သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ Y Complex စီမံကိန်း ပြန်ရုပ်ဖို့ ဂျပန်အစိုးရကို တောင်းဆို


ရန်ကုန်မြို့ရှိ နေရာတခုမှာ တွေ့ရတဲ့ Y Complex ဂျပန် အိမ်ခြံမြေ ဆောက်လုပ်ရေးစီမံကိန်းတခု။ (မတ် ၀၂၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ နေရာတခုမှာ တွေ့ရတဲ့ Y Complex ဂျပန် အိမ်ခြံမြေ ဆောက်လုပ်ရေးစီမံကိန်းတခု။ (မတ် ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်နေတဲ့ ဂျပန် အိမ်ခြံမြေ စီမံကိန်းတခုဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း ဖြစ်တာမို့ ဒါကို ပြန်ရုပ်သိမ်းဖို့ ဂျပန်နိုင်ငံကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

“Y Complex အိမ်ခြံမြေ တည်ဆောက်ရေး လုပ်ငန်းဟာ စစ်တပ်ပိုင်မြေပေါ်မှာ ဆောက်လုပ်နေတဲ့ လုပ်ငန်းဖြစ်လို့ မြန်မာစစ်တပ်အတွက် ဝင်ငွေရလမ်းတခု ဖြစ်နေတယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဒီစီမံကိန်းအတွက် မြေ ငှားရမ်းခကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒါမှမဟုတ် မြန်မာစစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနကို ပေးနေတာဖြစ်နိုင်ချေ အများကြီးရှိပါတယ်။” လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ တာဝန်ခံ Teppei Kasai ပြောသွားတာပါ။

မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနပိုင်တဲ့ မြေပေါ်မှာ ဟိုတယ်နဲ့ ရုံးလုပ်ငန်းတွေ ပါဝင်တဲ့၊ ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်နေတဲ့ ဒီစီမံကိန်းကို ဂျပန်ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရလုပ်ငန်းတခုက ရင်းနှီးမြှုပ်နှံ တည်ဆောက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ စီးပွားရေး လုပ်ဆောင်ရင် ကြုံလာရနိုင်တဲ့ စိန်ခေါ်မှုတွေကို သေချာ လေ့လာစမ်းစစ်ဖို့ ဂျပန်ကုမ္ပဏီတွေ ပျက်ကွက်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြ ပြောဆိုကြပါတယ်။ အခုစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ဂျပန်ကုမ္ပဏီတွေ၊ လုပ်ငန်းတွေအနေနဲ့ တာဝန်ခံမှု ရှိပြီး လူ့အခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေတဲ့ Y Complex လုပ်ငန်းတွေကို ပြန်ရုပ်သိမ်းသင့်တယ်လို့ Teppei Kasai က ပြောပါတယ်။

ဒီလုပ်ငန်းမှာ ပါဝင်နေတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ အစိုးရအရာရှိတွေကတော့ - သူတို့လုပ်ငန်းအတွက် မြေယာ ငှာရမ်းခကို ကြားက ဆက်သွယ်ပေးသူကတဆင့် ပေးနေတဲ့အကြောင်းနဲ့ ဒီငွေတွေဟာ မြန်မာအစိုးရလက်ထဲ ရောက်ရှိတာဖြစ်ပြီး စစ်တပ်ကို ပေးနေတာ မဟုတ်ဘူးလို့ တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG