သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင့္အေရးကိုယ္စားလွယ္ ျမန္မာ့အေရးတင္ျပ


ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews

(Zawgyi/Unicode)

ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ဒီကေန႔ အစည္းအေဝးမွာကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္ Tom Andrews က ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနနဲ႔ပတ္သက္ၿပီး ျမန္မာစံေတာ္ခ်ိန္ ဒီကေန႔ည ၉ နာရီပတ္ဝန္းက်င္မွာ ဗြီဒီယိုကတဆင့္ အစီရင္ခံ တင္ျပဖို႔ ရွိပါတယ္။

သူ႔ရဲ႕ အစီရင္ခံစာအျပည့္အစုံကို နယူးေယာက္ၿမိဳ႕မွာက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာလည္း ေအာက္တိုဘာလထဲမွာ လူကိုယ္တိုင္တင္ျပဖို႔ရွိတယ္လို႔ ဗီြအိုေအ ျမန္မာပိုင္းကို Tom Andrews က ေျပာထားပါတယ္။

လူ႔အခြင့္အေရးေကာင္စီမွာ ေနာက္ဆုံးအႀကိမ္ အစီရင္ခံတင္ျပၿပီးကတည္းက ျမန္မာႏိုင္ငံရဲ႕ အေျခအေန ပိုၿပီး ဆိုး႐ြားလာခဲ့တယ္လို႔ Tom Andrews က ဗီြအိုေအကို ေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ လူဦးေရ ၁၀,၀၀၀ ေလာက္ရွိတဲ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕က ၿမိဳ႕ခံအေတာ္မ်ားမ်ား ၿမိဳ႕ကေနထြက္ေျပးသြားၿပီလို႔ ၿမိဳ႕ခံေတြနဲ႔ ျပည္တြင္းသတင္းေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းတပုဒ္မွာ ေရးထားပါတယ္။

ေဒသခံ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြျဖစ္အၿပီး စစ္တပ္ရဲ႕ လက္နက္ႀကီးက်ည္ေတြေၾကာင့္ ၿမိဳ႕တြင္း ေနအိမ္အမ်ားအျပား မီးေလာင္ပ်က္စီးခဲ့ၿပီးတဲ့ေနာက္ ၿမိဳ႕ခံေတြ ထြက္ေျပးၾကတာပါ။

အိမ္ေတြမီးေလာင္တဲ့အခ်ိန္မွာ မီးၿငိမ္းသတ္ဖို႔ ထြက္လာတဲ့ ခ်င္း ခရစ္ယာန္တရားေဟာဆရာတဦးကို စစ္သားေတြက ပစ္သတ္လိုက္တယ္လို႔ ပုဂၢလိကသတင္းဌာနေတြက ေရးသားေဖာ္ျပၾကေပမယ့္ စစ္ေကာင္စီကတေတာ့ ဒါကိုျငင္းထားပါတယ္။

တရားေဟာဆရာ ေသဆံုးတဲ့ျဖစ္ရပ္ကို စံုစမ္းစစ္ေဆးေနတယ္လုိ႔ စစ္ေကာင္စီကေျပာၿပီး သူတို႔အဆို "အၾကမ္းဖက္သမား" ၁၀၀ ေလာက္က စစ္သားေတြကို ျခံဳခိုတိုက္ခိုက္တာေၾကာင့္ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္ခဲ့ၾကတယ္လုိ႔ စစ္ေကာင္စီထုတ္ သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာ့အရေးတင်ပြ

(Unicode)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဒီကနေ့ အစည်းအဝေးမှာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး မြန်မာစံတော်ချိန် ဒီကနေ့ည ၉ နာရီပတ်ဝန်းကျင်မှာ ဗွီဒီယိုကတဆင့် အစီရင်ခံ တင်ပြဖို့ ရှိပါတယ်။

သူ့ရဲ့ အစီရင်ခံစာအပြည့်အစုံကို နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း အောက်တိုဘာလထဲမှာ လူကိုယ်တိုင်တင်ပြဖို့ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို Tom Andrews က ပြောထားပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ နောက်ဆုံးအကြိမ် အစီရင်ခံတင်ပြပြီးကတည်းက မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ Tom Andrews က ဗွီအိုအေကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ လူဦးရေ ၁၀,၀၀၀ လောက်ရှိတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့က မြို့ခံအတော်များများ မြို့ကနေထွက်ပြေးသွားပြီလို့ မြို့ခံတွေနဲ့ ပြည်တွင်းသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်အပြီး စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေကြောင့် မြို့တွင်း နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီးတဲ့နောက် မြို့ခံတွေ ထွက်ပြေးကြတာပါ။

အိမ်တွေမီးလောင်တဲ့အချိန်မှာ မီးငြိမ်းသတ်ဖို့ ထွက်လာတဲ့ ချင်း ခရစ်ယာန်တရားဟောဆရာတဦးကို စစ်သားတွေက ပစ်သတ်လိုက်တယ်လို့ ပုဂ္ဂလိကသတင်းဌာနတွေက ရေးသားဖော်ပြကြပေမယ့် စစ်ကောင်စီကတတော့ ဒါကိုငြင်းထားပါတယ်။

တရားဟောဆရာ သေဆုံးတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ စစ်ကောင်စီကပြောပြီး သူတို့အဆို "အကြမ်းဖက်သမား" ၁၀၀ လောက်က စစ်သားတွေကို ခြုံခိုတိုက်ခိုက်တာကြောင့် နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG