဲြေလာက္ကေန ၉ နာရီၾကား အင္းစိန္ၿမိဳ႕နယ္အတြင္းက ကားမွတ္တုိင္ေတြမွာ ေပါက္ကဲြခဲ့တာျဖစ္ၿပီး ထိခုိက္ဒဏ္ရာရတာ မရွိဘူးလို႔ု႔ ျပည္တြင္းသတင္းေတြမွာ ေဖာ္ျပေနပါတယ္။ မေန႔ည ၁၀ နာရီခဲြေလာက္ကလည္း ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ေထြအုပ္႐ုံးအနီးမွာ ေပါက္ကဲြမႈ ျဖစ္ပြားခဲ့တယ္လို႔ ၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဆက္တုိက္ ျဖစ္ေပၚလာခဲ့သလို ေပါက္ကဲြမႈေတြ၊ ပစ္ခတ္တုိက္ခုိက္မႈေတြလည္း ႏုိင္ငံတဝန္းမွာ ေန႔စဥ္လိုလို ျဖစ္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရန်ကုန် မရမ်းကုန်းနဲ့ အင်းစိန်မှာ ပေါက်ကွဲမှု ၅ ခုထက်မနည်း ဖြစ်ပွား

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်အတွင်းမှာ ဒီနေ့ ဗုံးပေါက်ကွဲမှုတွေ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်အတွင်းမှာ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရန်ကုန်မြို့က မရမ်းကုန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေမှာ ဒီနေ့ ဗုံးပေါက်ကွဲမှုတွေနဲ့အတူ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီးက သမိုင်း ၁ ရပ်ကွက်မှာတော့ ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူးရုံးနဲ့ ပြည်တွင်းအခွန်ရုံးနားမှာ ပေါက်ကွဲမှုဖြစ်တာလို့ သမိုင်း ၁ ရပ်ကွက်မှာနေထိုင်သူ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"၂ နာရီခွဲလောက်က စဖြစ်တာ၊ ၂ နာရီခွဲလောက်မှာ ၁ လုံးပေါက်တယ်။ အသံကျယ်တော့ကျယ်တယ်။ အဲဒါလည်းဖြစ်ပြီးရော နောက်ထပ် ၂ နာရီ ၄၅ မိနစ်လောက်မှာ တခါထပ်ပြီး ၁ လုံး ထပ်ပေါက်တယ်။ လဝကရုံးနဲ့ အခွန်ရုံးကြားမှာ ပေါက်တယ်လို့ ပြောတယ်ခင်ဗျ။ သူတို့က အဲဒီနားမှာ တပ်စွဲထားပြီးတော့ အခုနောက်ပိုင်းဆို ကားတောင် ပေးမဖြတ်တော့ဘူး။ အဲဒီနားကလမ်းကို ပိတ်ထားတာ။ ပြင်းတယ်ဗျ။ ကျနော်တို့ကျတော့ သူတို့ရုံးနဲ့ဆိုရင် ၂ လမ်း ၃ လမ်းပဲ ခြားတာကို။ ဒါပေမယ့် တော်တော်ကျယ်ကျယ်ကို ကြားရတယ်ခင်ဗျ။"

ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက် ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်တယ်လို့ သူကပြောပေမယ့် ပေါက်ကဲွဲမှု ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်အတွင်းမှာ ပစ်ခတ်တာတွေ၊ စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေတာကြောင့် ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေအနေနဲ့လည်း အခုချိန်ထိတော့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်အတွင်း သေနတ်တွေနဲ့ ဆက်တိုက် ပစ်ခတ်တာရှိခဲ့ပြီး အချက် ၃၀ လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"ပထမတကြိမ် ပေါက်တဲ့အချိန်မှာ သူတို့က လိုက်ပြီးတော့ ပစ်တာက ဆိုင်ကယ်သမားကို အဓိကထားပြီး လိုက်ပစ်တဲ့ပုံစံမျိုး။ အဲဒါကို လိုက်ပစ်လို့လည်းပြီးရော လမ်းတွေထဲအထိပါ လိုက်ပြီးတော့ ပစ်တဲ့ပုံစံမျိုးအထိပါ ဖြစ်တာ။ အချက် ၂၀-၃၀ လောက် တောက်လျှောက်ဆွဲပြီးတော့ ပစ်တဲ့ပုံစံမျိုး။ ဒုတိယတခါကျတော့ ဖြစ်ပြီးတဲ့အချိန်မှာ တောက်လျှောက်ပစ်တယ်၊ နေရာတွေရွေးပြီးတော့ ပစ်တဲ့ပုံစံမျိုး အသံကြားရတယ်။"

ပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့အချိန်မှာ သမိုင်း ၁ ရပ်ကွက်အတွင်း ရောက်ရှိနေသူ မြို့ခံနောက်တဦးကလည်း သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ဗွီအိုအေကို အခုလို ပြောပါတယ်။

"မဖြစ်ခင် ၁ နာရီခွဲ အကျော်လောက်က အဲဒီမှာရောက်နေတာ။ ရောက်နေတော့ ကျနော်တို့က အဲဒီကနေ ၄ လမ်းကျော်လောက်မှာ အမျိုးရှိလို့ အဲဒီမှာသွားနေတာ။ ဒါပေမယ့် အဲဒီနေရာက အမြဲတမ်းပိတ်ထားတာက တပတ် ၁၀ ရက်ကျော်လောက် ရှိသွားပြီ။ လူရော၊ စက်ဘီးရော ပေးမဖြတ်တာပေါ့။ အဲဒီလိုမျိုး ပိတ်ထားတာ။ အခု ဗုံးပေါက်တယ်ဆိုတော့ ကျနော်လည်း အိမ်ပေါ်မှာဆိုတော့ မသိဘူး။ အုံး … အုံး … အုံး ဆိုတော့ အကုန်လုံး အိမ်ပေါ်မှာပဲ ဘာမှလုပ်လို့မရဘူး။ ကျနော်တို့ကလည်း အပြင်ကနေ လာတာဆိုတော့။ သူတို့ငြိမ်သွားအောင် စောင့်နေရတော့ ကျနော်တို့ ညနေ ၄ နာရီလောက်မှ ပြန်လာရတာပေါ့။ သူတို့က ဘာလုပ်မယ်မှန်း မသိဘူးလေ။ ၂ လုံးပေါက်ပြီးတော့ သူတို့က ဒိုင်းဒိုင်းဒိုင်းဆိုပြီး ပစ်တာ အချက် ၃၀-၄၀ လောက်ရှိတယ်။ တွေ့လို့ပစ်တာလား၊ မတွေ့လို့ပစ်တာလားတော့ မသိဘူး။ ပစ်တာကတော့ ၃ - ၄ ယောက်တွဲ ပစ်တာဆိုတော့ စက်သေနတ်ပစ်သလိုပဲ။"

အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာနားမှာ မြို့နယ်အခွန်ရုံးတွေနဲ့ လဝကရုံးလို ဌာနဆိုင်ရာရုံးတွေ ရှိတာကြောင့် လုံခြုံရေးတွေ တင်းကျပ်ထားပြီး အခုနောက်ပိုင်း ယာဉ်အသွားအလာတွေကို ခွင့်မပြုတော့ဘဲ လမ်းပိတ်ထားတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီလို လမ်းပိတ်တာတွေ၊ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားကပဲ အခုလို ပေါက်ကဲွဲမှု ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးမှုတွေ လမ်းပိတ်ဆို့တာတွေ ရှိတယ်လို့လည်း သမိုင်း ၁ ရပ်ကွက်က ဒေသခံက ပြောပါတယ်။

"ဖြစ်တဲ့အချိန်မှာတော့ ကားတွေကို စစ်တယ်လို့တော့ ကြားတယ်။ ဘုရင့်နောင်လမ်းမ မီးပွိုင့်ထိပ်မှာ ဆိုရင်တော့ ရဲကားတွေ၊ စစ်ကားတွေရောက်ပြီး သူတို့ လုံခြုံရေးချထားတာ တွေ့တယ်။ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို လမ်းပိတ်လိုက်တဲ့သဘော ဖြစ်သွားတာပေါ့။ လောလောဆယ်ဆိုရင်တော့ စနေ၊ တနင်္ဂနွေ အလုပ်သွား ရုံးတက်ရတာ လူတွေဆိုရင် ရုံးပြန်လာရတာ အဆင်မပြေဘူး ဖြစ်သွားတာပေါ့။ လမ်းထဲမှာလည်း လူတွေက များသောအားဖြင့် အပြင်ထွက်ကြတာလေ။"

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်အတွင်းမှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပါသေးတယ်။ မနက် ၈ နာရီခွဲလောက်ကနေ ၉ နာရီကြား အင်းစိန်မြို့နယ်အတွင်းက ကားမှတ်တိုင်တွေမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ မနေ့ည ၁၀ နာရီခွဲလောက်ကလည်း ကြည့်မြင်တိုင်မြို့နယ် ထွေအုပ်ရုံးအနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သလို ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း နိုင်ငံတဝန်းမှာ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG