သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလအေထြေထြ ညီလာခံမွာ မေလးရွားနဲ႔ ထိုင္းႏိုင္ငံတို႔ အေလးေပးေျပာဆို


ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္မွာ က်င္းပေနတဲ့ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံမွာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီး စိုးရိမ္စိတ္ပူေၾကာင္းနဲ႔ လိုအပ္တဲ့ အကူအညီေတြ ေပးေနၾကေၾကာင္း မေလးရွားနဲ႔ ထိုင္းအစိုးရ ေခါင္းေဆာင္ေတြက စေနေန႔ေျပာၾကားတဲ့ သူတို႔မိန္႔ခြန္းေတြထဲမွာ ထည့္သြင္း ေျပာၾကားခဲ့ၾကပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob က ျမန္မာ့အေရးဟာ အထူးစိုးရိမ္ရဆဲ အေျခေနမွာ ရွိေနၿပီး ျမန္မာ့ျပႆနာ အေျဖရွာဖို႔ အေရးတႀကီး လိုအပ္ေနေၾကာင္း ကမာၻ႔ႏိုင္ငံေတြကို စေနေန႔ကေျပာၾကားတဲ့ မိန္႔ခြန္းမွာ တင္ျပခဲ့ပါတယ္။

"ျမန္မာႏိုင္ငံရဲ႕ အေျခေနဟာ အထူးစိုးရိမ္စရာ ေကာင္းေနဆဲ ျဖစ္ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ ဆႏၵနဲ႔ အက်ိဳးစီးပြါးကို ေလးစားဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ ဆုိတာကို မေလးရွားက ျပည့္စံုေအာင္ ထုတ္မေျပာျပႏိုင္ဘဲကို ျဖစ္ေနပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ရင္ဆိုင္ေနရတဲ့ ႀကီးမားတဲ့ စိန္ေခၚမႈေတြအတြက္ ၿငိမ္းခ်မ္းတဲ့ အေျဖရွာႏိုင္ဖို႔ လိုေနတာပါ။ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး အေျခေနအတြက္ မေလးရွားက အထူးစိုးရိမ္ေနတာနဲ႔အတူ ဒါဟာ ႏိုင္ငံတြင္း က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ မရွိသေလာက္ ျဖစ္ေနမႈေၾကာင့္ ပိုဆိုးလာဖို႔ပဲ ရွိပါတယ္။ ဒါေၾကာင့္ လိုအပ္ေနသူေတြဆီ အကူအညီေတြ ေရာက္ႏိုင္ဖို႔ အဓိကလိုေနတာပါ။” လို႔ ေျပာသြားတာပါ။

ဒါ့အျပင္ ႐ိုဟင္ဂ်ာ အစုလိုက္အၿပံဳလိုက္ ျပည္ပထြက္ေျပးခဲ့ရတဲ့ ၂၀၁၇ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံက ဒုကၡသည္ျပႆနာကလည္း အလားတူ ႀကီးထြားလာေနတယ္လို႔လည္း တင္ျပခဲ့ပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံေပမယ့္ ဒီဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမွာျဖစ္ေၾကာင္း ကတိျပဳထားတာပါ။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ကလည္း စေနေန႔အတြက္ ႀကိဳတင္ ႐ုပ္သံမိန္႔ခြန္း ေပးပို႔ရာမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ႏိုင္ငံတြင္း ျပန္လည္ေသြးစည္းေရးနဲ႔ ၿငိမ္းခ်မ္းတဲ့ ဝန္းက်င္တခု ဖန္တီးေပးႏိုင္ဖို႔ သံတမန္နည္းလမ္းေပါင္းစံုသံုးၿပီး ပံ့ပိုးကူညီေပးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံျဖစ္တဲ့ အိမ္နီးခ်င္း ျမန္မာႏုိင္ငံအတြက္ အာဆီယံေခါင္းေဆာင္ေတြ ခ်မွတ္ထားတဲ့ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္အတုိင္း ထိုင္းႏုိင္ငံက အျပည့္အဝ ပံ့ပိုးေပးမွာ ျဖစ္ေၾကာင္းနဲ႔ က်န္းမာေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္အကူေတြေပးဖို႔ ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္းႏိုင္ငံက ျမန္မာျပည္သူေတြအတြက္ အထူးသျဖင့္ COVID-19 ကပ္ေရာဂါကာလအတြင္း လူသားခ်င္းဆိုင္ရာ အကူအညီေတြ ဆက္ေပးေနတာ ျဖစ္ေၾကာင္းနဲ႔ အကူအညီေတြကို အာဆီယံ လူသားခ်င္းစာနာမႈနဲ႔ ကပ္ေဘးဆိုင္ရာ အေထာက္အကူေပးတဲ့ AHA စင္တာကျဖစ္ေစ၊ ကုလသမဂၢကတဆင့္ျဖစ္ေစ ေပးအပ္ေနေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာ့အရေး ကုလအထွေထွေ ညီလာခံမှာ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ အလေးပေးပြောဆို

နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးနေကြကြောင်း မလေးရှားနဲ့ ထိုင်းအစိုးရ ခေါင်းဆောင်တွေက စနေနေ့ပြောကြားတဲ့ သူတို့မိန့်ခွန်းတွေထဲမှာ ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မြန်မာ့အရေးဟာ အထူးစိုးရိမ်ရဆဲ အခြေနေမှာ ရှိနေပြီး မြန်မာ့ပြဿနာ အဖြေရှာဖို့ အရေးတကြီး လိုအပ်နေကြောင်း ကမ္ဘာ့နိုင်ငံတွေကို စနေနေ့ကပြောကြားတဲ့ မိန့်ခွန်းမှာ တင်ပြခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ အခြေနေဟာ အထူးစိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွါးကို လေးစားဖို့ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို မလေးရှားက ပြည့်စုံအောင် ထုတ်မပြောပြနိုင်ဘဲကို ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေအတွက် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့ လိုနေတာပါ။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေနေအတွက် မလေးရှားက အထူးစိုးရိမ်နေတာနဲ့အတူ ဒါဟာ နိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် မရှိသလောက် ဖြစ်နေမှုကြောင့် ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါကြောင့် လိုအပ်နေသူတွေဆီ အကူအညီတွေ ရောက်နိုင်ဖို့ အဓိကလိုနေတာပါ။” လို့ ပြောသွားတာပါ။

ဒါ့အပြင် ရိုဟင်ဂျာ အစုလိုက်အပြုံလိုက် ပြည်ပထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံက ဒုက္ခသည်ပြဿနာကလည်း အလားတူ ကြီးထွားလာနေတယ်လို့လည်း တင်ပြခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒီဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ကတိပြုထားတာပါ။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကလည်း စနေနေ့အတွက် ကြိုတင် ရုပ်သံမိန့်ခွန်း ပေးပို့ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတွင်း ပြန်လည်သွေးစည်းရေးနဲ့ ငြိမ်းချမ်းတဲ့ ဝန်းကျင်တခု ဖန်တီးပေးနိုင်ဖို့ သံတမန်နည်းလမ်းပေါင်းစုံသုံးပြီး ပံ့ပိုးကူညီပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအတွက် အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်အတိုင်း ထိုင်းနိုင်ငံက အပြည့်အဝ ပံ့ပိုးပေးမှာ ဖြစ်ကြောင်းနဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေပေးဖို့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာပြည်သူတွေအတွက် အထူးသဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း လူသားချင်းဆိုင်ရာ အကူအညီတွေ ဆက်ပေးနေတာ ဖြစ်ကြောင်းနဲ့ အကူအညီတွေကို အာဆီယံ လူသားချင်းစာနာမှုနဲ့ ကပ်ဘေးဆိုင်ရာ အထောက်အကူပေးတဲ့ AHA စင်တာကဖြစ်စေ၊ ကုလသမဂ္ဂကတဆင့်ဖြစ်စေ ပေးအပ်နေကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG