သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဝင္ေငြရမယ့္ လုပ္ငန္းေတြကို တားျမစ္ေရး ႏိုင္ငံတကာေရာက္ ျမန္မာေတြ ဆႏၵျပလႈပ္ရွား


ကေနဒါေရာက္ ျမန္မာ့အေရး လႈပ္ရွားသူမ်ား ဆႏၵျပေနၾကတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၃၀၊ ၂၀၂၁။ ဓာတ္ပုံ - Canadian Burmese)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္အတြက္ ေငြေၾကးအေထာက္အပံ့ေတြ မရေစဖို႔ ရည္ရြယ္ၿပီး အေမရိကန္ အပါအဝင္ ႏုိင္ငံတကာေရာက္ ျမန္မာေတြ စေနေန႔က ဆႏၵျပ လႈပ္ရွားၾကပါတယ္။ ေသြးစြန္းတဲ့ေငြေၾကး Blood Money Campaign အျဖစ္ လႈပ္ရွားခဲ့ၾကတာလို႔လည္း ဝါရွင္တန္ဒီစီ သမၼတအိမ္ျဖဴေရွ႕မွာ စုေဝးဆႏၵျပသူေတြထဲက ျမန္မာ့အေရးလႈပ္ရွားသူ ကိုရင္ေအးက ေျပာပါတယ္။

“မတရားအာဏာသိမ္း စစ္ေကာင္စီကုိ ေငြေၾကးေထာက္ပံ့ေနတဲ့ ကုမၸဏီေတြနဲ႔ ပတ္သက္ၿပီးေတာ့ Joe Biden Administration ကေနၿပီးေတာ့ အေရးယူ ေဆာင္ရြက္ဖို႔အတြက္ေပါ့၊ ဒီ Sanction ေတြ လုပ္တဲ့အခါမွာ အထူးသျဖင့္ေတာ့ စစ္ေကာင္စီကို ေငြေၾကးစီးဆင္းေနတဲ့ MOGE ကို Sanction ထဲမွာထည့္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ တႏွစ္တႏွစ္ကို ဘီလီယံနဲ႔ ခ်ီၿပီးေတာ့ ဒီေငြေတြကို စစ္ေကာင္စီက လူသတ္လက္နက္ ဝယ္တဲ့ေနရာမွာ သုံးေနတယ္။ ျပည္သူလူထုကုိ ႏွိပ္စက္တဲ့ေနရာမွာ သုံးေနတယ္။ အဲဒါေၾကာင့္ MOGE ကုိ Sanction လုပ္ဖို႔ထဲထည့္ဖို႔ ေတာင္းဆုိတာျဖစ္တယ္။”

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းခဲ့တဲ့ စစ္တပ္ကို ဆန္႔က်င္တဲ့ လႈပ္ရွားမႈကိုေတာ့ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္၊ ၾသစေၾတးလ်၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ထုိင္ဝမ္၊ အစၥေရးနဲ႔ ဥေရာပ ၁၁ ႏိုင္ငံေတြမွာ ေရာက္ေနတဲ့ ျမန္မာ့အေရး လႈပ္ရွားသူေတြ ပူးေပါင္းပါဝင္ခဲ့ၾကတာပါ။

ကေနဒါေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြကလည္း Vancouver ၿမိဳ႕မွာ စုေဝးၿပီး ျမန္မာ့ေရနံကုမၸဏီ MOGE ကို ေပးရမယ့္ ေငြေတြကို ဆိုင္းငံ့ထားဖို႔ Chevron နဲ႔ Total ေရနံကုမၸဏီေတြကို ေတာင္းဆိုခဲ့ၾကသလို ဥေရာပက နယ္သာလန္ႏိုင္ငံ Amsterdam ၿမိဳ႕မွာလည္း ဆႏၵျပ ေတာင္းဆိုခဲ့ၾကတာပါ။

ၾသစေၾတးလ်ႏိုင္ငံ Perth ၿမိဳ႕မွာေတာ့ ခ်င္းျပည္နယ္နဲ႔ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းေတြမွာ စစ္ေကာင္စီတပ္ေတြရဲ႕ တိုက္ခိုက္မႈေတြ ရပ္တန္႔ဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏုိင္ငံသား Sean Turnell အပါအဝင္ ဖမ္းဆီးခံေနရသူေတြ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔နဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ေထာက္ခံေၾကာင္း စုေဝးဆႏၵျပ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်ကောင်စီ ဝင်ငွေရမယ့် လုပ်ငန်းတွေကို တားမြစ်ရေး နိုင်ငံတကာရောက် မြန်မာတွေ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်အတွက် ငွေကြေးအထောက်အပံ့တွေ မရစေဖို့ ရည်ရွယ်ပြီး အမေရိကန် အပါအဝင် နိုင်ငံတကာရောက် မြန်မာတွေ စနေနေ့က ဆန္ဒပြ လှုပ်ရှားကြပါတယ်။ သွေးစွန်းတဲ့ငွေကြေး Blood Money Campaign အဖြစ် လှုပ်ရှားခဲ့ကြတာလို့လည်း ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူရှေ့မှာ စုဝေးဆန္ဒပြသူတွေထဲက မြန်မာ့အရေးလှုပ်ရှားသူ ကိုရင်အေးက ပြောပါတယ်။

“မတရားအာဏာသိမ်း စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့ Joe Biden Administration ကနေပြီးတော့ အရေးယူ ဆောင်ရွက်ဖို့အတွက်ပေါ့၊ ဒီ Sanction တွေ လုပ်တဲ့အခါမှာ အထူးသဖြင့်တော့ စစ်ကောင်စီကို ငွေကြေးစီးဆင်းနေတဲ့ MOGE ကို Sanction ထဲမှာထည့်ဖို့ အင်မတန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တနှစ်တနှစ်ကို ဘီလီယံနဲ့ ချီပြီးတော့ ဒီငွေတွေကို စစ်ကောင်စီက လူသတ်လက်နက် ဝယ်တဲ့နေရာမှာ သုံးနေတယ်။ ပြည်သူလူထုကို နှိပ်စက်တဲ့နေရာမှာ သုံးနေတယ်။ အဲဒါကြောင့် MOGE ကို Sanction လုပ်ဖို့ထဲထည့်ဖို့ တောင်းဆိုတာဖြစ်တယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကိုတော့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အစ္စရေးနဲ့ ဥရောပ ၁၁ နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြတာပါ။

ကနေဒါရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း Vancouver မြို့မှာ စုဝေးပြီး မြန်မာ့ရေနံကုမ္ပဏီ MOGE ကို ပေးရမယ့် ငွေတွေကို ဆိုင်းငံ့ထားဖို့ Chevron နဲ့ Total ရေနံကုမ္ပဏီတွေကို တောင်းဆိုခဲ့ကြသလို ဥရောပက နယ်သာလန်နိုင်ငံ Amsterdam မြို့မှာလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

သြစတြေးလျနိုင်ငံ Perth မြို့မှာတော့ ချင်းပြည်နယ်နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell အပါအဝင် ဖမ်းဆီးခံနေရသူတွေ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စုဝေးဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG