သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးလျှပ်စစ်ရုံးဗုံးကွဲ အနည်းဆုံး ၇ ဦး ဒဏ်ရာရ


EPC
EPC

{{Zawgyi/Unicode}}

မန္တလေးမြို့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ လှုပ်စစ်ဓါတ်အားပေးဌာန ရုံးတရုံးမှာ လက်လုပ်ဗုံးတလုံးပေါက်ကွဲပြီး အနည်းဆုံး လူ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဌာနရဲ့ MRTV ရုပ်မြင်သံကြားကတော့ ဒဏ်ရာရသတွေထဲမှာ လျှပ်စစ်ဌာနရဲ့ ဝန်ထမ်း၄ဦး ပါဝင်တယ်လို့ ကျေညာသွားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက မန္တလေးမြို့မှာ လျှပ်စစ်မီတာခတွေကို မပေးပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီအတွက် စစ်ကောင်စီဖက်က ဒီလအစောပိုင်းကစပြီး လျှပ်စစ်မီးဖြတ်တောက်တာတွေလုပ်လာတဲ့အတွက် လျှပ်စစ်ရုံးတွေနဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားလာတယ်လို့ APသတင်းမှာ ဖော်ပြထားပါတယ်။

IEM ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စီးပွားရေးပညာရှင်များအဖွဲ့ကလည်း CDM စစ်အာဏာသိမ်းဆန့်ကျင်လူပ်ရှားမူကနေ ပြည်သူတွေမီတာခမပေးတာကြောင့်၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဝင်ငွေ အကြီးအကျယ်ထိခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုလျှပ်စစ်ကဏ္ဍမှာ ဝင်ငွေကျဆုံးတာအပြင်၊ ဝန်ထမ်း ၄၀၀၀ အလုပ်ဖြုတ်ပစ်တာက၊ ရန်ကုန်မှာဆိုရင် ၂၀% ဝန်ထမ်း အင်အားထိခိုက်သွားကာ၊ လျှပ်စစ်လိုအပ်မူမများသေးတဲ့အခုကာလတိုမှာ မီးပြတ်တာ ချက်ချင်းမဆိုးလာနိုင်ပေမဲ့၊ အလယ်အလတ်ကာလ နောက်တနှစ်လောက်ကစ၊ ပိုဆိုးလာမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

.....................................

မန္တလေးလျှပ်စစ်ရုံးဗုံးကွဲ အနည်းဆုံး ၇ ဦး ဒဏ်ရာရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG