သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ လုံၿခဳံေရးတင္းက်ပ္တဲ့ၾကား လွ်ပ္တျပက္ ဆႏၵျပမႈျဖစ္


ရန္ကုန္ၿမိဳ႕မွာ ေရႊဝါေရာင္စိတ္ဓာတ္ ကုိင္ဆြဲၿပီး အဆုံးသတ္တိုက္ပြဲဝင္ၾက စာတန္းကိုင္ေဆာင္ ဆႏၵျပေနၾကသူမ်ား။ (စက္တင္ဘာ ၂၆၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ရန္ကုန္နဲ႔ ၿမိဳ႕တခ်ိဳ႕မွာေတာ့ လုံၿခံဳေရး တင္းက်ပ္ေနတဲ့ၾကားကပဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လွ်ပ္တျပက္ ဆႏၵျပမႈတခ်ိဳ႕ ဒီကေန႔ ရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ လူငယ္ဆယ္ဂဏန္းေလာက္ဟာ ေရႊဝါေရာင္စိတ္ဓာတ္ကိုင္စြဲၿပီး အဆံုးသတ္တိုက္ပြဲ ဝင္ၾကဆိုတဲ့ စာတန္းနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။

လြြန္ခဲ့တဲ့ ၁၄ ႏွစ္တုန္းကျဖစ္ခဲ့တဲ့ ေရႊဝါေရာင္လႈပ္ရွားမႈ ႏွစ္ပတ္လည္အျဖစ္နဲ႔ ရန္ကုန္၊ မႏၲေလးနဲ႔ ၿမိဳ႕တခ်ိဳ႕မွာ ဒီရက္ပိုင္းအတြင္း ဆႏၵျပခဲ့ၾကတာပါ။ မံုရြာၿမိဳ႕မွာလည္း ဖမ္းဆီးခံေနရတဲ့ မံုရြာသပိတ္ေခါင္းေဆာင္ ကုိေဝမိုးႏိုင္ ေမြးေန႔အထိမ္းအမွတ္ အျဖစ္နဲ႔ ဖမ္းဆီးထားသူေတြ ျပန္လႊတ္ေပးေရး ေတာင္းဆို ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးမွာေတာ့ ပရဟိတသမားလည္းျဖစ္ တတ္ႂကြလႈပ္ရွားသူတဦးလည္း ျဖစ္သူ ကိုမင္းကိုသိန္း ေခၚ ကိုသန္းထြန္းဦးကို အာဏာပိုင္ေတြက မေန႔က ဖမ္းဆီးသြားၿပီး ဒီကေန႔မွာေတာ့ ထိန္းသိမ္းထားစဥ္ ကြယ္လြန္သြားတယ္လို႔ မိသားစုေတြကို အေၾကာင္းၾကားလာတယ္လို႔ မိသားစု အသိုင္းအဝိုင္းကတဆင့္ သိရပါတယ္။

မေန႔တုန္းက စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း ပစ္ခတ္မႈမွာလည္း လူငယ္သံုးဦး ေသဆံုးခဲ့တယ္လို႔ သိရေပမယ့္ သီးျခားအတည္ျပဳလို႔ေတာ့ မရပါဘူး။

စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္းအတြင္းက ပုလဲနဲ႔ ခင္ဦးၿမိဳ႕နယ္ေတြ အတြင္းမွာေတာ့ လံုၿခံဳေရးယူေနတဲ့ စစ္ယာဥ္တန္းတခ်ိဳ႕ တိုက္ခိုက္ခံရတယ္လို႔ သိရပါတယ္။ အဲဒီေဒသေတြမွာ အရင္ရက္ေတြကတည္းက အင္တာနက္ျပတ္ေတာက္မႈ ရွိေနတာအျပင္ ကခ်င္နဲ႔ ဆက္စပ္ေနတဲ့ စစ္ကိုင္းအထက္ပိုင္း ေကာလင္း၊ ဝန္းသုိနဲ႔ ပင္လယ္ဘူးၿမိဳ႕နယ္ေတြမွာလည္း ဒီကေန႔စၿပီး အင္တာနက္ေတြ ျပတ္ေတာက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကခ်င္၊ စစ္ကိုင္းနဲ႔ မေကြးတိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ေဒသခံ PDF တပ္ေတြနဲ႔ ျမန္မာစစ္ေကာင္စီအၾကား တိုက္ပြဲေတြ မၾကာခဏ ရွိေနသလို ေက်းရြာသားေတြ ေထာင္နဲ႔ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ အေျခအေန ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်တဲ့ကြား လျှပ်တပြက် ဆန္ဒပြမှုဖြစ်

ရန်ကုန်နဲ့ မြို့တချို့မှာတော့ လုံခြုံရေး တင်းကျပ်နေတဲ့ကြားကပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လျှပ်တပြက် ဆန္ဒပြမှုတချို့ ဒီကနေ့ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လူငယ်ဆယ်ဂဏန်းလောက်ဟာ ရွှေဝါရောင်စိတ်ဓာတ်ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲ ဝင်ကြဆိုတဲ့ စာတန်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းကဖြစ်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်အဖြစ်နဲ့ ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ ဒီရက်ပိုင်းအတွင်း ဆန္ဒပြခဲ့ကြတာပါ။ မုံရွာမြို့မှာလည်း ဖမ်းဆီးခံနေရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမှာတော့ ပရဟိတသမားလည်းဖြစ် တတ်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်သူ ကိုမင်းကိုသိန်း ခေါ် ကိုသန်းထွန်းဦးကို အာဏာပိုင်တွေက မနေ့က ဖမ်းဆီးသွားပြီး ဒီကနေ့မှာတော့ ထိန်းသိမ်းထားစဉ် ကွယ်လွန်သွားတယ်လို့ မိသားစုတွေကို အကြောင်းကြားလာတယ်လို့ မိသားစု အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

မနေ့တုန်းက စမ်းချောင်းမြို့နယ်အတွင်း ပစ်ခတ်မှုမှာလည်း လူငယ်သုံးဦး သေဆုံးခဲ့တယ်လို့ သိရပေမယ့် သီးခြားအတည်ပြုလို့တော့ မရပါဘူး။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ပုလဲနဲ့ ခင်ဦးမြို့နယ်တွေ အတွင်းမှာတော့ လုံခြုံရေးယူနေတဲ့ စစ်ယာဉ်တန်းတချို့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲဒီဒေသတွေမှာ အရင်ရက်တွေကတည်းက အင်တာနက်ပြတ်တောက်မှု ရှိနေတာအပြင် ကချင်နဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေမှာလည်း ဒီကနေ့စပြီး အင်တာနက်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း မြို့နယ်တချို့မှာ ဒေသခံ PDF တပ်တွေနဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲတွေ မကြာခဏ ရှိနေသလို ကျေးရွာသားတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG