သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္း စစ္ေဘးေရွာင္တို႔ရဲ႕ မလံုၿခံဳတဲ့ဘဝ


စစ္ကုိင္းတုိင္း ကနီၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ဒုကၡသည္အခ်ဳိ႕။ (ေမ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္း ကနီနဲ႔ ဒီပဲယင္းၿမိဳ႕နယ္ေတြမွာ မၾကာခင္ရက္ပိုင္းက ပစ္ခတ္တိုက္ခိုက္မႈေတြရွိခဲ့လို႔ ေဒသခံေတာ္ေတာ္မ်ားမ်ား ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ သူတို႔အေနန႔ဲ အစီအစဥ္တက် လုပ္ထားတဲ့ ဒုကၡသည္စခန္းမ်ဳိးမွာ မဟုတ္ဘဲ ေတာေတာင္ထဲမွာ ျဖစ္သလို ေနထိုင္ေနၾကရတဲ့အတြက္ ေနရာထိုင္ခင္းနဲ႔ စားနပ္ရိကၡာ၊ ေဆးဝါးအခက္အခဲ ႀကံဳေတြ႔ေနၾကပါတယ္။ စစ္ကိုင္းတိုင္းထဲက ျပည္တြင္းဒုကၡသည္ေတြရဲ႕ အေျခအေနအေၾကာင္း ‌ေဒၚခင္မ်ိဳးသက္ တင္ျပထားပါတယ္။

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္မွာ ဒီရက္ပိုင္းထဲ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့သလုိ ကနီၿမိဳ႕နယ္ဘက္မွာလည္း ပစ္ခတ္တိုက္ခိုက္မႈေတြ ရွိခဲ့ပါတယ္။ စစ္တပ္ကလည္း အဲဒီေဒသဘက္က ရြာေတြမွာ နယ္ေျမရွင္းလင္းေရး လုပ္ေနတာေၾကာင့္ ေထာင္ခ်ီထြက္ေျပးလာတဲ့ ေဒသခံေတြ ရြာမျပန္ရဲဘဲ ေဘးလြတ္ရာမွာ ခိုလႈံေနၾကရပါတယ္။ စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ထဲက တိမ္းေရွာင္သူတခ်ဳိ႕လည္း ေတာအုပ္ေတြထဲမွာ ျဖစ္သလို ပုန္းခိုေနရသလို တခ်ဳိ႕ကလည္း မိမိတို႔နီးစပ္ရာရြာေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ေခတၱခိုလႈံေနရပါတယ္။

ေတာေတာင္ထဲမွာ တိမ္းေရွာင္ေနရသူအတြက္ သူတို႔ပုန္းခိုတဲ့ ေနရာအထိသြားၿပီး ဘယ္သူမွ အကူအညီေတြ မေပးရဲလို႔ အကူအညီမရႏိုင္ ျဖစ္ေနၾကပါတယ္။ စားနပ္ရိကၡာ၊ ေဆးဝါးေတြ လိုအပ္သလို မိုးတြင္းကာလျဖစ္လို႔ မိုးကာေတြလည္း အဓိကလိုအပ္ေနတယ္လုိ႔ ကနီၿမိဳ႕နယ္ထဲက ေဒသခံတဦးက ေျပာပါတယ္။

“ဒီေန႔ဆိုရင္ ဒါ မိုးေတြရြာေနတယ္၊ မိုးရြာတယ္ဆိုေတာ့ သူတို႔ မိုးကာတို႔ လံုၿခံဳတဲ့ အဲ့လိုမ်ဳိး သစ္ပင္ေအာက္တို႔ ဘာတို႔ ခိုရတယ္၊ အဲ့လိုေတြေပါ့။ အဝတ္အစားမပါဘဲ ထြက္ေျပးရတာေတြ၊ ဘာမွကို သယ္လို႔မရေအာင္ လက္နက္ႀကီးနဲ႔ လိုက္ပစ္ေတာ့ ထြက္ေျပးရတယ္။ အဲ့လိုမ်ဳိးဆိုရင္ မိုးရြာတယ္၊ အပင္ေအာက္ေတြမွာ ကပ္ကပ္ၿပီး ေနရတာေတြ ရွိတယ္ရွင္။ ေတာထဲဆိုေတာ့ သူတို႔ ျဖစ္သလို ရွာေဖြစားတယ္ေပါ့ေနာ္။ ပါတဲ့ဟာစားတယ္၊ မပါလည္း ဒီအတိုင္း ေနစားတယ္။ မ်ားေသာအားျဖင့္ စားနပ္ရိကၡာ၊ ျခင္ေထာင္တို႔ မိုးကာတို႔ ေတာထဲမွာေနရတဲ့လူ လံုးဝမလံုၿခံဳဘူး၊ အသက္အႏၱရာယ္လည္း မလံုၿခဳံဘူး ေတာထဲမွာ၊ စစ္တပ္ေတြ သြားေနတဲ့အတြက္ေပါ့ေနာ္။ ညီမတို႔ဆီမွာက စစ္ေဘးေရွာင္စခန္း သြားဖြင့္လို႔လည္း မရဘူးေလ။ အဲလိုဆိုေတာ့ တအားကုိ ခက္ခဲတယ္။ အဓိက က်န္းမာေရးေတြေပါ့။ အခုခ်ိန္မွာ က်န္းမာေရးလည္း ပိုဆိုးေနတယ္ေပါ့။”

ကနီၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇူလိုင္ ၂ ရက္ေန႔က ရြာထဲအထိ စစ္တပ္က ဝင္ပစ္ခတ္လို႔ ေက်းရြာေပါင္း ၃၀ ေက်ာ္၊ လူေပါင္း ၃၀,၀၀၀ ေလာက္ ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီေဒသက ျပည္သူေတြဟာ အသက္ေဘးလြတ္ေအာင္ ထြက္ေျပးရခ်ိန္မွာ ေနအိမ္၊ ကၽြဲ၊ ႏြားေတြကို ဒီအတိုင္း ထားပစ္ခဲ့ရပါတယ္။ စစ္တပ္က ရြာေတြထဲ ဝင္ေရာက္ဖ်က္ဆီးတာေတြ လုပ္ေနတယ္လို႔ ဆုိပါတယ္။

“အခုဟာက အမေရ မေန႔ကဆိုရင္ ႏြားေတြဘာေတြေတာင္မွ သတ္လို႔ ေရထဲေမွ်ာ၊ အိမ္ေတြမီး႐ႈိ႕ အဲ့ဘက္ရြာတရြာမွာ၊ အဲ့လိုေတြ လုပ္သြားတာရွိတယ္။ တိရစၦာန္ေတြသတ္တယ္၊ ဆန္ ဆီ အကုန္ယူတယ္၊ ယူလို႔မရဘူးဆိုရင္ သြန္ပစ္ခ်ထားခဲ့တယ္ အဲ့လိုမ်ဳိးေတြေပါ့။ ဆိုင္ကယ္ဆိုရင္ အစီး ၃၀ ပါသြားတယ္။ ပစၥည္းေတြ ေရႊ ေငြေတြ ပါတယ္။ အကုန္ေပါ့ေနာ္ အဝတ္အစားကအစ မက်န္ေအာင္ အကုန္ယူသြားတယ္။ ေဒသခံေတြ ေတာေတြထဲမွာ ထြက္ေျပးေတာ့ ေတာေတြထဲလိုက္တယ္၊ ေတာေတြထဲလိုက္ေတာ့က်ေတာ့ ေတာေတြထဲက ပစၥည္းထားတဲ့ဟာေတြ ယူတယ္။”

စစ္တပ္ပစ္ခတ္လို႔ ေျပးလႊားရင္း ေဒသခံေတြ က်ည္ထိမွန္ ဒဏ္ရာရထားသူေတြ ရွိသလို ပိုးထိ ေႁမြကိုက္ခံရသူေတြလည္း ရွိေနပါတယ္။

အလားတူ ဒီပဲယင္းၿမိဳ႕နယ္မွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔အၾကား ပစ္ခတ္မႈျဖစ္လို႔ ေဒသခံေတြ ေထာင္ခ်ီ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ ေတာေတာင္ထဲ ပုန္းခိုေနၾကရတဲ့ သက္ႀကီးရြယ္အို၊ ကေလးသူငယ္ေတြ အမ်ားအျပား ရာသီတုပ္ေကြးေရာဂါလည္း ျဖစ္ပြားေနၾကပါတယ္။ ေတာေတာင္ထဲမွာ ေဆးဝါးေတြ က်န္းမာေရးေစာင့္ေရွာက္မႈေတြလည္း မရရွိၾကပါဘူး။

ဒီပဲယင္းၿမိဳ႕နယ္ဘက္မွာလည္း သက္ႀကီးရြယ္အုိ ၁,၅၀၀ ေလာက္ပဲ ေက်းရြာေတြမွာ က်န္ေတာ့ၿပီး က်န္သူေတြ ထြက္ေျပးေနၾကတယ္လို႔ ဒီပဲယင္းေဒသခံတဦးက ေျပာျပပါတယ္။

“က်ေနာ္တို႔ဆီေတာ့ ဒါ စစ္ေကာင္စီကတပ္ေတြမ်ားလာရင္ သူတို႔ ထိုးစစ္ဆင္လာရင္ ေျပးၾကရတာပဲ။ သူတို႔လူေတြက ဒီေန႔မနက္ခင္းက သံုးစီးအျပည့္ ထြက္သြားတယ္ ဆုိေတာ့ နည္းနည္းေတာ့ ေပါ့တယ္ထင္ၿပီး ေဒသခံေတြ ရြာျပန္ဝင္ၾကတာေပါ့။ Stand by ေပါ့ဗ်။ တိရစၦာန္ေတြက ႏြားေတြဘာေတြကလည္း ထြက္ေျပးၾကေတာ့ ႏြားေတြနဲ႔ ေျပးလို႔အဆင္မေျပေတာ့ လႊတ္ပစ္ထားခဲ့ၾကတယ္ေလ။ အဲ့ဒါကို ျပန္ေကာက္ၾက ဖမ္းၾက လုပ္ၾကရတာကိုး။ ရြာေတြကို ျပန္ကပ္ၾကတာေတာ့ သက္ႀကီးရြယ္အိုေတြေတာ့ ေတာထဲမွာ ထားခဲ့တာမ်ဳိးေပါ့။ ဒီ ႏြားေကၽြး ႏြားရွာေပါ့ဗ်၊ သန္သန္မာမာ လူေတြကေတာ့ ျပန္ၾကရတာေပါ့။ အိမ္ေတြကို ဒီတိုင္းပစ္ထားလို႔မွ မရတာကိုး။ အိမ္မွာေတာ့ အထုပ္ျပင္ၿပီး အရန္အသင့္ေပါ့ အသံၾကားေတာ့ ျပန္ထြက္ေပါ့။”

ေတာေတာင္ထဲမွာ ခိုလႈံေနၾကသူေတြဟာလည္း ေနာက္ထပ္ တိုက္ပြဲေတြေၾကာင့္ လက္ရွိ ပုန္းခိုေနတဲ့ေနရာေတြ ေဘးမလြတ္ရင္ ထြက္ေျပးဖုိ႔ အၿမဲျပင္ဆင္ထားတယ္လို႔ ေျပာၾကပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးထဲက ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ ဇူလိုင္လ ၂ ရက္က လက္နက္ကိုင္ေတြက လုံၿခဳံေရးေဆာင္ရြက္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြကို တူမီးေသနတ္ေတြ၊ လက္နက္ငယ္ေတြနဲ႔ ေခ်ာင္းေျမာင္းပစ္ခတ္ တုိက္ခိုက္ခဲ့လို႔ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက ျပန္လည္ခုခံ ပစ္ခတ္ခဲ့ရာ မိနစ္ ၃၀ ေလာက္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်ကိုင်းတိုင်း စစ်ဘေးရှောင်တို့ရဲ့ မလုံခြုံတဲ့ဘဝ

စစ်ကိုင်းတိုင်း ကနီနဲ့ ဒီပဲယင်းမြို့နယ်တွေမှာ မကြာခင်ရက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့လို့ ဒေသခံတော်တော်များများ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ သူတို့အနေနဲ့ အစီအစဉ်တကျ လုပ်ထားတဲ့ ဒုက္ခသည်စခန်းမျိုးမှာ မဟုတ်ဘဲ တောတောင်ထဲမှာ ဖြစ်သလို နေထိုင်နေကြရတဲ့အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲ ကြုံတွေ့နေကြပါတယ်။ စစ်ကိုင်းတိုင်းထဲက ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေအကြောင်း ‌ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီရက်ပိုင်းထဲ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့သလို ကနီမြို့နယ်ဘက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ စစ်တပ်ကလည်း အဲဒီဒေသဘက်က ရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ထောင်ချီထွက်ပြေးလာတဲ့ ဒေသခံတွေ ရွာမပြန်ရဲဘဲ ဘေးလွတ်ရာမှာ ခိုလှုံနေကြရပါတယ်။ စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက တိမ်းရှောင်သူတချို့လည်း တောအုပ်တွေထဲမှာ ဖြစ်သလို ပုန်းခိုနေရသလို တချို့ကလည်း မိမိတို့နီးစပ်ရာရွာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေရပါတယ်။

တောတောင်ထဲမှာ တိမ်းရှောင်နေရသူအတွက် သူတို့ပုန်းခိုတဲ့ နေရာအထိသွားပြီး ဘယ်သူမှ အကူအညီတွေ မပေးရဲလို့ အကူအညီမရနိုင် ဖြစ်နေကြပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်သလို မိုးတွင်းကာလဖြစ်လို့ မိုးကာတွေလည်း အဓိကလိုအပ်နေတယ်လို့ ကနီမြို့နယ်ထဲက ဒေသခံတဦးက ပြောပါတယ်။

“ဒီနေ့ဆိုရင် ဒါ မိုးတွေရွာနေတယ်၊ မိုးရွာတယ်ဆိုတော့ သူတို့ မိုးကာတို့ လုံခြုံတဲ့ အဲ့လိုမျိုး သစ်ပင်အောက်တို့ ဘာတို့ ခိုရတယ်၊ အဲ့လိုတွေပေါ့။ အဝတ်အစားမပါဘဲ ထွက်ပြေးရတာတွေ၊ ဘာမှကို သယ်လို့မရအောင် လက်နက်ကြီးနဲ့ လိုက်ပစ်တော့ ထွက်ပြေးရတယ်။ အဲ့လိုမျိုးဆိုရင် မိုးရွာတယ်၊ အပင်အောက်တွေမှာ ကပ်ကပ်ပြီး နေရတာတွေ ရှိတယ်ရှင်။ တောထဲဆိုတော့ သူတို့ ဖြစ်သလို ရှာဖွေစားတယ်ပေါ့နော်။ ပါတဲ့ဟာစားတယ်၊ မပါလည်း ဒီအတိုင်း နေစားတယ်။ များသောအားဖြင့် စားနပ်ရိက္ခာ၊ ခြင်ထောင်တို့ မိုးကာတို့ တောထဲမှာနေရတဲ့လူ လုံးဝမလုံခြုံဘူး၊ အသက်အန္တရာယ်လည်း မလုံခြုံဘူး တောထဲမှာ၊ စစ်တပ်တွေ သွားနေတဲ့အတွက်ပေါ့နော်။ ညီမတို့ဆီမှာက စစ်ဘေးရှောင်စခန်း သွားဖွင့်လို့လည်း မရဘူးလေ။ အဲလိုဆိုတော့ တအားကို ခက်ခဲတယ်။ အဓိက ကျန်းမာရေးတွေပေါ့။ အခုချိန်မှာ ကျန်းမာရေးလည်း ပိုဆိုးနေတယ်ပေါ့။”

ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ရွာထဲအထိ စစ်တပ်က ဝင်ပစ်ခတ်လို့ ကျေးရွာပေါင်း ၃၀ ကျော်၊ လူပေါင်း ၃၀,၀၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသက ပြည်သူတွေဟာ အသက်ဘေးလွတ်အောင် ထွက်ပြေးရချိန်မှာ နေအိမ်၊ ကျွဲ၊ နွားတွေကို ဒီအတိုင်း ထားပစ်ခဲ့ရပါတယ်။ စစ်တပ်က ရွာတွေထဲ ဝင်ရောက်ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အခုဟာက အမရေ မနေ့ကဆိုရင် နွားတွေဘာတွေတောင်မှ သတ်လို့ ရေထဲမျှော၊ အိမ်တွေမီးရှို့ အဲ့ဘက်ရွာတရွာမှာ၊ အဲ့လိုတွေ လုပ်သွားတာရှိတယ်။ တိရစ္ဆာန်တွေသတ်တယ်၊ ဆန် ဆီ အကုန်ယူတယ်၊ ယူလို့မရဘူးဆိုရင် သွန်ပစ်ချထားခဲ့တယ် အဲ့လိုမျိုးတွေပေါ့။ ဆိုင်ကယ်ဆိုရင် အစီး ၃၀ ပါသွားတယ်။ ပစ္စည်းတွေ ရွှေ ငွေတွေ ပါတယ်။ အကုန်ပေါ့နော် အဝတ်အစားကအစ မကျန်အောင် အကုန်ယူသွားတယ်။ ဒေသခံတွေ တောတွေထဲမှာ ထွက်ပြေးတော့ တောတွေထဲလိုက်တယ်၊ တောတွေထဲလိုက်တော့ကျတော့ တောတွေထဲက ပစ္စည်းထားတဲ့ဟာတွေ ယူတယ်။”

စစ်တပ်ပစ်ခတ်လို့ ပြေးလွှားရင်း ဒေသခံတွေ ကျည်ထိမှန် ဒဏ်ရာရထားသူတွေ ရှိသလို ပိုးထိ မြွေကိုက်ခံရသူတွေလည်း ရှိနေပါတယ်။

အလားတူ ဒီပဲယင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်လို့ ဒေသခံတွေ ထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ တောတောင်ထဲ ပုန်းခိုနေကြရတဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ အများအပြား ရာသီတုပ်ကွေးရောဂါလည်း ဖြစ်ပွားနေကြပါတယ်။ တောတောင်ထဲမှာ ဆေးဝါးတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရရှိကြပါဘူး။

ဒီပဲယင်းမြို့နယ်ဘက်မှာလည်း သက်ကြီးရွယ်အို ၁,၅၀၀ လောက်ပဲ ကျေးရွာတွေမှာ ကျန်တော့ပြီး ကျန်သူတွေ ထွက်ပြေးနေကြတယ်လို့ ဒီပဲယင်းဒေသခံတဦးက ပြောပြပါတယ်။

“ကျနော်တို့ဆီတော့ ဒါ စစ်ကောင်စီကတပ်တွေများလာရင် သူတို့ ထိုးစစ်ဆင်လာရင် ပြေးကြရတာပဲ။ သူတို့လူတွေက ဒီနေ့မနက်ခင်းက သုံးစီးအပြည့် ထွက်သွားတယ် ဆိုတော့ နည်းနည်းတော့ ပေါ့တယ်ထင်ပြီး ဒေသခံတွေ ရွာပြန်ဝင်ကြတာပေါ့။ Stand by ပေါ့ဗျ။ တိရစ္ဆာန်တွေက နွားတွေဘာတွေကလည်း ထွက်ပြေးကြတော့ နွားတွေနဲ့ ပြေးလို့အဆင်မပြေတော့ လွှတ်ပစ်ထားခဲ့ကြတယ်လေ။ အဲ့ဒါကို ပြန်ကောက်ကြ ဖမ်းကြ လုပ်ကြရတာကိုး။ ရွာတွေကို ပြန်ကပ်ကြတာတော့ သက်ကြီးရွယ်အိုတွေတော့ တောထဲမှာ ထားခဲ့တာမျိုးပေါ့။ ဒီ နွားကျွေး နွားရှာပေါ့ဗျ၊ သန်သန်မာမာ လူတွေကတော့ ပြန်ကြရတာပေါ့။ အိမ်တွေကို ဒီတိုင်းပစ်ထားလို့မှ မရတာကိုး။ အိမ်မှာတော့ အထုပ်ပြင်ပြီး အရန်အသင့်ပေါ့ အသံကြားတော့ ပြန်ထွက်ပေါ့။”

တောတောင်ထဲမှာ ခိုလှုံနေကြသူတွေဟာလည်း နောက်ထပ် တိုက်ပွဲတွေကြောင့် လက်ရှိ ပုန်းခိုနေတဲ့နေရာတွေ ဘေးမလွတ်ရင် ထွက်ပြေးဖို့ အမြဲပြင်ဆင်ထားတယ်လို့ ပြောကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးထဲက ဒီပဲယင်းမြို့နယ်ထဲမှာ ဇူလိုင်လ ၂ ရက်က လက်နက်ကိုင်တွေက လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တူမီးသေနတ်တွေ၊ လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG