သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီငှားထားတဲ့ လော်ဘီကုမ္ပဏီ အခကြေးငွေရဖို့ အခက်တွေ့ပြီး လုပ်ငန်းရပ်


စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဇွန် ၂၃၊ ၂၀၂၁)
စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဇွန် ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ မြန်မာစစ်ကောင်စီကိုယ်စား ပြောဆိုစည်းရုံး လော်ဘီလုပ်ပေးဖို့ ငှားရမ်းထားသူ အစ္စရေးလ်-ကနေဒါနိုင်ငံသား Ari Ben-Menashe က အခကြေးငွေ ရယူရေး အခက်အခဲကြောင့် စစ်ကောင်စီအတွက် လော်ဘီလုပ်နေတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အကြောင်း ရိုက်တာသတင်းဌာနကို မနေ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စည်းမျဉ်းတွေအရ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဆီကပေးမယ့် အခကြေးငွေကို လက်ခံလို့မရတဲ့အတွက် မြန်မာကိုယ်စား အကျိုးဆောင် စည်းရုံးပေးနေတဲ့လုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ ပြောပါတယ်။

Ari Ben-Menashe နဲ့ ကနေဒါနိုင်ငံ၊ မွန်ထရီယယ်လ်မြို့အခြေစိုက် သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Dickens & Madson က ငှားရမ်းခ ဒေါ်လာ ၂,၀၀၀,၀၀၀ နဲ့ မြန်မာစစ်ကောင်စီကိုယ်စား အကျိုးဆောင်ပေးဖို့ ပြီးခဲ့တဲ့မတ်လက မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ စာချုပ် ချုပ်ဆိုထားတာပါ။

အမေရိကန်၊ ဆော်ဒီ အာရေးဘီးယား၊ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အစ္စရေးလ်နဲ့ ရုရှားနိုင်ငံတို့အပြင် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ မြန်မာ စစ်ကောင်စီကို ကိုယ်စားပြုပြီး ပြောဆို စည်းရုံးသွားဖို့ သဘောတူငှားရမ်းထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက် မူဝါဒတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူပြုသွားဖို့နဲ့ တိုင်းပြည်ရဲ့အခြေအနေမှန်ကို ကူညီရှင်းပြသွားမယ့်အကြောင်း အမေရိကန် တရားရေးဌာနကိုတင်သွင်းတဲ့ သဘောတူညီချက် မှတ်တမ်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ပိတ်ဆို့မှုတွေ ရုပ်သိမ်းတဲ့အခါမှသာ မြန်မာစစ်ကောင်စီဘက်ကပေးမယ့် ငှားရမ်းခ အခကြေးငွေကို သူ့အနေနဲ့ လက်ခံနိုင်မှာဖြစ်ကြောင်း Ari Ben-Menashe က ပြောပါတယ်။ မြန်မာစစ်တပ်ကိုယ်စားအကျိုးဆောင်ပေးတဲ့လုပ်ငန်းဟာ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဥပဒေကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG