သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈကို ႏွိမ္နင္းႏိုင္မလား


မႏၱေလးၿမိဳ႕မွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဓာတ္ပုံနဲ႔ အေခါင္းပုံလုပ္ၿပီး မီး႐ႈိ႕ဆႏၵျပတဲ့ျမင္ကြင္း။ (ဇူလုိင္ ၃၊ ၂၀၂၁)
တိုက္႐ိုက္ လင့္ခ္


အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ သူ႔ရဲ႕ ႐ုရွားႏိုင္ငံ ခရီးစဥ္အတြင္း သတင္းဌာန တစ္ခ်ိဳ႕နဲ႔ အင္တာဗ်ဴး လုပ္ခဲ့ရာမွာ ဇြန္လ ၂၄ ရက္ေန႔ကေတာ့ ႐ုရွားဖက္ဒေရးရွင္း RIA သတင္းဌာနရဲ႕ ေတြ႕ဆုံေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။ အဲဒီ အင္တာဗ်ဴးမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း ေပၚေပါက္လာတဲ့ မၿငိမ္မသက္မႈေတြနဲ႔ ပတ္သက္လို႔ ေမးျမန္းမႈ ပါရွိခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ပထမပိုင္းမွာ ႐ိုး႐ိုး ဆႏၵျပမႈေတြ ျဖစ္ခဲ့တယ္၊ ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ ရွိလာတယ္၊ လက္ရွိ လက္လုပ္ဗုံးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ၊ ေခ်ာင္းေျမာင္း ပစ္ခတ္တာ အနည္းအက်ဥ္းေတာ့ ရွိေနေသးတယ္၊ အခုေတာ့ အၾကမ္းဖက္မႈေတြ အရင္ေလာက္ မမ်ားေတာ့ဘူး၊ သူတို႔ ႏွိမ္နင္း ေဆာင္႐ြက္ႏိုင္တယ္ လို႔ ဆိုပါတယ္။ သူတို႔ကို ဆန႔္က်င္တဲ့သူေတြဘက္က အဲဒီ အၾကမ္းဖက္မႈေတြ အရွိန္ ျပင္းထန္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ သူ႔အေနနဲ႔ကေတာ့ အဲလို အေျခအေန ေရာက္လိမ့္မယ္ မထင္ဘူးလို႔ ေျဖၾကားခဲ့ပါတယ္။ ၁၉၈၈ ဒီမိုကေရစီ အေရးေတာ္ပုံႀကီး ေနာက္ပိုင္း အာဏာသိမ္းစစ္တပ္က အခ်ိန္တိုအတြင္း တိုင္းျပည္ ၿငိမ္ဝပ္ပိျပားသြားေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သလို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေနနဲ႔ အခု ၂၀၂၁ မွာလည္း သူတို႔ လုပ္ႏိုင္လိမ့္မယ္လို႔ ယူဆေနပုံ ရပါတယ္။
အတိတ္ကို ျပန္ၾကည့္ရင္ တတိုင္းျပည္လုံး လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ ပါဝင္ခဲ့ၾကတဲ့ ၁၉၈၈ ခုႏွစ္ ၿမိဳ႕ေပၚ လူထု ဆႏၵျပပြဲႀကီးေတြဆိုတာဟာ စက္တင္ဘာ ၁၈ စစ္တပ္က အာဏာမသိမ္းခင္ ေရွ႕ပိုင္း ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ (မဆလ) အစိုးရ လက္ေအာက္မွာ ျဖစ္ပ်က္ခဲ့တာေတြပါ။ စစ္အာဏာသိမ္းၿပီးတာနဲ႔ စစ္တပ္ဟာ ဆႏၵျပ ျပည္သူေတြနဲ႔ သပိတ္စခန္းေတြကို ရက္ရက္စက္စက္ ျမန္ျမန္ဆန္ဆန္ ပစ္ခတ္၊ သတ္ျဖတ္၊ စီးနင္း ၿဖိဳခြင္းခဲ့ပါတယ္။ မွတ္တမ္းေတြအရ ျပည္သူေတြ ဖြင့္လွစ္ထားတဲ့ သပိတ္စခန္းေတြကို စက္တင္ဘာ ၂၉ ရက္ေန႔မွာ အားလုံး ရွင္းလင္း ၿပီးစီးခဲ့ၿပီး၊ ၾသဂုတ္ ၂၄ ရက္ေန႔ကတည္းက ရပ္တန႔္ေနတဲ့ အစိုးရယႏၲယားေတြဟာ ေအာက္တိုဘာ ၃ ရက္မွာ စၿပီး ျပန္လည္ပတ္ႏိုင္ခဲ့တယ္ လို႔ ဆိုပါတယ္။ အဓိပၸါယ္ကေတာ့ စစ္အာဏာသိမ္းၿပီး ၁၀ ရက္အတြင္း သပိတ္စခန္းေတြကို ၿဖိဳခြဲႏိုင္ခဲ့သလို၊ ၁၅ ရက္အၾကာမွာ အစိုးရယႏၲယား စၿပီး ျပန္လည္ေအာင္ လုပ္ႏိုင္ခဲ့တဲ့ သေဘာ ျဖစ္ပါတယ္။
အေၾကာင္းကေတာ့ ၿမိဳ႕ေပၚမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပဖို႔ မျဖစ္ႏိုင္ေတာ့တာ၊ စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းတာကို မခံမရပ္ႏိုင္ျဖစ္ၾကတဲ့ လူငယ္လူ႐ြယ္ ရာေပါင္းမ်ားစြာ လက္နက္ကိုင္ တိုက္ပြဲဝင္မယ္ ဆိုၿပီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ ရွိရာ နယ္စပ္ေတြကို အလုံးအရင္းနဲ႔ ထြက္ခြာသြားၾကတာ၊ စစ္အာဏာသိမ္းၿပီး သိပ္မၾကာခင္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ နဝတ ရဲ႕ ၂ ႏွစ္အတြင္း ေ႐ြးေကာက္ပြဲ လုပ္ေပးမယ္ ဆိုတဲ့ ကတိစကားကို ႏိုင္ငံေရးအသိုင္းအဝိုင္းက လက္ခံလိုက္တာ စတဲ့ အခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔ ဆႏၵျပပြဲႀကီးေတြ တၿခိမ္းၿခိမ္း ေပၚေပါက္ခဲ့တဲ့ ၿမိဳ႕ေတြေပၚမွာ ၿငိမ္သက္သြားၿပီး အာဏာသိမ္း စစ္တပ္ဟာ သူ႔အုပ္ခ်ဳပ္ေရး ယႏၲယားကို စၿပီး ျပန္ တည္ေဆာက္ခြင့္ရသြားတာ ျဖစ္ပါတယ္။
အခု ၂၀၂၁ ခုႏွစ္ကေတာ့ ၁၉၈၈ ခုႏွစ္နဲ႔ အေတာ့္ကို ျခားနားပါတယ္။ စစ္အာဏာသိမ္းၿပီးတာ ၅ လ ေက်ာ္ၾကာလာသည္အထိ ေတာေရာၿမိဳ႕ပါ ဘယ္ေနရာမွာမွ တည္ၿငိမ္သြားတယ္ ဆိုတာမ်ိဳး မေတြ႕ရေသးပါဘူး။ အေၾကာင္းကေတာ့ ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွ ေပၚေပါက္လာတဲ့ အစိုးရဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈ အသက္ဝင္ေနဆဲ ျဖစ္ၿပီး စစ္ေကာင္စီ အေနနဲ႔ အစိုးရယႏၲယားေတြ ျပန္လည္ပတ္ႏိုင္ဖို႔ ဝန္ထမ္းသစ္ ခန႔္တဲ့ လုပ္ငန္းေတြအပါအဝင္ အျခား ျပသနာေပါင္းစုံ ရင္ဆိုင္ ေျဖရွင္းေနရလို႔ပါပဲ။
အဲလို အေျခအေနေအာက္မွာ စစ္ေကာင္စီရဲ႕ ေက်ာင္းျပန္ဖြင့္ေရး ကိစၥ၊ မီးရထားေတြ ျပန္ေျပးဆြဲေရးကိစၥ၊ ဘဏ္စနစ္ ျပန္အသက္ဝင္ေရး ကိစၥ၊ ေဆး႐ုံေဆးခန္းေတြ ျပန္ဖြင့္ေရးကိစၥ စတာေတြ မေအာင္မျမင္ ျဖစ္ေနသလို၊ Covid-19 တားဆီး၊ကာကြယ္၊ ကုသေရးလို ကိစၥမ်ိဳးမွာလည္း ကေသာင္းကနင္းေတြ ျဖစ္ေနတာ ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါ့အျပင္ ျပည္သူေတြရဲ႕ ထီမထိုးေရး အပါအဝင္ အခြန္မေဆာင္ေရး လႈပ္ရွားမႈ၊ ျမန္မာ ဘီယာ အပါအဝင္ စစ္တပ္ပိုင္စီးပြားေရး လုပ္ငန္းေတြရဲ႕ ထုတ္ကုန္ေတြကို သပိတ္ေမွာက္ေရး ကိစၥမ်ိဳးေတြကလည္း ဆက္ၿပီး ရွိေနပါေသးတယ္။
အခုေနာက္ပိုင္း စစ္ေကာင္စီဟာ ဆႏၵျပပြဲေတြကို ပထမ အဆင့္ လူစုခြဲဖို႔ သတိေပးတာ၊ ဒုတိယ အဆင့္ ေရကားေတြနဲ႔ ထိုးခြဲတာ၊ တတိယ အဆင့္ မီးခိုးေငြ႕ဗုံးေတြ၊ ရာဘာက်ည္ဆံေတြနဲ႔ ပစ္ခတ္ ၿဖိဳခြဲၿပီး ေနာက္ဆုံး အဆင့္ေရာက္မွ ဝင္ေရာက္ လုံးေထြး၊ ရာဘာတုတ္နဲ႔ ႐ိုက္ႏွိက္ ဖမ္းဆီးတာ ဆိုတဲ့ လုပ္ထုံးလုပ္နည္းေတြ အားလုံးကို လ်စ္လ်ဴရႈလိုက္ၿပီး ဆႏၵျပပြဲမွန္သမွ် လူကိုေသေစႏိုင္တဲ့ တိုက္ပြဲဝင္ ေသနတ္ေတြနဲ႔ ပစ္ခတ္ ဖမ္းဆီးတာ တမ်ိဳးပဲ လုပ္ပါေတာ့တယ္။ ရည္႐ြယ္ခ်က္ကေတာ့ ဆႏၵျပပြဲေတြ ျမန္ျမန္ဆန္ဆန္နဲ႔ လုံး၀ ရပ္ဆိုင္းသြားေအာင္ အၾကမ္းဖက္ ႏွိမ္နင္းျပတာမ်ိဳးပါ။ ဒါေပမယ့္လည္း စစ္ေကာင္စီရဲ႕ အသက္ေသေစႏိုင္သည္ အထိ ပစ္ခတ္ သတ္ျဖတ္၊ ဖမ္းဆီး ေနတဲ့ၾကားထဲကကိုပဲ ရန္ကုန္၊ မႏၲေလးနဲ႔ ၿမိဳ႕နယ္ တစ္ခ်ိဳ႕မွာ ဆႏၵျပပြဲေတြ ဆက္ၿပီး ဆင္ႏြဲွေနတာ ေတြ႕ၾကရပါတယ္။
၁၉၈၈ တုန္းကနဲ႔မတူ ေနာက္ထပ္ ေပၚေပါက္လာတာကေတာ့ ၿမိဳ႕ျပေတြမွာ
စစ္တပ္၊ ရဲ နဲ႔ အုပ္ခ်ဳပ္ေရး ေဒါက္တိုင္ေတြကို လက္ပစ္ဗုံး၊ လက္လုပ္ဗုံးေတြ၊ ေသနတ္ေတြ သုံးၿပီး အၾကမ္းဖက္ တိုက္ခိုက္လာမႈပါ။ ဒါေတြကို ဒီကေန႔အခ်ိန္ထိ စစ္ေကာင္စီက ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးတဲ့အျပင္ ရဲစခန္းေတြ၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြ၊ စစ္တပ္ တပ္စြဲထားရာ ေနရာေတြကို ေရွ႕တန္း စစ္ေျမျပင္က ခံကတုတ္ေတြသဖြယ္ သဲအိပ္ေတြ၊ သံဆူးႀကိဳးေတြ၊ အကာအရံေတြကာရံၿပီး အၿမဲတန္း သတိအေနအထားနဲ႔ လႈပ္ရွားေနၾကရတာကိုလည္း ေတြ႕ျမင္ေနရပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္ ၿမိဳ႕အေတာ္မ်ားမ်ားနဲ႔ စစ္ကိုင္းတိုင္းတြင္းက ၿမိဳ႕႐ြာေတြမွာ ေပၚေပါက္လာတဲ့ တူမီးေသနတ္ေတြ၊ လုပ္ေသနတ္ေတြ၊ လက္လုပ္ဗုံးေတြနဲ႔ ခုခံတိုက္ပြဲဝင္ၾကတာေတြကို စစ္ေကာင္စီဘက္က စစ္တပ္ေတြ ေစလႊတ္ၿပီး ႏွိမ္နင္းတာေတြ အဆက္မျပတ္ လုပ္ေနေပမယ့္ လုံး၀ ၿငိမ္သက္သြားတဲ့ အေျခအေနမ်ိဳး ေရာက္မလာေသးတဲ့အျပင္ ေန႔စဥ္ ပစ္ခတ္၊ ေသဆုံး၊ ဒဏ္ရာရ၊ ဖမ္းဆီးမႈေတြ ရွိေနဆဲျဖစ္တာ ေတြ႕ရပါတယ္။ အလားတူ စစ္ေကာင္စီဘက္က အက်အဆုံး မ်ားခဲ့တဲ့ ကယားျပည္နယ္က စစ္အာဏာရွင္ဆန႔္က်င္တဲ့ လက္နက္ကိုင္ တိုက္ပြဲကိုလည္း အၿပီးသတ္ႏိုင္ေသးတာ မဟုတ္သလို၊ ေကအိုင္ေအ၊ ေကအဲန္ယူ တပ္မဟာ ၅ အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕တခ်ိဳ႕နဲ႔ ဆက္တိုက္လိုလို ျဖစ္ေနတဲ့ တိုက္ပြဲေတြဟာလည္း က်ယ္ျပန႔္သထက္ က်ယ္ျပန႔္၊ အခုဆို ျမစ္ႀကီးနားလို ၿမိဳ႕ျပ အစပ္နားနဲ႔ စစ္ကိုင္းတိုင္း အတြင္းအထိ ေရာက္လာေနတာ ေတြ႕ျမင္ၾကရပါတယ္။ အျခားတစ္ဖက္မွာေတာ့ ၿမိဳ႕ႀကီး ျပႀကီးေတြမွာ ေျပာက္က်ားစစ္ ဆင္ႏြဲွမယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ ထိန္းခ်ဳပ္နယ္ေျမေတြကို သြားၿပီး စစ္သင္တန္းတက္ေနၾကတဲ့ PDF လို႔ေခၚတဲ့ ရာေပါင္းမ်ားစြာေသာ လူငယ္ေတြရဲ႕ တိုက္ခိုက္မႈ စတင္တာမ်ိဳး မရွိေသးပါဘူး။
လက္ရွိ ၿမိဳ႕ေပၚေတြမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ အာဏာသိမ္း စစ္ေကာင္စီ အုပ္ခ်ဳပ္မႈကို အၾကမ္းမဖက္ ၿငိမ္းခ်မ္းတဲ့နည္းေပါင္းစုံနဲ႔ ဆန႔္က်င္ေနၾကတာေတြ ရွိေနသလို၊ အေထြေထြ စီးပြားေရး အက်ဘက္ကို ေရာက္ေနၿပီး လူမႈေရး မတည္ၿငိမ္မႈေတြ စၿပီး ေပၚေပါက္စ ျပဳလာေနပါၿပီ။ ဒါ့အျပင္ ၁၉၈၈ အလြန္ ကာလတုန္းက စစ္တပ္ရဲ႕ ေ႐ြးေကာက္ပြဲ လုပ္ေပးမယ္ ဆိုတဲ့ လမ္းေၾကာင္းကို အဲဒီေခတ္ ႏိုင္ငံေရး အင္အားစုေတြ လက္ခံခဲ့သလိုမ်ိဳး လက္ရွိ ႏိုင္ငံေရးသမားေတြက လက္မခံတာ၊ လူငယ္ေတြ အဓိက ပါဝင္တဲ့ ျပည္သူလူထု အမ်ားစုႀကီးကလည္း စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္မႈကို ဘယ္နည္းနဲ႔မွ လက္မခံ၊ ရတဲ့နည္းနဲ႔ ဆန႔္က်င္မယ္ ဆိုတဲ့ အေနအထားမ်ိဳး ေဖာ္ျပေနၾကတာ ေတြ႕ျမင္ေနရေၾကာင္းပါ။

-----------------------

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နှိမ်နင်းနိုင်မလား
စည်သူအောင်မြင့်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း သတင်းဌာန တစ်ချို့နဲ့ အင်တာဗျူး လုပ်ခဲ့ရာမှာ ဇွန်လ ၂၄ ရက်နေ့ကတော့ ရုရှားဖက်ဒရေးရှင်း RIA သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်လို့ မေးမြန်းမှု ပါရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမပိုင်းမှာ ရိုးရိုး ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ရှိလာတယ်၊ လက်ရှိ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ ချောင်းမြောင်း ပစ်ခတ်တာ အနည်းအကျဉ်းတော့ ရှိနေသေးတယ်၊ အခုတော့ အကြမ်းဖက်မှုတွေ အရင်လောက် မများတော့ဘူး၊ သူတို့ နှိမ်နင်း ဆောင်ရွက်နိုင်တယ် လို့ ဆိုပါတယ်။ သူတို့ကို ဆန့်ကျင်တဲ့သူတွေဘက်က အဲဒီ အကြမ်းဖက်မှုတွေ အရှိန် ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်နေကြပေမယ့် သူ့အနေနဲ့ကတော့ အဲလို အခြေအနေ ရောက်လိမ့်မယ် မထင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း အာဏာသိမ်းစစ်တပ်က အချိန်တိုအတွင်း တိုင်းပြည် ငြိမ်ဝပ်ပိပြားသွားအောင် ဆောင်ရွက်နိုင်ခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အခု ၂၀၂၁ မှာလည်း သူတို့ လုပ်နိုင်လိမ့်မယ်လို့ ယူဆနေပုံ ရပါတယ်။
အတိတ်ကို ပြန်ကြည့်ရင် တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် မြို့ပေါ် လူထု ဆန္ဒပြပွဲကြီးတွေဆိုတာဟာ စက်တင်ဘာ ၁၈ စစ်တပ်က အာဏာမသိမ်းခင် ရှေ့ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်အောက်မှာ ဖြစ်ပျက်ခဲ့တာတွေပါ။ စစ်အာဏာသိမ်းပြီးတာနဲ့ စစ်တပ်ဟာ ဆန္ဒပြ ပြည်သူတွေနဲ့ သပိတ်စခန်းတွေကို ရက်ရက်စက်စက် မြန်မြန်ဆန်ဆန် ပစ်ခတ်၊ သတ်ဖြတ်၊ စီးနင်း ဖြိုခွင်းခဲ့ပါတယ်။ မှတ်တမ်းတွေအရ ပြည်သူတွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို စက်တင်ဘာ ၂၉ ရက်နေ့မှာ အားလုံး ရှင်းလင်း ပြီးစီးခဲ့ပြီး၊ သြဂုတ် ၂၄ ရက်နေ့ကတည်းက ရပ်တန့်နေတဲ့ အစိုးရယန္တယားတွေဟာ အောက်တိုဘာ ၃ ရက်မှာ စပြီး ပြန်လည်ပတ်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ စစ်အာဏာသိမ်းပြီး ၁၀ ရက်အတွင်း သပိတ်စခန်းတွေကို ဖြိုခွဲနိုင်ခဲ့သလို၊ ၁၅ ရက်အကြာမှာ အစိုးရယန္တယား စပြီး ပြန်လည်အောင် လုပ်နိုင်ခဲ့တဲ့ သဘော ဖြစ်ပါတယ်။
အကြောင်းကတော့ မြို့ပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ မဖြစ်နိုင်တော့တာ၊ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကို မခံမရပ်နိုင်ဖြစ်ကြတဲ့ လူငယ်လူရွယ် ရာပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်မယ် ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိရာ နယ်စပ်တွေကို အလုံးအရင်းနဲ့ ထွက်ခွာသွားကြတာ၊ စစ်အာဏာသိမ်းပြီး သိပ်မကြာခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နဝတ ရဲ့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိစကားကို နိုင်ငံရေးအသိုင်းအဝိုင်းက လက်ခံလိုက်တာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဆန္ဒပြပွဲကြီးတွေ တခြိမ်းခြိမ်း ပေါ်ပေါက်ခဲ့တဲ့ မြို့တွေပေါ်မှာ ငြိမ်သက်သွားပြီး အာဏာသိမ်း စစ်တပ်ဟာ သူ့အုပ်ချုပ်ရေး ယန္တယားကို စပြီး ပြန် တည်ဆောက်ခွင့်ရသွားတာ ဖြစ်ပါတယ်။
အခု ၂၀၂၁ ခုနှစ်ကတော့ ၁၉၈၈ ခုနှစ်နဲ့ အတော့်ကို ခြားနားပါတယ်။ စစ်အာဏာသိမ်းပြီးတာ ၅ လ ကျော်ကြာလာသည်အထိ တောရောမြို့ပါ ဘယ်နေရာမှာမှ တည်ငြိမ်သွားတယ် ဆိုတာမျိုး မတွေ့ရသေးပါဘူး။ အကြောင်းကတော့ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ အစိုးရဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု အသက်ဝင်နေဆဲ ဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ အစိုးရယန္တယားတွေ ပြန်လည်ပတ်နိုင်ဖို့ ဝန်ထမ်းသစ် ခန့်တဲ့ လုပ်ငန်းတွေအပါအဝင် အခြား ပြသနာပေါင်းစုံ ရင်ဆိုင် ဖြေရှင်းနေရလို့ပါပဲ။
အဲလို အခြေအနေအောက်မှာ စစ်ကောင်စီရဲ့ ကျောင်းပြန်ဖွင့်ရေး ကိစ္စ၊ မီးရထားတွေ ပြန်ပြေးဆွဲရေးကိစ္စ၊ ဘဏ်စနစ် ပြန်အသက်ဝင်ရေး ကိစ္စ၊ ဆေးရုံဆေးခန်းတွေ ပြန်ဖွင့်ရေးကိစ္စ စတာတွေ မအောင်မမြင် ဖြစ်နေသလို၊ Covid-19 တားဆီး၊ကာကွယ်၊ ကုသရေးလို ကိစ္စမျိုးမှာလည်း ကသောင်းကနင်းတွေ ဖြစ်နေတာ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ ထီမထိုးရေး အပါအဝင် အခွန်မဆောင်ရေး လှုပ်ရှားမှု၊ မြန်မာ ဘီယာ အပါအဝင် စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ရေး ကိစ္စမျိုးတွေကလည်း ဆက်ပြီး ရှိနေပါသေးတယ်။
အခုနောက်ပိုင်း စစ်ကောင်စီဟာ ဆန္ဒပြပွဲတွေကို ပထမ အဆင့် လူစုခွဲဖို့ သတိပေးတာ၊ ဒုတိယ အဆင့် ရေကားတွေနဲ့ ထိုးခွဲတာ၊ တတိယ အဆင့် မီးခိုးငွေ့ဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ် ဖြိုခွဲပြီး နောက်ဆုံး အဆင့်ရောက်မှ ဝင်ရောက် လုံးထွေး၊ ရာဘာတုတ်နဲ့ ရိုက်နှိက် ဖမ်းဆီးတာ ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို လျစ်လျူရှုလိုက်ပြီး ဆန္ဒပြပွဲမှန်သမျှ လူကိုသေစေနိုင်တဲ့ တိုက်ပွဲဝင် သေနတ်တွေနဲ့ ပစ်ခတ် ဖမ်းဆီးတာ တစ်မျိုးပဲ လုပ်ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ ဆန္ဒပြပွဲတွေ မြန်မြန်ဆန်ဆန်နဲ့ လုံး၀ ရပ်ဆိုင်းသွားအောင် အကြမ်းဖက် နှိမ်နင်းပြတာမျိုးပါ။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ အသက်သေစေနိုင်သည် အထိ ပစ်ခတ် သတ်ဖြတ်၊ ဖမ်းဆီး နေတဲ့ကြားထဲကကိုပဲ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ် တစ်ချို့မှာ ဆန္ဒပြပွဲတွေ ဆက်ပြီး ဆင်နွဲှနေတာ တွေ့ကြရပါတယ်။
၁၉၈၈ တုန်းကနဲ့မတူ နောက်ထပ် ပေါ်ပေါက်လာတာကတော့ မြို့ပြတွေမှာ
စစ်တပ်၊ ရဲ နဲ့ အုပ်ချုပ်ရေး ဒေါက်တိုင်တွေကို လက်ပစ်ဗုံး၊ လက်လုပ်ဗုံးတွေ၊ သေနတ်တွေ သုံးပြီး အကြမ်းဖက် တိုက်ခိုက်လာမှုပါ။ ဒါတွေကို ဒီကနေ့အချိန်ထိ စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အပြင် ရဲစခန်းတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေ၊ စစ်တပ် တပ်စွဲထားရာ နေရာတွေကို ရှေ့တန်း စစ်မြေပြင်က ခံကတုတ်တွေသဖွယ် သဲအိပ်တွေ၊ သံဆူးကြိုးတွေ၊ အကာအရံတွေကာရံပြီး အမြဲတန်း သတိအနေအထားနဲ့ လှုပ်ရှားနေကြရတာကိုလည်း တွေ့မြင်နေရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ် မြို့အတော်များများနဲ့ စစ်ကိုင်းတိုင်းတွင်းက မြို့ရွာတွေမှာ ပေါ်ပေါက်လာတဲ့ တူမီးသေနတ်တွေ၊ လုပ်သေနတ်တွေ၊ လက်လုပ်ဗုံးတွေနဲ့ ခုခံတိုက်ပွဲဝင်ကြတာတွေကို စစ်ကောင်စီဘက်က စစ်တပ်တွေ စေလွှတ်ပြီး နှိမ်နင်းတာတွေ အဆက်မပြတ် လုပ်နေပေမယ့် လုံး၀ ငြိမ်သက်သွားတဲ့ အခြေအနေမျိုး ရောက်မလာသေးတဲ့အပြင် နေ့စဉ် ပစ်ခတ်၊ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။ အလားတူ စစ်ကောင်စီဘက်က အကျအဆုံး များခဲ့တဲ့ ကယားပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ပွဲကိုလည်း အပြီးသတ်နိုင်သေးတာ မဟုတ်သလို၊ ကေအိုင်အေ၊ ကေအဲန်ယူ တပ်မဟာ ၅ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့နဲ့ ဆက်တိုက်လိုလို ဖြစ်နေတဲ့ တိုက်ပွဲတွေဟာလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်၊ အခုဆို မြစ်ကြီးနားလို မြို့ပြ အစပ်နားနဲ့ စစ်ကိုင်းတိုင်း အတွင်းအထိ ရောက်လာနေတာ တွေ့မြင်ကြရပါတယ်။ အခြားတစ်ဖက်မှာတော့ မြို့ကြီး ပြကြီးတွေမှာ ပြောက်ကျားစစ် ဆင်နွဲှမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေကို သွားပြီး စစ်သင်တန်းတက်နေကြတဲ့ PDF လို့ခေါ်တဲ့ ရာပေါင်းများစွာသော လူငယ်တွေရဲ့ တိုက်ခိုက်မှု စတင်တာမျိုး မရှိသေးပါဘူး။
လက်ရှိ မြို့ပေါ်တွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာတွေ ရှိနေသလို၊ အထွေထွေ စီးပွားရေး အကျဘက်ကို ရောက်နေပြီး လူမှုရေး မတည်ငြိမ်မှုတွေ စပြီး ပေါ်ပေါက်စ ပြုလာနေပါပြီ။ ဒါ့အပြင် ၁၉၈၈ အလွန် ကာလတုန်းက စစ်တပ်ရဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတဲ့ လမ်းကြောင်းကို အဲဒီခေတ် နိုင်ငံရေး အင်အားစုတွေ လက်ခံခဲ့သလိုမျိုး လက်ရှိ နိုင်ငံရေးသမားတွေက လက်မခံတာ၊ လူငယ်တွေ အဓိက ပါဝင်တဲ့ ပြည်သူလူထု အများစုကြီးကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ဘယ်နည်းနဲ့မှ လက်မခံ၊ ရတဲ့နည်းနဲ့ ဆန့်ကျင်မယ် ဆိုတဲ့ အနေအထားမျိုး ဖော်ပြနေကြတာ တွေ့မြင်နေရကြောင်းပါ။

XS
SM
MD
LG