သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္းစစ္ႀကီးျဖစ္မလာေရး တားဆီးဖို႔ ကုလမဟာမင္းႀကီးေတာင္းဆို


လူ႔အခြင့္အေရးဆိုင္ရာေကာ္မရွင္နာမင္းႀကီး Michelle Bachelet

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လံုးဝ ျပည္တြင္းစစ္ႀကီးအဆင့္ ေရာက္မလာေအာင္ တားဆီးေရး၊ ခ်က္ခ်င္းအေရးယူေဆာင္ရြက္ဖို႔လိုေနၿပီလို႔ ကုလမသဂၢ လူ႔အခြင့္အေရးမဟာမင္းႀကီးက ေတာင္းဆိုလိုက္ပါတယ္။

ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ၄၈ ႀကိမ္ေျမာက္ ဒီႏွစ္ပံုမွန္အစည္းအေဝးမွာ လူ႔အခြင့္အေရးဆိုင္ရာေကာ္မရွင္နာမင္းႀကီး Michelle Bachelet က အခ်ိန္မေႏွာင္းခင္အခုလို ႀကိဳးပမ္းၾကဖို႔ ဒီေန႔ အေလးအနက္ ေတာင္းဆိုခဲ့တာပါ။

ျပည္တြင္းစစ္ ပိုျပင္းထန္လာႏိုင္ေျခေတြကိုေထာက္ျပၿပီး အၾကမ္းဖက္တိုက္ခိုက္မူေတြအားလံုး ရပ္တန္႔ဖို႔လည္း လူ႔အခြင့္အေရးမင္းႀကီး Bachelet တိုက္တြန္းခဲ့တာကို ကိုဝင္းမင္းက ေျပာျပမွာပါ။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ.မွာ က်င္းပေနတဲ့ ဒီကုလ လူ႔အခြင့္အေရးေကာင္စီပြဲမွာ၊ ကုလလူ႔အခြင့္ေရးအႀကီးအကဲ Bachelet က လံုးဝျပည္တြင္းစစ္ႀကီးအထိျဖစ္မလာဖို႔ အခုလို အေလးအနက္ သတိေပးေျပာလိုက္ပါတယ္။
“စစ္တပ္ထိပ္ပိုင္းက အခြင့္ထူးခံ၊ တင္းမာသူေတြရဲ့ ျဖစ္ခ်င္တာေတြေအာက္မွာ၊ ျမန္မာႏိုင္ငံရဲ့ တည္ျငိမ္မူ၊ ဒီမိုကေရစီနဲ႔ ဖြံၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းေတြက ၿပီးခဲ့တဲ့လပိုင္းေတြအတြင္းမွာ အစေတးခံလိုက္ရပါၿပီ။ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို ကာကြယ္ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့သူေတြရဲ့ အသက္ေတြဆံုးရံူးခဲ့ရၿပီးပါၿပီ။ ႏိုင္ငံတြင္း အက်ိဳးဆက္ေတြက ဆိုးဆိုးဝါးဝါး ယူၾကံဳးမရစရာပါ။ ေဒသတြင္း အက်ိဳးဆက္ေတြကလည္း ျပင္းထန္လာႏိုင္ပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဒီမိုကေရစီျပန္လည္ေဖာ္ေဆာင္ေရးနဲ႔ အရမ္းအခ်ိန္မေႏွာင္းလြန္းခင္ ပိုၿပီးေတာ့ႀကီးမားတဲ့ စစ္ပြဲဋိပကၡေတြအဆင့္ကို မေရာက္ေအာင္ ႀကိဳတင္ကာကြယ္ဖို႔အတြက္ ၂ ဆ တိုးၾကိဳးပမ္းမွကို ရပါေတာ့မယ္။”

ျမန္မာႏိုင္ငံလူ႔အခြင့္ေရးအစီရင္ခံစာထုတ္ျပန္တာကို တင္ျပတဲ့အေနနဲ႔ အခုလိုေျပာခဲ့ရာမွာ၊ Crime against Humanity လို႔ေခၚတဲ့ လူသားထုအေပၚ ရာဇဝတ္မူႀကီး က်ဳးလြန္တာေျမာက္ႏိုင္တဲ့ ျမန္မာႏိုင္ငံထဲက လူ႔အခြင့္အေရးခ်ိဳးေဖာက္မူမ်ိဳးစံုကိုလည္း ထည့္သြင္းခဲ့ပါတယ္။

ဒီလူအခြင့္အေရးခ်ိဳးေဖာက္မူေတြအတြက္ ခိုင္လံုေအာင္လည္း ေသခ်ာေအာင္လုပ္ခဲ့တယ္လို႔ ကုလ လူ႔အခြင့္အေရးေကာင္စီရဲ႕ ဘန္ေကာက္အေျခစိုက္ ျမန္မာဆိုင္ရာအဖြြဲ႔ေခါင္းေဆာင္ James Rodehaver က ဆိုပါတယ္။
“ကၽြန္ေတာ္တို႔ ကိုင္တြယ္ရတဲ့ ျမန္မာႏိုင္ငံအေျခအေနကို စစ္ေဆးေစာင့္ၾကည့္ရာမွာ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေပါင္းမ်ားစြာကို မွန္ကန္ေၾကာင္း အတည္ျပဳသတ္မွတ္ႏိုင္ခဲ့ပါတယ္။ အဆိုးဆံုးကေတာ့ လူ႔အသက္ရွင္ေနထိုင္ခြင့္အေပၚ ခ်ဳိးေဖာက္မူအမ်ားအျပားပါ။ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကတဲ့အေပၚ စစ္တပ္ရဲ႕ အေသအေက်အင္အားသံုးမူေၾကာင့္ လူေပါင္းမ်ားစြာ၊ အေရအတြက္ ၁၀၀၀ ေက်ာ္ေတာင္၊ ေသဆံုးခဲ့ရၿပီးပါၿပီ။”

ဒါ့အျပင္ လူ႔အခြင့္ေရးမင္းႀကီး Bachelet ကဆက္ၿပီး ျပည္တြင္းစစ္ ဆက္ၿပီး ပိုမဆိုးလာရေအာင္၊ လတ္တေလာ အၾကမ္းဖက္မူေတြ ရပ္တန္႔ေပးဖို႔လည္း၊ အခုလို ေတာင္းဆိုခဲ့ပါတယ္။”
“လက္နက္ကိုင္တပ္ေတြအားလံုးကိုလည္း လူအခြင့္အေရးေလးစားဖို႔နဲ႔ အရပ္သားေတြနဲ႔ အရပ္သားအေဆာက္အအံုေတြကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ ထပ္မံ ေတာင္းဆိုလိုပါတယ္။ အရပ္သားေနထိုင္ရာေနရာေတြမွာ၊ ေလေၾကာင္းတိုက္ခိုက္တာေတြ၊ လက္နက္ႀကီးေတြသံုးတာ၊ ေနာက္ က်န္းမာေရးဌာနေတြ၊ ဘုရားေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြနဲ႔ တျခားအကာအကြယ္ေပးရမဲ့ေနရာေတြကို ဘယ္လိုပံုစံနဲ႔ စစ္ဆင္ေရးလုပ္တာ ပဲျဖစ္ျဖစ္၊ အျမန္ဆံုး မျဖစ္မေန ရပ္တန္႔ေပးၾကပါ။”

ဒီအေျခအေနေတြကို မရပ္တန္႔ႏိုင္ရင္ေတာ့ ျပည္တြင္းစစ္ပိုဆိုးလာႏိုင္ေျခ အေသအခ်ာရွိေနတယ္လို႔လည္း လူ႔အခြင့္ေရးမင္းႀကီး Bachelet က ထပ္သတိေပးခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာစစ္အာဏာသိမ္းမူရဲ႕ ႀကီးမားက်ယ္ျပန္႔တဲ့ သက္ေရာက္မူႀကီးကိုလည္း၊ လူ႔အခြင့္ေရးမင္းႀကီး Bachelet က အခုလို ဆက္ေထာက္ျပပါတယ္။
“စစ္အာဏာသိမ္းမူရဲ့ သက္ေရာက္မူ ျပင္းထန္လြန္းၿပီး၊ လူေတြရဲ႕အသက္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးႀကီးမားမား ဆက္ၿပီးေတာ့ ပ်က္သံုးေနရတာေၾကာင့္၊ လူ႔အခြင့္အေရးေကာင္စီကို ကၽြန္မ အရင္ေနာက္ဆံုးအစီရင္ခံၿပီးထဲကဆိုရင္၊ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနက ႀကီးႀကီးမားမားကို ဆုတ္ယုတ္ပ်က္သုန္းလာေနပါတယ္။ စစ္ပြဲပဋိပကၡေတြ၊ ဆင္းရဲမြဲေတမူေတြ၊ ကိုဗစ္ကပ္ေဘးဒဏ္ေတြက တဟုန္ထိုးႀကီးမားလာေနၿပီး၊ တိုင္းျပည္က ဖိႏွိပ္မူ၊ အၾကမ္းဖက္မူနဲ႔ စီးပြားေရးခၽြတ္ျခံဳက်မူ ဝဲဂယက္ႀကီးထဲကို ေရာက္သြားပါၿပီ။”

လူ႔အခြင့္ေရးမင္းႀကီး Bachelet ကပဲ၊ ျမန္မာစစ္ေကာင္စီအေနနဲ႔ ႏိုင္ငံတကာကေတာင္းဆိုတာေတြအျပင္၊ အာဆီယံကို အရင္ေပးထားခဲ့တဲ့ ကတိအတိုင္း ဒီအၾကမ္းဖက္မူေတြရပ္ၿပီး၊ ေဆြးေႏြးပြဲေတြလုပ္ဖို႔ကိုပါ ဆက္တင္းခံေနေသးတယ္လို႔လည္း ေဝဖန္ေထာက္ျပခဲ့ပါေသးတယ္ ခင္ဗ်ာ။

............................................................................................

တိုက္႐ိုက္ လင့္ခ္



မြန်မာပြည်တွင်းစစ်ကြီးဖြစ်မလာရေး တားဆီးဖို့ ကုလမဟာမင်းကြီးတောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ လုံးဝ ပြည်တွင်းစစ်ကြီးအဆင့် ရောက်မလာအောင် တားဆီးရေး၊ ချက်ချင်းအရေးယူဆောင်ရွက်ဖို့လိုနေပြီလို့ ကုလမသဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက် ဒီနှစ်ပုံမှန်အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီး Michelle Bachelet က အချိန်မနှောင်းခင်အခုလို ကြိုးပမ်းကြဖို့ ဒီနေ့ အလေးအနက် တောင်းဆိုခဲ့တာပါ။
ပြည်တွင်းစစ် ပိုပြင်းထန်လာနိုင်ခြေတွေကိုထောက်ပြပြီး အကြမ်းဖက်တိုက်ခိုက်မူတွေအားလုံး ရပ်တန့်ဖို့လည်း လူ့အခွင့်အရေးမင်းကြီး Bachelet တိုက်တွန်းခဲ့တာကို ကိုဝင်းမင်းက ပြောပြမှာပါ။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို.မှာ ကျင်းပနေတဲ့ ဒီကုလ လူ့အခွင့်အရေးကောင်စီပွဲမှာ၊ ကုလလူ့အခွင့်ရေးအကြီးအကဲ Bachelet က လုံးဝပြည်တွင်းစစ်ကြီးအထိဖြစ်မလာဖို့ အခုလို အလေးအနက် သတိပေးပြောလိုက်ပါတယ်။
“စစ်တပ်ထိပ်ပိုင်းက အခွင့်ထူးခံ၊ တင်းမာသူတွေရဲ့ ဖြစ်ချင်တာတွေအောက်မှာ၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မူ၊ ဒီမိုကရေစီနဲ့ ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းတွေက ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ အစတေးခံလိုက်ရပါပြီ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့သူတွေရဲ့ အသက်တွေဆုံးရူံးခဲ့ရပြီးပါပြီ။ နိုင်ငံတွင်း အကျိုးဆက်တွေက ဆိုးဆိုးဝါးဝါး ယူကြုံးမရစရာပါ။ ဒေသတွင်း အကျိုးဆက်တွေကလည်း ပြင်းထန်လာနိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ အရမ်းအချိန်မနှောင်းလွန်းခင် ပိုပြီးတော့ကြီးမားတဲ့ စစ်ပွဲဋိပက္ခတွေအဆင့်ကို မရောက်အောင် ကြိုတင်ကာကွယ်ဖို့အတွက် ၂ ဆ တိုးကြိုးပမ်းမှကို ရပါတော့မယ်။”

မြန်မာနိုင်ငံလူ့အခွင့်ရေးအစီရင်ခံစာထုတ်ပြန်တာကို တင်ပြတဲ့အနေနဲ့ အခုလိုပြောခဲ့ရာမှာ၊ Crime against Humanity လို့ခေါ်တဲ့ လူသားထုအပေါ် ရာဇဝတ်မူကြီး ကျုးလွန်တာမြောက်နိုင်တဲ့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးချိုးဖောက်မူမျိုးစုံကိုလည်း ထည့်သွင်းခဲ့ပါတယ်။

ဒီလူအခွင့်အရေးချိုးဖောက်မူတွေအတွက် ခိုင်လုံအောင်လည်း သေချာအောင်လုပ်ခဲ့တယ်လို့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ ဘန်ကောက်အခြေစိုက် မြန်မာဆိုင်ရာအဖွဲ့ခေါင်းဆောင် James Rodehaver က ဆိုပါတယ်။
“ကျွန်တော်တို့ ကိုင်တွယ်ရတဲ့ မြန်မာနိုင်ငံအခြေအနေကို စစ်ဆေးစောင့်ကြည့်ရာမှာ၊ လူ့အခွင့်အရေးချိုးဖောက်မူပေါင်းများစွာကို မှန်ကန်ကြောင်း အတည်ပြုသတ်မှတ်နိုင်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ လူ့အသက်ရှင်နေထိုင်ခွင့်အပေါ် ချိုးဖောက်မူအများအပြားပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့အပေါ် စစ်တပ်ရဲ့ အသေအကျေအင်အားသုံးမူကြောင့် လူပေါင်းများစွာ၊ အရေအတွက် ၁၀၀၀ ကျော်တောင်၊ သေဆုံးခဲ့ရပြီးပါပြီ။”

ဒါ့အပြင် လူ့အခွင့်ရေးမင်းကြီး Bachelet ကဆက်ပြီး ပြည်တွင်းစစ် ဆက်ပြီး ပိုမဆိုးလာရအောင်၊ လတ်တလော အကြမ်းဖက်မူတွေ ရပ်တန့်ပေးဖို့လည်း၊ အခုလို တောင်းဆိုခဲ့ပါတယ်။”
“လက်နက်ကိုင်တပ်တွေအားလုံးကိုလည်း လူအခွင့်အရေးလေးစားဖို့နဲ့ အရပ်သားတွေနဲ့ အရပ်သားအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ထပ်မံ တောင်းဆိုလိုပါတယ်။ အရပ်သားနေထိုင်ရာနေရာတွေမှာ၊ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေသုံးတာ၊ နောက် ကျန်းမာရေးဌာနတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ တခြားအကာအကွယ်ပေးရမဲ့နေရာတွေကို ဘယ်လိုပုံစံနဲ့ စစ်ဆင်ရေးလုပ်တာ ပဲဖြစ်ဖြစ်၊ အမြန်ဆုံး မဖြစ်မနေ ရပ်တန့်ပေးကြပါ။”

ဒီအခြေအနေတွေကို မရပ်တန့်နိုင်ရင်တော့ ပြည်တွင်းစစ်ပိုဆိုးလာနိုင်ခြေ အသေအချာရှိနေတယ်လို့လည်း လူ့အခွင့်ရေးမင်းကြီး Bachelet က ထပ်သတိပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစစ်အာဏာသိမ်းမူရဲ့ ကြီးမားကျယ်ပြန့်တဲ့ သက်ရောက်မူကြီးကိုလည်း၊ လူ့အခွင့်ရေးမင်းကြီး Bachelet က အခုလို ဆက်ထောက်ပြပါတယ်။
“စစ်အာဏာသိမ်းမူရဲ့ သက်ရောက်မူ ပြင်းထန်လွန်းပြီး၊ လူတွေရဲ့အသက်တွေ၊ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ဆက်ပြီးတော့ ပျက်သုံးနေရတာကြောင့်၊ လူ့အခွင့်အရေးကောင်စီကို ကျွန်မ အရင်နောက်ဆုံးအစီရင်ခံပြီးထဲကဆိုရင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေက ကြီးကြီးမားမားကို ဆုတ်ယုတ်ပျက်သုန်းလာနေပါတယ်။ စစ်ပွဲပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမူတွေ၊ ကိုဗစ်ကပ်ဘေးဒဏ်တွေက တဟုန်ထိုးကြီးမားလာနေပြီး၊ တိုင်းပြည်က ဖိနှိပ်မူ၊ အကြမ်းဖက်မူနဲ့ စီးပွားရေးချွတ်ခြုံကျမူ ဝဲဂယက်ကြီးထဲကို ရောက်သွားပါပြီ။”

လူ့အခွင့်ရေးမင်းကြီး Bachelet ကပဲ၊ မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံတကာကတောင်းဆိုတာတွေအပြင်၊ အာဆီယံကို အရင်ပေးထားခဲ့တဲ့ ကတိအတိုင်း ဒီအကြမ်းဖက်မူတွေရပ်ပြီး၊ ဆွေးနွေးပွဲတွေလုပ်ဖို့ကိုပါ ဆက်တင်းခံနေသေးတယ်လို့လည်း ဝေဖန်ထောက်ပြခဲ့ပါသေးတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG