သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပြဲ ပစ္ခတ္ၿဖိဳခြဲ ဖမ္းဆီးခံရ


မီးတုတ္ေတြကိုင္ေဆာင္ၿပီး ရန္ကုန္မွာ ဆႏၵျပခဲ့ၾကတဲ့ အမ်ဳိးသမီးမ်ား။ (ဇူလိုင္ ၁၄၊ ၂၀၂၁)

ZAWGYI/UNICODE

ရန္ကုန္ၿမိဳ႕က ဒီကေန႔ဆႏၵျပပြဲကို စစ္တပ္က အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြဲတာေၾကာင့္ ဆႏၵျပလူငယ္ ၆ ေယာက္ထက္မနည္း အဖမ္းခံခဲ့ရပါတယ္။ မႏၲေလးမွာေတာ့ လွ်ပ္စစ္မီတာ႐ုံးတခုမွာ ေပါက္ကြဲမႈျဖစ္ၿပီး ထိခိုက္ဒဏ္ရာရတာေတြရွိခဲ့ပါတယ္။ ဒီအေျခအေနေတြစုစည္းၿပီး ရန္ကုန္ကေပးပို႔ထားတဲ့သတင္းကို မျမသဇင္ေအာင္က ေျပာျပပါမယ္။

ဒီကေန႔မနက္အေစာပိုင္းက ရန္ကုန္၊ တာေမြၿမိဳ႕နယ္၊ ယုဇနာပလာဇာနားမွလုပ္တဲ့ အာဇာနည္ေန႔အႀကိဳ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပစစ္ေၾကာင္းကို စစ္တပ္က အင္အားအလုံးအရင္းနဲ႔ ပစ္ခတ္ၿဖိဳခြဲခဲ့တာေၾကာင့္ လူငယ္ ၆ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရတာပါ။

ဒီကေန႔လုပ္မယ့္ ဆႏၵျပပြဲအစီအစဥ္ေတြ ေပါက္ၾကားသြားၿပီးတဲ့ေနာက္ ေနရာေ႐ႊ႕ၿပီးလုပ္ခဲ့ေပမယ့္လည္း အခုလို ပစ္ခတ္ၿဖိဳခြဲၿပီး ဖမ္းဆီးခံခဲ့ရတာလို႔ ဒီကေန႔ သပိတ္စစ္ေၾကာင္းမွာ ဦးေဆာင္ပါဝင္သူတဦးက VOA ကို ေျပာပါတယ္။

“မနက္က ၈ နာရီခြဲ လမ္းမေပၚမွာ သပိတ္တည္ထားတာရွိတယ္။ ပုံမွန္ဆိုရင္ အဲ့ဒီသပိတ္လုပ္တဲ့ ေနရာမွာေပါ့နာ္ စစ္အင္အားက အဲ့ေလာက္အမ်ားႀကီး ခ်ေလ့မရွိဘူး။ မနက္ကက် အဲ့မွာ စစ္အင္အားက အတြင္းထဲမွာေရာ အျပင္ေတြမွာပါ ခ်ထားတယ္။ က်ေနာ္တို႔ ပထမဆုံး စၿပီး သပိတ္လုပ္မယ့္ေနရာမွာ စစ္ေသားေတြက လမ္းေတြထဲထိ ဝင္ရွာတယ္၊ လူငယ္ေတြကို ဖုန္းေတြယူစစ္တယ္၊ အဲ့လိုေတြ လုပ္တာရွိတယ္ေပါ့။ စစ္တဲ့အခ်ိန္မွာ ႏွစ္ေယာက္ ဖမ္းခံရတယ္လို႔ေတာ့ၾကားတယ္။ အဲ့တာကေတာ့ အတည္ျပဳလို႔ မရေသးဘူးေပါ့။ အဲ့ဒါနဲ႔ က်ေနာ္တို႔ သပိတ္လုပ္တဲ့ေနရာမွာ ဝင္စီးေတာ့ ယုဇနပလာဇာဘက္ျခမ္းကို ေျပာင္းလိုက္တယ္ေပါ့ေနာ္။ ေျပာင္းၿပီး ယုဇနပလာဇာေရွ႕မွာ အခ်ိန္ ၁၅ စကၠန႔္ေလာက္ပဲ ရလိုက္တယ္၊ မၾကာဘူး စစ္ကား ၇ စီးေရာက္လာၿပီးေတာ့ အဲ့လို ၿဖိဳခြင္းတာေတြ ျဖစ္တာေပါ့။ ေကာင္ေလး ၃ ေယာက္နဲ႔ ေကာင္မေလး ၂ ေယာက္ ဆိုင္တဆိုင္ထဲ ဝင္ေျပးတဲ့အခ်ိန္မွာ အဲ့ဆိုင္ထဲ ဝင္ဖမ္းတာေပါ့။ ေနာက္ၿပီးေတာ့ အဲ့နားမွာ တေယာက္ထပ္ဖမ္းတာေပါ့။ စုစုေပါင္း ၆ ေယာက္ကေတာ့ အတည္ျပဳလို႔ရပါတယ္ဗ်။”

လူငယ္အင္အား ၅၀ နီးပါးေလာက္နဲ႔ ‘လူမ်ိဳးႀကီးဝါဒ ဖယ္ရွားၾက အာဇာနည္ဟာ ၉ ဦးမက’ ဆိုတဲ့ ေခါင္းစည္းစာတန္းကိုင္ၿပီး အာဏာရွင္ဆန႔္က်င္ေရး ခ်ီတက္ ဆႏၵျပခဲ့ၾကတာပါ။ စစ္ေကာင္စီက ကိုဗစ္ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ဇူလိုင္လ ၁၇ ရက္၊ စေနေန႔ကစလို႔ ႐ုံးပိတ္ရက္ရွည္ ၉ ရက္ ဆက္တိုက္ပိတ္ထားၿပီး မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔နဲ႔ မလိုက္နာရင္ သဘာဝေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးဥပေဒအရ အေရးယူမယ္လို႔ ထုတ္ျပန္ထားတာရွိပါတယ္။

ဒီလိုထုတ္ျပန္တာက ဇူလိုင္လ ၁၉ ရက္ အာဇာနည္ေန႔ နီးတဲ့အခ်ိန္မွာ ထုတ္ျပန္တာျဖစ္တဲ့အတြက္ ဒါဟာ စစ္ေကာင္စီက ျပည္သူေတြ အာဇာနည္ေန႔မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈေတြ အမ်ားႀကီး မလုပ္ႏိုင္ဖို႔ ရည္႐ြယ္တာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ဆႏၵျပ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

မႏၲေလးတိုင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာေတာ့ ဒီကေန႔ မနက္ပိုင္းက လွ်ပ္စစ္မီတာ႐ုံးမွာ မီတာေဆာင္သူေတြ ေရာက္ေနၾကတဲ့အခ်ိန္ ေပါက္ကြဲမႈတခုျဖစ္ခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူေတြ ရွိတဲ့အေၾကာင္း ေဒသခံတဦးက ဗြီအိုေအကို အတည္ျပဳ ေျပာပါတယ္။

“မနက္ ၉ နာရီခြဲက ျဖစ္သြားတာ။ မီတာလာေဆာင္ေနတဲ့သူေတြလည္း ရွိတယ္။ အဲ့ဒီမွာ ထိတာက ၁၀ ေယာက္ေလာက္ထိတယ္။ ၁၀ ေယာက္ေလာက္က ၂ ေယာက္က ပြန္းပဲ႐ုံေလာက္ပဲေပါ့ေႏွာ္။ ၈ ေယာက္က ေဆး႐ုံတက္လိုက္ရတယ္ေပါ့။ အဲ့ထဲမွာက ဝန္ထမ္း ၂ ေယာက္ပါတယ္။ အရပ္သား ၆ ေယာက္ေပါ့ေႏွာ္။ ေသဆုံးမရွိပါဘူး။ ဗုံးက အနီးက ဆိုင္ကယ္ထဲမွာ ထဲ့ၿပီး အေဝးကေန လွမ္းခြဲတာ။”

ရန္ကုန္တိုင္း၊ သုဝဏၰၿမိဳ႕နယ္က လွ်ပ္စစ္မီတာ႐ုံးမွာလည္း ဒီကေန႔ညေနပိုင္းမွာ ေပါက္ကြဲမႈတခုျဖစ္ခဲ့ၿပီး ထိခိုက္မႈအေျခအေနကို မသိရေသးေပမယ့္ စစ္တပ္ေတြက လမ္းေတြပိတ္ၿပီး စစ္ေဆးေနတယ္လို႔ သုဝဏၰၿမိဳ႕နယ္မွာ ေနထိုင္သူတဦးက အတည္ျပဳေျပာပါတယ္။

စစ္ကိုင္းတိုင္း ခႏၴီးၿမိဳ႕မွာေတာ့ တိုင္းလိုင္ ရွမ္းနီအမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီရဲ႕ ၿမိဳ႕နယ္ဥကၠ႒ ဦးဘိုဘိုေအာင္ကို မေန႔ကဖမ္းသြားၿပီး တပ္မေတာ္ၿပိဳကြဲေအာင္ လႈွုံ႔ေဆာ္မႈ လုပ္ေဆာင္မႈဥပေဒပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုထားပါတယ္။

ဆႏၵျပပြဲေတြမွာ ပါဝင္တယ္၊ CDM ဝန္ထမ္းေတြကို ေထာက္ပံ့ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ဖမ္းဆီးတာျဖစ္ၿပီး တရားစြဲဆိုၿပီးတဲ့ေနာက္ ဒီကေန႔မွာေတာ့ အက်ဥ္းေထာင္ကို ပို႔လိုက္ၿပီလို႔ တိုင္းလိုင္ ရွမ္းနီအမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ ဦးတင္ျမင့္က ဗြီအိုေအကိုေျပာပါတယ္။

“မေန႔က ၇ နာရီခြဲ ၈ နာရီ ဝန္းက်င္ေလာက္ေပါ့ဗ်ာ၊ က်ေနာ့္အိမ္လာၿပီးေတာ့မွ စကားေျပာၾကရင္းနဲ႔ အျပင္ခနထြက္အုံးမယ္ဆိုၿပီး လမ္းေပၚခနထြက္ၿပီး သူက သူ႔သူငယ္ခ်င္းေတြဆီ ဖုန္းဆက္ရင္းနဲ႔ လမ္းေပၚမွာ နယ္ထိန္းနဲ႔ေတြ႕ၿပီး ခဏလိုက္ခဲ့ပါဆိုၿပီး ပါသြားေတာ့တာပဲဗ်။ ခႏၲီးအခ်ဳပ္ခန္းက ေနၿပီးေတာ့မွ အခု ဒီေန႔မနက္ ခႏၲီး အခ်ဳပ္ေထာင္ကို ပို႔လိုက္တယ္လို႔ ေျပာတယ္။”

ဒီကိစၥအတြက္ ေရွ႕ေနေတြနဲ႔ ေဆြးေႏြးၿပီး အမႈအတြက္ ဆက္လုပ္ေဆာင္သြားမယ္တယ္လို႔ ဦးတင္ျမင့္က ေျပာပါတယ္။ စစ္တပ္နဲ႔ရဲက ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးတာေတြ ဆက္လုပ္ေနတဲ့ၾကားမွာ မႏၲေလး၊ ကေလး၊ မုံ႐ြာ၊ ဖားကန႔္၊ ထားဝယ္ စတဲ့ ႏိုင္ငံတဝန္းက ၿမိဳ႕ေတြမွာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြ ဆက္ရွိေနပါတယ္။

ရန္ကုန္ဆႏၵျပပြဲ ပစ္ခတ္ၿဖိဳခြဲ ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:03:32 0:00
တိုက္႐ိုက္ လင့္ခ္


UNICODE

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာကြောင့် ဆန္ဒပြလူငယ် ၆ ယောက်ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ မန္တလေးမှာတော့ လျှပ်စစ်မီတာရုံးတခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ ဒီအခြေအနေတွေစုစည်းပြီး ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

ဒီကနေ့မနက်အစောပိုင်းက ရန်ကုန်၊ တာမွေမြို့နယ်၊ ယုဇနာပလာဇာနားမှလုပ်တဲ့ အာဇာနည်နေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် လူငယ် ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာပါ။

ဒီကနေ့လုပ်မယ့် ဆန္ဒပြပွဲအစီအစဉ်တွေ ပေါက်ကြားသွားပြီးတဲ့နောက် နေရာရွှေ့ပြီးလုပ်ခဲ့ပေမယ့်လည်း အခုလို ပစ်ခတ်ဖြိုခွဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဒီကနေ့ သပိတ်စစ်ကြောင်းမှာ ဦးဆောင်ပါဝင်သူတဦးက VOA ကို ပြောပါတယ်။

“မနက်က ၈ နာရီခွဲ လမ်းမပေါ်မှာ သပိတ်တည်ထားတာရှိတယ်။ ပုံမှန်ဆိုရင် အဲ့ဒီသပိတ်လုပ်တဲ့ နေရာမှာပေါ့နာ် စစ်အင်အားက အဲ့လောက်အများကြီး ချလေ့မရှိဘူး။ မနက်ကကျ အဲ့မှာ စစ်အင်အားက အတွင်းထဲမှာရော အပြင်တွေမှာပါ ချထားတယ်။ ကျနော်တို့ ပထမဆုံး စပြီး သပိတ်လုပ်မယ့်နေရာမှာ စစ်သေားတွေက လမ်းတွေထဲထိ ဝင်ရှာတယ်၊ လူငယ်တွေကို ဖုန်းတွေယူစစ်တယ်၊ အဲ့လိုတွေ လုပ်တာရှိတယ်ပေါ့။ စစ်တဲ့အချိန်မှာ နှစ်ယောက် ဖမ်းခံရတယ်လို့တော့ကြားတယ်။ အဲ့တာကတော့ အတည်ပြုလို့ မရသေးဘူးပေါ့။ အဲ့ဒါနဲ့ ကျနော်တို့ သပိတ်လုပ်တဲ့နေရာမှာ ဝင်စီးတော့ ယုဇနပလာဇာဘက်ခြမ်းကို ပြောင်းလိုက်တယ်ပေါ့နော်။ ပြောင်းပြီး ယုဇနပလာဇာရှေ့မှာ အချိန် ၁၅ စက္ကန့်လောက်ပဲ ရလိုက်တယ်၊ မကြာဘူး စစ်ကား ၇ စီးရောက်လာပြီးတော့ အဲ့လို ဖြိုခွင်းတာတွေ ဖြစ်တာပေါ့။ ကောင်လေး ၃ ယောက်နဲ့ ကောင်မလေး ၂ ယောက် ဆိုင်တဆိုင်ထဲ ဝင်ပြေးတဲ့အချိန်မှာ အဲ့ဆိုင်ထဲ ဝင်ဖမ်းတာပေါ့။ နောက်ပြီးတော့ အဲ့နားမှာ တယောက်ထပ်ဖမ်းတာပေါ့။ စုစုပေါင်း ၆ ယောက်ကတော့ အတည်ပြုလို့ရပါတယ်ဗျ။”

လူငယ်အင်အား ၅၀ နီးပါးလောက်နဲ့ ‘လူမျိုးကြီးဝါဒ ဖယ်ရှားကြ အာဇာနည်ဟာ ၉ ဦးမက’ ဆိုတဲ့ ခေါင်းစည်းစာတန်းကိုင်ပြီး အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြတာပါ။ စစ်ကောင်စီက ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ကစလို့ ရုံးပိတ်ရက်ရှည် ၉ ရက် ဆက်တိုက်ပိတ်ထားပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ မလိုက်နာရင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။

ဒီလိုထုတ်ပြန်တာက ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ နီးတဲ့အချိန်မှာ ထုတ်ပြန်တာဖြစ်တဲ့အတွက် ဒါဟာ စစ်ကောင်စီက ပြည်သူတွေ အာဇာနည်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အများကြီး မလုပ်နိုင်ဖို့ ရည်ရွယ်တာမျိုး ဖြစ်နိုင်တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာတော့ ဒီကနေ့ မနက်ပိုင်းက လျှပ်စစ်မီတာရုံးမှာ မီတာဆောင်သူတွေ ရောက်နေကြတဲ့အချိန် ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အကြောင်း ဒေသခံတဦးက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

“မနက် ၉ နာရီခွဲက ဖြစ်သွားတာ။ မီတာလာဆောင်နေတဲ့သူတွေလည်း ရှိတယ်။ အဲ့ဒီမှာ ထိတာက ၁၀ ယောက်လောက်ထိတယ်။ ၁၀ ယောက်လောက်က ၂ ယောက်က ပွန်းပဲရုံလောက်ပဲပေါ့နှော်။ ၈ ယောက်က ဆေးရုံတက်လိုက်ရတယ်ပေါ့။ အဲ့ထဲမှာက ဝန်ထမ်း ၂ ယောက်ပါတယ်။ အရပ်သား ၆ ယောက်ပေါ့နှော်။ သေဆုံးမရှိပါဘူး။ ဗုံးက အနီးက ဆိုင်ကယ်ထဲမှာ ထဲ့ပြီး အဝေးကနေ လှမ်းခွဲတာ။”

ရန်ကုန်တိုင်း၊ သုဝဏ္ဏမြို့နယ်က လျှပ်စစ်မီတာရုံးမှာလည်း ဒီကနေ့ညနေပိုင်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေမယ့် စစ်တပ်တွေက လမ်းတွေပိတ်ပြီး စစ်ဆေးနေတယ်လို့ သုဝဏ္ဏမြို့နယ်မှာ နေထိုင်သူတဦးက အတည်ပြုပြောပါတယ်။

စစ်ကိုင်းတိုင်း ခန္ထီးမြို့မှာတော့ တိုင်းလိုင် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ ဦးဘိုဘိုအောင်ကို မနေ့ကဖမ်းသွားပြီး တပ်မတော်ပြိုကွဲအောင် လှုှုံ့ဆော်မှု လုပ်ဆောင်မှုဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာဖြစ်ပြီး တရားစွဲဆိုပြီးတဲ့နောက် ဒီကနေ့မှာတော့ အကျဉ်းထောင်ကို ပို့လိုက်ပြီလို့ တိုင်းလိုင် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးတင်မြင့်က ဗွီအိုအေကိုပြောပါတယ်။

“မနေ့က ၇ နာရီခွဲ ၈ နာရီ ဝန်းကျင်လောက်ပေါ့ဗျာ၊ ကျနော့်အိမ်လာပြီးတော့မှ စကားပြောကြရင်းနဲ့ အပြင်ခနထွက်အုံးမယ်ဆိုပြီး လမ်းပေါ်ခနထွက်ပြီး သူက သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်ရင်းနဲ့ လမ်းပေါ်မှာ နယ်ထိန်းနဲ့တွေ့ပြီး ခဏလိုက်ခဲ့ပါဆိုပြီး ပါသွားတော့တာပဲဗျ။ ခန္တီးအချုပ်ခန်းက နေပြီးတော့မှ အခု ဒီနေ့မနက် ခန္တီး အချုပ်ထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်။”

ဒီကိစ္စအတွက် ရှေ့နေတွေနဲ့ ဆွေးနွေးပြီး အမှုအတွက် ဆက်လုပ်ဆောင်သွားမယ်တယ်လို့ ဦးတင်မြင့်က ပြောပါတယ်။ စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးတာတွေ ဆက်လုပ်နေတဲ့ကြားမှာ မန္တလေး၊ ကလေး၊ မုံရွာ၊ ဖားကန့်၊ ထားဝယ် စတဲ့ နိုင်ငံတဝန်းက မြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG