သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ဂျပန်ရောက် မြန်မာတွေ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြ


စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသော ဂျပန်ရောက် မြန်မာများ။ (Photo - MyoGyi Japan)
စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသော ဂျပန်ရောက် မြန်မာများ။ (Photo - MyoGyi Japan)

[ Zawgyi ]

မြန်မာ့အရေးကို ကမ္ဘာကသိလာအောင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုးပမ်းနေကြပြီး စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ သူတို့ရောက်ရှိရာ နိုင်ငံတွေက မြန်မာသံရုံးတွေရှေ့ သွားရောက်ပြီး နိုင်ငံတွင်းက စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသနေကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးထားတာ အမြန်ပြန်လွှတ်ပေးဖို့ တောင်ကိုရီးယားရောက် မြန်မာတွေက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့မှာ တနင်္ဂနွေနေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြနေကြသည့် တောင်ကိုရီးယားရောက် မြန်မာများ
ဆန္ဒပြနေကြသည့် တောင်ကိုရီးယားရောက် မြန်မာများ


ဆိုးလ်မြို့အပြင် ချမ်ဝမ်မြို့မှာလည်း တောင်ကိုရီးယားရောက် မြန်မာလူငယ်တွေနဲ့ တောင်ကိုရီးယားမြို့ခံတွေပါ အတူလာရောက်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ တောင်ကိုရီးုယားနိုင်ငံ ဒယ်ဂျောင်းန်မြို့က ဆန္ဒပြပွဲကိုတော့ ကိုရီးယားရောက် မြန်မာတွေအပြင် တောင်ကိုရီးယားနိုင်ငံသားတွေပါ တက်ရောက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာပါ။

ဂျပန်နိုင်ငံမှာလည်း ဂျပန်ရောက် မြန်မာတွေက ပြည်တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်နေသူတွေနဲ့အတူ တသားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။ မန္တလေးမှာ မကြာသေးခင်က PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို စစ်တပ်က ဖမ်းဆီးရာမှာ အင်အားအလွန်အကျွံသုံး ဖမ်းဆီးတဲ့အတွက် PDF တွေအပြင် အပြစ်မဲ့ အရပ်သားတွေပါ သေဆုံးရတာကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဂျပန်ရောက် မြန်မာတွေ စုဝေးပြီး တနင်္ဂနွေနေ့က ဆန္ဒပြကြပါတယ်။

အရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြတဲ့အပြင် စစ်တပ်က ဖမ်းဆီးထားသူတွေကို အမြန်ပြန်ပြီး လွှတ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

[ Unicode ]





နွေဦးတော်လှန်ရေးခေါင်းစဉ်ဖြင့် ဆန္ဒပြနေသည့် တိုကျိုရှိမြန်မာများ
နွေဦးတော်လှန်ရေးခေါင်းစဉ်ဖြင့် ဆန္ဒပြနေသည့် တိုကျိုရှိမြန်မာများ



XS
SM
MD
LG