သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး အမ်ဳိးသမီးေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲေတြေပၚလာ


ဇူလိုင္ ၁၄ ရက္ေန႔ရဲ႕ အမ်ိဳးသမီးမ်ားဦးေဆာင္တဲ့ ရန္ကုန္သပိတ္ စစ္ေၾကာင္း။ (ဇူလိုင္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈ ၅ လခြဲေက်ာ္ၾကာလာတဲ့အထိ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပမႈေတြ ရပ္တန္႔မသြားေသးဘဲ ဆက္ရွိေနပါတယ္။ ဒီကေန႔ မုံ႐ြာမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး အမ်ိဳးသမီးေတြဦးေဆာင္တဲ့ ဆႏၵျပစစ္ေၾကာင္း ခ်ီတက္ခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို အလိမၼာက ေျပာျပပါမယ္။

ဒီကေန႔မနက္ပိုင္းက မုံ႐ြာၿမိဳ႕မွာ အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့ အင္အား ၁၀၀ ဝန္းက်င္ေလာက္ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ မြန္းလြဲပိုင္းမွာလည္း ရပ္ကြက္တခုရဲ႕ အမ်ိဳးသမီး သပိတ္စစ္ေၾကာင္းတခု ထပ္မံခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

အမ်ိဳးသမီးေတြကလည္း ေၾကာက္႐ြံ႕မႈမရွိဘဲ အာဏာရွင္ကို ဆန္႔က်င္ေတာ္လွန္ၾကတယ္ဆိုတာ ျပခ်င္တဲ့အတြက္ ဒီလို အမ်ိဳးသမီး ဆႏၵျပစစ္ေၾကာင္းေတြ ခ်ီတက္ၾကတာျဖစ္တယ္လို႔ ဒီေန႔ အမ်ိဳးသမီး ဆႏၵျပစစ္ေၾကာင္းမွာ ဦးေဆာင္ပါဝင္တဲ့ မေခ်ာစုစံက ဗီြအိုေအ ကိုေျပာပါတယ္။

“ဒီေန႔ စစ္ေၾကာင္းက အဓိကထြက္ရတဲ့ ေခါင္းစဥ္က ပုခက္လႊဲတဲ့ ငါတို႔လက္က အာဏာရွင္ကို အျမစ္ျဖတ္ဆိုတဲ့ အတိုင္းပဲေပါ့ေနာ္။ က်မတို႔ မုံ႐ြာမွာက စစ္အာဏာသိမ္းတဲ့အခ်ိန္ကေန စၿပီးေတာ့ေပါ့ေနာ္။ အမ်ိဳးသမီးေတြကလည္း စစ္အာဏာရွင္ ဆန္႔က်င္ေရးအတြက္ ေရွ႕တန္းကေန ပါဝင္ေနတာကို ေတြ႕ရတယ္ေပါ့ေနာ္။ အခု တျဖည္းျဖည္းနဲ႔ စစ္တပ္ဘက္ကေနၿပီးေတာ့ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိလာတဲ့အခ်ိန္မွာလည္း အမ်ိဳးသမီးေတြဘက္က ၿငိမ္သြား ေၾကာက္႐ြံ႕တာမ်ိဳးမရွိဘဲနဲ႔ အာဏာရွင္ကို ဆက္လက္တြန္းလွန္ေနမယ္ဆိုတာကို ေဖာ္ျပခ်င္တယ္။ ေနာက္တခုက အိမ္မႈကိစၥပဲ လုပ္ရမယ္ဆိုတဲ့ အေတြးအေခၚေတြနဲ႔ အမ်ိဳးသမီးေတြကို ဖိႏွိပ္ေနၾကတာေတြ ရွိတယ္ေပါ့ေနာ္။ က်မတို႔က ဒါေတြကိုလည္း တြန္းလွန္လိုတယ္။ ၿပီးေတာ့ အမ်ိဳးသမီးေတြမွာလည္း အာဏာရွင္ကို တြန္းလွန္လိုတဲ့စိတ္ရွိတယ္။ ၿပီးေတာ့ ပုခက္လႊဲတဲ့ လက္ေတြဟာ ကမာၻကို အုပ္ခ်ဳပ္ႏိုင္တယ္ဆိုတဲ့ စာသားကို က်မတို႔က လက္ကိုင္ထားတယ္ေပ့ါေႏွာ္။ ဒါေၾကာင့္မို႔ မုံ႐ြာမွ ရွိတဲ့ အမ်ိဳးသမီးေတြက စုေပါင္းၿပီးေတာ့ ပင္မသပိတ္နဲ႔ ခ်ိတ္ဆက္ၿပီး ဒီစစ္ေၾကာင္းကို ထြက္လိုက္တာပါ။”

ထားဝယ္ခ႐ိုင္၊ ကံေပါက္ၿမိဳ႕နဲ႔ တနသၤာရီတိုင္း၊ သရက္ေခ်ာင္းၿမိဳနယ္တို႔မွာလည္း အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့ အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပစစ္ေၾကာင္းေတြ ထြက္ခဲ့ၾကပါတယ္။

မေန႔ညပိုင္းကေတာ့ မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ေတာင္ျမင့္ရပ္ကြက္က အုပ္ခ်ဳပ္ေရးမွဴးတဦးကို ဓားနဲ႔ ထိုးၿပီး ပစၥည္းလုယက္မႈတခု ျဖစ္ခဲ့ပါတယ္။ ည ၁၀ နာရီ ဝန္းက်င္ေလာက္မွာ အုပ္ခ်ဳပ္ေရးမွဴး ဦးကိုဦး ဆိုင္ကယ္နဲ႔ သူ႔အိမ္ကို ျပန္လာတဲ့အခ်ိန္ ဆိုင္ကယ္ႏွစ္စီးနဲ႔ လူ ေလးေယာက္က လုယူထြက္ေျပးသြားတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ည ၁၀ နာရီမတ္တင္းေလာက္မွာ အျပင္ကျပန္လာတာ အဲ့ဒီမွာ သူတို႔စက္မႈဘက္မွာ ေက်ာ္ေက်ာ္ေအာင္ေစ်းဆိုတာရွိတယ္ေလ။ အဲ့ဒီနားမွာ လူ ၄ ေယာက္က ဆိုင္ကယ္ ၂ စီးနဲ႔လိုက္လာၿပီးေတာ့ သူ႔ဆီက ဆိုင္ကယ္ရယ္ ဖုန္းရယ္ လုတာ။ သူက ျပန္လုပ္ေတာ့ ဓားနဲ႔ လွမ္းခုတ္တာ လက္ျပင္ထိသြားတယ္။ ဒဏ္ရာမျပင္းထန္ဘူး၊ ပစၥည္းရေတာ့ ေမာင္းေျပးသြားၾကတယ္။”

စစ္အာဏာသိမ္းမႈ ၅ လခြဲေက်ာ္ကာလအတြင္းမွာ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခဲြတာေၾကာင့္ ေသဆံုးသူက ၉၀၀ ေက်ာ္ၿပီျဖစ္သလို ဖမ္းဆီးခံထားရသူေပါင္း ၅,၃၀၀ နီးပါးရွိၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေပေါ်လာ

စစ်အာဏာသိမ်းမှု ၅ လခွဲကျော်ကြာလာတဲ့အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ရပ်တန့်မသွားသေးဘဲ ဆက်ရှိနေပါတယ်။ ဒီကနေ့ မုံရွာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသမီးတွေဦးဆောင်တဲ့ ဆန္ဒပြစစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာက ပြောပြပါမယ်။

ဒီကနေ့မနက်ပိုင်းက မုံရွာမြို့မှာ အမျိုးသမီးတွေ ဦးဆောင်တဲ့ အင်အား ၁၀၀ ဝန်းကျင်လောက် ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာလည်း ရပ်ကွက်တခုရဲ့ အမျိုးသမီး သပိတ်စစ်ကြောင်းတခု ထပ်မံချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသမီးတွေကလည်း ကြောက်ရွံ့မှုမရှိဘဲ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတယ်ဆိုတာ ပြချင်တဲ့အတွက် ဒီလို အမျိုးသမီး ဆန္ဒပြစစ်ကြောင်းတွေ ချီတက်ကြတာဖြစ်တယ်လို့ ဒီနေ့ အမျိုးသမီး ဆန္ဒပြစစ်ကြောင်းမှာ ဦးဆောင်ပါဝင်တဲ့ မချောစုစံက ဗွီအိုအေ ကိုပြောပါတယ်။

“ဒီနေ့ စစ်ကြောင်းက အဓိကထွက်ရတဲ့ ခေါင်းစဉ်က ပုခက်လွှဲတဲ့ ငါတို့လက်က အာဏာရှင်ကို အမြစ်ဖြတ်ဆိုတဲ့ အတိုင်းပဲပေါ့နော်။ ကျမတို့ မုံရွာမှာက စစ်အာဏာသိမ်းတဲ့အချိန်ကနေ စပြီးတော့ပေါ့နော်။ အမျိုးသမီးတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ရှေ့တန်းကနေ ပါဝင်နေတာကို တွေ့ရတယ်ပေါ့နော်။ အခု တဖြည်းဖြည်းနဲ့ စစ်တပ်ဘက်ကနေပြီးတော့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိလာတဲ့အချိန်မှာလည်း အမျိုးသမီးတွေဘက်က ငြိမ်သွား ကြောက်ရွံ့တာမျိုးမရှိဘဲနဲ့ အာဏာရှင်ကို ဆက်လက်တွန်းလှန်နေမယ်ဆိုတာကို ဖော်ပြချင်တယ်။ နောက်တခုက အိမ်မှုကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့ အမျိုးသမီးတွေကို ဖိနှိပ်နေကြတာတွေ ရှိတယ်ပေါ့နော်။ ကျမတို့က ဒါတွေကိုလည်း တွန်းလှန်လိုတယ်။ ပြီးတော့ အမျိုးသမီးတွေမှာလည်း အာဏာရှင်ကို တွန်းလှန်လိုတဲ့စိတ်ရှိတယ်။ ပြီးတော့ ပုခက်လွှဲတဲ့ လက်တွေဟာ ကမ္ဘာကို အုပ်ချုပ်နိုင်တယ်ဆိုတဲ့ စာသားကို ကျမတို့က လက်ကိုင်ထားတယ်ပေ့ါနှော်။ ဒါကြောင့်မို့ မုံရွာမှ ရှိတဲ့ အမျိုးသမီးတွေက စုပေါင်းပြီးတော့ ပင်မသပိတ်နဲ့ ချိတ်ဆက်ပြီး ဒီစစ်ကြောင်းကို ထွက်လိုက်တာပါ။”

ထားဝယ်ခရိုင်၊ ကံပေါက်မြို့နဲ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြိုနယ်တို့မှာလည်း အမျိုးသမီးတွေ ဦးဆောင်တဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။

မနေ့ညပိုင်းကတော့ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်က အုပ်ချုပ်ရေးမှူးတဦးကို ဓားနဲ့ ထိုးပြီး ပစ္စည်းလုယက်မှုတခု ဖြစ်ခဲ့ပါတယ်။ ည ၁၀ နာရီ ဝန်းကျင်လောက်မှာ အုပ်ချုပ်ရေးမှူး ဦးကိုဦး ဆိုင်ကယ်နဲ့ သူ့အိမ်ကို ပြန်လာတဲ့အချိန် ဆိုင်ကယ်နှစ်စီးနဲ့ လူ လေးယောက်က လုယူထွက်ပြေးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ည ၁၀ နာရီမတ်တင်းလောက်မှာ အပြင်ကပြန်လာတာ အဲ့ဒီမှာ သူတို့စက်မှုဘက်မှာ ကျော်ကျော်အောင်ဈေးဆိုတာရှိတယ်လေ။ အဲ့ဒီနားမှာ လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့လိုက်လာပြီးတော့ သူ့ဆီက ဆိုင်ကယ်ရယ် ဖုန်းရယ် လုတာ။ သူက ပြန်လုပ်တော့ ဓားနဲ့ လှမ်းခုတ်တာ လက်ပြင်ထိသွားတယ်။ ဒဏ်ရာမပြင်းထန်ဘူး၊ ပစ္စည်းရတော့ မောင်းပြေးသွားကြတယ်။”

စစ်အာဏာသိမ်းမှု ၅ လခွဲကျော်ကာလအတွင်းမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးသူက ၉၀၀ ကျော်ပြီဖြစ်သလို ဖမ်းဆီးခံထားရသူပေါင်း ၅,၃၀၀ နီးပါးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG