သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ားျပည္သူ႐ုံးပိတ္ရက္ ၉ ရက္တာ ပထမေန႔ ေဒသတခ်ိဳ႕ ဆႏၵျပပဲြမ်ား ဆက္ရိွ


မုံရြာၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ ဆႏၵျပပြဲ။ (ဇူလုိင္ ၁၇၊ ၂၀၂၁။ ဓာတ္ပုံ - မုံရြာသပိတ္ေကာ္မတီ)

(Zawgyi / Unicode)

ဒီကေန႔ဟာ စစ္ေကာင္စီက အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ မလိုအပ္ရင္ အျပင္မထြက္ဖို႔ ေၾကညာထားတဲ့ ၉ ရက္တာကာလ ပထမေန႔ ျဖစ္ေပမယ့္လည္း ေဒသတခ်ိဳ႕မွာေတာ့ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ဆက္ရွိခဲ့ပါတယ္။

မုံ႐ြာၿမိဳ႕မွာ ပင္မသပိတ္စစ္ေၾကာင္းနဲ႔ ၿမိဳ႕လယ္လမ္းမႀကီးတခုေပၚထိ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕မွာ ေအာင္ေျမသာစံ ပညာေရး ေက်ာင္းေပါင္းစုံ သပိတ္စစ္ေၾကာင္း၊ ေအာင္ပင္လယ္ ပင္မသပိတ္စစ္ေၾကာင္းေတြ ထြက္ခဲ့သလို ေညာင္ဦးၿမိဳ႕၊ မဏိစည္သူေဈးထဲမွာ လူငယ္တစု ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကိုင္းတိုင္းမွာေတာ့ ကေလးၿမိဳ႕၊ ေရႊဘိုၿမိဳ႕၊ ဆားလင္းႀကီးၿမိဳ႕ေတြမွာ ဆႏၵျပပြဲေတြ ရွိခဲ့တဲ့အျပင္ ဒီပဲယင္းမွာ အမ်ိဳးသမီးေတြဦးေဆာင္ၿပီး သပိတ္စစ္ေၾကာင္း ထြက္ခဲ့ပါတယ္။

တနသၤာရီတိုင္းထဲက ေလာင္းလုံးၿမိဳ႕နယ္၊ နတ္စင္ေရွာင္ရြာမွာ လူငယ္တခ်ိဳ႕က အ႐ုဏ္ဦးသပိတ္ ထြက္ခဲ့ၾကၿပီး ေရျဖဴၿမိဳ႕နယ္၊ ကန္ေပါက္ေက်းရြာမွာလည္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဆန္႔က်င္ကန္႔ကြက္သူေတြကို အၾကမ္းဖက္ ပစ္ခတ္ ၿဖိုခြဲတာေၾကာင့္ ေသဆံုးသူ အေရအတြက္ဟာ ဇူလိုင္လ ၁၆ ရက္ေန႔အထိဆုိရင္ ၉၁၂ ေယာက္ ရွိၿပီျဖစ္ၿပီး ဖမ္းဆီးခံထားရသူေပါင္းက ၅,၂၇၇ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီကေတာ့ ဒီအေရအတြက္ဟာ ခ်ဲ႕ကားထားတာျဖစ္ၿပီး ေသဆံုးသူ အဲဒီေလာက္မရွိဘူးလို႔ ျငင္းခ်က္ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

အများပြည်သူရုံးပိတ်ရက် ၉ ရက်တာ ပထမနေ့ ဒေသတချို့ ဆန္ဒပြပွဲများ ဆက်ရှိ

ဒီကနေ့ဟာ စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် မလိုအပ်ရင် အပြင်မထွက်ဖို့ ကြေညာထားတဲ့ ၉ ရက်တာကာလ ပထမနေ့ ဖြစ်ပေမယ့်လည်း ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

မုံရွာမြို့မှာ ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့လယ်လမ်းမကြီးတခုပေါ်ထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာ အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း၊ အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်းတွေ ထွက်ခဲ့သလို ညောင်ဦးမြို့၊ မဏိစည်သူဈေးထဲမှာ လူငယ်တစု ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ကလေးမြို့၊ ရွှေဘိုမြို့၊ ဆားလင်းကြီးမြို့တွေမှာ ဆန္ဒပြပွဲတွေ ရှိခဲ့တဲ့အပြင် ဒီပဲယင်းမှာ အမျိုးသမီးတွေဦးဆောင်ပြီး သပိတ်စစ်ကြောင်း ထွက်ခဲ့ပါတယ်။

တနင်္သာရီတိုင်းထဲက လောင်းလုံးမြို့နယ်၊ နတ်စင်ရှောင်ရွာမှာ လူငယ်တချို့က အရုဏ်ဦးသပိတ် ထွက်ခဲ့ကြပြီး ရေဖြူမြို့နယ်၊ ကန်ပေါက်ကျေးရွာမှာလည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ဇူလိုင်လ ၁၆ ရက်နေ့အထိဆိုရင် ၉၁၂ ယောက် ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၅,၂၇၇ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ဒီအရေအတွက်ဟာ ချဲ့ကားထားတာဖြစ်ပြီး သေဆုံးသူ အဲဒီလောက်မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG