သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၇ ဇူလိႈင္ႏွစ္ပတ္လည္ လ်ပ္တျပတ္ဆႏၵျပမႈမ်ားျပဳလုပ္ခဲ့


7 ဂ်ဴလိုင္စိတ္ဓာတ္နဲ ့လက္ရွိစစ္အာဏာသိမ္းမႈကို ဆန္ ့က်င္ဆႏၵျပ ေနၾကတဲ့ ရန္ကုန္ဆႏၵျပပြဲတခု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ဒီကေန႔မွာ ႏိုင္ငံတစ္ဝန္းက ၿမိဳ႕ေတြမွာ သမိုင္းဝင္ 7 ဇူလုိင္ေန႔ အထိမ္းအမွတ္ လ်ပ္တျပတ္ ခ်ီတက္ဆႏၵျပပြဲေတြ လုပ္ၾကပါတယ္။ ၁၉၆၂ ခုႏွစ္ ဗိုလ္ခ်ဳုပ္ႀကီးေနဝင္းဦးေဆာင္တဲ့ စစ္အာဏာသိမ္းအစိုးရကို ပထမဆုံး ဆန္႔က်င္ဆႏၵျပခဲ့ၾကတဲ့ ဇူလိုင္လ ၇ ရက္ေန႔ အေရးေတာ္ပုံ ၅၉ႏွစ္ျပည့္ေန႔ အထိမ္းအမွတ္အေနနဲ႔ လက္ရွိ အာဏာသိမ္းထားတဲ့ စစ္တပ္ကုိ ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ ေက်ာင္းသား လူငယ္ေတြဦးေဆာင္ၿပီး ခ်ီတက္ဆႏၵျပမႈေတြ ရန္ကုန္အပါအ၀င္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ျပဳလုပ္ခဲ့ၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္ေျပာျပပါမယ္။

၁၉၆၂ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ေနဝင္း ဦးေဆာင္တဲ့ စစ္အာဏာသိမ္းအစိုးရကို ပထမဆုံးဆန႔္က်င္ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားလႈပ္ရွားမႈကို ၿဖိဳခဲြအၿပီး၊ ေနာက္တေန႔ ဇူလိႈင္လ ၈ရက္မနက္ပိ္ုင္းမွာ သမိုင္း၀င္ ေက်ာင္းသားသမဂၢအေဆာက္အဦးကို ဒိုင္းနမိုက္နဲ႔ ၿဖိဳခ် ဖ်က္ဆီးခဲ့ပါတယ္။ ဇူလိုင္ (၇) ရက္ေန႔ ေက်ာင္းသားအေရးေတာ္ပုံနဲ႔ ေက်ာင္းသားသမဂၢ အေဆာက္အဦး ၿဖိဳခ်မႈေၾကာင့္ တကၠသိုလ္ေက်ာင္းသား (၁၀၀) ေက်ာ္ ေသဆုံးခဲ့ၾကရတယ္လို႔ ေက်ာင္းသားအဖဲြ႕အစည္းေတြက မွတ္တမ္းျပဳထားပါတယ္။ ဒီလို သမိုင္းဝင္ေန႔ျဖစ္တဲ့ ဆဲဗင္းဇူလိုင္ ၅၉ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ‘ဆဲဗင္းဇူလိုင္ စိတ္ဓာတ္ကို ကိုင္စြဲၿပီး တိုက္ပြဲဝင္ၾက၊ စစ္အာဏာရွင္စနစ္ကို ရရာနည္းနဲ႔ အျမစ္ျပတ္ေခ်မႈန္းၾက’ ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ခ်ီတက္ခဲ့ၾကတာပါ။

ရန္ကုန္မွာေတာ့ ဆႏၵျပ စစ္ေၾကာင္းေတြက မနက္ပိုင္း၊ ေန႔လယ္နဲ႔ ညေနပိုင္းမွာပါ ၃ ႀကိမ္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ လုံၿခဳံေရးေတြ တင္းၾကပ္ထားတဲ့ၾကားကပဲ ညေနပိုင္းဆႏၵျပစစ္ေၾကာင္းကို အင္အား ၂၀၀ နီးပါးနဲ႔ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့ၾကၿပီး စစ္တပ္ရဲ႕ ၾကည္း၊ ေရ၊ ေလအလံေတြကို မီးရႈိ႕ဆႏၵျပခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔ ဆဲဗင္းဇူလိုင္ အထိမ္းအမွတ္ အေနနဲ႔ေပါ့ေႏွာ္ ကြၽန္ေတာ္တို႔ ရန္ကုန္ တကသ ေက်ာင္းသားေတြနဲ႔ ျပည္သူလူထုနဲ႔ ပူးေပါင္းၿပီးေတာ့ေပါ့ေႏွာ္၊ ကြၽန္ေတာ္တို႔ စစ္အစိုးရကို အာခံၿပီး ေတာ္လွန္တဲ့ အေနနဲ႔ လမ္းေပၚထြက္ ဆႏၵျပၾကတယ္။ ခု ကြၽန္ေတာ္တို႔လုပ္တဲ့ ေနရာမွာ ဆိုရင္ ဗုံး၂ လုံးေပါက္သြားတယ္။ ကြၽန္ေတာ္တို႔ မထင္မွတ္ထားပဲနဲ႔ ဗုံးေပါက္သြားတာေပါ့ေႏွာ္။ ဗုံးေပါက္သြားတဲ့ အခ်ိန္မွာပဲ လုံၿခဳံေရးေတြ အတင္းအၾကပ္ခ်လိုက္တယ္။ ခ်လိုက္တဲ့ၾကားကပဲ ကြၽန္ေတာ္တို႔ ဒီသပိတ္ေၾကာင္း ထြက္ဖို႔ ႀကိဳးစားခဲ့တယ္။ အဲ့ဒီမွာ အဖမ္းအဆီးလုံးဝမရွိခဲ့ဘူး။ ၿပီးေတာ့ ေနာက္တစ္ခုက ၁၉၆၂ ခုႏွစ္တုန္းက ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြရဲ႕ သမဂၢအေဆာက္အအုံေတြ ၿပီးေတာ့ ေက်ာင္းသားေတြကို ရက္ရက္စက္စက္ သတ္ခဲ့တာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔က ဒါကို ျပန္ၿပီးေတာ့ သပိတ္ေမွာက္တဲ့ အေနနဲ႔ ကြၽန္ေတာ္တို႔က စစ္ဦးစီးခ်ဳပ္အလံရယ္၊ ၿပီးေတာ့ ၾကည္း၊ ေရ၊ ေလ အလံေပါ့ေႏွာ္ အဲ့ဒီအလံ ၄ ခုကို မီးရႈိ႕ သပိတ္ေမွာက္ ဆႏၵျပခဲ့ပါတယ္ဗ်။”

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္နဲ႔ ယင္းမာပင္ၿမိဳ႕နယ္က ေက်း႐ြာေတြ စုေပါင္းထားတဲ့ ႐ြာေပါင္းစုံ သပိတ္စစ္ေၾကာင္းကလည္း ဒီကေန႔မွာ အင္အား ေထာင္ခ်ီ ခ်ီတက္ဆႏၵျပခဲ့ၾကသလို ဆဲဗင္းဇူလိုင္ စိတ္ဓာတ္ကို ကိုင္စြဲၿပီး တိုက္ပြဲဝင္ၾကဖို႔နဲ႔ စစ္အာဏာရွင္စနစ္ကို ရရာနည္းနဲ႔ အျမစ္ျပတ္ေခ်မႈန္းၾကဖို႔ သပိတ္တရားေဟာခဲ့ၾကပါတယ္။

“ကြၽန္ေတာ္တို႔ သပိတ္က ဒီေန႔ ၁၁၉ ရက္ျပည့္တယ္ေပါ့ေႏွာ္။ ၿပီးေတာ့ ဒီေန႔က ဆဲဗင္းဇူလိုင္ေပါ့၊ ၇ ရက္ ၇ လ ၁၉၆၂ ေပါ့၊ ရန္ကုန္တကၠသိုလ္မွာ ေက်ာင္းသား ရာနဲ႔ခ်ီၿပီးေတာ့ ေသြးေျမက်ခဲ့တဲ့ေန႔ေပါ့၊ အဲ့ဒါ ၅၉ ႏွစ္ျပည့္တဲ့ေန႔ အေနနဲ႔ ကြၽန္ေတာ္တို႔ ၇ရက္ ၇လ ၆၂ မေမ့ၾကနဲ႔ဆိုတဲ့ စာသားကိုေခါင္းစည္း ကိုင္ေဆာင္ၿပီးေတာ့မွ၊ ကြၽန္ေတာ္တို႔ လူထုထဲမွာေတာ့ ေသြးေႂကြးမွာ ေဆြးေႏြးစရာမရွိဘူးတို႔၊ ဆဲဗင္းဇူလိုင္ မေမ့နိင္၊ ၇၇၆၂ မေမ့ၾကနဲ႔တို႔ တစ္ေယာက္တစ္႐ြက္စီ Paper Strike ပုံစံမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ ဒီေန႔ လူအင္အား ေထာင္ဂဏန္းခန္႔ေပါ့၊ အဲ့ေလာက္နဲ႔ ဒီေန႔ ႐ြာေပါင္းစုံသပိတ္စစ္ ေၾကာင္းကို ခ်ီတက္ခဲ့ပါတယ္ခင္ဗ်။ ဒီေန႔ ိမနက္ခင္းမွာေတာ့ သူတို႔က(စစ္ေကာင္စီ လုံၿခဳံေရးတပ္) ကြၽန္ေတာ္တို႔ရဲ႕ သပိတ္စစ္ေၾကာင္းကို လာတာေတာ့ မဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔စစ္ေၾကာင္းထြက္တဲ့ အနီးအနား႐ြာတစ္ေလ်ာက္မွာေတာ့ ရဲေတြ ကင္းခ်ထားတာကို ကြၽန္ေတာ္တို႔ေတြ႕ရတယ္ဗ်။”

ထားဝယ္မွာလည္း ဒီကေန႔ မနက္ အေစာပိုင္းက ဆဲဗင္းဇူလိုင္ အထိမ္းအမွတ္ ဆႏၵျပစစ္ေၾကာင္း ၂ ေၾကာင္း ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ ဆဲဗင္းဇူလိုင္ စိတ္ဓာတ္နဲ႔ စစ္အာဏာရွင္ အျမစ္ျပတ္တဲ့ထိ ေခ်မႈန္းၾကဖို႔ တိုက္တြန္းတဲ့ ေဟာေျပာမႈေတြလည္း လုပ္ခဲ့ၾကတယ္လို႔ ထားဝယ္တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“မနက္ ၆ နာရီမွာ မနက္အေစာႀကီးပဲ အလံတစ္ဝက္လြင့္ထူၿပီးေတာ့ ဆဲဗင္းဇူလိုင္ ေအာက္ေမ့ အခမ္းအနားကို ခ်ီတက္ အေလးျပဳတာေတြလုပ္ခဲ့ၾကတယ္။ အေျခအေနကေတာ့ အကုန္လုံးကေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ ဆဲဗင္းဇူလိုင္နဲ႔ ပတ္သက္ၿပီးေတာ့ ခ်ီတက္တာအျပင္ ကြၽန္ေတာ္တို႔ ေဟာေျပာတာေတြရွိတယ္။ ေနာက္ၿပီးေတာ့ ဆဲဗင္းဇူလိုင္ စိတ္ဓာတ္ကို ကိုင္စြဲၿပီးေတာ့ စစ္အာဏာရွင္စနစ္ လုံးဝက်ဆုံးသည္အထိ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ဖို႔ တိုက္တြန္းတာေတြရွိတယ္။ ေဟာေျပာတာေတြရွိတယ္။”

ဆဲဗင္းဇူလိုင္ အထိမ္းအမွတ္အျဖစ္ မႏၲေလး၊ မုံ႐ြာ၊ ကေလး၊ ျမင္းၿခံ၊ ေမာ္လၿမိဳင္၊ ျပည္၊ နတ္ေမာက္၊ ၿမိဳင္၊ လက္ပံေတာင္း၊ ကယား၊ မိုးေကာင္း၊ ေနျပည္ေတာ္တုိ႔မွာ စာသပိတ္နဲ႔ ပုသိမ္ၿမိဳ႕က လူငယ္ေတြရဲ႕ အာ႐ုံဦး သပိတ္ေတြ လုပ္ခဲ့ၾကပါတယ္။

တခ်ိန္ထဲမွာဘဲ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံရုံးကလည္း ဒီကေန႔ က်ေရာက္တဲ့ 7 ဇူလုိင္ေန႔ အထိမ္းအမွတ္ေန႔အျဖစ္နဲ႔ Facebook လူမႈကြန္ယက္ကေန ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာမွာ - ျမန္မာျပည္သူလူထုသည္ လြတ္လပ္မႈ၊ ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ကာလရွည္ၾကာကတည္းက ႀကိဳးပမ္းလာေနခဲ့ၾကရသည္။ ၁၉၆၂ ခုႏွစ္ ဇူလိုင္လ ၇ ရက္က ကအသက္ေပးခဲ့ၾကရသူအားလုံးကို မိမိတို႔ဂုဏ္ျပဳအပ္ပါသည္။ ေဖေဖာ္ဝါရီလ ၁ ရက္ကစ၍ ဒီမိုကေရစီျပန္လည္ရရွိေရးႏွင့္ လူသားတိုင္း၏ အေျခခံအက်ဆုံး အခြင့္အေရးမ်ားကို လြတ္လပ္စြာျပန္လည္က်င့္သုံးႏိုင္ေစရန္ႀကိဳးစားအားထုတ္ရင္း အသက္ေပးခဲ့ၾကရသည့္ ရာေပါင္းမ်ားစြာေသာသူမ်ားကိုလည္း ဂုဏ္ျပဳအပ္ပါသည္လုိ႔ ေဖာ္ျပထားပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


၇ ဇူလှိုင်နှစ်ပတ်လည် လျပ်တပြတ်ဆန္ဒပြမှုများပြုလုပ်ခဲ့

ဒီကနေ့မှာ နိုင်ငံတစ်ဝန်းက မြို့တွေမှာ သမိုင်းဝင် 7 ဇူလိုင်နေ့ အထိမ်းအမှတ် လျပ်တပြတ် ချီတက်ဆန္ဒပြပွဲတွေ လုပ်ကြပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဇူလိုင်လ ၇ ရက်နေ့ အရေးတော်ပုံ ၅၉နှစ်ပြည့်နေ့ အထိမ်းအမှတ်အနေနဲ့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသား လူငယ်တွေဦးဆောင်ပြီး ချီတက်ဆန္ဒပြမှုတွေ ရန်ကုန်အပါအဝင် မြို့နယ်အတော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရကို ပထမဆုံးဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှုကို ဖြိုခွဲအပြီး၊ နောက်တနေ့ ဇူလှိုင်လ ၈ရက်မနက်ပိုင်းမှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးတော်ပုံနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချမှုကြောင့် တက္ကသိုလ်ကျောင်းသား (၁၀၀) ကျော် သေဆုံးခဲ့ကြရတယ်လို့ ကျောင်းသားအဖွဲ့အစည်းတွေက မှတ်တမ်းပြုထားပါတယ်။ ဒီလို သမိုင်းဝင်နေ့ဖြစ်တဲ့ ဆဲဗင်းဇူလိုင် ၅၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ‘ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတာပါ။

ရန်ကုန်မှာတော့ ဆန္ဒပြ စစ်ကြောင်းတွေက မနက်ပိုင်း၊ နေ့လယ်နဲ့ ညနေပိုင်းမှာပါ ၃ ကြိမ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားကပဲ ညနေပိုင်းဆန္ဒပြစစ်ကြောင်းကို အင်အား ၂၀၀ နီးပါးနဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပြီး စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေအလံတွေကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

“ကျွန်တော်တို့ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အနေနဲ့ပေါ့နှော် ကျွန်တော်တို့ ရန်ကုန် တကသ ကျောင်းသားတွေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ပေါ့နှော်၊ ကျွန်တော်တို့ စစ်အစိုးရကို အာခံပြီး တော်လှန်တဲ့ အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ ခု ကျွန်တော်တို့လုပ်တဲ့ နေရာမှာ ဆိုရင် ဗုံး၂ လုံးပေါက်သွားတယ်။ ကျွန်တော်တို့ မထင်မှတ်ထားပဲနဲ့ ဗုံးပေါက်သွားတာပေါ့နှော်။ ဗုံးပေါက်သွားတဲ့ အချိန်မှာပဲ လုံခြုံရေးတွေ အတင်းအကြပ်ချလိုက်တယ်။ ချလိုက်တဲ့ကြားကပဲ ကျွန်တော်တို့ ဒီသပိတ်ကြောင်း ထွက်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီမှာ အဖမ်းအဆီးလုံးဝမရှိခဲ့ဘူး။ ပြီးတော့ နောက်တစ်ခုက ၁၉၆၂ ခုနှစ်တုန်းက ကျွန်တော်တို့ ကျောင်းသားတွေရဲ့ သမဂ္ဂအဆောက်အအုံတွေ ပြီးတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် သတ်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒါကို ပြန်ပြီးတော့ သပိတ်မှောက်တဲ့ အနေနဲ့ ကျွန်တော်တို့က စစ်ဦးစီးချုပ်အလံရယ်၊ ပြီးတော့ ကြည်း၊ ရေ၊ လေ အလံပေါ့နှော် အဲ့ဒီအလံ ၄ ခုကို မီးရှို့ သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်ဗျ။”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ကျေးရွာတွေ စုပေါင်းထားတဲ့ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ဒီကနေ့မှာ အင်အား ထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြသလို ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ကြဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြဖို့ သပိတ်တရားဟောခဲ့ကြပါတယ်။

“ကျွန်တော်တို့ သပိတ်က ဒီနေ့ ၁၁၉ ရက်ပြည့်တယ်ပေါ့နှော်။ ပြီးတော့ ဒီနေ့က ဆဲဗင်းဇူလိုင်ပေါ့၊ ၇ ရက် ၇ လ ၁၉၆၂ ပေါ့၊ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား ရာနဲ့ချီပြီးတော့ သွေးမြေကျခဲ့တဲ့နေ့ပေါ့၊ အဲ့ဒါ ၅၉ နှစ်ပြည့်တဲ့နေ့ အနေနဲ့ ကျွန်တော်တို့ ၇ရက် ၇လ ၆၂ မမေ့ကြနဲ့ဆိုတဲ့ စာသားကိုခေါင်းစည်း ကိုင်ဆောင်ပြီးတော့မှ၊ ကျွန်တော်တို့ လူထုထဲမှာတော့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးတို့၊ ဆဲဗင်းဇူလိုင် မမေ့နိင်၊ ၇၇၆၂ မမေ့ကြနဲ့တို့ တစ်ယောက်တစ်ရွက်စီ Paper Strike ပုံစံမျိုးနဲ့ ကျွန်တော်တို့ ဒီနေ့ လူအင်အား ထောင်ဂဏန်းခန့်ပေါ့၊ အဲ့လောက်နဲ့ ဒီနေ့ ရွာပေါင်းစုံသပိတ်စစ် ကြောင်းကို ချီတက်ခဲ့ပါတယ်ခင်ဗျ။ ဒီနေ့ ိမနက်ခင်းမှာတော့ သူတို့က(စစ်ကောင်စီ လုံခြုံရေးတပ်) ကျွန်တော်တို့ရဲ့ သပိတ်စစ်ကြောင်းကို လာတာတော့ မဟုတ်ဘဲနဲ့ ကျွန်တော်တို့စစ်ကြောင်းထွက်တဲ့ အနီးအနားရွာတစ်လျောက်မှာတော့ ရဲတွေ ကင်းချထားတာကို ကျွန်တော်တို့တွေ့ရတယ်ဗျ။”

ထားဝယ်မှာလည်း ဒီကနေ့ မနက် အစောပိုင်းက ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ဆန္ဒပြစစ်ကြောင်း ၂ ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆဲဗင်းဇူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့ထိ ချေမှုန်းကြဖို့ တိုက်တွန်းတဲ့ ဟောပြောမှုတွေလည်း လုပ်ခဲ့ကြတယ်လို့ ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက် ၆ နာရီမှာ မနက်အစောကြီးပဲ အလံတစ်ဝက်လွင့်ထူပြီးတော့ ဆဲဗင်းဇူလိုင် အောက်မေ့ အခမ်းအနားကို ချီတက် အလေးပြုတာတွေလုပ်ခဲ့ကြတယ်။ အခြေအနေကတော့ အကုန်လုံးကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်ပြီးတော့ ချီတက်တာအပြင် ကျွန်တော်တို့ ဟောပြောတာတွေရှိတယ်။ နောက်ပြီးတော့ ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကို ကိုင်စွဲပြီးတော့ စစ်အာဏာရှင်စနစ် လုံးဝကျဆုံးသည်အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းတာတွေရှိတယ်။ ဟောပြောတာတွေရှိတယ်။”

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် မန္တလေး၊ မုံရွာ၊ ကလေး၊ မြင်းခြံ၊ မော်လမြိုင်၊ ပြည်၊ နတ်မောက်၊ မြိုင်၊ လက်ပံတောင်း၊ ကယား၊ မိုးကောင်း၊ နေပြည်တော်တို့မှာ စာသပိတ်နဲ့ ပုသိမ်မြို့က လူငယ်တွေရဲ့ အာရုံဦး သပိတ်တွေ လုပ်ခဲ့ကြပါတယ်။

တချိန်ထဲမှာဘဲ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း ဒီကနေ့ ကျရောက်တဲ့ 7 ဇူလိုင်နေ့ အထိမ်းအမှတ်နေ့အဖြစ်နဲ့ Facebook လူမှုကွန်ယက်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ - မြန်မာပြည်သူလူထုသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကာလရှည်ကြာကတည်းက ကြိုးပမ်းလာနေခဲ့ကြရသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်က ကအသက်ပေးခဲ့ကြရသူအားလုံးကို မိမိတို့ဂုဏ်ပြုအပ်ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်ကစ၍ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် လူသားတိုင်း၏ အခြေခံအကျဆုံး အခွင့်အရေးများကို လွတ်လပ်စွာပြန်လည်ကျင့်သုံးနိုင်စေရန်ကြိုးစားအားထုတ်ရင်း အသက်ပေးခဲ့ကြရသည့် ရာပေါင်းများစွာသောသူများကိုလည်း ဂုဏ်ပြုအပ်ပါသည်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG