သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် အကျပ်အတည်း အရေးပေါ်ကူညီဖို့ ကုလတိုက်တွန်း


မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews.
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews.

[ Zawgyi ]

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အကျပ်အတည်း ပိုမိုဆိုးရွား စေနိုင်တဲ့ အခြေအနေတွေကို ၊ အရေးပေါ် ကိုင်တွယ်ဖြေရှင်းကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

Delta မျိုးကွဲ ကိုဗစ်ပိုးအပါအဝင် ကိုဗစ်ကူးစက်မှု ကြီးထွားလာတာ ၊ မြန်မာနိုင်ငံ ကျန်းမာရေးစနစ် ပျက်ပြားနေတာ ၊ စစ်ကောင်စီနဲ့ ပတ်သက်သမျှကို မြန်မာလူထုက အယုံအကြည် မရှိတာတို့ကြောင့် ၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးပေါ် အကူအညီ မရရှိဘူးဆိုရင် လူအများအပြား သေဆုံးရမယ့် အကြောင်းတရားတွေ ဆုံဆည်းနေတဲ့ မုန်တိုင်းကြီးတခု ဖြစ်တယ်လို့ Tom Andrews က ပြောကြားလိုက်တာပါ။

ပုံမှန် ကျန်းမာရေးအဆင့် ရရှိရေးဟာ လူသားတွေရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်ပြီး ၊ မြန်မာနိုင်ငံသားတွေဟာ ဒါကို ငြင်းပယ်ခံနေရတယ် လို့လည်း ဆိုပါတယ်။

မြန်မာပြည်သူလူထုအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့တခု ဖွဲ့စည်းဖို့ ၊ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီမှာ ဂျူလိုင်(၇)ရက်နေ့က ဆော်သြခဲ့တာကိုလည်း ဗုဒ္ဓဟူးနေ့မှာ ထပ်မံ သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရင်းအမြစ်နဲ့ စွမ်းရည် မရှိသလို ၊ တရားဝင် လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ Tom Andrews က ပြောကြားခဲ့တာပါ။

UN Special Rapporteur Tom Andrews
UN Special Rapporteur Tom Andrews








ကိုဗစ်လူနာ ကုသရေးမှာ အသက်ကယ်ဆယ်ရေး အထောက်အကူ အများအပြား အမြန်ဆုံး လိုအပ်နေပြီး ၊ အကျဉ်းထောင်တွေထဲမှာ ပြွတ်သိပ်နေထိုင်နေရတဲ့ လူတွေအပါအဝင် အကာအကွယ်မဲ့နေကြတဲ့ မြန်မာပြည်သူတွေအတွက် အထူး စိုးရိမ်မိကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ဇူလိုင်(၁၄)ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]








XS
SM
MD
LG