သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္နဲ႔ စစ္ကိုင္းအစပ္မွာ တိုက္ပဲြျပင္းထန္


KIA တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေအာက္တုိဘာ ၁၄၊ ၂၀၁၆)

(Zawgyi / Unicode)

ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္မွာ ေသာၾကာေန႔က စစ္ေကာင္စီတပ္ေတြနဲ႔ KIA-PDF ပူးေပါင္းအဖဲြ႔ေတြအၾကား တေန႔လံုးနီးပါး တိုက္ခိုက္ခဲ့ၾကၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကပါ တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီတိုက္ပဲြဟာ ညေနပိုင္းမွာေတာ့ စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္ဘက္ထိ ဆက္လက္ျဖစ္ခဲ့သလို ဒီကေန႔မနက္ပိုင္းမွာလည္း ထပ္မံတိုက္ခုိက္ေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္နဲ႔ စစ္ကိုင္းတိုင္းနယ္စပ္က တိုက္ပဲြသတင္းကို ကိုသားညြန္႔ဦး ေျပာျပပါမယ္။

ဒီရက္ပိုင္းတြင္း ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းအစပ္ ေရႊကူနဲ႔ ကသာၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ KIA-PDF ပူးေပါင္းတပ္ေတြအၾကား တုိက္ပဲြေတြ ခပ္စိပ္စိပ္ ျဖစ္ေနခဲ့တာပါ။

ေသာၾကာေန႔ကေတာ့ ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္အစြန္က ၿမိဳ႕လွအနီးမွာ တုိက္ပဲြစတင္ျဖစ္ခဲ့ၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္းကပါ တုိက္ခုိက္ခဲ့သလို ညေနပိုင္းမွာ ကသာၿမိဳ႕အနီးမွာ ဆက္ျဖစ္ခဲ့ေၾကာင္း ေဒသခံတဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ေရႊကူၿမိဳ႕နယ္အစပ္ ၿမိဳ႕လွမွာက မနက္ ၈ နာရီေလာက္ကတည္းက စျဖစ္တာေပါ့။ စစ္ေကာင္စီဘက္က ေတာ္ေတာ္အထိနာၾကတာကိုး။ နာၾကတဲ့အခါက်ေတာ့ ညေနပိုင္းမွာ တုိက္ေလယာဥ္ ၂ စင္းနဲ႔ ဗံုးေတြလာခ်တယ္။ တေန႔လံုးနီးနီး တိုက္ပဲြက ျဖစ္ေနၿပီးေတာ့ ညေန ၆ နာရီက်ေတာ့ ကသာနားေလးမွာ ကသာၿမိဳ႕နဲ႔ တမုိင္နဲ႔ တဖာလံုပဲကြာတယ္၊ ကသာၿမိဳ႕ ကားႀကီးကြင္းနားေလးမွာ ျဖစ္တာ။ ၇ နာရီထုိးမွာမွ ၿငိမ္သြားတယ္။ အဲဒီမွာလည္း တုိက္ေလယာဥ္ ၂ စီးလာဝဲတယ္။ ဒါေပမယ့္ ေမွာင္ေတာ့မွာဆုိေတာ့ ေလယာဥ္ေတြက ဘာမွလုပ္မသြားဘူး။ လက္နက္ႀကီးကေတာ့ အလံုး ၃၀ ေက်ာ္ ပစ္တယ္။”

ၿမိဳ႕လွတုိက္ပဲြမွာ စစ္ေကာင္စီတပ္ဘက္က ဆဲြမိုင္းထိတာေၾကာင့္ အထိအခုိက္ အက်အဆံုး ရိွခဲ့သလို ကသာအနီး တိုက္ပဲြမွာေတာ့ စစ္ေကာင္စီဘက္က ထိခုိက္က်ဆံုးသူေတြကို ရဲကားတစီး၊ လူနာတင္ကား ၄ စီးနဲ႔ သယ္ယူသြားတာ ေတြ႔ရေၾကာင္း ေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းမွာလည္း ၿမိဳ႕လွအနီးမွာ တုိက္ပဲြဆက္ျဖစ္ေနတယ္လုိ႔ အခုလို ဆက္ေျပာပါတယ္။

“ဒီေန႔လည္း ျဖစ္ေနတယ္လုိ႔ ဖုန္းဆက္လာတယ္။ အနားကရြာက၊ အဲဒီ မေန႔ကျဖစ္တဲ့ ၿမိဳ႕လွရြာနား။ အဲဒီအနားမွာ ဒီေန႔လည္း ဆက္ျဖစ္ေနပါတယ္လို႔ ေျပာလာတယ္။ အခုေနာက္ပိုင္းေတာ့ ပဲြၿပီးၿပီလား၊ မၿပီးေသးဘူးလား က်ေနာ္တို႔ အဆက္အသြယ္ မရေသးဘူးဗ်။ သူတို႔ဘက္က မဆက္ခဲ့ေသးဘူး။”

ေရႊကူေဒသခံတဦးကလည္း ၿမိဳ႕လွတိုက္ပဲြ ျဖစ္ပြားတဲ့ အေျခအေနကို အခုလို ေျပာပါတယ္။

“က်ေနာ္တုိ႔ ေရႊကူနဲ႔ တဖက္ကမ္း ၿမိဳ႕လွ၊ အုပ္ခ်ီေပါ့၊ ၿမိဳ႕လွကေတာ့ ၿမိဳ႕နယ္ခဲြ။ မနက္ပိုင္းတည္းက စတာလုိ႔ေတာ့ ၾကားတာပဲ။ ေန႔ ၂ နာရီေလာက္ကေနစၿပီးမွ ၅ နာရီေလာက္အထိ ခပ္ျပင္းျပင္းေလး ျဖစ္ၿပီးေတာ့ တျဖတ္နားသြားတယ္တဲ့။ နားၿပီးေတာ့ ေနာက္ ၇ နာရီေလာက္မွာ စၿပီးေတာ့ တခ်က္တခ်က္ျဖစ္တယ္လုိ႔ ေျပာတယ္။ ညကိုလည္း ၇ နာရီေလာက္ကေန ၉ နာရီေလာက္အထိ လက္နက္ႀကီးသံေတြေကာ ဘာေတြေကာ။”

ၿမိဳလွၿမိဳ႕ဟာ ေရႊကူၿမိဳ႕နဲ႔ မုိင္ ၂၀ ေလာက္ ကြာေဝးတာလည္း ျဖစ္ပါတယ္။

ေရႊကူၿမိဳ႕အနီး ၿမိဳ႕လွတိုက္ပဲြမွာ ေလေၾကာင္းက တုိက္ခုိက္တာေၾကာင့္ တယ္လီဖုန္း ဆက္သြယ္ေရးတိုင္တခု ပ်က္စီးၿပီး ဖုန္းအဆက္အသြယ္တခ်ိဳ႕ ျပတ္ေတာက္ေနခဲ့ေၾကာင္းနဲ႔ ႏွစ္ဖက္အထိအခိုက္ အက်အဆံုးကို အတိအက် မသိရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီလ ၇ ရက္ေန႔ မနက္ ၇ နာရီေလာက္က ၿမိဳ႕လွအနီး ေကာက္ေကြ႔ေခ်ာင္းမွာ KIA နဲ႔ PDF ပူးေပါင္းအဖဲြ႔ေတြက စစ္ေကာင္စီတပ္က စက္ေလွ ၂ စင္း တိုက္ခုိက္ႏွစ္ျမႇဳပ္ခံရၿပီးေနာက္ ၉ ရက္ေန႔မွာ စစ္ေကာင္စီဘက္က ထပ္မံ ထိုးစစ္ဆင္တာ ျဖစ္ႏုိင္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီတုိက္ပဲြျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စစ္ေကာင္စီနဲ႔ KIA ဘက္ကေတာ့ သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။

ဒီလ ၂ ရက္ေန႔ကလည္း ကသာၿမိဳ႕နယ္ မုိးဒါးႀကီးေက်းရြာ အထက္ပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ KIA-PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပဲြျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့သလို KIA-PDF တပ္ေတြဟာ စစ္ကိုင္းတုိင္း ေကာလင္းၿမိဳ႕နယ္ေတြအထိမွာ ျဖန္႔ၾကက္ ဝင္ေရာက္လာေနပါတယ္။

ကခ်င္နဲ႔ စစ္ကိုင္းအစပ္မွာ တိုက္ပဲြျပင္းထန္
please wait

No media source currently available

0:00 0:02:54 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကချင်နဲ့ စစ်ကိုင်းအစပ်မှာ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ သောကြာနေ့က စစ်ကောင်စီတပ်တွေနဲ့ KIA-PDF ပူးပေါင်းအဖွဲ့တွေအကြား တနေ့လုံးနီးပါး တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲဟာ ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်ထိ ဆက်လက်ဖြစ်ခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ထပ်မံတိုက်ခိုက်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က တိုက်ပွဲသတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီရက်ပိုင်းတွင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ရွှေကူနဲ့ ကသာမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေခဲ့တာပါ။

သောကြာနေ့ကတော့ ကချင်ပြည်နယ် ရွှေကူမြို့နယ်အစွန်က မြို့လှအနီးမှာ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကပါ တိုက်ခိုက်ခဲ့သလို ညနေပိုင်းမှာ ကသာမြို့အနီးမှာ ဆက်ဖြစ်ခဲ့ကြောင်း ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရွှေကူမြို့နယ်အစပ် မြို့လှမှာက မနက် ၈ နာရီလောက်ကတည်းက စဖြစ်တာပေါ့။ စစ်ကောင်စီဘက်က တော်တော်အထိနာကြတာကိုး။ နာကြတဲ့အခါကျတော့ ညနေပိုင်းမှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးတွေလာချတယ်။ တနေ့လုံးနီးနီး တိုက်ပွဲက ဖြစ်နေပြီးတော့ ညနေ ၆ နာရီကျတော့ ကသာနားလေးမှာ ကသာမြို့နဲ့ တမိုင်နဲ့ တဖာလုံပဲကွာတယ်၊ ကသာမြို့ ကားကြီးကွင်းနားလေးမှာ ဖြစ်တာ။ ၇ နာရီထိုးမှာမှ ငြိမ်သွားတယ်။ အဲဒီမှာလည်း တိုက်လေယာဉ် ၂ စီးလာဝဲတယ်။ ဒါပေမယ့် မှောင်တော့မှာဆိုတော့ လေယာဉ်တွေက ဘာမှလုပ်မသွားဘူး။ လက်နက်ကြီးကတော့ အလုံး ၃၀ ကျော် ပစ်တယ်။”

မြို့လှတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဆွဲမိုင်းထိတာကြောင့် အထိအခိုက် အကျအဆုံး ရှိခဲ့သလို ကသာအနီး တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူတွေကို ရဲကားတစီး၊ လူနာတင်ကား ၄ စီးနဲ့ သယ်ယူသွားတာ တွေ့ရကြောင်း ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း မြို့လှအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အခုလို ဆက်ပြောပါတယ်။

“ဒီနေ့လည်း ဖြစ်နေတယ်လို့ ဖုန်းဆက်လာတယ်။ အနားကရွာက၊ အဲဒီ မနေ့ကဖြစ်တဲ့ မြို့လှရွာနား။ အဲဒီအနားမှာ ဒီနေ့လည်း ဆက်ဖြစ်နေပါတယ်လို့ ပြောလာတယ်။ အခုနောက်ပိုင်းတော့ ပွဲပြီးပြီလား၊ မပြီးသေးဘူးလား ကျနော်တို့ အဆက်အသွယ် မရသေးဘူးဗျ။ သူတို့ဘက်က မဆက်ခဲ့သေးဘူး။”

ရွှေကူဒေသခံတဦးကလည်း မြို့လှတိုက်ပွဲ ဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရွှေကူနဲ့ တဖက်ကမ်း မြို့လှ၊ အုပ်ချီပေါ့၊ မြို့လှကတော့ မြို့နယ်ခွဲ။ မနက်ပိုင်းတည်းက စတာလို့တော့ ကြားတာပဲ။ နေ့ ၂ နာရီလောက်ကနေစပြီးမှ ၅ နာရီလောက်အထိ ခပ်ပြင်းပြင်းလေး ဖြစ်ပြီးတော့ တဖြတ်နားသွားတယ်တဲ့။ နားပြီးတော့ နောက် ၇ နာရီလောက်မှာ စပြီးတော့ တချက်တချက်ဖြစ်တယ်လို့ ပြောတယ်။ ညကိုလည်း ၇ နာရီလောက်ကနေ ၉ နာရီလောက်အထိ လက်နက်ကြီးသံတွေကော ဘာတွေကော။”

မြိုလှမြို့ဟာ ရွှေကူမြို့နဲ့ မိုင် ၂၀ လောက် ကွာဝေးတာလည်း ဖြစ်ပါတယ်။

ရွှေကူမြို့အနီး မြို့လှတိုက်ပွဲမှာ လေကြောင်းက တိုက်ခိုက်တာကြောင့် တယ်လီဖုန်း ဆက်သွယ်ရေးတိုင်တခု ပျက်စီးပြီး ဖုန်းအဆက်အသွယ်တချို့ ပြတ်တောက်နေခဲ့ကြောင်းနဲ့ နှစ်ဖက်အထိအခိုက် အကျအဆုံးကို အတိအကျ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီလ ၇ ရက်နေ့ မနက် ၇ နာရီလောက်က မြို့လှအနီး ကောက်ကွေ့ချောင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်က စက်လှေ ၂ စင်း တိုက်ခိုက်နှစ်မြှုပ်ခံရပြီးနောက် ၉ ရက်နေ့မှာ စစ်ကောင်စီဘက်က ထပ်မံ ထိုးစစ်ဆင်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ KIA ဘက်ကတော့ သီးခြားအတည်ပြုချက် မရသေးပါဘူး။

ဒီလ ၂ ရက်နေ့ကလည်း ကသာမြို့နယ် မိုးဒါးကြီးကျေးရွာ အထက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA-PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို KIA-PDF တပ်တွေဟာ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွေအထိမှာ ဖြန့်ကြက် ဝင်ရောက်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG